သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ဝန္ႀကီးနဲ႔ အာဆီယံအထူးသံ ျမန္မာခရီးစဥ္ကိစၥ ေဆြးေႏြး


အာဆီယံ အထူးကိုယ္စားလွယ္ Erywan Yusof နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken

[[ Zawgyi ]]

ျမန္မာႏိုင္ငံကို သြားေရာက္ဖို႔ စီစဥ္ေနတဲ့ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္အတြင္း သက္ဆိုင္သူေတြ အားလုံးနဲ႔ ေတြ႕ခြင့္ရေရး အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ အာဆီယံကိုယ္စားလွယ္တို႔ ဆက္သြယ္ ေဆြးေႏြးခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာပါတယ္။

အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျမန္မာစစ္အာဏာပိုင္ေတြ လိုက္နာဖို႔၊ အထူးကိုယ္စားလွယ္ အေနနဲ႔ သက္ဆိုင္သူေတြ အားလုံးနဲ႔ ေတြ႕ဆုံခြင့္ရၿပီး အဓိပၸါယ္ျပည့္၀တဲ့ ခရီးစဥ္ျဖစ္ေအာင္ စီစဥ္ဖို႔လိုအပ္ေၾကာင္း အာဆီယံ အထူးကိုယ္စားလွယ္ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken တို႔ ၾကာသပေတးေန႔က ေဆြးေႏြးခဲ့ၾကေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။

အာဆီယံ အထူးကိုယ္စားလွယ္ ဒီသီတင္းပတ္ထဲ ျမန္မာႏိုင္ငံကို သြားေရာက္ဖို႔ ရွိေပမဲ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ မရတာေၾကာင့္ ခရီးစဥ္ကို ဖ်က္လိုက္ရေၾကာင္း သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ ေဆြးေႏြးခဲ့တာပါ။ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနကေတာ့ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္အတြက္ တတ္ႏိုင္သမွ် လိုက္ေလ်ာထားၿပီး ေတြ႕ဆုံသင့္သူေတြကို စီစဥ္ေပးထားေၾကာင္း ၾကာသပေတးေန႔ကပဲ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အာဆီယံ အထူးကိုယ္စားလွယ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးတို႔ ေဆြးေႏြးရာမွာ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြနဲ႔ အေျခအေနေတြ ပိုဆိုးလာေနတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ ျမန္မာစစ္အာဏာပိုင္ေတြ အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္ဖို႔၊ မတရားဖမ္းထားသူေတြ အားလုံးကို ျပန္လႊတ္ဖို႔နဲ႔ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ဦးတည္ဖို႔လည္း အေလးထား ေျပာခဲ့ၾကေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

ကန်ဝန်ကြီးနဲ့ အာဆီယံအထူးသံ မြန်မာခရီးစဉ်ကိစ္စ ဆွေးနွေး

မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံကိုယ်စားလှယ်တို့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာဖို့၊ အထူးကိုယ်စားလှယ် အနေနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ခရီးစဉ်ဖြစ်အောင် စီစဉ်ဖို့လိုအပ်ကြောင်း အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

အာဆီယံ အထူးကိုယ်စားလှယ် ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တာပါ။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် တတ်နိုင်သမျှ လိုက်လျောထားပြီး တွေ့ဆုံသင့်သူတွေကို စီစဉ်ပေးထားကြောင်း ကြာသပတေးနေ့ကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ အခြေအနေတွေ ပိုဆိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ဖို့၊ မတရားဖမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ဦးတည်ဖို့လည်း အလေးထား ပြောခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG