သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဖို႔ အစီအစဥ္ပ်က္


Brunei Second Minister of Foreign affaires and Trade Erywan Yusof

{Zawgyi/Unicode}

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ Erywan Yusof နဲ႔ ႏိုင္ငံေရးပါတီတခ်ိဳ႕ ဒီေန႔ ေအာက္တိုဘာ ၁၂ ရက္ ေတြ႔ဆုံမယ့္အစီအစဥ္ ပ်က္သြားတယ္လို႔ ေတြ႔ဆုံပြဲဖိတ္ခံရတဲ့ ပါတီေတြက ဗီြအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီကေတာ့ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ ငံကို ေရာက္မလာေသးတဲ့အတြက္ ေတြ႔ဆုံပြဲမျဖစ္တာလို႔ေျပာၿပီး ေဆြးေႏြးပြဲ ေန႔ရက္ အခ်ိန္ အေျပာင္းအလဲျဖစ္တာလို႔ ေျပာပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး အာရြန္ ယူစြတ္နဲ႔ ဒီေန႔ ေအာက္တိုဘာ ၁၂ ရက္ ေန႔လည္ပိုင္းမွာ ေတ႔ြဆံုပြဲလာဖုိ႔ ေ႐ြးေကာက္ ပြဲ ေကာ္မ႐ွင္က ႏိုင္ငံေရးပါတီတခ်ဳိ႕ကုိ ဖိတ္ၾကားခဲ့တာပါ။ ဒါေပမဲ့ ဒီေန႔ ေတ႔ြဆံုပဲြ အစီအစဥ္ ပ်က္သြားတယ္လို႔ ဖိတ္ၾကားခံရတဲ့ ႏုိင္ငံေရးပါတီေတြက ေျပာပါတယ္။ ဒီေန႔ ေတ႔ြဆံုမယ့္ အစီအစဥ္မျဖစ္ေပမဲ့ ေနာင္႐ွိလာႏိုင္တယ္လို႔ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵလွျမင့္က VOA ကို အခုလို ေျပာပါတယ္။

“ေအာ္ UEC က ေျပာတာ ပ်က္တယ္ဆိုတာ မဟုတ္ပါဘူး၊ ဒီေန႔ ေတြ႔ဆံုပြဲ အစီအစဥ္မျဖစ္ ဘူး ေပါ့ေနာ္၊ သူကေတာ့ ျပန္ဆက္သြယ္မယ္လို႔ပဲ ေျပာပါတယ္၊ ဒီေန႔အစီအစဥ္ေတာ့ မျဖစ္ဘူးေပါ့ေနာ္၊ ပ်က္တယ္လို႔လည္း ေျပာတာမဟုတ္ဘူး၊ ဒီေန႔ ေတြ႔ဆံုပြဲအစီအစဥ္မျဖစ္ဘူး၊ အက်ဳိးအေၾကာင္း ျပန္ဆက္သြယ္ပါမယ္လို႔ပဲ ဒီလိုပဲ ေျပာတာ။”

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ဦးဘိုဝင္းကေတာ့ နက္ျဖန္ ေအာက္တိုဘာ ၁၃ ရက္ေန႔ကို ရက္ေရႊ႕လိုက္ၿပီး ေတြ႔ဆံုမယ့္အခ်ိန္ေတာ့ မသိရေသးဘူးလို႔ VOA ကိုေျပာပါတယ္။

“အင္း ရက္ေရႊ႕လိုက္တာပဲ ေျပာပါတယ္။ အင္းဟုတ္တယ္၊ ဟုတ္တယ္။ ေရႊ႕ဆိုင္းလိုက္ တာေပါ့၊ ရက္ေရႊ႕လို္က္တာလို႔ ေျပာတာ သူတို႔ အဲ့ဒါေတာ့ မနက္ျဖန္ေပါ့၊ မနက္ျဖန္မွ လုပ္မွာေပါ့။ အခ်ိန္ေတာ့ မသိေသးဘူးေလ။”

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ UEC ႐ံုးမွာ အာဆီယံအထူးကုိယ္စားလွယ္ Erywan Yusof နဲ႔ ေတြ႔ဆံုဖို႔ ႏိုင္ငံေရးပါတီတခ်ဳိ႕ကို UEC ကစီစဥ္ခဲ့တာပါ။ UEC တာဝန္ရွိသူကို VOA က အႀကိမ္ႀကိမ္ ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုျခင္းမ႐ွိပါဘူး။ ခုလို ေဆြးေႏြးပြဲတက္ ဖုိ႔ ဖိတ္ၾကားထားၿပီး အစီအစဥ္ပ်က္သြားတာ ဘာေၾကာင့္လဲဆိုတာ အတိအက် မသိဘူးလို႔ ဖိတ္ၾကားခံရတဲ့ ႏိုင္ငံေရးပါတီေတြက ေျပာပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အာဆီယံအထူးကိုယ္စားလွယ္ဟာ ျမန္မာႏိုင္ငံကို မေရာက္ေသးေၾကာင္းနဲ႔ ေတြ႔ဆံုဖို႔ အစီအစဥ္ ပ်က္သြားတာမဟုတ္ဘဲ ရက္ေရႊ႕ေျပာင္းလိုက္တာလို႔ သတင္းမီဒီယာေတြကို ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေန႔ရက္ အခ်ိန္ ေျပာင္းရန္သာ႐ွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖ႐ွင္းဖို႔ အာဆီယံအဖဲြ႔က ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို ျမန္မာႏုိင္ငံဆိုင္ရာ အထူးသံတမန္အေနနဲ႔ တာဝန္ေပးထားပါတယ္။ သူဟာ ျမန္မာႏိုင္ငံသြားေရာက္ႏုိင္ဖုိ႔နဲ႔ ဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြဆံုႏိုင္ဖုိ႔ ေတာင္းဆုိထားပါတယ္။

သူ႔ခရီးစဥ္နဲ႔ပတ္သက္လုိ႔ အာဆီယံအထူးကိုယ္စားလွယ္ကို ျမန္မာႏိုင္ငံက ဖိတ္ေခၚထားၿပီး ျမန္မာႏိုင္ငံက လက္မခံတာမဟုတ္ဘူးလို႔ ဂ်ပန္သတင္းဌာနတခုျဖစ္တဲ့ မိုင္အီနိခ်ိ (Mainichi) သတင္းဌာနနဲ႔ သီးသန္႔ေမးျမန္းခန္းမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာထားပါတယ္။ အခ်ဳိ႕ေသာအာဆီယံအဖဲြ႔ဝင္ႏုိင္ငံေတြနဲ႔ အာဆီယံျပင္ပႏုိင္ငံေတြက ကန္႔သတ္ခ်က္သေဘာပါတ့ဲ ေဆာင္႐ြက္မႈေတြနဲ႔ ဖိအားေပးေနတာလို႔လည္း သူကဆိုပါတယ္။ ဒါ့အျပင္ အာဆီယံအထူးကုိယ္စားလွယ္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြခြင့္ျပဳမလားဆိုတဲ့ Mainichi သတင္းဌာနရဲ႕ ေမးခြန္းကိုေတာ့ ဂ်ပန္မွာ အမႈရင္ဆိုင္ေနရတဲ့ ဝန္ႀကီးခ်ဳပ္ တေယာက္၊ ဝန္ႀကီးတေယာက္ကို တျခားႏိုင္ငံေတြက ေတ႔ြခြင့္ေတာင္းရင္ ဂ်ပန္အစိုးရကေရာ ေတ႔ြခြင့္ေပးမလားဆိုၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ ေမးခြန္းျပန္ထုတ္ တံု႔ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ႏိုင္ငံေရးျပႆနာေတြ ေျဖ႐ွင္းႏုိင္ေရး အခ်က္ ၅ ခ်က္ပါတဲ့ သေဘာတူညီခ်က္ကုိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အပါအဝင္ အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထားၾကပါမယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံ ျပႆနာမွာ ပါတ္သက္ေနသူ အားလံုးနဲ႔ အထူးကိုယ္စားလွယ္ ေတ႔ြဆံုေဆြးေႏြးေရးဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


---------

{Unicode}

အာဆီယံကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဖို့ အစီအစဉ်ပျက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Erywan Yusof နဲ့ နိုင်ငံရေးပါတီတချို့ ဒီနေ့ အောက်တိုဘာ ၁၂ ရက် တွေ့ဆုံမယ့်အစီအစဉ် ပျက်သွားတယ်လို့ တွေ့ဆုံပွဲဖိတ်ခံရတဲ့ ပါတီတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ အထူးကိုယ်စားလှယ် မြန်မာနိုင် ငံကို ရောက်မလာသေးတဲ့အတွက် တွေ့ဆုံပွဲမဖြစ်တာလို့ပြောပြီး ဆွေးနွေးပွဲ နေ့ရက် အချိန် အပြောင်းအလဲဖြစ်တာလို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန် ယူစွတ်နဲ့ ဒီနေ့ အောက်တိုဘာ ၁၂ ရက် နေ့လည်ပိုင်းမှာ တေ့ွဆုံပွဲလာဖို့ ရွေးကောက် ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ တေ့ွဆုံပွဲ အစီအစဉ် ပျက်သွားတယ်လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီနေ့ တေ့ွဆုံမယ့် အစီအစဉ်မဖြစ်ပေမဲ့ နောင်ရှိလာနိုင်တယ်လို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က VOA ကို အခုလို ပြောပါတယ်။

“အော် UEC က ပြောတာ ပျက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီနေ့ တွေ့ဆုံပွဲ အစီအစဉ်မဖြစ် ဘူး ပေါ့နော်၊ …သူကတော့ ပြန်ဆက်သွယ်မယ်လို့ပဲ ပြောပာတယ်၊ ဒီနေ့အစီအစဉ်တော့ မဖြစ်ဘူးပေါ့နော်၊ ပျက်တယ်လို့လည်း ပြောတာမဟုတ်ဘူး၊ ဒီနေ့ တွေ့ဆုံပွဲအစီအစဉ်မဖြစ်ဘူး၊ အကျိုးအကြောင်း ပြန်ဆက်သွယ်ပါမယ်လို့ပဲ ဒီလိုပဲ ပြောတာ။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဘိုဝင်းကတော့ နက်ဖြန် အောက်တိုဘာ ၁၃ ရက်နေ့ကို ရက်ရွှေ့လိုက်ပြီး တွေ့ဆုံမယ့်အချိန်တော့ မသိရသေးဘူးလို့ VOA ကိုပြောပါတယ်။

“အင်း ရက်ရွှေ့လိုက်တာပဲ ပြောပါတယ်။ အင်းဟုတ်တယ်၊ ဟုတ်တယ်။ ရွှေ့ဆိုင်းလိုက် တာပေါ့၊ ရက်ရွှေ့လိုက်တာလို့ ပြောတာ သူတို့ အဲ့ဒါတော့ မနက်ဖြန်ပေါ့၊ မနက်ဖြန်မှ လုပ်မှာပေါ့။ အချိန်တော့ မသိသေးဘူးလေ။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ရုံးမှာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof နဲ့ တွေ့ဆုံဖို့ နိုင်ငံရေးပါတီတချို့ကို UEC ကစီစဉ်ခဲ့တာပါ။ UEC တာဝန်ရှိသူကို VOA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ ခုလို ဆွေးနွေးပွဲတက် ဖို့ ဖိတ်ကြားထားပြီး အစီအစဉ်ပျက်သွားတာ ဘာကြောင့်လဲဆိုတာ အတိအကျ မသိဘူးလို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မရောက်သေးကြောင်းနဲ့ တွေ့ဆုံဖို့ အစီအစဉ် ပျက်သွားတာမဟုတ်ဘဲ ရက်ရွှေ့ပြောင်းလိုက်တာလို့ သတင်းမီဒီယာတွေကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နေ့ရက် အချိန် ပြောင်းရန်သာရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့က ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ တာဝန်ပေးထားပါတယ်။ သူဟာ မြန်မာနိုင်ငံသွားရောက်နိုင်ဖို့နဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံနိုင်ဖို့ တောင်းဆိုထားပါတယ်။

သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံက လက်မခံတာမဟုတ်ဘူးလို့ ဂျပန်သတင်းဌာနတခုဖြစ်တဲ့ မိုင်အီနိချိ (Mainichi) သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ အချို့သောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံပြင်ပနိုင်ငံတွေက ကန့်သတ်ချက်သဘောပါတဲ့ ဆောင်ရွက်မှုတွေနဲ့ ဖိအားပေးနေတာလို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွခွင့်ပြုမလားဆိုတဲ့ Mainichi သတင်းဌာနရဲ့ မေးခွန်းကိုတော့ ဂျပန်မှာ အမှုရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် တယောက်၊ ဝန်ကြီးတယောက်ကို တခြားနိုင်ငံတွေက တေ့ွခွင့်တောင်းရင် ဂျပန်အစိုးရကရော တေ့ွခွင့်ပေးမလားဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် မေးခွန်းပြန်ထုတ် တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေး အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားကြပါမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ ပြဿနာမှာ ပါတ်သက်နေသူ အားလုံးနဲ့ အထူးကိုယ်စားလှယ် တေ့ွဆုံဆွေးနွေးရေးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

#MyanmarASEAN #ASEANEnvoyMyanmar #MyanmarPolitics #VOABurmese

#ဇော်မင်းထွန်း#အာရွန်ယူဆွတ်#အာဆီယံ#မိုင်အီနိချိ#ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG