သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ်နဲ့တွေ့ဖို့ နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြား


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof

{Zawgyi/Unicode}

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်၊ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန် ယူစွတ် ဟာ မနက်ဖြန် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တဲ့အတွက် တွေ့ဆုံဖို့ နိုင်ငံရေးပါတီအချို့ကို ရွေးကောက်ပွဲကော်မရှင်ရုံးကို လာရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဖိတ်ခေါ်ခံထားရတဲ့ ရှမ်းအမျိုးသားတိုးတက်ရေးပါတီ (ကျားဖြူပါတီ) ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းအိုက်ပေါင်းက အခုလို ပြောပြပါတယ်။

"ကျနော်တို့ကို ဖိတ်ကြားတာကတော့ လာတက်ဖို့ပဲပြောတာလေ။ အာဆီယံဥက္ကဋ္ဌရဲ့အထူူးကိုယ်စားလှယ်၊ အချိန်အတိအကျတော့ မသိရသေးဘူးဗျ။ နေ့လည်လို့ပြောတာပဲ၊ မနက်ဖြန်တော့ သိရမှာပေါ့၊ နေရာကတော့ ကော်မရှင်ပေါ့။ ကျနော်တို့ကတော့ ဘာမှဆွေးနွေးစရာမရှိဘူးဗျ၊ နားထောင်ဖို့ပဲလေ။”

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်းဖိတ်ကြားထားပြီး ဥက္ကဋ္ဌတက်ရောက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့် ကလည်း အတည်ပြုပြောဆိုပါတယ်။

“ကျနော်တို့ကိုဖိတ်တယ်။ တက်မယ်၊ အဲဒါပါပဲ၊ ကျနော့်အကောင့်မှာလည်းတင်ထားတယ်၊ ဥက္ကဋ္ဌတက်ပါမယ်။ UEC ရုံးမှာပဲ၊နေ့လည်တနာရီခွဲလို့သိရတယ်ဗျ”

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ဖိတ်ကြားတဲ့ပါတီစာရင်းကို အတိကျမသိရသေးပါဘူး။ ဒါပေမယ့် ဖိတ်ကြားတဲ့ပါတီတွေထဲမှာ အချို့နိုင်ငံရေးပါတီတွေတော့ ပါဝင်ခြင်းမရှိပါဘူး။ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ပြည်သူ့ပါတီတို့အနေနဲ့ ဖိတ်ကြားခြင်းမခံရဘူးလို့ SNLD ခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးတို့က ဗွီအိုအေ ကိုအတည်ပြုပြောဆိုခဲ့ပါတယ်။

အာဆီယံသဘောတူညီချက် ၅ ခုထဲက နံပါတ် ၅ အချက်မှာ ပဋိပက္ခအတွင်း ပါဝင်တဲ့ ပါတီအားလုံးနဲ့ တွေ့ဆုံခွင့်ပြုရမယ်လို့ သဘောတူထားပါတယ်။ ဒါပေမယ့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပေးဖို့ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီကတော့ ပြောဆိုထားပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ASEAN ဘက်ကတော့ တစုံတရာထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


--------------

{Unicode}







#ASEANenovyMyanmar #ASEANMyanmar #VOABurmese

XS
SM
MD
LG