သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္တေယာက္တည္းနဲ႔ေတြ႔ၿပီး ေျဖရွင္းလို႔ ျဖစ္ႏိုင္တယ္လို႔ယံုၾကည္ရင္ မ်က္ကန္းယံုၾကည္မႈ- ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း


{Zawgyi/Unicode}

အာဆီယံအထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံသြားေရာက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ဆံုဖို႔ေတာင္းဆိုထားခ်ိန္မွာ ျမန္မာႏုိင္ငံရဲ႕ျပႆနာဟာ လူပုဂၢိဳလ္ တဦးတစ္ေယာက္တည္းနဲ႔ ေတြ႔ဆံု ေဆြးေႏြး အေျဖရွာလို႔ရတဲ့ ျပႆနာမဟုတ္ဘူးလို႔ စစ္ေကာင္စီက တံု႔ျပန္လိုက္ပါတယ္။ ျမန္မာႏိုင္ငံဆုိင္ရာ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္မေဖာ္ေသးတဲ့အေပၚ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕က ေဝဖန္ေနသလို မၾကာခင္က်င္းပမယ့္ အာဆီယံထိပ္သီးစည္းေဝးပြဲကို စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို မဖိတ္ဖုိ႔အထိ ေဆြးေႏြးမႈေတြ႐ွိေနပါတယ္။ ဒါဟာ အဖဲြ႔ဝင္ႏုိင္ငံအခ်င္းခ်င္းအေပၚထားတဲ့ အာဆီယံရဲ႕မူေျပာင္းလဲလာတယ္လို႔ ျမင္ႏိုင္ပါသလား... ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျဖစ္ေနတဲ့ျပႆနာေတြကိုေျဖ႐ွင္းဖုိ႔ စစ္ေကာင္စီအႀကီး အကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အပါအဝင္ အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထားၾကတဲ့ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္နဲ႔ပတ္သက္လို႔ လက္ေတ႔ြ အေကာင္အထည္မေဖာ္ႏိုင္ေသးတဲ့အေပၚ အာဆီယံေခါင္းေဆာင္တခ်ဳိ႕ စိတ္ပ်က္ေနၾကပါတယ္။

ဒါေၾကာင့္ ေအာက္တုိလာ ၂၆ ကေန ၂၈ ရက္ေန႔အထိ အြန္လိုင္းမွာက်င္းပမယ့္ ထိပ္သီးအစည္းအေဝးကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို မဖိတ္ဖုိ႔အထိ ေဆြးေႏြးေနၾကတယ္လို႔ လက္႐ွိ အာဆီယံအလွည့္က်ဥကၠ႒ Brunei ႏိုင္ငံရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ ျမန္မာ့အေရး အာဆီယံ အထူးသံတမန္ Erywan Yusof ကေျပာၾကားခဲ့တာပါ။
သူဟာ ျမန္မာႏိုင္ငံသြားေရာက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြဆံုဖို႔ စစ္ေကာင္စီကို ေတာင္းဆိုထားပါတယ္။ ဒီေန႔မွာေတာ့ ျမန္မာႏုိင္ငံရဲ႕ ျပႆနာကို လူပုဂၢိဳလ္ တဦးတေယာက္တည္းနဲ႔ ေတြ႔ဆံုေဆြးေႏြး အေျဖရွာလို႔မရဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တံု႔ျပန္လိုက္ပါတယ္။

“က်ေနာ္တို႔ႏိုင္ငံမွာျဖစ္ေနတဲ့ ဒီျပႆာနာေတြဟာ လူပုဂၢိုလ္တဦးတေယာက္တည္း၊ အဖြဲ႔အစည္းတခုတည္းနဲ႔ ေျဖရွင္းလို႔ ေျဖရွင္းသြားတာမ်ိဳးမရွိဘူး။ အဲဒီေတာ့ ဒီဟာကို ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိုလ္ ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္တေယာက္တည္းနဲ႔ ေတြ႔ၿပီးေျဖရွင္းေပးလို႔ ျဖစ္ႏိုင္ရင္လို႔ ယံုၾကည္ရင္ အဲဒီယံုၾကည္မွုဟာ မ်က္ကန္းယံုၾကည္မွုလို႔ က်ေနာ္ေျပာခ်င္တယ္။ ဒါေတြကို က်ေနာ္ေျပာေနတာ အေၾကာင္းမဲ့ ေျပာေနတာမဟုတ္ဘူး၊ ျမန္မာႏိုင္ငံရဲ႕ သမိုင္းအစဥ္အလာအရ ေျဖရွင္းလာတဲ့ဟာကိုၾကည့္၊ ဒါေတြကို ပုဂၢိဳလ္ပိုင္းဆိုင္ရာ အကန္႔အသတ္နဲ႔ လုပ္တယ္ဆိုတာက နယ္ပယ္က်ဥ္းေျမာင္းလြန္းပါတယ္။ အာဆီယံအစည္းအေဝးမွာ က်ေနာ္တို႔ သေဘာတူညီခ်က္ ငါးခ်က္ရွိ္ခဲ့တယ္။ အဲဒီငါးခ်က္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ ပါၿပီးျဖစ္တယ္။”

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ထိပ္သီးအစည္းအေဝး မဖိတ္ဖို႔အထိ ေဆြးေႏြးေနတယ္လို႔ ဘ႐ူႏုိင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ၿပီးတဲ့ေနာက္ အခုလို တု႔ံျပန္လိုက္တာလည္းျဖစ္ပါတယ္။ တိုးတက္မႈမ႐ွိရင္ အာဆီယံထိပ္သီးစည္းေဝးပြဲကို စစ္ေကာင္စီဥကၠ႒ ပါဝင္ေစဖုိ႔ခက္မယ္လို႔ မေလး႐ွားႏုိင္ ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကလည္း တနလၤာေန႔က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။

တကယ္ေတာ့ အဖဲြ႔ဝင္ႏိုင္ငံအခ်င္းခ်င္းၾကား ဝင္မစြက္တဲ့မူကိုလက္ကိုင္ထားတဲ့ အာဆီယံက အခုလို ထိပ္သီးအစည္းအေဝး မဖိတ္တာမ်ဳိးအထိ အရင္က မလုပ္ခဲ့ဖူးပါဘူး။ ဒါဟာ ဘယ္ေလာက္ထူးျခားပါသလဲ၊ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႔ (ISP) က ညႊန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္းက အခုလိုေျပာပါတယ္။

“အာဆီယံက သူရဲ႕ Regional Grouping ေဒသဆိုင္ရာ အုပ္စုတခုရဲ႕ ဂုဏ္သိကၡာရွိပါတယ္။ အဲေတာ့ ျမန္မာျပည္အေရးကို ဝင္ေရာက္မေဆာက္ရြက္ႏိုင္ဘူးဆိုလို႔ရွိရင္ သူတို႔ရဲ႕ဂုဏ္သိကၡာပါ က်ရေတာ့မယ့္ အေနအထားျဖစ္လာတာေပါ့ဗ်ာ၊ ဒါကလည္း တခ်က္ပါ။ ေနာက္တခုက်ေတာ့ ႏို္္င္ငံတကာ ဆက္ဆံေရးေတြမွာက်ေတာ့ Policy of inaction လို႔ေခၚတာေပါ့ဗ်ာ၊ ဘာမွမလုပ္ဘဲေနရင္ေတာင္ သူ႔အလိုလိုေနရင္းနဲ႔ ကာဗာရေနဦးမယ္။ အာဆီယံကိုယ္စားလွယ္ကို လက္ခံေတြ႔လိုက္မယ္၊ ျပန္သြားမယ္၊ ေနာက္တခါ ထပ္လာမယ္၊ ဒါဆိုရင္ေတာင္မွ ျမန္မာအစိုးရဘက္က အခ်ိန္ဆြဲလို႔ရေသးတယ္ေလ။ အဲလိုရတဲ့ အေနအထားေတာင္မွ မလုပ္ဘူးဆိုတဲ့အခါက်ေတာ့ အာဆီယံဘက္က ေတာ္ေတာ္ေလးကို ခက္တဲ့အေနအထားရွိတာေပါ့ဗ်ာ။ ေနာက္ဆံုးမွာ ဒီလိုစဥ္းစားရတာမ်ိဳးေတြ ျဖစ္လာတာေပါ့။”

ျမန္မာႏိုင္ငံျပႆနာေျဖ႐ွင္းေရးအတြက္ အာဆီယံအဖဲြ႔ရဲ႕ အေျဖရွာခ်က္ကို ႏိုင္ငံတကာကလည္း ေစာင့္ၾကည့္ေနတာမို႔ အာဆီယံဘက္က အရင္အေျခအေနနဲ႔ မတူဘဲ ေဆာင္႐ြက္လာတာလို႔လည္း သူက သံုးသပ္ပါတယ္။

“ေျပာခ်င္တာကေတာ့ က်ေနာ္ျမင္တာ အခု အာဆီယံ Envoy လာဖို႔ သိပ္ခက္ေနတဲ့ကိစၥမ်ိဳးေပါ့ေနာ္။ ေနာက္တခုက ဘာျဖစ္လို႔ ညွိႏိႈင္းရတာ ဒီေလာက္ထိ ခက္ေနသလဲဆိုတဲ့ အေနအထားေတာ့ က်ေနာ္ေသခ်ာမသိဘူး၊ ဒါေပမယ့္ မျဖစ္သင့္ဘူးလို႔ေတာ့ က်ေနာ္ထင္တယ္ဗ်ာ။ အခုအေနအထားမွာ အေနာက္နိုင္ငံေတြက လက္ေရွာင္ၿပီးေတာ့ အာဆီယံကုိ မင္း ေရွ႕ကလုပ္ပါဆိုၿပီးေတာ့ ခိုင္းေနတာေလ။ အဲအေနအထားမွာ အာဆီယံက အသံုးမက်ေတာ့ဘူးဆိုရင္ အေနာက္နိုင္ငံက လက္ေရွာင္လို႔ မရေတာ့ဘဲ ကိုယ္တိုင္ဝင္ အေရးယူရေတာ့မယ့္ အေနအထားျဖစ္လာႏိုင္တယ္။”

ကုလသမဂၢ၊ အေမရိကန္၊ ၿဗိတိန္၊ ဥေရာပသမဂၢ စတဲ့ႏိုင္ငံတကာကလည္း စစ္ေကာင္စီ ေခါင္းေဆာင္ အပါအဝင္ အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထားတဲ့ အခ်က္ ၅ ခ်က္အတိုင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရးကို ေစာင့္ၾကည့္ေနတယ္လို႔ အၿမဲေျပာေနသလို အာဆီယံ၊ အာ႐ွေဒသတြင္းႏိုင္ငံေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၾကတဲ့အခါမွာလည္း ဘံုသေဘာတူညီခ်က္ ၅ ခ်က္အတိုိင္း ေဆာင္႐ြက္ဖုိ႔ တိုက္တြန္းေနပါတယ္။


======

{Zawgyi/Unicode}

ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့တွေ့ပြီး ဖြေရှင်းလို့ ဖြစ်နိုင်တယ်လို့ယုံကြည်ရင် မျက်ကန်းယုံကြည်မှု - ဗိုလ်ချုပ်ဇော်မင်းထွန်း

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့တောင်းဆိုထားချိန်မှာ မြန်မာနိုင်ငံရဲ့ပြဿနာဟာ လူပုဂ္ဂိုလ် တဦးတစ်ယောက်တည်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာလို့ရတဲ့ ပြဿနာမဟုတ်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်မဖော်သေးတဲ့အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့က ဝေဖန်နေသလို မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့အထိ ဆွေးနွေးမှုတွေရှိနေပါတယ်။ ဒါဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပေါ်ထားတဲ့ အာဆီယံရဲ့မူပြောင်းလဲလာတယ်လို့ မြင်နိုင်ပါသလား... ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ စစ်ကောင်စီအကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားကြတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ပတ်သက်လို့ လက်တေ့ွ အကောင်အထည်မဖော်နိုင်သေးတဲ့အပေါ် အာဆီယံခေါင်းဆောင်တချို့ စိတ်ပျက်နေကြပါတယ်။

ဒါကြောင့် အောက်တိုလာ ၂၆ ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့အထိ ဆွေးနွေးနေကြတယ်လို့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ Brunei နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မြန်မာ့အရေး အာဆီယံ အထူးသံတမန် Erywan Yusof ကပြောကြားခဲ့တာပါ။

သူဟာ မြန်မာနိုင်ငံသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို လူပုဂ္ဂိုလ် တဦးတယောက်တည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာလို့မရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်လိုက်ပါတယ်။

“ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ ဒီပြဿာနာတွေဟာ လူပုဂ္ဂိုလ်တဦးတယောက်တည်း၊ အဖွဲ့အစည်းတခုတည်းနဲ့ ဖြေရှင်းလို့ ဖြေရှင်းသွားတာမျိုးမရှိဘူး။ အဲဒီတော့ ဒီဟာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့ တွေ့ပြီးဖြေရှင်းပေးလို့ ဖြစ်နိုင်ရင်လို့ ယုံကြည်ရင် အဲဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့ ကျနော်ပြောချင်တယ်။ ဒါတွေကို ကျနော်ပြောနေတာ အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အလာအရ ဖြေရှင်းလာတဲ့ဟာကိုကြည့်၊ ဒါတွေကို ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက နယ်ပယ်ကျဉ်းမြောင်းလွန်းပါတယ်။ အာဆီယံအစည်းအဝေးမှာ ကျနော်တို့ သဘောတူညီချက် ငါးချက်ရှိခဲ့တယ်။ အဲဒီငါးချက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါပြီးဖြစ်တယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖို့အထိ ဆွေးနွေးနေတယ်လို့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီးတဲ့နောက် အခုလို တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ တိုးတက်မှုမရှိရင် အာဆီယံထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ပါဝင်စေဖို့ခက်မယ်လို့ မလေးရှားနိုင် ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း တနင်္လာနေ့က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

တကယ်တော့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား ဝင်မစွက်တဲ့မူကိုလက်ကိုင်ထားတဲ့ အာဆီယံက အခုလို ထိပ်သီးအစည်းအဝေး မဖိတ်တာမျိုးအထိ အရင်က မလုပ်ခဲ့ဖူးပါဘူး။ ဒါဟာ ဘယ်လောက်ထူးခြားပါသလဲ၊ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP) က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

“အာဆီယံက သူရဲ့ Regional Grouping ဒေသဆိုင်ရာ အုပ်စုတခုရဲ့ ဂုဏ်သိက္ခာရှိပါတယ်။ အဲတော့ မြန်မာပြည်အရေးကို ဝင်ရောက်မဆောက်ရွက်နိုင်ဘူးဆိုလို့ရှိရင် သူတို့ရဲ့ဂုဏ်သိက္ခာပါ ကျရတော့မယ့် အနေအထားဖြစ်လာတာပေါ့ဗျာ၊ ဒါကလည်း တချက်ပါ။ နောက်တခုကျတော့ နို်င်ငံတကာ ဆက်ဆံရေးတွေမှာကျတော့ Policy of inaction လို့ခေါ်တာပေါ့ဗျာ၊ ဘာမှမလုပ်ဘဲနေရင်တောင် သူ့အလိုလိုနေရင်းနဲ့ ကာဗာရနေဦးမယ်။ အာဆီယံကိုယ်စားလှယ်ကို လက်ခံတွေ့လိုက်မယ်၊ ပြန်သွားမယ်၊ နောက်တခါ ထပ်လာမယ်၊ ဒါဆိုရင်တောင်မှ မြန်မာအစိုးရဘက်က အချိန်ဆွဲလို့ရသေးတယ်လေ။ အဲလိုရတဲ့ အနေအထားတောင်မှ မလုပ်ဘူးဆိုတဲ့အခါကျတော့ အာဆီယံဘက်က တော်တော်လေးကို ခက်တဲ့အနေအထားရှိတာပေါ့ဗျာ။ နောက်ဆုံးမှာ ဒီလိုစဉ်းစားရတာမျိုးတွေ ဖြစ်လာတာပေါ့။”

မြန်မာနိုင်ငံပြဿနာဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ရဲ့ အဖြေရှာချက်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတာမို့ အာဆီယံဘက်က အရင်အခြေအနေနဲ့ မတူဘဲ ဆောင်ရွက်လာတာလို့လည်း သူက သုံးသပ်ပါတယ်။

“ပြောချင်တာကတော့ ကျနော်မြင်တာ အခု အာဆီယံ Envoy လာဖို့ သိပ်ခက်နေတဲ့ကိစ္စမျိုးပေါ့နော်။ နောက်တခုက ဘာဖြစ်လို့ ညှိနှိုင်းရတာ ဒီလောက်ထိ ခက်နေသလဲဆိုတဲ့ အနေအထားတော့ ကျနော်သေချာမသိဘူး၊ ဒါပေမယ့် မဖြစ်သင့်ဘူးလို့တော့ ကျနော်ထင်တယ်ဗျာ။ အခုအနေအထားမှာ အနောက်နိုင်ငံတွေက လက်ရှောင်ပြီးတော့ အာဆီယံကို မင်း ရှေ့ကလုပ်ပါဆိုပြီးတော့ ခိုင်းနေတာလေ။ အဲအနေအထားမှာ အာဆီယံက အသုံးမကျတော့ဘူးဆိုရင် အနောက်နိုင်ငံက လက်ရှောင်လို့ မရတော့ဘဲ ကိုယ်တိုင်ဝင် အရေးယူရတော့မယ့် အနေအထားဖြစ်လာနိုင်တယ်။”

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတကာကလည်း စစ်ကောင်စီ ခေါင်းဆောင် အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ အချက် ၅ ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကို စောင့်ကြည့်နေတယ်လို့ အမြဲပြောနေသလို အာဆီယံ၊ အာရှဒေသတွင်းနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အခါမှာလည်း ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။


#WhatIsHappeningInMyanmar #ASEAN #MyanmarMilitaryCoup #voaburmese #အာဆီယံ #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG