သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG နဲ႔ေဆြးေႏြးဖို႔ မေလးရွားအစိုးရ စဥ္းစားထား


မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah

{Zawgyi/Unicode}

ျမန္မာ့အက်ပ္တည္း ေျဖရွင္းေရးကိုဦးတည္တဲ့ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို စစ္ေကာင္စီက ပူးေပါင္းေဆာင္႐ြက္တာမရွိဘူးဆိုရင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ ေဆြးေႏြးရေအာင္ စဥ္းစားဖို႔ မေလးရွားႏိုင္ငံက အဆင္သင့္ရွိေနပါတယ္။ NUG နဲ႔ ေဆြးေႏြးဖို႔ ဆႏၵရွိမရွိေမးလာတဲ့ လႊတ္ေတာ္အမတ္ Wong Chen ရဲ႕ေမးခြန္းကို မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ ေအာက္လႊတ္ေတာ္မွာ ေျဖၾကား ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆီယံသေဘာတူညီခ်က္ကို ေနျပည္ေတာ္က ပူးေပါင္းေဆာင္႐ြက္မႈမရွိေသးေၾကာင္း ၿပီးခဲ့တဲ့ တနလၤာေန႔ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ တင္ျပခဲ့ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Datuk Saifuddin Abdulla က ဆိုပါတယ္။ “အာဆီယံအဖြဲ႔ထဲ ျမန္မာဝင္မလာခင္ကတည္းက မေလးရွား ႏိုင္ငံဟာ အျပဳသေဘာဆက္ဆံေရး လြယ္လြယ္ကူကူျဖစ္ေအာင္လုပ္ခဲ့တဲ့ ပထမဆုံး ႏိုင္ငံျဖစ္ပါတယ္။” လို႔ ေအာက္လႊတ္ေတာ္မွာ ကေန႔ သူက ေျပာပါတယ္။

စစ္ေကာင္စီက အာဆီယံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ရာမွာ တိုးတက္မႈမရွိဘူးဆိုရင္ ေအာက္တိုဘာ ၂၆-၂၈ မွာ က်င္းပမယ့္ အာဆီယံ ထိပ္သီးညီလာခံမွာ စစ္ေကာင္စီေခါင္းေဆာင္ကို မဖိတ္ ဖို႔ မေလးရွားမွာ သေဘာထားရွိပါတယ္လို႔ သူက ေျဖၾကားခဲ့ပါတယ္။

အာဆီယံက ဘ႐ူႏိုင္းႏိုင္ငံျခားေရးဝန္ႀကီး ၂ - Erywan Mohd Yusof ကို ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္ စားလွယ္အျဖစ္ ခန႔္ထားခဲ့ေပမဲ့ စစ္ေကာင္စီက ပူးေပါင္းေဆာင္း႐ြက္မႈမရွိတာေၾကာင့္ Erywan ဟာ သူ႔ အခန္းက႑ကို သူ အျပည့္အဝ ေဆာင္႐ြက္ခြင့္ မရေသးပါဘူး။

NUG နဲ႔ေဆြးေႏြးဖို႔ မေလးရွားအစိုးရ စဥ္းစားထား
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္


=====

{Unicode}

NUG နဲ့ဆွေးနွေးဖို့ မလေးရှားအစိုးရ စဉ်းစားထား

မြန်မာ့အကျပ်တည်း ဖြေရှင်းရေးကိုဦးတည်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်တာမရှိဘူးဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးရအောင် စဉ်းစားဖို့ မလေးရှားနိုင်ငံက အဆင်သင့်ရှိနေပါတယ်။ NUG နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိမရှိမေးလာတဲ့ လွှတ်တော်အမတ် Wong Chen ရဲ့မေးခွန်းကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ အောက်လွှတ်တော်မှာ ဖြေကြား ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံသဘောတူညီချက်ကို နေပြည်တော်က ပူးပေါင်းဆောင်ရွက်မှုမရှိသေးကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdulla က ဆိုပါတယ်။ “အာဆီယံအဖွဲ့ထဲ မြန်မာဝင်မလာခင်ကတည်းက မလေးရှား နိုင်ငံဟာ အပြုသဘောဆက်ဆံရေး လွယ်လွယ်ကူကူဖြစ်အောင်လုပ်ခဲ့တဲ့ ပထမဆုံး နိုင်ငံဖြစ်ပါတယ်။” လို့ အောက်လွှတ်တော်မှာ ကနေ့ သူက ပြောပါတယ်။

စစ်ကောင်စီက အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိဘူးဆိုရင် အောက်တိုဘာ ၂၆-၂၈ မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ စစ်ကောင်စီခေါင်းဆောင်ကို မဖိတ် ဖို့ မလေးရှားမှာ သဘောထားရှိပါတယ်လို့ သူက ဖြေကြားခဲ့ပါတယ်။

အာဆီယံက ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂ - Erywan Mohd Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်အဖြစ် ခန့်ထားခဲ့ပေမဲ့ စစ်ကောင်စီက ပူးပေါင်းဆောင်းရွက်မှုမရှိတာကြောင့် Erywan ဟာ သူ့ အခန်းကဏ္ဍကို သူ အပြည့်အဝ ဆောင်ရွက်ခွင့် မရသေးပါဘူး။

#MyanmarMilitaryCoup #MyanmarASEAN #MyanmarNUG #MyanmarMalaysia #VOABurmese
#ဧရာဝဏ်#အာဆီယံ#မလေးရှား#မြန်မာစစ်ခေါင်းဆောင်#စစ်အာဏာသိမ်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG