သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီနဲ့ရွှေ့ပြောင်းသူများအရေး ကန်နိုင်ငံခြားရေးဝန်ကြီး ခရီးမှာ အလေးပေးမည်


US Secretary of State Antony Blinken in Ecuador
US Secretary of State Antony Blinken in Ecuador

{{Zawgyi/Unicode}}

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီကွေဒေါနိုင်ငံမှာ ဒီကနေ့ မိန့်ခွန်းပြောဖို့ရှိပြီး နိုင်ငံခြားရေးဌာနအဆိုအားဖြင့် "ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းတွေ" နဲ့ ပတ်သက်ပြီး ပြောဆိုမှာဖြစ်ပါတယ်။

အဲဒီနောက် အိမ်နီးချင်း Colombia နိုင်ငံကို ခရီးဆက်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

"အားလုံးပါဝင်ပြီး နိုးကြားတက်ကြွတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေ" ဟာ "အားလုံးခံစားရတဲ့ တိုးတက်မှုဖြစ်ထွန်းပြီးသဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်" တဲ့ စီးပွားရေးမူဝါဒတွေကို ဘယ်လို အကောင်အထည်ဖော်နိုင်တယ်ဆိုတာ ဝန်ကြီး Blinken က အထူး အလေးထား ပြောဆိုမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဝန်ကြီး Blinken ရဲ့ ခရီးစဉ်အတွင်း အဓိကပြောဆိုမယ့် ကိစ္စရပ်တွေထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေအပြင် ရွှေ့ပြောင်းဝင်ရောက်ခြင်းဆိုင်ရာကိစ္စလည်း ပါဝင်ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်ခြင်းဆိုင်ရာ လူသားဆန် မူဝါဒတခုနဲ့ပတ်သက်ပြီး Colombia နိုင်ငံ၊ ဘိုဂိုတာမြို့မှာကျင်းပမယ့် ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဝန်ကြီး Blinken က ပူးတွဲသဘာပတိအဖြစ် တက်ရောက်မှာဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်ခြင်းကိစ္စဟာ အီကွေဒေါနိုင်ငံအပါအဝင် ကမ္ဘာ့အနောက်ဘက်ခြမ်းက နိုင်ငံတိုင်း ရင်ဆိုင်နေရတဲ့ အခြေအနေကြီးတရပ်ဖြစ်တယ်လို့ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီး Mauricio Montalvo နဲ့ အင်္ဂါနေ့က ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Blinken က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


==========

{{Unicode}}







#AntonyBlinken #USColombia #USEcuador #VOABurmese

XS
SM
MD
LG