သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီးမွာ ျမန္မာစစ္ေကာင္စီကိုမဖိတ္ဖို႔ ေဆြးေႏြးေန


ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ Erywan

Zawgyi/Unicode

ေအာက္တိုဘာလ ေနာက္ဆုံးသီတင္းပတ္မွာ က်င္းပဖို႔စီစဥ္ထားတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) ထိပ္သီး အစည္းအေဝးကို ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ တက္ဖို႔ မဖိတ္ၾကားေရးကိစၥ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြ ေဆြးေႏြးေနၾကတယ္လို႔ ျမန္မာ့အေရး အာဆီယံ အထူးသံတမန္က ဒီကေန႔ေျပာပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးအတြင္း အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္နဲ႔ ပတ္သက္ၿပီး တိုးတက္မႈမရဘူးဆိုရင္"အာဆီယံ ထိပ္သီးအစည္းအေဝးမွာ စစ္ေကာင္စီေခါင္းေဆာင္ရွိေနဖို႔ ခက္လိမ့္မယ္" (မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ၊ Twitter )


ေအာက္တိုဘာလ ၂၆ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ အြန္လိုင္းကေနက်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးအတြက္ စစ္ေကာင္စီေခါင္းေဆာင္ကို မဖိတ္ ၾကားေရး (ASEAN) အဖြဲ႕ထဲမွာ "အေလးအနက္ ေဆြးေႏြးေနတယ္" လို႔ အထူး သံတမန္ Erywan Yusof က ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲတခုအတြင္း ေျပာသြားတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားတာပါ။ မေလးရွားနဲ႔ တျခားအဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕က ဒီကိစၥကို စေျပာခဲ့ၿပီးတဲ့ေနာက္ ေဆြးေႏြးေနၾကတာလို႔ ဆိုပါတယ္။

အာဆီယံအဖြဲ႕က ၿပီးခဲ့တဲ့ဧၿပီလမွာ ဘုံသေဘာတူခ်မွတ္ထားတဲ့ အခ်က္ငါးခ်က္ပါ အစီအစဥ္ဟာ "ေရွ႕မဆက္ႏိုင္ဖို႔ နီးေနၿပီ" လို႔လည္း Erywon Yusof ကေျပာပါတယ္။

တနလၤာေန႔မွာ အြန္လိုင္းကေနလုပ္တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးအတြင္းမွာလည္း အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္နဲ႔ ပတ္သက္ၿပီး တိုးတက္မႈမရတဲ့အေပၚ စိတ္ပ်က္တဲ့အေၾကာင္း ဝန္ႀကီးေတြက ေျပာခဲ့ၾကပါေသးတယ္။ တိုးတက္မႈမရဘူးဆိုရင္ "အာဆီယံ ထိပ္သီးအစည္းအေဝးမွာ စစ္ေကာင္စီေခါင္းေဆာင္ရွိေနဖို႔ ခက္လိမ့္မယ္" လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က Twitter မွာေရးခဲ့ပါတယ္။

ဒီကေန႔ မေလးရွားလႊတ္ေတာ္တြင္းမွာ အမတ္ေတြရဲ႕ေမးျမန္းခ်က္ကို ေျဖၾကားတာမွာလည္း ဝန္ႀကီး Abdullah က အာဆီယံ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး တိုးတက္မႈရဖို႔ အာဆီယံ အထူးသံတမန္ဟာ "လူသားတေယာက္အေနနဲ႔ လုပ္ႏိုင္ေျခရွိသမွ်" လုပ္ေဆာင္ေနပါတယ္လို႔ ေျပာခဲ့ပါတယ္။

ဘယ္လိုကိစၥကိုပဲျဖစ္ျဖစ္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ သေဘာတူညီခ်က္နဲ႔မွ လုပ္ေဆာင္ရၿပီး အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးကို ဝင္မစြက္ရဘူးဆိုတဲ့မူရွိတဲ့ အာဆီယံအဖြဲ႕အေနနဲ႔ စစ္ေကာင္စီေခါင္းေဆာင္ကို တကယ္ပဲ ထိပ္သီးအစည္းအေဝး တက္ခြင့္မေပးဘူးဆိုရင္ေတာ့ ဒါဟာ ႀကီးမားတဲ့ လုပ္ေဆာင္ခ်က္တခု ျဖစ္လာမွာပါ။

ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ႐ိုက္တာက ဒီကေန႔ ဆက္သြယ္ေမးျမန္းခဲ့တာမွာ ဖုန္းလက္ခံ မေျဖခဲ့ပါဘူးး။ ၿပီးခဲ့တဲ့သီတင္းပတ္က လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ စစ္ေကာင္စီအေနနဲ႔ "ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို မထိခိုက္ေစဘဲ" အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ျမန္မာ့အေရး အာဆီယံသေဘာတူညီခ်က္ေတြနဲ႔ပတ္သက္လို႔ အာဆီယံအထူးသံတမန္ Erywan ဟာ "လူသားတေယာက္အေနနဲ႔ လုပ္ႏိုင္ေျခရွိသမွ်" လုပ္ေဆာင္ေနပါေၾကာင္း .....မေလးရွားဝန္ႀကီး ဝန္ႀကီး Abdullah က ဒီကေန႔ မေလးရွားလႊတ္ေတာ္တြင္းမွာ အမတ္ေတြရဲ႕ေမးျမန္းခ်က္ကို ေျဖၾကားခဲ့ပါတယ္။


အထူးသံတမန္ Erywan ဟာ ျမန္မာႏိုင္ငံလာခြင့္ရဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေတာင္းထားတာ စစ္ေကာင္စီက တိုက္႐ိုက္ မတုံ႔ျပန္ေသးဘူးလို႔ ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ပတ္သက္တဲ့ သူ႔ရဲ႕အစီအစဥ္တခုကို စစ္ေကာင္စီခန႔္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လႊင္ဆီ ၿပီးခဲ့တဲ့သီတင္းပတ္က သူေပးပို႔ခဲ့ေပမယ့္ ခုထိ အေၾကာင္းမျပန္ေသးဘူးလို႔လည္း ေျပာပါတယ္။

မေလးရွားအစိုးရနဲ႔နီးစပ္တဲ့ သတင္းရင္းျမစ္တခုက အထူးသံတမန္အေနနဲ႔အာဆီယံအဖြဲ႕က ရည္မွန္းထားသလို ထိပ္သီးအစည္းအေဝးမတိုင္ခင္ ျမန္မာႏိုင္ငံကို သြားဖို႔ကေတာ့ ျဖစ္ႏိုင္ေျခမရွိဘူးလို႔ ႐ိုက္တာကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

Unicode

အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးကို မြန်မာစစ်ကောင်စီခေါင်းဆောင် တက်ဖို့ မဖိတ်ကြားရေးကိစ္စ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးနေကြတယ်လို့ မြန်မာ့အရေး အာဆီယံ အထူးသံတမန်က ဒီကနေ့ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရဘူးဆိုရင်"အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ရှိနေဖို့ ခက်လိမ့်မယ်" (မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၊ Twitter )


အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းကနေကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် စစ်ကောင်စီခေါင်းဆောင်ကို မဖိတ် ကြားရေး (ASEAN) အဖွဲ့ထဲမှာ "အလေးအနက် ဆွေးနွေးနေတယ်" လို့ အထူး သံတမန် Erywan Yusof က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားတာပါ။ မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတချို့က ဒီကိစ္စကို စပြောခဲ့ပြီးတဲ့နောက် ဆွေးနွေးနေကြတာလို့ ဆိုပါတယ်။

အာဆီယံအဖွဲ့က ပြီးခဲ့တဲ့ဧပြီလမှာ ဘုံသဘောတူချမှတ်ထားတဲ့ အချက်ငါးချက်ပါ အစီအစဉ်ဟာ "ရှေ့မဆက်နိုင်ဖို့ နီးနေပြီ" လို့လည်း Erywon Yusof ကပြောပါတယ်။

တနင်္လာနေ့မှာ အွန်လိုင်းကနေလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရတဲ့အပေါ် စိတ်ပျက်တဲ့အကြောင်း ဝန်ကြီးတွေက ပြောခဲ့ကြပါသေးတယ်။ တိုးတက်မှုမရဘူးဆိုရင် "အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ရှိနေဖို့ ခက်လိမ့်မယ်" လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က Twitter မှာရေးခဲ့ပါတယ်။

ဒီကနေ့ မလေးရှားလွှတ်တော်တွင်းမှာ အမတ်တွေရဲ့မေးမြန်းချက်ကို ဖြေကြားတာမှာလည်း ဝန်ကြီး Abdullah က အာဆီယံ သဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှုရဖို့ အာဆီယံ အထူးသံတမန်ဟာ "လူသားတယောက်အနေနဲ့ လုပ်နိုင်ခြေရှိသမျှ" လုပ်ဆောင်နေပါတယ်လို့ ပြောခဲ့ပါတယ်။

ဘယ်လိုကိစ္စကိုပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့မှ လုပ်ဆောင်ရပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဘူးဆိုတဲ့မူရှိတဲ့ အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီခေါင်းဆောင်ကို တကယ်ပဲ ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးဘူးဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်လာမှာပါ။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရိုက်တာက ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တာမှာ ဖုန်းလက်ခံ မဖြေခဲ့ပါဘူးး။ ပြီးခဲ့တဲ့သီတင်းပတ်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ စစ်ကောင်စီအနေနဲ့ "နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို မထိခိုက်စေဘဲ" အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံသဘောတူညီချက်တွေနဲ့ပတ်သက်လို့ အာဆီယံအထူးသံတမန် Erywan ဟာ "လူသားတယောက်အနေနဲ့ လုပ်နိုင်ခြေရှိသမျှ" လုပ်ဆောင်နေပါကြောင်း .....မလေးရှားဝန်ကြီး ဝန်ကြီး Abdullah က ဒီကနေ့ မလေးရှားလွှတ်တော်တွင်းမှာ အမတ်တွေရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

အထူးသံတမန် Erywan ဟာ မြန်မာနိုင်ငံလာခွင့်ရဖို့ ကြိုးစားနေရဆဲဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းထားတာ စစ်ကောင်စီက တိုက်ရိုက် မတုံ့ပြန်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ သူ့ရဲ့အစီအစဉ်တခုကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွှင်ဆီ ပြီးခဲ့တဲ့သီတင်းပတ်က သူပေးပို့ခဲ့ပေမယ့် ခုထိ အကြောင်းမပြန်သေးဘူးလို့လည်း ပြောပါတယ်။

မလေးရှားအစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက အထူးသံတမန်အနေနဲ့အာဆီယံအဖွဲ့က ရည်မှန်းထားသလို ထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို သွားဖို့ကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ ရိုက်တာကိုပြောပါတယ်။

#MyanmarMilitaryCoup #MyanmarASEAN #VOABurmese

#မြန်မာအာဆီယံ#စစ်ကောင်စီ#ဦးဝဏ္ဏမောင်လွင်#Saifuddin Abdullah

XS
SM
MD
LG