သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ဒီမိုကရေစီရေးအတွက် ရပ်တည်ဖို့ သမ္မတ Biden ကတိပြု


Biden US ASEAN
Biden US ASEAN

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာခွင့်တွေအတွက် ရပ်တည်ကြိုးပမ်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ကြေကွဲစရာ အဖြစ်နဲ့ ကြုံနေရပြီး ဒေသတွင်း တည်ငြိမ်ရေးကိုလည်း ထိခိုက်လာနေတာကြောင့် ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း အာဆီယံနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးပွဲတွေ ဗုဒ္ဓဟူးနေ့က အွန်လိုင်းကနေ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာပြည်သူတွေဖက်က ရပ်တည်နေပြီး၊ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အာဆီယံနဲ့ အမေရိကန် ထိပ်သီးအစည်းအဝေး အင်္ဂါနေ့က စတင်ရာမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် သမ္မတ ဘိုင်ဒင်က စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

အာဆီယံနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးပွဲတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း အမေရိကန် သမ္မတက ချီးကျုးစကား ပြောဆိုထားပါတယ်။ မြန်မာစစ်ကောင်စီကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဆုံးဖြတ်ချက်ဟာ အာဆီယံအသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုကန့်ကွက်ခဲ့ပါတယ်။ သ

သမ္မတ ဘိုင်ဒင်ကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံဟာ အရေးပါပြီး သြဇာရှိတဲ့ အခမ်းကဏ္ဍမှာ ရှိနေကြောင်း အင်္ဂါနေ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG