[ Zawgyi ]
အာဆီယံ အထူးသံတမန္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ေပးဖို႔ ေတာင္းထားတာကို စစ္ေကာင္စီက ျငင္းေနတာဟာ အာဆီယံနဲ႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္တို႔ၾကား ဘံုသေဘာတူညီခ်က္ထဲမွာ ပါတဲ့မူကို ျငင္းပယ္သလိုျဖစ္ေနတယ္လို႔ ေဝဖန္ၾကတာေတြ ရွိပါတယ္။ ျမန္မာ့အေရးမွာ အဓိကက်တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ရမွသာ အာဆီယံအတြက္ အလုပ္ျဖစ္ႏိုင္မယ္လို႔ ျမင္တာေတြလည္း ရွိပါတယ္။ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဝင္းမင္းက တင္ျပထားပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဖိုက ပုဂၢိဳလ္ေရးအေျဖရွာတဲ့သေဘာလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာအၿပီးမွာ၊ ANP ရခိုင္အမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမႉး ဦးခိုင္ျပည္စိုးကေတာ့ အခုလို ဆိုပါတယ္။
“အာဆီယံကၾကားေနၿပီးေတာ့ ဝင္ၿပီးေတာ့ ေစ႔စပ္ညိႈႏိႈင္းမယ္ ေဆာင္ရြက္မယ္ဆိုတဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေလး အျပဳသေဘာေဆာင္ၿပီးေတာ့ ေပးသင့္တယ္လို႔ ကၽြန္ေတာ္တို႔ကေတာ့ ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာ့ႏိုင္ငံေရးကို ကၽြန္ေတာ္တို႔ သြားတဲ့အခါမွာ အကုန္လံုးက ႏိုင္ငံတကာကေရာ ျပည္တြင္းပညာရွင္ေတြကပါ ေတြ႕ဆံုေဆြးေႏြေရးလမ္းေၾကာင္းနဲ႔ပဲ သြားရမယ္လို႔ သံုးသပ္တဲ့ဟာေတြရွိပါတယ္။ ေနာက္တခုက ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ပဲ အေျဖရွာရမယ္ဆိုတဲ့အခါမွာ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ အားလံုးေခါင္းေဆာင္ပိုင္းေတြ ေစ႔စပ္ညိႈႏိႈင္းၿပီးေတာ့ သြားတာကေတာ့ အေကာင္းဆံုးပဲလို႔ ကၽြန္ေတာ္တို႔ကေတာ့ သံုးသပ္တယ္။”
ဒါ့အျပင္ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္ကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္မရရင္ စိုးရိမ္ရပံုကို အခုလို ရွင္းျပပါတယ္။
“အာဆီယံရဲ႕ ေျဖရွင္းမူဟာ နဂိုထဲက အခ်ိန္ေနာက္က်တဲ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆံုဖို႔ အတြက္ကို သူ႔ရဲ႕ႀကိဳးပမ္းမူ မေအာင္ျမင္ဖူးဆိုရင္ လူထုအေနနဲ႔ကေတာ့၊ သူ႔တို႔ရဲ႕ၾကားဝင္ေျဖရွင္းမူကိုေတာ္ေတာ္ေလး အယံုအၾကည္ ပိုၿပီးေတာ့ နည္းသြားႏိုင္ပါတယ္။ ေနာက္တဖက္မွာ နစက (ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ) ဘက္လိုလည္းပဲ လူထုက ပိုၿပီးေတာ့ ေရွာင္က်ဥ္လာလိမ့္မယ္၊ ပိုၿပီးေတာ့မွ ထိေတြ႕ဆက္ဆံခ်င္တဲ့ အလားအလာေတြကို မရွိသေလာက္ျဖစ္သြားေစႏိုင္တယ္။ အဲ့လိုျဖစ္သြားတဲ့ တၿပိဳင္ထဲမွာပဲ နစကဘက္ကလည္း သူ႔ရဲ႕နဂိုရည္မွန္းခ်က္အတိုင္းဆက္ၿပီးေတာ့ ႀကိဳးပမ္းမယ္။ အဲ့ဒိအခါက်လို႔ရွိရင္ အထိအခိုက္ေတြ ပြတ္တိုက္မူေတြ ပိုၿပီးေတာ့ မ်ားလာမယ္ဆိုရင္ တိုင္းျပည္ ပိုၿပီးေတာ့ နာမဲ့အေနအထားကိုေရာက္သြားႏိုင္ပါတယ္။”
အခုလို စစ္ေကာင္စီ ေျပာခြင့္ရဘက္က ပုဂၢိဳလ္ေရးလို႔ ေျပာလာတာအေပၚ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ မူႀကီးကို ျငင္းလိုက္တာပါလို႔ ဆိုပါတယ္။
“ 5 Points Consensus (အားလံုးသေဘာတူခ်က္ ၅ ခ်က္) ထဲမွာပါတဲ့ သက္ဆိုင္တဲ့သူေတြ အကုန္လံုးနဲ႔ ေတႊရမယ္ဆိုတဲ့ အေျခခံမူအေပၚကေနၿပီးေတာ့ သူတို႔က ေတြ႕ခြင့္ေတာင္းတယ္ဆိုေတာ့ ေဒၚစုဆိုတဲ့ လူပုဂၢိဳလ္ထက္ေပါ့ေနာ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ မူအရလက္ခံလို႔ရွိရင္ ဒါ ခုနက မူထဲမွာကိုက အၾကံဳးဝင္ေနတဲ့ Stakeholders (သက္ဆိုင္သူေတြ) ထဲက အစိတ္အပိုင္းတစ္ခုျဖစ္ေနတယ္ေပါ.။ ဒါက အာဏာသိ္မ္း စကစ ေခါင္းေဆာင္ကိုယ္တိုင္တက္ခဲ့တဲ့အစည္းအေဝးမွာ သူကိုယ္တိုင္လုပ္ခဲ့တဲ့ ဒီ Consensus (အားလံုးသေဘာတူခ်က္) ကတိကဝတ္ကို ကိုယ္ကိုယ္တိုင္ဖ်က္လိုက္တာ၊ လူကိုျငင္းတာမဟုတ္ဘူး၊ ဒီ All Stakeholders (သက္ဆိုင္သအားလံုး) နဲ႔ ေတြ႕ရမယ္ဆိုတဲ့ မူကို ျငင္းလိုက္တာပဲျဖစ္တယ္။ ဒါေၾကာင့္မို႔ အာဆီယံအတြက္က ဒါကိုလက္ခံေပးလိုက္ရင္ အာဆီယံရဲ႕ ဂုဏ္သိကၡာကိုလည္း ထိခိုက္သလို ျဖစ္မွာေပါ့ေလ။”
အဲ့ဒီေတာ့ အာဆီယံအတြက္ ဆက္ႀကိဳးပမ္းသင့္တာကို ဦးစိုင္းလိတ္က ရွင္းျပပါတယ္။
“ ပထမဆံုးအႀကိမ္ ဝင္ေရာက္တာျဖစ္ေပမဲ့လို႔ အခ်ိန္အင္မတန္လင့္သြားပါၿပီ။ သူ႔ရဲ႕ေမွ်ာ္လင့္ခ်က္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုေရးကို မျဖစ္မေန လုပ္ဖို႔ပါပဲ။ အဲ့လိုသာ လုပ္ႏိုင္မယ္ဆိုရင္ေတာ့ သူ႔အတြက္ လမ္းစပြင့္သြားပါၿပီ။ အာဆီယံကိုယ္ႏိႈက္က ၾကားဝင္မစြက္ေရးဆိုတဲ့ဟာမ်ိဳးရွိေနတဲ့အခါၾကေတာ့ သူ႔တခုထဲနဲ႔ေတာ့ အဆင္ေျပမဲ့ပံု မေပၚဘူး။ ေဒသတြင္းအျခားႏိုင္ငံေတြနဲ႔ပဲျဖစ္ျဖစ္ အင္အားႀကီး တျခားႏိုင္ငံေတြနဲ႔ပဲျဖစ္ျဖစ္ ဒီထက္မက ပိုမိုက်ယ္ျပန္႔တဲ့ ခ်ိတ္ဆက္မူမ်ိဳးနဲ႔ ခ်ည္းကပ္ႏိုင္မွသာ အဆင္ေျပႏိုင္လိမ့္မယ္။ အနည္းဆံုးအားျဖင္ေတာ့ သူက ႏိုင္ငံတကာဖိအားကို ဒီထက္မက ပိုၿပီးရေအာင္ စြမ္းေဆာင္ႏိုင္မယ္ဆိုလို႔ရွိရင္ ေတာ္ေတာ္ေလးကို အဆင္ေျပပါလိမ့္မယ္။ ႏိုင္ငံတကာရဲ႕ ပံ့ပိုးကူညီမူကို မရပဲနဲ႕ေတာ့ နစကဘက္ကလည္းပဲ အေလ်ာ့ေပးမဲ့ပံုမေပၚဘူး။”
ဒါေပမဲ့ ဦးခိုင္ျပည္စိုးကေတာ့ အခုတႀကိမ္ ေဒၚစုနဲ႔ ေတြ႕ခြင့္ မရရင္ေတာင္ ဆက္ႀကိဳးစား သြားသင့္တယ္လို႔ ေထာက္ျပလိုက္ပါတယ္။
“ပဏာမအေနနဲ႔ ဒီတႀကိမ္မရလို႔ရွိရင္လဲ အာဆီယံအေနနဲ႔ အိမ္နီးနားခ်င္းႏိုင္ငံေတြ၊ ျမန္မာ့ႏိုင္ငံအေရးအေျခအေနကို ပိုၿပီးေတာ့နည္းလည္တဲ့ အဖြဲ႔အစည္းတခုျဖစ္တဲ့အေနနဲ႔ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ညင္ညင္သာသာနဲ႔ပဲ ျမန္မာ့ႏိုင္ငံေရးကို ခ်ည္းကပ္တဲ့အခါမွာ ပထမအႀကိမ္မွာ ေတြ႕ခြင့္မရေပမဲ့ ေနာက္ေနာင္အႀကိမ္ေတြမွာ တျဖည္းျဖည္း ယဥ္ပါးလာေအာင္လုပ္ဖို႔ေတာ့ လိုလိမ့္မယ္။’
ဒါေပမဲ့ ေဒၚဇင္မာေအာင္ကေတာ့ အာဆီယံ ထိ္ပ္သီးပြဲမွာ ျဖစ္သင့္ပံုကို အခုလို ရွင္းျပပါတယ္။
“အာဆီယံကိုယ္တိုင္ကိုပဲ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခုက မေထမဲ့ျမင္ျပဳရာေရာက္တဲ့အေနအထားမ်ိဳးေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔ လာမဲ့ Summit (ထိပ္သီး) မွာေတာ့ ျပည္သူလူထုကို ကိုယ္စားမျပဳတဲ့၊ အာဆီယံရဲ႕ ပံုရိပ္ကိုက်ဆင္းေစတဲ့ Entity (အဖြဲ႔) တခုကိုေတာ့ ဖိတ္ၾကားဖို႔မသင့္ဘူး။ NUG အေနနဲ႔ကေတာ့ ဒီေဒသတြင္းႏိုင္ငံေတြနဲ႔ အာဆီယံနဲ႔ေရာ ပူးေပါင္းေဆာင္ရြက္ဖို႔ ကၽြန္မတို႔ အဆင္သင့္ရွိေနပါတယ္။ Special Envoy (အထူးကိုယ္စားလွယ္) ခန္႔အပ္ကထဲက ႀကိဳဆိုေၾကာင္းလဲပါတယ္၊ အၾကံျပဳခ်က္ ဒီအခ်က္အလက္ေတြနဲ႔အတူ ကၽြန္မတို႔ စာေပးပို႔ ဆက္သြယ္ေဆာင္ရြက္ထားၿပီးျဖစ္တယ္။ အာဆီယံ တခ်ိဳ.ႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ေတာ့ ကၽြန္မတို႔ ထိေတြ႕ေဆြးေႏြးတာရွိပါတယ္။”
တကယ္ေတာ့ အာဆီယံအေနနဲ႔ ျမန္မာ့အေရး ေရွ႕က ႀကိဳပမ္းေနတာကို ေဒသတြင္း အင္အားႀကီး တ႐ုတ္နဲ႔ ကမၻာ့အင္အားႀကီး အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြကလည္း အေနာက္ကေန တြန္းအား ဆက္ေပးေနဆဲ ျဖစ္ပါတယ္ ခင္ဗ်ာ။
[ Unicode ]
အာဆီယံအထူးသံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရတဲ့အပေါ် အမြင်တချို့
အာဆီယံ အထူးသံတမန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းထားတာကို စစ်ကောင်စီက ငြင်းနေတာဟာ အာဆီယံနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်တို့ကြား ဘုံသဘောတူညီချက်ထဲမှာ ပါတဲ့မူကို ငြင်းပယ်သလိုဖြစ်နေတယ်လို့ ဝေဖန်ကြတာတွေ ရှိပါတယ်။ မြန်မာ့အရေးမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ အာဆီယံအတွက် အလုပ်ဖြစ်နိုင်မယ်လို့ မြင်တာတွေလည်း ရှိပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖိုက ပုဂ္ဂိုလ်ရေးအဖြေရှာတဲ့သဘောလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောအပြီးမှာ၊ ANP ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကတော့ အခုလို ဆိုပါတယ်။
“အာဆီယံကကြားနေပြီးတော့ ဝင်ပြီးတော့ စေ့စပ်ညှိုနှိုင်းမယ် ဆောင်ရွက်မယ်ဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်လေး အပြုသဘောဆောင်ပြီးတော့ ပေးသင့်တယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေးကို ကျွန်တော်တို့ သွားတဲ့အခါမှာ အကုန်လုံးက နိုင်ငံတကာကရော ပြည်တွင်းပညာရှင်တွေကပါ တွေ့ဆုံဆွေးနွေရေးလမ်းကြောင်းနဲ့ပဲ သွားရမယ်လို့ သုံးသပ်တဲ့ဟာတွေရှိပါတယ်။ နောက်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာရမယ်ဆိုတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးခေါင်းဆောင်ပိုင်းတွေ စေ့စပ်ညှိုနှိုင်းပြီးတော့ သွားတာကတော့ အကောင်းဆုံးပဲလို့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်။”
ဒါ့အပြင် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရင် စိုးရိမ်ရပုံကို အခုလို ရှင်းပြပါတယ်။
“အာဆီယံရဲ့ ဖြေရှင်းမူဟာ နဂိုထဲက အချိန်နောက်ကျတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အတွက်ကို သူ့ရဲ့ကြိုးပမ်းမူ မအောင်မြင်ဖူးဆိုရင် လူထုအနေနဲ့ကတော့၊ သူ့တို့ရဲ့ကြားဝင်ဖြေရှင်းမူကိုတော်တော်လေး အယုံအကြည် ပိုပြီးတော့ နည်းသွားနိုင်ပါတယ်။ နောက်တဖက်မှာ နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဘက်လိုလည်းပဲ လူထုက ပိုပြီးတော့ ရှောင်ကျဉ်လာလိမ့်မယ်၊ ပိုပြီးတော့မှ ထိတွေ့ဆက်ဆံချင်တဲ့ အလားအလာတွေကို မရှိသလောက်ဖြစ်သွားစေနိုင်တယ်။ အဲ့လိုဖြစ်သွားတဲ့ တပြိုင်ထဲမှာပဲ နစကဘက်ကလည်း သူ့ရဲ့နဂိုရည်မှန်းချက်အတိုင်းဆက်ပြီးတော့ ကြိုးပမ်းမယ်။ အဲ့ဒိအခါကျလို့ရှိရင် အထိအခိုက်တွေ ပွတ်တိုက်မူတွေ ပိုပြီးတော့ များလာမယ်ဆိုရင် တိုင်းပြည် ပိုပြီးတော့ နာမဲ့အနေအထားကိုရောက်သွားနိုင်ပါတယ်။”
အခုလို စစ်ကောင်စီ ပြောခွင့်ရဘက်က ပုဂ္ဂိုလ်ရေးလို့ ပြောလာတာအပေါ် NUG အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မူကြီးကို ငြင်းလိုက်တာပါလို့ ဆိုပါတယ်။
“ 5 Points Consensus (အားလုံးသဘောတူချက် ၅ ချက်) ထဲမှာပါတဲ့ သက်ဆိုင်တဲ့သူတွေ အကုန်လုံးနဲ့ တွှေရမယ်ဆိုတဲ့ အခြေခံမူအပေါ်ကနေပြီးတော့ သူတို့က တွေ့ခွင့်တောင်းတယ်ဆိုတော့ ဒေါ်စုဆိုတဲ့ လူပုဂ္ဂိုလ်ထက်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ မူအရလက်ခံလို့ရှိရင် ဒါ ခုနက မူထဲမှာကိုက အကြုံးဝင်နေတဲ့ Stakeholders (သက်ဆိုင်သူတွေ) ထဲက အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ပေါ.။ ဒါက အာဏာသိမ်း စကစ ခေါင်းဆောင်ကိုယ်တိုင်တက်ခဲ့တဲ့အစည်းအဝေးမှာ သူကိုယ်တိုင်လုပ်ခဲ့တဲ့ ဒီ Consensus (အားလုံးသဘောတူချက်) ကတိကဝတ်ကို ကိုယ်ကိုယ်တိုင်ဖျက်လိုက်တာ၊ လူကိုငြင်းတာမဟုတ်ဘူး၊ ဒီ All Stakeholders (သက်ဆိုင်သအားလုံး) နဲ့ တွေ့ရမယ်ဆိုတဲ့ မူကို ငြင်းလိုက်တာပဲဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံအတွက်က ဒါကိုလက်ခံပေးလိုက်ရင် အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်သလို ဖြစ်မှာပေါ့လေ။”
အဲ့ဒီတော့ အာဆီယံအတွက် ဆက်ကြိုးပမ်းသင့်တာကို ဦးစိုင်းလိတ်က ရှင်းပြပါတယ်။
“ ပထမဆုံးအကြိမ် ဝင်ရောက်တာဖြစ်ပေမဲ့လို့ အချိန်အင်မတန်လင့်သွားပါပြီ။ သူ့ရဲ့မျှော်လင့်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကို မဖြစ်မနေ လုပ်ဖို့ပါပဲ။ အဲ့လိုသာ လုပ်နိုင်မယ်ဆိုရင်တော့ သူ့အတွက် လမ်းစပွင့်သွားပါပြီ။ အာဆီယံကိုယ်နှိုက်က ကြားဝင်မစွက်ရေးဆိုတဲ့ဟာမျိုးရှိနေတဲ့အခါကြတော့ သူ့တခုထဲနဲ့တော့ အဆင်ပြေမဲ့ပုံ မပေါ်ဘူး။ ဒေသတွင်းအခြားနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် အင်အားကြီး တခြားနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် ဒီထက်မက ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မူမျိုးနဲ့ ချည်းကပ်နိုင်မှသာ အဆင်ပြေနိုင်လိမ့်မယ်။ အနည်းဆုံးအားဖြင်တော့ သူက နိုင်ငံတကာဖိအားကို ဒီထက်မက ပိုပြီးရအောင် စွမ်းဆောင်နိုင်မယ်ဆိုလို့ရှိရင် တော်တော်လေးကို အဆင်ပြေပါလိမ့်မယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမူကို မရပဲနဲ့တော့ နစကဘက်ကလည်းပဲ အလျော့ပေးမဲ့ပုံမပေါ်ဘူး။”
ဒါပေမဲ့ ဦးခိုင်ပြည်စိုးကတော့ အခုတကြိမ် ဒေါ်စုနဲ့ တွေ့ခွင့် မရရင်တောင် ဆက်ကြိုးစား သွားသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။
“ပဏာမအနေနဲ့ ဒီတကြိမ်မရလို့ရှိရင်လဲ အာဆီယံအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ၊ မြန်မာ့နိုင်ငံအရေးအခြေအနေကို ပိုပြီးတော့နည်းလည်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အနေနဲ့ ပျော့ပျော့ပြောင်းပြောင်း ညင်ညင်သာသာနဲ့ပဲ မြန်မာ့နိုင်ငံရေးကို ချည်းကပ်တဲ့အခါမှာ ပထမအကြိမ်မှာ တွေ့ခွင့်မရပေမဲ့ နောက်နောင်အကြိမ်တွေမှာ တဖြည်းဖြည်း ယဉ်ပါးလာအောင်လုပ်ဖို့တော့ လိုလိမ့်မယ်။’
ဒါပေမဲ့ ဒေါ်ဇင်မာအောင်ကတော့ အာဆီယံ ထိပ်သီးပွဲမှာ ဖြစ်သင့်ပုံကို အခုလို ရှင်းပြပါတယ်။
“အာဆီယံကိုယ်တိုင်ကိုပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက မထေမဲ့မြင်ပြုရာရောက်တဲ့အနေအထားမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့ လာမဲ့ Summit (ထိပ်သီး) မှာတော့ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့၊ အာဆီယံရဲ့ ပုံရိပ်ကိုကျဆင်းစေတဲ့ Entity (အဖွဲ့) တခုကိုတော့ ဖိတ်ကြားဖို့မသင့်ဘူး။ NUG အနေနဲ့ကတော့ ဒီဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတို့ အဆင်သင့်ရှိနေပါတယ်။ Special Envoy (အထူးကိုယ်စားလှယ်) ခန့်အပ်ကထဲက ကြိုဆိုကြောင်းလဲပါတယ်၊ အကြံပြုချက် ဒီအချက်အလက်တွေနဲ့အတူ ကျွန်မတို့ စာပေးပို့ ဆက်သွယ်ဆောင်ရွက်ထားပြီးဖြစ်တယ်။ အာဆီယံ တချို.နိုင်ငံက ခေါင်းဆောင်တွေနဲ့တော့ ကျွန်မတို့ ထိတွေ့ဆွေးနွေးတာရှိပါတယ်။”
တကယ်တော့ အာဆီယံအနေနဲ့ မြန်မာ့အရေး ရှေ့က ကြိုပမ်းနေတာကို ဒေသတွင်း အင်အားကြီး တရုတ်နဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း အနောက်ကနေ တွန်းအား ဆက်ပေးနေဆဲ ဖြစ်ပါတယ် ခင်ဗျာ။