[ Zawgyi ]
ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ကို အာဆီယံထိပ္သီးပြဲမဖိတ္ဖို႔ ေဆြးေႏြးေနေပမဲ့၊ သင့္ေတာ္တဲ့အေျဖရေရး ေဆြးေႏြးႏိုင္ခ်ိန္ရွိေနေသးတယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ အၾကံေပးက ေျပာလိုက္ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ ပယာရြတ္ခ်န္အိုခ်ာရဲ႕ လုံၿခဳံေရးအႀကံေပးေကာ္မတီ ဥကၠဌ ပါေမာကၡ Panitan Wattanayagorn က၊ ျဖစ္ႏိုင္ေျခ အေျဖမ်ိဳးစံုလည္း ရွိႏိုင္ပါတယ္လို႔ အၾကံျပဳလိုက္ပါတယ္။
အာဆီယံနဲ႔သေဘာတူထားတာကို ေဆာင္ရြက္ဖို႔ေႏွးေနတဲ့ ျမန္မာ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ေတာ့ မၾကာခင္ အဆံုးအျဖတ္ေပးဖို႔လိုတယ္လို႔၊ ခ်ဳလာေလာင္ကြန္းတကၠသိုလ္က ႏိုင္ငံေရးသိပၸံပါေမာကၡ Panitan က ေျပာပါတယ္။ ကိုဝင္းမင္းက ေမးရာမွာ၊ သူက အခုလိုစေျပာပါတယ္။
ပါေမာကၡ Panitan ။ ။ " အာဆီယံအတြက္က ျမန္မာႏိုင္ငံထဲက ကြဲျပားေနတဲ့ ေခါင္းေဆာင္ေတြအၾကား ဘံုသေဘာထားရယူၿပီး၊ အရင္အာဆီယံႏိုင္ငံအားလံုး သေဘာတူထားခဲ့တဲ့ အခ်က္ (၅) ခ်က္အေပ၊ၚ ႏိုင္ငံထဲ တိုးတက္မူရေအာင္လုပ္ဖို႔က အထူးအေရးပါပါတယ္။ ဒါက အာဆီယံ ထိပ္သီးအစည္းအေဝးအတြက္ အလြန္အေရးႀကီးပါတယ္။ ဒီအာဆီယံအဖြဲ႔ဝင္အားလံုး သေဘာတူထားတဲ့ အခ်က္ (၅) ခ်က္ကို အထူးသျဖင့္ တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ ေႏွးေကြးလာခဲ့တာက၊ အာဆီယံတခုလံုးအေပၚ ထိခိုက္မူ အလြန္ႀကီးမားႏိုင္ပါတယ္။ ဒါေၾကာင့္ အခု အာဆီယံေခါင္းေဆာင္ေတြအၾကား ဒီသေဘာတူထားခ်က္ (၅) ခ်က္ တိုးတက္ေအာင္ အေကာင္အထည္ေဖာ္ရာမွာ၊ ညီညီညြတ္ညြတ္နဲ႔ျဖစ္ေအာင္ အတူဝိုင္းလုပ္ေဆာင္ၾကဖို႔ အခ်ိန္ေရာက္ေနပါၿပီ၊ ထိပ္သီးအစည္းအေဝးမွာ ဘယ္သူအစည္းအေဝး တက္လာတာပဲျဖစ္ျဖစ္ေပါ့ေလ။ "
ဦးဝင္းမင္း ။ ။ ဟုတ္ကဲ့ ပါေမာကၡ Panitan ၊ အဲဒီေတာ့ အာဆီယံမွာ ဘယ္လိုမ်ဳိး ဝိုင္းလုပ္ေပးတာ ျဖစ္လာႏိုင္ပါသလဲ။
ပါေမာကၡ Panitan ။ ။ " အခ်ိန္ေတာ့ ရွိေနပါေသးတယ္။ အာဆီယံ ညီညႊတ္မူကို မထိခိုက္ေအာင္ အာဆီယံထိပ္ပိုင္းေခါင္းေဆာင္ေတြအၾကား တိုင္ပင္ ဖလွယ္ ညိႈႏိုင္းၾကဖို႔ေပါ့ေလ။အာဆီယံ ညီညြတ္ေရးကို ထိခိုက္မူနည္းေစႏိုင္မဲ့၊ ျမန္မာႏိုင္ငံထဲက ကြဲျပားေနတဲ့ အဖြဲ႔ေတြလည္း သေဘာတူမဲ့၊ ျဖစ္လာႏိုင္ေျခေတြကလည္း အမ်ိဳးမ်ိဳးရွိႏိုင္ပါေသးတယ္။ ဘယ္သူ အာဆီယံထိပ္သီးတက္ဖို႔၊ မတက္ဖို႔၊ ျမန္မာေခါင္းေဆာင္ပိုင္းေတြပဲ လာႏိုင္မွာလား၊ ဒီေနရာမွာ အစည္းအေဝး အမ်ိဳးမ်ိဳး က်င္းပတဲ့ေနရာအမ်ိဳးမ်ိဳးလည္း ေပၚထြက္လာႏိုင္ပါေသးတယ္။ အရင္တံုးကလည္း၊ အလားတူျဖစ္ခဲ့တာေတြ ရွိခဲ့ပါတယ္။ အာဆီယံႏိုင္ငံေခါင္းေဆာင္ေတြ မတက္ႏိုင္ခဲ့ရင္ သူ႔ကိုယ္စားဘယ္သူတက္မလဲ။ ေနာက္ဆံုးမွာ၊ အဓိကကေတာ့ အနာဂတ္မွာ အာဆီယံတဖြဲ႔လံုးရဲ့ ညီညြတ္မူနဲ႔ ထိေရာက္မူ မထိခိုက္ဖို႔ အေလးထား လုပ္သြားၾကဖို႔ရွိပါလိမ့္မယ္။ "
ဦးဝင္းမင္း ။ ။ ဟုတ္ကဲ့၊ အဲဒီေတာ့ ျမန္မာဖက္ကေရာ ဘယ္လိုမ်ဳိး တုန္႔ျပန္ၿပီးေတာ့ ပူးေပါင္းလုပ္ေဆာင္မႈေတြ ရွိလာမယ္လို႔ သုံးသပ္မိပါသလဲ။
ပါေမာကၡ Panitan ။ ။ " ျမန္မာႏိုင္ငံထဲက အဖြဲ႔ေတြ အသီးသီးအေနနဲ႔ ႏိုင္ငံထဲ မတည္ျငိမ္မူေတြအေပၚ စိုးရိမ္မူေတြႀကီးေနတယ္လို႔ ထင္ပါတယ္။ ေနာက္ သူတို႔ အေနနဲ႔ ႏိုင္ငံတကာအစည္းအေဝးေတြမွာ အသီးသီး ကိုယ္စားျပဳခ်င္ၾကပါတယ္။ သူတို႔ေျပာတာေတြကို နားေထာင္ေပးေစခ်င္ပါတယ္။ အာဆီယံအေနနဲ႔ ဒီအဖြဲ႔ေတြအားလံုး ေျပာခြင့္ရဖို႔ ထိေရာက္တဲ့ ေျပာဆိုႏိုင္မဲ့ေနရာေတြဖန္တီးေပးဖို႔ အထူးအေရးႀကီးလာေနပါတယ္။ ဒီအဖြဲ႔ေတြအတြက္ အာဆီယံကေနတဆင့္ ကမာၻႀကီးကို လမ္းေၾကာင္းတခုဖြင့္ေပးႏိုင္ဖို႔ေပါ့ေလ။ လာမဲ့ အာဆီယံထိပ္သီးပြဲမွာ အစီအစဥ္ရွိရွိ အခုလိုလုပ္ေပးႏိုင္ရင္ေတာ့ ျမန္မာျပည္သူေတြက်ေရာက္ေနတဲ့ အခက္အခဲေတြ ေလ်ာ့က် လာေစႏိုင္ပါတယ္။"
ဦးဝင္းမင္း ။ ။ ဟုတ္ကဲ့ ပါေမာကၡ Panitan ၊ အဲဒီအတြက္ေရာ ဒီ အာဆီယံေခါင္းေဆာင္ေတြအေပၚ ဘယ္လို ေမွ်ာ္လင့္မိပါသလဲ။
ပါေမာကၡ Panitan ။ ။ " အာဆီယံ အဖြဲ႔ဝင္ ႏုိင္ငံအသီးသီးက ေခါင္းေဆာင္ေတြအေနနဲ႔လည္း ဒီကိစၥအေပၚမွာ ျမန္မာျပည္သူေတြဖက္က ၾကည့္ေပးမယ္ဆိုရင္၊ အလားတူ စဥ္းစားႏိုင္မွာ အေတာ့ကို ေသခ်ာသေလာက္ရွိေနတယ္လို႔ ထင္ပါတယ္။ ျမန္မာျပည္သူေတြအေနနဲ႔ ဒီ ေရွ.မတိုးေနာက္မဆုတ္သာ အၾကပ္အတည္းႀကီးထဲကေန၊ ေနာက္ထပ္ ဖိအားေတြ ပိုဆိုးလာမူေတြဆက္မၾကံဳရေတာ့ဘဲ၊ လြတ္ေျမာက္ႏိုင္ေရး အာဆီယံႏိုင္ငံေတြက ဝိုင္းကူေပးဖို႔ ေမွ်ာ္လင့္အားကိုးဆဲပါ။ ဒီေမွ်ာ္လင့္ခ်က္ကလည္း အေတာ္ျမင့္မားလာေနတယ္လို႔ ထင္ပါတယ္။ "
ဦးဝင္းမင္း ။ ။ ဟုတ္ကဲ့ အဲဒီေတာ့ မၾကာခင္ ေရွ႕မွာ ျဖစ္လာႏိုင္ေျခအတြက္ေရာ ဘယ္လို သုံးသပ္ထားပါသလဲ။
ပါေမာကၡ Panitan ။ ။ " ကၽြန္ေတာ္တို႔ အေနနဲ႔ ဒီလကုန္မတိုင္ခင္ကာလအတြင္း ျမန္မာျပည္က အဖြဲ႔အသီးသီးနဲ႔ တြဲလုပ္ႏုိင္ဖို႔၊ ဘံု နည္းလမ္းသစ္တခုခုမ်ိဳး ေပၚလာေရးအတြက္ ျပင္ဆင္ႏိုင္ဖို႔ အခ်ိန္ရွိေနေသးတယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္မူေကာင္စီအေနနဲ႔ေတာ့ မၾကာခင္ အဆံုးသတ္ အဆံုးအျဖတ္ေပးရမွာေပါ့ေနာ္။ ဒါမွသာ အာဆီယံထိပ္သီးပြဲမွာ ျမန္မာအေနနဲ႔ တနည္းတဖံု ကိုယ္စားျပဳမူ ရွိေနမွာေလ။ "
ဦးဝင္းမင္း ။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ပါေမာကၡ Panitan ။
==========================
[ Unicode ]
မြန်မာ့အရေး အာဆီယံ ပူးပေါင်းဆောင်ရွက်နိုင်ခြေ ရှိနေဆဲ (ထိုင်းဝန်ကြီးချုပ်အကြံပေး)
မြန်မာစစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီးပွဲမဖိတ်ဖို့ ဆွေးနွေးနေပေမဲ့၊ သင့်တော်တဲ့အဖြေရရေး ဆွေးနွေးနိုင်ချိန်ရှိနေသေးတယ်လို့ ထိုင်းဝန်ကြီးချုပ် အကြံပေးက ပြောလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပယာရွတ်ချန်အိုချာရဲ့ လုံခြုံရေးအကြံပေးကော်မတီ ဥက္ကဌ ပါမောက္ခ Panitan Wattanayagorn က၊ ဖြစ်နိုင်ခြေ အဖြေမျိုးစုံလည်း ရှိနိုင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။
အာဆီယံနဲ့သဘောတူထားတာကို ဆောင်ရွက်ဖို့နှေးနေတဲ့ မြန်မာ စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့တော့ မကြာခင် အဆုံးအဖြတ်ပေးဖို့လိုတယ်လို့၊ ချုလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Panitan က ပြောပါတယ်။ ကိုဝင်းမင်းက မေးရာမှာ၊ သူက အခုလိုစပြောပါတယ်။
ပါမောက္ခ Panitan ။ ။ " အာဆီယံအတွက်က မြန်မာနိုင်ငံထဲက ကွဲပြားနေတဲ့ ခေါင်းဆောင်တွေအကြား ဘုံသဘောထားရယူပြီး၊ အရင်အာဆီယံနိုင်ငံအားလုံး သဘောတူထားခဲ့တဲ့ အချက် (၅) ချက်အပေ၊ါ် နိုင်ငံထဲ တိုးတက်မူရအောင်လုပ်ဖို့က အထူးအရေးပါပါတယ်။ ဒါက အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီအာဆီယံအဖွဲ့ဝင်အားလုံး သဘောတူထားတဲ့ အချက် (၅) ချက်ကို အထူးသဖြင့် တိုးတက်အောင်လုပ်ဆောင်ဖို့ နှေးကွေးလာခဲ့တာက၊ အာဆီယံတခုလုံးအပေါ် ထိခိုက်မူ အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် အခု အာဆီယံခေါင်းဆောင်တွေအကြား ဒီသဘောတူထားချက် (၅) ချက် တိုးတက်အောင် အကောင်အထည်ဖော်ရာမှာ၊ ညီညီညွတ်ညွတ်နဲ့ဖြစ်အောင် အတူဝိုင်းလုပ်ဆောင်ကြဖို့ အချိန်ရောက်နေပါပြီ၊ ထိပ်သီးအစည်းအဝေးမှာ ဘယ်သူအစည်းအဝေး တက်လာတာပဲဖြစ်ဖြစ်ပေါ့လေ။"
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ပါမောက္ခ Panitan ၊ အဲဒီတော့ အာဆီယံမှာ ဘယ်လိုမျိုး ဝိုင်းလုပ်ပေးတာ ဖြစ်လာနိုင်ပါသလဲ။
ပါမောက္ခ Panitan ။ ။ " အချိန်တော့ ရှိနေပါသေးတယ်။ အာဆီယံ ညီညွှတ်မူကို မထိခိုက်အောင် အာဆီယံထိပ်ပိုင်းခေါင်းဆောင်တွေအကြား တိုင်ပင် ဖလှယ် ညှိုနိုင်းကြဖို့ပေါ့လေ။အာဆီယံ ညီညွတ်ရေးကို ထိခိုက်မူနည်းစေနိုင်မဲ့၊ မြန်မာနိုင်ငံထဲက ကွဲပြားနေတဲ့ အဖွဲ့တွေလည်း သဘောတူမဲ့၊ ဖြစ်လာနိုင်ခြေတွေကလည်း အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ဘယ်သူ အာဆီယံထိပ်သီးတက်ဖို့၊ မတက်ဖို့၊ မြန်မာခေါင်းဆောင်ပိုင်းတွေပဲ လာနိုင်မှာလား၊ ဒီနေရာမှာ အစည်းအဝေး အမျိုးမျိုး ကျင်းပတဲ့နေရာအမျိုးမျိုးလည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။ အရင်တုံးကလည်း၊ အလားတူဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံခေါင်းဆောင်တွေ မတက်နိုင်ခဲ့ရင် သူ့ကိုယ်စားဘယ်သူတက်မလဲ။ နောက်ဆုံးမှာ၊ အဓိကကတော့ အနာဂတ်မှာ အာဆီယံတဖွဲ့လုံးရဲ့ ညီညွတ်မူနဲ့ ထိရောက်မူ မထိခိုက်ဖို့ အလေးထား လုပ်သွားကြဖို့ရှိပါလိမ့်မယ်။ "
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာဖက်ကရော ဘယ်လိုမျိုး တုန့်ပြန်ပြီးတော့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာမယ်လို့ သုံးသပ်မိပါသလဲ။
ပါမောက္ခ Panitan ။ ။ " မြန်မာနိုင်ငံထဲက အဖွဲ့တွေ အသီးသီးအနေနဲ့ နိုင်ငံထဲ မတည်ငြိမ်မူတွေအပေါ် စိုးရိမ်မူတွေကြီးနေတယ်လို့ ထင်ပါတယ်။ နောက် သူတို့ အနေနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ အသီးသီး ကိုယ်စားပြုချင်ကြပါတယ်။ သူတို့ပြောတာတွေကို နားထောင်ပေးစေချင်ပါတယ်။ အာဆီယံအနေနဲ့ ဒီအဖွဲ့တွေအားလုံး ပြောခွင့်ရဖို့ ထိရောက်တဲ့ ပြောဆိုနိုင်မဲ့နေရာတွေဖန်တီးပေးဖို့ အထူးအရေးကြီးလာနေပါတယ်။ ဒီအဖွဲ့တွေအတွက် အာဆီယံကနေတဆင့် ကမ္ဘာကြီးကို လမ်းကြောင်းတခုဖွင့်ပေးနိုင်ဖို့ပေါ့လေ။ လာမဲ့ အာဆီယံထိပ်သီးပွဲမှာ အစီအစဉ်ရှိရှိ အခုလိုလုပ်ပေးနိုင်ရင်တော့ မြန်မာပြည်သူတွေကျရောက်နေတဲ့ အခက်အခဲတွေ လျော့ကျ လာစေနိုင်ပါတယ်။"
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ပါမောက္ခ Panitan ၊ အဲဒီအတွက်ရော ဒီ အာဆီယံခေါင်းဆောင်တွေအပေါ် ဘယ်လို မျှော်လင့်မိပါသလဲ။
ပါမောက္ခ Panitan ။ ။ " အာဆီယံ အဖွဲ့ဝင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ မြန်မာပြည်သူတွေဖက်က ကြည့်ပေးမယ်ဆိုရင်၊ အလားတူ စဉ်းစားနိုင်မှာ အတော့ကို သေချာသလောက်ရှိနေတယ်လို့ ထင်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဒီ ရှေ.မတိုးနောက်မဆုတ်သာ အကြပ်အတည်းကြီးထဲကနေ၊ နောက်ထပ် ဖိအားတွေ ပိုဆိုးလာမူတွေဆက်မကြုံရတော့ဘဲ၊ လွတ်မြောက်နိုင်ရေး အာဆီယံနိုင်ငံတွေက ဝိုင်းကူပေးဖို့ မျှော်လင့်အားကိုးဆဲပါ။ ဒီမျှော်လင့်ချက်ကလည်း အတော်မြင့်မားလာနေတယ်လို့ ထင်ပါတယ်။ "
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ မကြာခင် ရှေ့မှာ ဖြစ်လာနိုင်ခြေအတွက်ရော ဘယ်လို သုံးသပ်ထားပါသလဲ။
ပါမောက္ခ Panitan ။ ။ " ကျွန်တော်တို့ အနေနဲ့ ဒီလကုန်မတိုင်ခင်ကာလအတွင်း မြန်မာပြည်က အဖွဲ့အသီးသီးနဲ့ တွဲလုပ်နိုင်ဖို့၊ ဘုံ နည်းလမ်းသစ်တခုခုမျိုး ပေါ်လာရေးအတွက် ပြင်ဆင်နိုင်ဖို့ အချိန်ရှိနေသေးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီအနေနဲ့တော့ မကြာခင် အဆုံးသတ် အဆုံးအဖြတ်ပေးရမှာပေါ့နော်။ ဒါမှသာ အာဆီယံထိပ်သီးပွဲမှာ မြန်မာအနေနဲ့ တနည်းတဖုံ ကိုယ်စားပြုမူ ရှိနေမှာလေ။ "
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပါမောက္ခ Panitan ။