သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေရွ႕အာရွ ထိပ္သီးအစည္းအေဝး က်င္းပ


အေရွ႕အာရွထိပ္သီး အြန္လိုင္းအစည္းအေဝးပြဲတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida စကားေျပာစဥ္။ (ေအာက္တိုဘာ ၂၇၊ ၂၀၂၁)


{{Zawgyi/Unicode}}

အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္ ထိပ္သီးအစည္းအေဝးေတြကို ဒီကေန႔ အြန္လိုင္းကေန ဆက္လက္က်င္းပေနၿပီး ၁၆ ႀကိမ္ေျမာက္ အေရွ႕အာရွ ထိပ္သီး ညီလာခံ၊ ၂၄ ႀကိမ္ေျမာက္ အာဆီယံ + ၃ ညီလာခံ၊ ၂၄ ႀကိမ္ေျမာက္ အာဆီယံ-ဂ်ပန္ ထိပ္သီးညီလာခံ၊ ပထမအႀကိမ္ေျမာက္ အာဆီယံ-ၾသစေၾတးလ် ထိပ္သီးညီလာခံေတြကို က်င္းပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ အာဆီယံေခါင္းေဆာင္ေတြ အစည္းအေဝးမွာ အေရွ႕တရုတ္နဲ႔ ေတာင္တရုတ္ပင္လယ္ေတြအေရး အဓိက ပါဝင္ခဲ့တယ္လုိ႔ ဂ်ပန္ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison နဲ႔ အစည္းအေဝးမွာေတာ့ အေရွ႕ေတာင္အာရွေဒသ လံုၿခံဳေရး၊ ဥတုရာသီေျပာင္းလဲမႈနဲ႔ က်န္းမာေရးဆိုင္ရာလုပ္ငန္းေတြအတြက္ ရန္ပံုေငြ ေဒၚလာ ၉၃ သန္း ကူညီမယ့္အစီအစဥ္ကို ဝန္ႀကီးခ်ဳပ္ Morrison က ေၾကညာခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ၾသစေၾတးလ်၊ ယူေကနဲ႔ အေမရိကန္ သံုးႏုိင္ငံၾကား ခ်ဳပ္ဆိုထားတဲ့ AUKUS လံုၿခံဳေရးဆိုင္ရာသေဘာတူညီခ်က္ကိုလည္း ဝန္ႀကီးခ်ဳပ္ Morrison က ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အေရွ႕အာရွ ထိပ္သီးညီလာခံကို အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang တို႔ အြန္လိုင္းကတဆင့္ တက္ေရာက္မွာျဖစ္သလို ႐ုရွားသမၼတ Vladimir Putin လည္း ဗြီဒီယိုနဲ႔ မိန္႔ခြန္းေျပာၾကားမယ္လို႔ AP သတင္းမွာ ေရးပါတယ္။

ဒီေန႔ ဆက္ၿပီးက်င္းပတဲ့ ဆက္စပ္ ထိပ္သီးအစည္းအေဝးေတြမွာလည္း ျမန္မာႏိုင္ငံ ပါဝင္တက္ေရာက္ျခင္း မရွိပါဘူး။ ႏိုင္ငံ့အႀကီးအကဲ ဒါမွမဟုတ္၊ အစိုးရအဖြဲ႔ အႀကီးအကဲ ဒါမွမဟုတ္ ႏိုင္ငံ့အႀကီးအကဲကို ကိုယ္စားျပဳတဲ့ ျပည္ေထာင္စုဝန္ႀကီးအဆင့္ ပုဂၢိဳလ္ ပါဝင္တက္ေရာက္ဖို႔ ဖိတ္ၾကားမွသာ တက္ေရာက္မယ္လို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားပါတယ္။

ထိပ္သီးအစည္းအေဝးေတြ မတက္ေရာက္တာဟာ အာဆီယံကိုမေက်နပ္လို႔ သပိတ္ေမွာက္တာ မဟုတ္ဘဲ ပဋိဉာဏ္စာခ်ဳပ္ပါမူေတြနဲ႔အညီ ရသင့္တဲ့ အခြင့္အေရးေတြကို ေတာင္းဆိုတာသာ ျဖစ္တယ္လို႔လည္း ေျပာထားပါတယ္။


============

{{Unicode}}

အရှေ့အာရှ ထိပ်သီးအစည်းအဝေး ကျင်းပ

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို ဒီကနေ့ အွန်လိုင်းကနေ ဆက်လက်ကျင်းပနေပြီး ၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ + ၃ ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးညီလာခံ၊ ပထမအကြိမ်မြောက် အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံတွေကို ကျင်းပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ်တွေအရေး အဓိက ပါဝင်ခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ အစည်းအဝေးမှာတော့ အရှေ့တောင်အာရှဒေသ လုံခြုံရေး၊ ဥတုရာသီပြောင်းလဲမှုနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၉၃ သန်း ကူညီမယ့်အစီအစဉ်ကို ဝန်ကြီးချုပ် Morrison က ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ သြစတြေးလျ၊ ယူကေနဲ့ အမေရိကန် သုံးနိုင်ငံကြား ချုပ်ဆိုထားတဲ့ AUKUS လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကိုလည်း ဝန်ကြီးချုပ် Morrison က ကာကွယ်ပြောဆိုခဲ့ပါတယ်။

အရှေ့အာရှ ထိပ်သီးညီလာခံကို အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ အွန်လိုင်းကတဆင့် တက်ရောက်မှာဖြစ်သလို ရုရှားသမ္မတ Vladimir Putin လည်း ဗွီဒီယိုနဲ့ မိန့်ခွန်းပြောကြားမယ်လို့ AP သတင်းမှာ ရေးပါတယ်။

ဒီနေ့ ဆက်ပြီးကျင်းပတဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ်၊ အစိုးရအဖွဲ့ အကြီးအကဲ ဒါမှမဟုတ် နိုင်ငံ့အကြီးအကဲကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ် ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားမှသာ တက်ရောက်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ထိပ်သီးအစည်းအဝေးတွေ မတက်ရောက်တာဟာ အာဆီယံကိုမကျေနပ်လို့ သပိတ်မှောက်တာ မဟုတ်ဘဲ ပဋိဉာဏ်စာချုပ်ပါမူတွေနဲ့အညီ ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာသာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

#EastAsiaSummit #ASEAN #VOABurmese
#အရှေ့အာရှထိပ်သီးအစည်းဝေး#မြန်မာ#အာဆီယံ
============

XS
SM
MD
LG