သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး အာဆီယံလုပ္ေဆာင္ခ်က္အေပၚ ALTSEAN ေဝဖန္


အာဆီယံ အလံကို မီးရွဳိ႔ဆႏၵျပဖို႔ ျပင္ဆင္ေနတဲ့ ရန္ကုန္က ဆႏၵျပလူငယ္မ်ား (ၾသဂုတ္လ ၂၊ ၂၀၂၁ခုႏွစ္)

ျမန္မာစစ္အာဏာသိမ္းမႈအေပၚ အာဆီယံဘက္က တစည္းတလုံးတည္းဆန႔္က်င္တုန႔္ျပန္ႏိုင္မႈမရွိတဲ့အတြက္ လက္ရွိအာဆီယံၾကားဝင္ေဆာင္႐ြက္မႈေတြဟာ ထိေရာက္မႈရွိမွာ မဟုတ္ဘူးလို႔ အာဆီယံလူထုအေျချပဳအဖြဲ႕ ဦးေဆာင္သူက သုံးသပ္ပါတယ္။

ျမန္မာစစ္ေကာင္စီအေနနဲ႔ အာဆီယံရဲ႕ အထူးသံတမန္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြမရွိတဲ့အေပၚမွာ သူတို႔အေနနဲ႔ စိတ္ပ်က္မိေၾကာင္း တနလၤေန႔က ျပဳလုပ္တဲ့ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးအစည္းအေ၀းမွာ မေလးရွားနဲ႔ အင္ဒိုနီးရွားက ထုတ္ေဖၚေျပာဆိုခဲ့ၾကတာပါ။

ျမန္မာ့အေရး အာဆီယံအေနနဲ႔ ဘယ္လိုကိုင္တြယ္သင့္သလဲဆိုတာနဲ႔ ပတ္သက္လို႔

ALTSEAN တည္ေထာင္သူ Debbie Stothard ကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစုံကို ေျပာျပမွာပါ။

အခုလို စစ္ေကာင္စီနဲ႔ ပတ္သက္လို႔ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးတခ်ဳိ႕ ပြင့္ပြင့္လင္းလင္းထုတ္ေဖၚေျပာဆိုလာတာကို ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာနဲ႔ ပတ္သက္လို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြၾကားမွာ ကြဲေနတာေတြ႕ရတယ္လို႔ အာဆီယံယွဥ္ၿပိဳင္အဖြဲ႕ ALTSEAN ကို တည္ေထာင္သူ Debbie Stothard ကဗြီအိုေအကိုေျပာပါတယ္။

အရင္ စစ္အစိုးရလက္ထက္တုန္းကလည္း အာဆီယံထဲမွာ သေဘာထားကြဲလြဲမႈေတြရွိခဲ့သလို အခုတေခါက္ အာဏာသိမ္းခ်ိန္မွာလည္း အာဆီယံထဲမွာ ထပ္ၿပီး ကြဲေနတယ္ဆိုတာ ျမင္ေတြ႕ရတယ္လို႔ Debbie Stothard က အခုလို ေျပာပါတယ္။

"ဘာေၾကာင့္လည္းဆိုရင္ အေျခအေနေတြ ပိုပိုၿပီးဆိုးလာေနတာေၾကာင့္ျဖစ္ပါတယ္။ အာဆီယံ ေခါင္းေဆာင္ေတြအေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံေဆြးေႏြးတုန္းက စစ္ေကာင္စီအေနနဲ႔ အၾကမ္းဖက္မႈေတြ နည္းနည္းေလ်ာ့နည္းသြားလိမ့္မယ္၊ တိုင္းျပည္ကိုနည္းနည္းပိုတည္ၿငိမ္ေအာင္လုပ္ႏိုင္လိမ့္မယ္လို႔ သူတို႔က ေမွ်ာ္လင့္ထားတာပါ။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ အေျခအေန ပိုၿပီးဆိုးလာတာပါ။ ဒါကိုၾကည့္ရင္ ဧၿပီလ အစည္းအေဝးလုပ္ၿပီးေနာက္ စစ္ေကာင္စီရဲ႕အၾကမ္းဖက္မႈလုပ္ရပ္က ေလ်ာ့နည္းမသြားတဲ့အျပင္ အဆမတန္ ဆိုး႐ြားလာတာေၾကာင့္ အာဆီယံအတြက္ တကယ့္ကို အႀကီးအက်ယ္ အေစာ္ကားခံခဲ့ရတာျဖစ္ပါတယ္။"

အာဆီယံရဲ႕ ျမန္မာဆိုင္ရာ အထူးသံတမန္ ဘ႐ူးႏိုင္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof နဲ႔ ပတ္သက္လို႔ သူ႔ရဲ႕အျမင္ကို အခုလိုေျပာပါတယ္။

"အာဆီယံ အထူးသံတမန္က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအပစ္အခတ္ရပ္စဲေရး ေၾကညာၿပီး ရက္အနည္းငယ္အတြင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ စစ္တပ္က ျငင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ အထူးသံတမန္အေနနဲ႔ NUG နဲ႔ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ေတာင္ စကားေျပာဖို႔ အစီအစဥ္ ေတာင္ မလုပ္ေတာ့ပါဘူး။ အာဆီယံအေနနဲ႔ တလြဲလုပ္ေဆာင္ေနတယ္ဆိုတာ ျမင္ႏိုင္ပါတယ္။ အထူးသျဖင့္ ျမန္မာစစ္ေကာင္စီေၾကာင့္ ေဒသတြင္းတခုလုံးျဖစ္ေပၚလာတဲ့ ၿခိမ္းေျခာက္မႈကို ေတြ႕ေနရတဲ့ အင္ဒိုနီးရွားနဲ႔ မေလးရွားအစိုးရေတြက စိုးရိမ္မႈေတြ၊ စိတ္ပ်က္မႈေတြ၊ ေဒါသထြက္မငေတြျဖစ္လာတယ္လို႔ က်မ ျမင္မိပါတယ္။"

စစ္ေကာင္စီအေနနဲ႔ သူတို႔တရားဝင္မႈရွိေရး အာဆီယံကို အသုံးခ်ေနတယ္ဆိုတဲ့ အျမင္ေတြလည္းရွိပါတယ္။ ဒါေပမယ့္ Debbie Stothard ကေတာ့ အာဆီယံအေနနဲ႔ စစ္ေကာင္စီကို အကာအကြယ္မေပးႏိုင္ဘူးလို႔ ျမင္ပါတယ္။

"စစ္ေကာင္စီကေတာ့ အာဆီယံမွာ အရည္အခ်င္းမရွိဘူး၊ ျမန္မာ့ႏိုင္ငံေရးအေၾကာင္း နားမလည္ဘူးဆိုၿပီး သူတို႔ရပ္တည္ေရး ပိုမိုခိုင္မာဖို႔ အသုံးခ်ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမယ့္ အာဆီယံအေနနဲ႔ သူတို႔ကို အကာအကြယ္မေပးႏိုင္တာရွင္းပါတယ္။ ေရတိုအက်ိဳးစီးပြားၾကည့္တဲ့ႏိုင္ငံေတြ၊ ဒီမိုကေရစီနည္းလမ္းမက်လို႔ဆိုၿပီး သူတို႔ကိုပါ ေဝဖန္လာမွာကို စိုးရိမ္ေနတဲ့ ႏိုင္ငံေတြေလာက္ပဲ အကာအကြယ္ေပးမွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ အျပဳအမူေတြေၾကာင့္ အာဆီယံေဒသတြင္း စီးပြားေရး၊ လူသားေတြရဲ႕ လုံၿခဳံေရးကို အႀကီးအက်ယ္ၿခိမ္းေျခာက္ေနတယ္ဆိုတာ အဲဒီႏိုင္ငံေတြ၊ အဓိကအဖြဲ႕ဝင္ႏိုင္ငံေတြ ေကာင္းေကာင္းသိေနပါတယ္။"

ဒါေၾကာင့္ အာဆီယံ အထူးသံတမန္ ရဲ႕ ၾသဇာပိုၿပီးသက္ေရာက္ေစဖို႔ဆိုရင္ လုံၿခဳံေရးေကာင္စီအပါအဝင္ ႏိုင္ငံႀကီးေတြကပါ ေနာက္ကေန ရပ္တည္ေပးဖို႔ လိုအပ္ေနေၾကာင္း Debbie Stothard က ျမင္ပါတယ္။

"အာဆီယံအခန္းက႑ကို ေစာင့္ေနေလေလ ျမန္မာႏိုင္ငံမွာ ေသေၾကပ်က္စီးမႈေတြ ပိုၿပီး မ်ားလာတာေတြ႕ရမွာျဖစ္ပါတယ္။ အာဆီယံအထူးသံတမန္ရဲ႕ၾသဇာ သက္ေရာက္ဖို႔ဆိုရင္ အာဆီယံ အဓိကအဖြဲ႕ဝင္ႏိုင္ငံေတြ၊ မိတ္ဖက္ႏိုင္ငံေတြနဲ႔ လုံၿခဳံေရးေကာင္စီတို႔ကေန သူ႔ေနာက္ကေန အခိုင္အမာရပ္တည္ေပးရမွာျဖစ္ပါတယ္။ အထူးကိုယ္စားလွယ္အေနနဲ႔လည္း ကိုယ့္ကိုကိုယ္ ပိုၿပီးယုံၾကည္ဖို႔ လိုအပ္ပါတယ္။ စစ္ေကာင္စီေရာ၊ NUG နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက လက္ခံမႈမရွိပဲ အာဆီယံအထူးသံတမန္အေနနဲ႔ ဘယ္လိုေျဖရွင္းရမလဲဆိုတာကို ေၾကညာခ်က္ထုတ္ေနတာ၊ အဆိုျပဳေနတာဟာ ဘယ္ကိုမွ ေရာက္မွ မဟုတ္ပါဘူး။ သံတမန္တဦးအေနနဲ႔ လုေဆာင္သင့္တဲ့ လူတိုင္းအဖြဲ႕တိုင္းနဲ႔ စကားေျပာရမွာကို လုပ္သင့္ပါတယ္။ လက္ရွိအခ်ိန္မွာ အထူးသံတမန္ကို စစ္ေကာင္စီဘက္ကလည္း ေလးစားမႈမရွိပါဘူး။ ျမန္မာ့အေရးလႈပ္ရွားမႈေတြဘက္ကလည္း ေလးစားမႈမရွိပါဘူး။ ႏိုင္ငံတကာဘက္ကလည္း သူ႔ရဲ႕ေနာက္မွာ အျပည့္အဝရပ္တည္ေနတယ္ဆိုတာမ်ိဳးလည္း မေတြ႕ရပါဘူး။"

ဒါအျပင္ ျမန္မာႏိုင္ငံကိစၥမွာ သူတို႔ ၾကားဝင္ေျဖရွင္းတာကို ႏိုင္ငံတကာက ေထာက္ခံျခင္းအားျဖင့္ နာမည္ေကာင္းရလိမ့္မယ္လို႔ အာဆီယံက ထင္ခဲ့တဲ့ကိစၥဆိုရင္လည္း ရလာဒ္က ဆန႔္က်င္ဘက္ျဖစ္ေနတယ္လို႔ သူကေျပာပါတယ္။

"အာဆီယံနည္းဗ်ဴဟာရဲ႕ ရလာဒ္က ထင္ထားသလိုမဟုတ္ပဲ ဆန႔္က်င္ဘက္ျဖစ္ခဲ့ပါတယ္။ အဲဒါဘာေၾကာင့္လည္းဆိုရင္ သူတို႔မွာ စည္းလုံးမႈလည္းမရွိသလို လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီကို အေျခခံတဲ့ မူလည္းမရွိၾကဘူး။"

ဒါေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ အာဆီယံရဲ႕ ဂုဏ္သိကၡာ၊ သူတို႔အစိုးရေတြရဲ႕ ဂုဏ္သိကၡာ ထိခိုက္မွာကို စိုးရိမ္တဲ့ မေလးရွား၊ အင္ဒိုနီးရွား၊ စကၤာပူ စတဲ့ႏိုင္ငံေတြက စစ္ေကာင္စီရဲ႕ အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ ေဒသတြင္းမွာ လူသားေတြရဲ႕လုံၿခဳံေရးကို ႀကီးႀကီးမား ၿခိမ္းေျခာက္ေနၿပီလို႔ ျမင္ခဲ့ၾကတယ္လို႔လည္း သူကေျပာပါတယ္။ ဒီအတြက္လည္း ျမန္မာကိစၥနဲ႔ ပတ္သက္လို႔ ေျဖရွင္းသင့္တဲ့ နည္းလမ္းကို Debbie Stothard ကအခုလို အႀကဳံျပဳသြားပါတယ္။

"အာဆီယံထဲမွာ ကြဲျပားမႈေတြရွိေနတဲ့အတြက္ ေျဖရွင္းဖို႔ နည္းလမ္းတခုေတာ့ရွိပါတယ္။ ဒါကေတာ့ ျမန္မာႏိုင္ငံတြင္းမွာ အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ လိုလားတဲ့ မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြအေနနဲ႔ လုံၿခဳံေရးေကာင္စီမွာ ျမန္မာအက်ပ္အတည္းေျဖရွင္းေရး အာဆီယံ မိတ္ဖက္ေတြျဖစ္တဲ့ အေမရိကန္၊ ဥေရာပသမဂၢနဲ႔ အျခားႏိုင္ငံေတြနဲ႔ စကားေျပာဖို႔လိုပါတယ္။ လုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာကိစၥကို ကိုင္တြယ္ဖို႔ အခ်ိန္ေတြေႏွာင္းေနပါၿပီ။ အျမန္ဆုံးလုပ္ဖို႔ လိုအပ္ပါတယ္။ အခ်ိန္ၾကာေလာလ ျမန္မာႏိုင္ငံတြင္းမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြပိုျမင္ေရလ၊ လူေတြ ပိုၿပီး ေသေၾကတာ၊ အိုးမဲ့ အိမ္မဲ့ျဖစ္တာေတြကို ေတြ႕ၾကရမွာျဖစ္ပါတယ္။"

ျမန္မာစစ္ေကာင္စီရဲ႕ အၾကမ္းဖက္လုပ္ရပ္ဟာ စီးပြားေရးအေပၚမွာလည္း အလြန္ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြရွိခဲ့တယ္လို႔ ဆိုပါတယ္။ အရင္ အစိုးရေတြလက္ထက္တုန္းက အသြင္ကူးေျပာင္းေရးကာလျဖစ္တဲ့ အတြက္ ျပဳျပင္ေျပာင္းလဲေရးေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ေျဖေလွ်ာ့မႈေတြ လုပ္ခဲ့တာေၾကာင့္ မၾကာေသးခင္ ႏွစ္ေတြတုန္းက စီးပြားေရးဟာ အလ်င္အျမန္တိုးတက္လာခဲ့တာပါ။ ဒါေပမဲ့ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈနဲ႔စီမံခန႔္ခြဲမႈ ညံ့ဖ်င္းတဲ့အတြက္ စီးပြားေရးအရ မၿငိမ္မသက္ျဖစ္ေစတာဟာ ေဒသတြင္းကို႐ိုက္ခတ္မႈေတြရွိေနတယ္လို႔ Debbie Stothard ကသုံးသပ္ပါတယ္။

------------------------

မြန်မာစစ်အာဏာသိမ်းမှုအပေါ် အာဆီယံဘက်က တစည်းတလုံးတည်းဆန့်ကျင်တုန့်ပြန်နိုင်မှုမရှိတဲ့အတွက် လက်ရှိအာဆီယံကြားဝင်ဆောင်ရွက်မှုတွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ အာဆီယံလူထုအခြေပြုအဖွဲ့ ဦးဆောင်သူက သုံးသပ်ပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမရှိတဲ့အပေါ်မှာ သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း တနင်္လနေ့က ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနဲ့ အင်ဒိုနီးရှားက ထုတ်ဖေါ်ပြောဆိုခဲ့ကြတာပါ။

မြန်မာ့အရေး အာဆီယံအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့

ALTSEAN တည်ထောင်သူ Debbie Stothard ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

အခုလို စစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုလာတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကွဲနေတာတွေ့ရတယ်လို့ အာဆီယံယှဉ်ပြိုင်အဖွဲ့ ALTSEAN ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းကလည်း အာဆီယံထဲမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့သလို အခုတခေါက် အာဏာသိမ်းချိန်မှာလည်း အာဆီယံထဲမှာ ထပ်ပြီး ကွဲနေတယ်ဆိုတာ မြင်တွေ့ရတယ်လို့ Debbie Stothard က အခုလို ပြောပါတယ်။

"ဘာကြောင့်လည်းဆိုရင် အခြေအနေတွေ ပိုပိုပြီးဆိုးလာနေတာကြောင့်ဖြစ်ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတုန်းက စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ နည်းနည်းလျော့နည်းသွားလိမ့်မယ်၊ တိုင်းပြည်ကိုနည်းနည်းပိုတည်ငြိမ်အောင်လုပ်နိုင်လိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အခြေအနေ ပိုပြီးဆိုးလာတာပါ။ ဒါကိုကြည့်ရင် ဧပြီလ အစည်းအဝေးလုပ်ပြီးနောက် စစ်ကောင်စီရဲ့အကြမ်းဖက်မှုလုပ်ရပ်က လျော့နည်းမသွားတဲ့အပြင် အဆမတန် ဆိုးရွားလာတာကြောင့် အာဆီယံအတွက် တကယ့်ကို အကြီးအကျယ် အစော်ကားခံခဲ့ရတာဖြစ်ပါတယ်။"

အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးသံတမန် ဘရူးနိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

"အာဆီယံ အထူးသံတမန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး ကြေညာပြီး ရက်အနည်းငယ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်က ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် အထူးသံတမန်အနေနဲ့ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တောင် စကားပြောဖို့ အစီအစဉ် တောင် မလုပ်တော့ပါဘူး။ အာဆီယံအနေနဲ့ တလွဲလုပ်ဆောင်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်ကောင်စီကြောင့် ဒေသတွင်းတခုလုံးဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို တွေ့နေရတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားအစိုးရတွေက စိုးရိမ်မှုတွေ၊ စိတ်ပျက်မှုတွေ၊ ဒေါသထွက်မငတွေဖြစ်လာတယ်လို့ ကျမ မြင်မိပါတယ်။"

စစ်ကောင်စီအနေနဲ့ သူတို့တရားဝင်မှုရှိရေး အာဆီယံကို အသုံးချနေတယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။ ဒါပေမယ့် Debbie Stothard ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီကို အကာအကွယ်မပေးနိုင်ဘူးလို့ မြင်ပါတယ်။

"စစ်ကောင်စီကတော့ အာဆီယံမှာ အရည်အချင်းမရှိဘူး၊ မြန်မာ့နိုင်ငံရေးအကြောင်း နားမလည်ဘူးဆိုပြီး သူတို့ရပ်တည်ရေး ပိုမိုခိုင်မာဖို့ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အာဆီယံအနေနဲ့ သူတို့ကို အကာအကွယ်မပေးနိုင်တာရှင်းပါတယ်။ ရေတိုအကျိုးစီးပွားကြည့်တဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနည်းလမ်းမကျလို့ဆိုပြီး သူတို့ကိုပါ ဝေဖန်လာမှာကို စိုးရိမ်နေတဲ့ နိုင်ငံတွေလောက်ပဲ အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ အကြမ်းဖက် အပြုအမူတွေကြောင့် အာဆီယံဒေသတွင်း စီးပွားရေး၊ လူသားတွေရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်ဆိုတာ အဲဒီနိုင်ငံတွေ၊ အဓိကအဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းသိနေပါတယ်။"

ဒါကြောင့် အာဆီယံ အထူးသံတမန် ရဲ့ သြဇာပိုပြီးသက်ရောက်စေဖို့ဆိုရင် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံကြီးတွေကပါ နောက်ကနေ ရပ်တည်ပေးဖို့ လိုအပ်နေကြောင်း Debbie Stothard က မြင်ပါတယ်။

"အာဆီယံအခန်းကဏ္ဍကို စောင့်နေလေလေ မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှုတွေ ပိုပြီး များလာတာတွေ့ရမှာဖြစ်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့သြဇာ သက်ရောက်ဖို့ဆိုရင် အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီတို့ကနေ သူ့နောက်ကနေ အခိုင်အမာရပ်တည်ပေးရမှာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့လည်း ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရော၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်ခံမှုမရှိပဲ အာဆီယံအထူးသံတမန်အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြေညာချက်ထုတ်နေတာ၊ အဆိုပြုနေတာဟာ ဘယ်ကိုမှ ရောက်မှ မဟုတ်ပါဘူး။ သံတမန်တဦးအနေနဲ့ လုဆောင်သင့်တဲ့ လူတိုင်းအဖွဲ့တိုင်းနဲ့ စကားပြောရမှာကို လုပ်သင့်ပါတယ်။ လက်ရှိအချိန်မှာ အထူးသံတမန်ကို စစ်ကောင်စီဘက်ကလည်း လေးစားမှုမရှိပါဘူး။ မြန်မာ့အရေးလှုပ်ရှားမှုတွေဘက်ကလည်း လေးစားမှုမရှိပါဘူး။ နိုင်ငံတကာဘက်ကလည်း သူ့ရဲ့နောက်မှာ အပြည့်အဝရပ်တည်နေတယ်ဆိုတာမျိုးလည်း မတွေ့ရပါဘူး။"

ဒါအပြင် မြန်မာနိုင်ငံကိစ္စမှာ သူတို့ ကြားဝင်ဖြေရှင်းတာကို နိုင်ငံတကာက ထောက်ခံခြင်းအားဖြင့် နာမည်ကောင်းရလိမ့်မယ်လို့ အာဆီယံက ထင်ခဲ့တဲ့ကိစ္စဆိုရင်လည်း ရလာဒ်က ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

"အာဆီယံနည်းဗျူဟာရဲ့ ရလာဒ်က ထင်ထားသလိုမဟုတ်ပဲ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ အဲဒါဘာကြောင့်လည်းဆိုရင် သူတို့မှာ စည်းလုံးမှုလည်းမရှိသလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ မူလည်းမရှိကြဘူး။"

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အာဆီယံရဲ့ ဂုဏ်သိက္ခာ၊ သူတို့အစိုးရတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာကို စိုးရိမ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒေသတွင်းမှာ လူသားတွေရဲ့လုံခြုံရေးကို ကြီးကြီးမား ခြိမ်းခြောက်နေပြီလို့ မြင်ခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။ ဒီအတွက်လည်း မြန်မာကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းသင့်တဲ့ နည်းလမ်းကို Debbie Stothard ကအခုလို အကြုံပြုသွားပါတယ်။

"အာဆီယံထဲမှာ ကွဲပြားမှုတွေရှိနေတဲ့အတွက် ဖြေရှင်းဖို့ နည်းလမ်းတခုတော့ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုလားတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီမှာ မြန်မာအကျပ်အတည်းဖြေရှင်းရေး အာဆီယံ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ စကားပြောဖို့လိုပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို ကိုင်တွယ်ဖို့ အချိန်တွေနှောင်းနေပါပြီ။ အမြန်ဆုံးလုပ်ဖို့ လိုအပ်ပါတယ်။ အချိန်ကြာလောလ မြန်မာနိုင်ငံတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပိုမြင်ရေလ၊ လူတွေ ပိုပြီး သေကြေတာ၊ အိုးမဲ့ အိမ်မဲ့ဖြစ်တာတွေကို တွေ့ကြရမှာဖြစ်ပါတယ်။"

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ဟာ စီးပွားရေးအပေါ်မှာလည်း အလွန်ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင် အစိုးရတွေလက်ထက်တုန်းက အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့ အတွက် ပြုပြင်ပြောင်းလဲရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ဖြေလျှော့မှုတွေ လုပ်ခဲ့တာကြောင့် မကြာသေးခင် နှစ်တွေတုန်းက စီးပွားရေးဟာ အလျင်အမြန်တိုးတက်လာခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် စီးပွားရေးအရ မငြိမ်မသက်ဖြစ်စေတာဟာ ဒေသတွင်းကိုရိုက်ခတ်မှုတွေရှိနေတယ်လို့ Debbie Stothard ကသုံးသပ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG