သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒန္နဲ႔ ပုပ္ရဟန္းမင္းႀကီး ေတြ႔ဆံု


အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္နဲ႔ ပုပ္ဖရန္စစၥ္ တို႔ ဗာတီကန္မွာေတြ႔ဆံုစဥ္။ (ေအာက္တုိဘာ ၂၉ ၊ ၂၀၂၁)

{{Zawgyi/Unicode}}

အေမရိကန္သမၼတ Joe Biden နဲ႔ ပုပ္ရဟန္းမင္းႀကီး Francis တို႔ ဒီကေန႔ ဗာတီကန္နန္းေတာ္မွာ ေတြ႔ဆံုပါတယ္။

အီတလီႏုိင္ငံ၊ ေရာမၿမိဳ႕မွာက်င္းပမယ့္ ကမာၻ႔စီးပြားေရးအင္အားႀကီး ႏုိင္ငံ ၂၀ G-20 ထိပ္သီးအစည္းအေဝး မတုိင္ခင္ ပုပ္ရဟန္းမင္းႀကီးနဲ႔ သမၼတဘိုင္ဒန္ ေတြ႔ဆံုတာဟာ ပုဂၢလိကေရးရာပိုင္းအေနနဲ႔ေရာ ႏုိင္ငံေရးပိုင္းအေနနဲ႔ပါ ေတြ႔ဆံုတာျဖစ္တယ္လုိ႔ သမၼတအိမ္ျဖူေတာ္က ဆိုပါတယ္။

သမၼတဘိုင္ဒန္နဲ႔ သမၼတကေတာ္ Jill Biden တို႔ကို ပုပ္ရဟန္းမင္းအိမ္ေတာ္ အႀကီးအကဲ Monsignor Leonardo Sapienza က ႀကိဳဆိုပါတယ္။ ေန႔လည္ပိုင္းေလာက္မွာေတာ့ သမၼတ ဇနီးေမာင္ႏွံဟာ ပုပ္ရဟန္းမင္းႀကီးနဲ႔ သီးျခား အရင္ေတြ႔ဆံုပါတယ္။

အဲဒီေနာက္ သမၼတ ဇနီးေမာင္ႏွံနဲ႔အတူ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken ၊ ႏုိင္ငံေတာ္လံုၿခံဳေရး အႀကံေပးပုဂၢိုလ္ Jake Sullivan ၊ အိမ္ျဖဴေတာ္ ဒုတိယအႀကီးအကဲ Jen O'Malley Dillon တို႔အပါအဝင္ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔နဲ႔ ပုပ္ရဟန္းမင္းႀကီးတို႔ ေတြ႔ဆံုပါတယ္။

ပုပ္ရဟန္းမင္းႀကီးနဲ႔ သမၼတဘိုင္ဒန္တို႔ ေတြ႔ဆံုတဲ့အခါ COVID-19 ကပ္ေရာဂါ အဆံုးသတ္ေရး၊ ဥတုရာသီေျပာင္းလဲမႈ အက်ပ္အတည္း ေျဖရွင္းေရးနဲ႔ ဆင္းရဲသူမ်ား ေစာင့္ေရွာက္ေရးဆိုင္ရာေတြ အပါအဝင္ အေျခခံ လူသားဂုဏ္သိကၡာကို ေလးစားသမႈရွိေရးေပၚ တည္မီွိတဲ့ ႀကိဳးပမ္းခ်က္ေတြကို အတူတကြ လုပ္ေဆာင္ၾကေရး ေဆြးေႏြးၾကမယ္လုိ႔ သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္ထားပါတယ္။

သမၼတဘိုင္ဒန္ဟာ G-20 ထိပ္သီးအစည္းေဝး တက္ၿပီးတဲ့ေနာက္ ယူေကႏုိင္ငံ၊ စေကာ့တလန္ေဒသ၊ Glasgow ၿမိဳ႕မွာက်င္းပမယ့္ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ထိပ္သီးအစည္းအေဝးကို တက္ေရာက္မွာျဖစ္ပါတယ္။

သမၼတဘိုင္ဒန္နဲ႔ ပုပ္ရဟန္းမင္းႀကီး ေတြ႔ဆံု
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

သမ္မတဘိုင်ဒန်နဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

အမေရိကန်သမ္မတ Joe Biden နဲ့ ပုပ်ရဟန်းမင်းကြီး Francis တို့ ဒီကနေ့ ဗာတီကန်နန်းတော်မှာ တွေ့ဆုံပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ G-20 ထိပ်သီးအစည်းအဝေး မတိုင်ခင် ပုပ်ရဟန်းမင်းကြီးနဲ့ သမ္မတဘိုင်ဒန် တွေ့ဆုံတာဟာ ပုဂ္ဂလိကရေးရာပိုင်းအနေနဲ့ရော နိုင်ငံရေးပိုင်းအနေနဲ့ပါ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ဆိုပါတယ်။

သမ္မတဘိုင်ဒန်နဲ့ သမ္မတကတော် Jill Biden တို့ကို ပုပ်ရဟန်းမင်းအိမ်တော် အကြီးအကဲ Monsignor Leonardo Sapienza က ကြိုဆိုပါတယ်။ နေ့လည်ပိုင်းလောက်မှာတော့ သမ္မတ ဇနီးမောင်နှံဟာ ပုပ်ရဟန်းမင်းကြီးနဲ့ သီးခြား အရင်တွေ့ဆုံပါတယ်။

အဲဒီနောက် သမ္မတ ဇနီးမောင်နှံနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် Jake Sullivan ၊ အိမ်ဖြူတော် ဒုတိယအကြီးအကဲ Jen O'Malley Dillon တို့အပါအဝင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ သမ္မတဘိုင်ဒန်တို့ တွေ့ဆုံတဲ့အခါ COVID-19 ကပ်ရောဂါ အဆုံးသတ်ရေး၊ ဥတုရာသီပြောင်းလဲမှု အကျပ်အတည်း ဖြေရှင်းရေးနဲ့ ဆင်းရဲသူများ စောင့်ရှောက်ရေးဆိုင်ရာတွေ အပါအဝင် အခြေခံ လူသားဂုဏ်သိက္ခာကို လေးစားသမှုရှိရေးပေါ် တည်မှီတဲ့ ကြိုးပမ်းချက်တွေကို အတူတကွ လုပ်ဆောင်ကြရေး ဆွေးနွေးကြမယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

သမ္မတဘိုင်ဒန်ဟာ G-20 ထိပ်သီးအစည်းဝေး တက်ပြီးတဲ့နောက် ယူကေနိုင်ငံ၊ စကော့တလန်ဒေသ၊ Glasgow မြို့မှာကျင်းပမယ့် ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

#Pope #JoeBiden #voaburmese #ပုပ်ရဟန်းမင်း #အမေရိကန်သမ္မတ #ဗွီအိုအေမြန်မာပိုင်း

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG