သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္က ပူးေပါင္းေဆာင္ရြက္မႈ မရွိတဲ႔အေပၚ မလးရွားစိတ္ပ်က္


FILE - Malaysia's Foreign Minister Saifuddin Abdullah walks ahead of the Special Meeting of Foreign ministers of The Association of Southeast Asian Nations (ASEAN) coordination council in Vientiane, Laos, Feb. 20, 2020.

ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္း ကို ေျဖရွင္းဖို႔ စစ္ေကာင္စီအေနနဲ႔ အာဆီယံ အထူးသံတမန္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျငင္းဆန္မယ္ဆိုရင္ ဒီလအတြင္းက်င္းပဖို႔ရွိေနတဲ့ အာဆီယံထိပ္သီးေဆြးေႏြးပဲြမွာ ျမန္မာအေနနဲ႔ ဖယ္ထုတ္ခံရႏိုင္တယ္လို႔ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီးက တနလၤာေန႔က သတိေပးလိုက္ပါတယ္။

ျမန္မာအပါအ၀င္ အာဆီယံအဖဲြ႔၀င္ ၁၀ ႏိုင္ငံလံုးက အထူးသံတမန္အျဖစ္ ဘရူးႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကို ၾသဂုတ္လက သေဘာတူေရြးခ်ယ္ခဲ့ၾကတာပါ။ သူ႔အေနနဲ႔ ျမန္မာႏိုင္ငံကို သြားေရာက္ႏိုင္ဖို႔ ျမန္မာစစ္ေကာင္စီနဲ႔ ညွဳိႏႈိင္းေနဆဲပဲလို႔ သတင္းေတြထြက္ေပၚေနတာပါ။

တနလၤာေန႔ကျပဳလုပ္တဲ့ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးမ်ားအစည္းအေ၀းမွာ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ အထူးသံတမန္ Yusof နဲ႔ ပူးေပါင္းေဆာင္ရြက္မႈမရွိတဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ မေလးရွားႏိုင္ငံျခားေရး ၀ န္ႀကီး Saifuddin Abdullah ကေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအစည္းအေ၀းကို စစ္ေကာင္စီ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္လည္း တက္ေရာက္ခဲ့ပါတယ္။

ပူးေပါင္းေဆာင္ရြက္မႈေတြဟာ တိုးတက္မႈမရွိဘူးဆိုရင္ ဒီလေႏွာင္းပိုင္းမွာက်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေ၀းမွာ ျမန္မာ့စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရွိ ေနဖို႔ ခက္လိမ့္မယ္လို႔ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီးက သူ႔ရဲ႕တြစ္တာမွာေရးသားထားပါတယ္။

အထူးသံတမန္Yusof ကေတာ့ ျမန္မာခရီးစဥ္အတြင္း ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အျခားႏိုင္ငံေရး ခါင္းေဆာင္ေတြနဲ႔ေတြ႕ဆံုခြင့္ရဖို႔ ႀကိဳးပမ္းေနေၾကာင္း ေျပာၾကားထားပါတယ္။

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ မျဖစ္ႏိုင္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုန္႔ျပန္ေျပာဆိုထားပါတယ္။

-----------------------------------------

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ကို ဖြေရှင်းဖို့ စစ်ကောင်စီအနေနဲ့ အာဆီယံ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မယ်ဆိုရင် ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ ဖယ်ထုတ်ခံရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးက အထူးသံတမန်အဖြစ် ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို သြဂုတ်လက သဘောတူရွေးချယ်ခဲ့ကြတာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ ညှိုနှိုင်းနေဆဲပဲလို့ သတင်းတွေထွက်ပေါ်နေတာပါ။

တနင်္လာနေ့ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအာဏာပိုင်တွေအနေနဲ့ အထူးသံတမန် Yusof နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် စိတ်ပျက်မိတယ်လို့ မလေးရှားနိုင်ငံခြားရေး ၀ န်ကြီး Saifuddin Abdullah ကပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးတက်မှုမရှိဘူးဆိုရင် ဒီလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှိ နေဖို့ ခက်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့တွစ်တာမှာရေးသားထားပါတယ်။

အထူးသံတမန်Yusof ကတော့ မြန်မာခရီးစဉ်အတွင်း ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားနိုင်ငံရေး ခါင်းဆောင်တွေနဲ့တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေကြောင်း ပြောကြားထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG