သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံ ေရာက္မလာတဲ႔ကိစၥအေပၚ တက္ႂကြလႈပ္ရွားသူတဦးအျမင္


Brunei Second Minister of Foreign affaires and Trade Erywan Yusof

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံဆုိင္ရာ အာစီယံအထူးကုိယ္စားလွယ္ Erywan Yusof ဟာ ျမန္မာႏုိင္ငံကုိ အဂၤါေန့မွာ လာေရာက္ဖုိ့ရွိေပမယ့္ အစီအစဥ္ပ်က္သြားခဲ့ပါတယ္။ စစ္ကေကာင္စီတာ၀န္ရွိသူေတြကေတာ့ အာစီယံကုိယ္စားလွယ္လာေရာက္မယ့္အစီစဥ္ပ်က္ သြားတာမဟုတ္ဘဲ ရက္ေရႊ့ဆုိင္းတာသာ ျဖစ္ေၾကာင္းေျပာဆုိပါတယ္။ ဒါေပမယ့္ အာစီယံ ဘက္ကေတာ့ ရက္ေရႊ့ဆုိင္းလုိက္တယ္လုိ့ ထုတ္ျပန္ျခင္းမရွိပါဘူး။ အခုလုိ အာစီယံကုိယ္စာလွယ္ လာေရာက္မယ့္အစီစဥ္ပ်က္သြားတာဟာ ေဒၚေအာင္ဆန္းစုၾကည္လုိ အေရးပါတဲ့ေခါင္းေဆာင္ နဲ့ေတြ့ ခြင့္မရလုိ့ျဖစ္ႏုိင္တယ္လုိ့ သုံးသပ္ေျပာဆုိမွုေတြရွိပါတယ္။ အခုလုိ စီစဥ္ပ်က္သြားတာနဲ့ပတ္သက္ၿပီး ျမန္မာ့အေရးလွုပ္ရွားတဲ့ ေရွ့ေျပးအသံအဖဲြ့ရဲ့ ဘုတ္အဖဲြ့ဥကၠဌ ေဒၚခင္ဥမၼာကေတာ့ အခုလိုသုံးသပ္ ေျပာဆုိပါတယ္။

ေဒၚခင္ဥမၼာ။ ။ အမ်ားဆုံးျဖစ္ႏိုင္ေခ်ကေတာ့ ေဒၚေအာင္ဆန္္းစုၾကည္ နဲ႔ ေတြ႔ခြင့္မရလို႔ျဖစ္ဖို႔မ်ားပါတယ္။ ေနာက္တခုက အာစီယံ Special Envoy အေနနဲ႔ သူရဲ႕ တာဝန္နဲ႔ လုပ္ပိုင္ခြင့္အရကိုက သူက အာစီယံ သေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္ထည္ေဖာ္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီအထဲမွာ အဓိက ပြိဳင္႔တခုက ဘာပါေနလဲဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းေတြကို ေျဖရွင္းမယ္ဆိုရင္ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႔ဆုံေဆြးေႏြးရမယ္ဆိုတာပါတာကို ။ ဆိုေတာ့ သူအေနနဲ႔က ေဒၚေအာင္ဆန္းစုၾကည္ တို႔နဲ႔ေတြ႔ခြင့္မရပဲနဲ႔ သြားရင္ေတာ့ သူကို ျမန္မာျပည္သူေတြကေကာ ဘယ္ေလာက္အထိ Warnning ေပးထားလဲဆိုတာ သူသိတယ္ေလ။ အားလုံးကလည္း အစည္းေဝးေတြမွာလည္း ေျပာထားေတာ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔ဖို႔ မျဖစ္မေနလုပ္ရမယ္လို႔ သူျမင္တယ္။ စစ္ေကာင္စီဖက္က ေတြ႔ခြင့္မေပးရင္ေတာ့ သူသြားတာဟာ စစ္ေကာင္စီကို ႏိုင္ငံေရးအရ အသိအမွတ္ျပဳရမယ္ဆိုတာမ်ဳိးလုပ္လို႔မရလို႔ ေနာက္ျပန္ဆုတ္သြားတယ္ထင္ပါတယ္။

အာစီယံကုိယ္စားလွယ္ဘက္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ့ေတြဆုံခြင့္ေတာင္းဆုိထားပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ေတြ့ခြင့္မေပးႏုိင္ဘူးလုိ့ျငင္းပါတယ္ထားပါတယ္။ အမွုရင္ဆုိင္ေန ရတဲ့အတြက္ ေတြ့ခြင့္ေပးဖုိ့မျဖစ္ႏုိင္ဘူးလုိ့ ၿပီးခဲ့လကုန္ပုိင္းကသတင္းစာရွင္းလင္းပဲြတခု မွာေျပာဆုိခဲ့ သလုိ။ ၿပီးခဲ့တဲ့ရက္က မီအိနိခ်ိ သတင္းစာက အာစီယံကုိယ္စားလွယ္ကုိေဒၚေအာင္ဆန္းစုၾကည္နဲ့ေတြ့ ခြင့္ေပးမလား လုိ့ေမးတာကုိေတာ့၊ ဂ်ပန္ႏုိင္ငံမွာ အမွုရင္ဆုိင္ေနရတဲ့ ၀န္ႀကီးခ်ဳပ္တေယာက္၊ ၀န္ႀကီးတေယာက္ကုိ တျခားႏုိင္ငံက ေတြ့ခြင့္ေတာင္းရင္ ဂ်ပန္အစုိးရကေရာေပးမွာလားလုိ့ ျပန္လည္ေမးခြန္းထုတ္တုန့္ျပန္ခဲ့ပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြကုိေျဖရွင္းဖို့ အေရွ့ေတာင္အာရွအသင္း အာစီယံအေနနဲ့ အဓိက၀င္ေရာက္ ေဆာင္ရြက္ေပးဖုိ့
အာဆီယံ အေနနဲ့ တကယ္တမ္းထိထိေရာက္၀င္ေရာက္ေဆာင္ရြက္ႏုိင္ျခင္းမရွိဘဲ တာ၀န္ယူထားတာမ်ိဳးဆုိရင္ ျမန္မာျပည္သူေတြအတြက္လည္း နစ္နာတယ္လုိ့ ေဒၚခင္ဥမၼာကျမင္ပါတယ္။

ေဒၚခင္ဥမၼာ ။.။ အဲဒီမွာပဲ စိန္ေခၚခ်က္ျဖစ္ေနတာ။ တကယ္တန္းတာ အာစီယံက သူရဲလုပ္ကိုင္ႏိုင္စြမ္း ျမန္မာႏိုင္ငံအၾကပ္အတည္းကို ေျဖရွင္းဖို႔အတြက္ သူမွာလုပ္ႏိုင္စြမ္း ဝန္ခံလိုက္ဖို႔လိုတယ္။ အခုသူက ဝန္မခံပဲနဲ႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအစိုးရေတြကပါ သူကို ေရွ႕တန္းကတင္ၿပီးလုပ္ေနတဲ့ကိစၥကို သူက မလုပ္ႏိုင္တာဝန္မခံပဲနဲ႔ ဆက္တိုးေနရင္ သူဂုဏ္သိကၡာထိခိုက္တယ္။ သူဂုဏ္သိကၡာထက္ က်မတို႔ျပည္သူေတြနစ္နာတယ္။ ဒီအၾကမ္းဖက္မႈေတြမရပ္ရင္ နစ္နာမႈေတြပိုျဖစ္တယ္ဆိုေတာ့ တကယ္တန္း ကုလသမဂၢလုံၿခဳံေရးးေကာင္စီကို ေသေသခ်ာခ်ာ သူတို႔ဖက္က ထုတ္ေျပာလုိက္ေတာ့ အာစီယံအေနနဲ႔ မေျဖရွင္းနိုင္ဘူးဆိုတဲ့ကိစၥကို ကုလသမဂၢလုံၿခဳံေရးေကာင္စီနဲ႔ အေထြေထြအတြင္းေရးမွဴးရဲ႕ ဦးေဆာင္ျဖန္ေျဖမႈနဲ႔ အတူတူလက္တြဲလုပ္မယ္ဆိုတာမ်ုိးနဲ႔ပဲ က်မေတာ့ျမင္ပါတယ္။

အာဆီယံအသင္း နဲ့ဆက္ဆံေရးဟာ ျမန္မာစစ္ေကာင္စီအတြက္ေရာဘယ္ေလာက္အေရးပါပါသလဲ။ အာစီယံဟာ ထိထိေရာက္၀င္ေရာက္ေဆာင္ရြက္ေလ့မရွိတာ၊ အားလုံးသေဘာတူမွလုပ္လုိ့ရတာ၊ စတဲ့ အားနည္းခ်က္ေတြေၾကာင့္ စစ္ေကာင္စီက အေရးမလုပ္ဘဲတင္းခံေနမလား။ ဒီလုိတင္းခံေနရင္ ကုလသမဂၢနဲ့ ႏုိင္ငံတကာအသုိင္းအ၀ုိင္းက ဖိအားေပး၀ုိင္းပယ္ထားတဲ့ စစ္ေကာင္စီဟာ အာဆီယံလုိ ေဒသဆုိင္ရာ ဆုိင္ရာအဖဲြ့အစည္းနဲ့ပါအဆင္မေျပျဖစ္ၿပီး ႏုိင္ငံတကာအသုိင္း၀ုိင္းရဲ့ေဘးကုိပုိေရာက္ သြားမလား စတဲ့ေမးခြန္းေတြရွိပါတယ္။
ေဒၚခင္ဥမၼာကေတာ့ အခုလုိျမင္ပါတယ္။

ေဒၚခင္ဥမၼာ။. ။ အာစီယံက သူတို႔ကို ေဘးဖယ္တာမဟုတ္ဘူးေပါ့ေနာ္။ အာစီယံမွာ သူတို႔ရဲ႕ ကတိကဝတ္ကို သူတို႔ကိုယ္တိုင္က မေစာင့္ထိန္း မလုိက္နာႏိုင္တာျဖစ္တဲ့အတြက္ေၾကာင့္ ေဘးေရာက္ေအာင္လုပ္တယ္လို႔ပဲက်မျမင္တယ္။ သူတို႔ဒီအတိုင္းဆက္ၿပီး ေခါင္းမာေနတယ္ဆုိရင္ ျပည္သူကလည္း အေလွ်ာ့မေပးဘူးဆိုတာရွင္းေနၿပီေနာ္။ ဆိုးက်ဳိးေတြက သူတို႔ဆီကိုလည္း လာမွာ။ အခုဆိုရင္ သူတို႔ကို ပစ္မွတ္ထားအေရးယူမယ္ နည္းလမ္းေတြ တျခားနည္းနာေတြ ။ ဥပေဒေၾကာင္းအရ စီးပြားေရးအရ ပိတ္ဆို႔အေရးယူမယ္ဟာေတြ ဒါေတြက အမ်ားႀကီးထပ္လာမွာ။ သူတို႔ဆက္တင္းခံေနရင္ က်မတို႔ ျပည္သူေတြအတြက္ နစ္နာဖို႔ဆိုတာတင္မကပဲ သူတို႔ရဲ႕ အက်ဳိးစီးပြားကိုလည္း နစ္နာေတာ့မွာေပါ့ေနာ္။
ေရွ့ေျပးအသံအဖဲြ့ရဲ့ ဘုတ္အဖဲြ့ဥကၠဌ ေဒၚခင္ဥမၼာေျပာဆုိသြားတာပါ။

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းထားတဲ့အေပၚႏုိင္ငံတကာအသုိင္းအ၀ုိင္းကေတာ့လက္ခံျခင္းမ ရွိပါဘူး။ အၾကမ္းဖက္သတ္ျဖတ္ဖမ္းဆီးမွုေတြရပ္တန့္ၿပီး၊ ဒီမုိကေရစီေဖၚေဆာင္မွုေတြကုိျပန္လည္ လုပ္ေဆာင္ဖုိ့ တုိက္တြန္းထားပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ လုိက္ေလ်ာမွုေတြရွိမလာရင္ အာစီယံ အထူးကုိယ္စားလွယ္ေနနဲ့ ဘယ္လုိဆက္လက္ေဆာင္ရြက္မယ္ဆုိတာမ်ိဳးကုိေတာ့ အာစီယံ အသင္းက ေလာေလာဆယ္ထုတ္ျပန္ေၾကျငာထားျခင္းမရွိေသးပါဘူး။

...................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် Erywan Yusof ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ လာရောက်ဖို့ရှိပေမယ့် အစီအစဉ်ပျက်သွားခဲ့ပါတယ်။ စစ်ကကောင်စီတာဝန်ရှိသူတွေကတော့ အာစီယံကိုယ်စားလှယ်လာရောက်မယ့်အစီစဉ်ပျက် သွားတာမဟုတ်ဘဲ ရက်ရွှေ့ဆိုင်းတာသာ ဖြစ်ကြောင်းပြောဆိုပါတယ်။ ဒါပေမယ့် အာစီယံ ဘက်ကတော့ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ခြင်းမရှိပါဘူး။ အခုလို အာစီယံကိုယ်စာလှယ် လာရောက်မယ့်အစီစဉ်ပျက်သွားတာဟာ ဒေါ်အောင်ဆန်းစုကြည်လို အရေးပါတဲ့ခေါင်းဆောင် နဲ့တွေ့ ခွင့်မရလို့ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။ အခုလို စီစဉ်ပျက်သွားတာနဲ့ပတ်သက်ပြီး မြန်မာ့အရေးလှုပ်ရှားတဲ့ ရှေ့ပြေးအသံအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာကတော့ အခုလိုသုံးသပ် ပြောဆိုပါတယ်။

ဒေါ်ခင်ဥမ္မာ။ ။ အများဆုံးဖြစ်နိုင်ချေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရလို့ဖြစ်ဖို့များပါတယ်။ နောက်တခုက အာစီယံ Special Envoy အနေနဲ့ သူရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရကိုက သူက အာစီယံ သဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖော်ရမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီအထဲမှာ အဓိက ပွိုင့်တခုက ဘာပါနေလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းမယ်ဆိုရင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရမယ်ဆိုတာပါတာကို ။ ဆိုတော့ သူအနေနဲ့က ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တွေ့ခွင့်မရပဲနဲ့ သွားရင်တော့ သူကို မြန်မာပြည်သူတွေကကော ဘယ်လောက်အထိ Warnning ပေးထားလဲဆိုတာ သူသိတယ်လေ။ အားလုံးကလည်း အစည်းဝေးတွေမှာလည်း ပြောထားတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ မဖြစ်မနေလုပ်ရမယ်လို့ သူမြင်တယ်။ စစ်ကောင်စီဖက်က တွေ့ခွင့်မပေးရင်တော့ သူသွားတာဟာ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုရမယ်ဆိုတာမျိုးလုပ်လို့မရလို့ နောက်ပြန်ဆုတ်သွားတယ်ထင်ပါတယ်။

အာစီယံကိုယ်စားလှယ်ဘက်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေဆုံခွင့်တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့တွေ့ခွင့်မပေးနိုင်ဘူးလို့ငြင်းပါတယ်ထားပါတယ်။ အမှုရင်ဆိုင်နေ ရတဲ့အတွက် တွေ့ခွင့်ပေးဖို့မဖြစ်နိုင်ဘူးလို့ ပြီးခဲ့လကုန်ပိုင်းကသတင်းစာရှင်းလင်းပွဲတခု မှာပြောဆိုခဲ့ သလို။ ပြီးခဲ့တဲ့ရက်က မီအိနိချိ သတင်းစာက အာစီယံကိုယ်စားလှယ်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ခွင့်ပေးမလား လို့မေးတာကိုတော့၊ ဂျပန်နိုင်ငံမှာ အမှုရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်တယောက်၊ ဝန်ကြီးတယောက်ကို တခြားနိုင်ငံက တွေ့ခွင့်တောင်းရင် ဂျပန်အစိုးရကရောပေးမှာလားလို့ ပြန်လည်မေးခွန်းထုတ်တုန့်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အရှေ့တောင်အာရှအသင်း အာစီယံအနေနဲ့ အဓိကဝင်ရောက် ဆောင်ရွက်ပေးဖို့
အာဆီယံ အနေနဲ့ တကယ်တမ်းထိထိရောက်ဝင်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တာဝန်ယူထားတာမျိုးဆိုရင် မြန်မာပြည်သူတွေအတွက်လည်း နစ်နာတယ်လို့ ဒေါ်ခင်ဥမ္မာကမြင်ပါတယ်။

ဒေါ်ခင်ဥမ္မာ ။. ။ အဲဒီမှာပဲ စိန်ခေါ်ချက်ဖြစ်နေတာ။ တကယ်တန်းတာ အာစီယံက သူရဲလုပ်ကိုင်နိုင်စွမ်း မြန်မာနိုင်ငံအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် သူမှာလုပ်နိုင်စွမ်း ဝန်ခံလိုက်ဖို့လိုတယ်။ အခုသူက ဝန်မခံပဲနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကပါ သူကို ရှေ့တန်းကတင်ပြီးလုပ်နေတဲ့ကိစ္စကို သူက မလုပ်နိုင်တာဝန်မခံပဲနဲ့ ဆက်တိုးနေရင် သူဂုဏ်သိက္ခာထိခိုက်တယ်။ သူဂုဏ်သိက္ခာထက် ကျမတို့ပြည်သူတွေနစ်နာတယ်။ ဒီအကြမ်းဖက်မှုတွေမရပ်ရင် နစ်နာမှုတွေပိုဖြစ်တယ်ဆိုတော့ တကယ်တန်း ကုလသမဂ္ဂလုံခြုံရေးးကောင်စီကို သေသေချာချာ သူတို့ဖက်က ထုတ်ပြောလိုက်တော့ အာစီယံအနေနဲ့ မဖြေရှင်းနိုင်ဘူးဆိုတဲ့ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေအတွင်းရေးမှူးရဲ့ ဦးဆောင်ဖြန်ဖြေမှုနဲ့ အတူတူလက်တွဲလုပ်မယ်ဆိုတာမျိုးနဲ့ပဲ ကျမတော့မြင်ပါတယ်။

အာဆီယံအသင်း နဲ့ဆက်ဆံရေးဟာ မြန်မာစစ်ကောင်စီအတွက်ရောဘယ်လောက်အရေးပါပါသလဲ။ အာစီယံဟာ ထိထိရောက်ဝင်ရောက်ဆောင်ရွက်လေ့မရှိတာ၊ အားလုံးသဘောတူမှလုပ်လို့ရတာ၊ စတဲ့ အားနည်းချက်တွေကြောင့် စစ်ကောင်စီက အရေးမလုပ်ဘဲတင်းခံနေမလား။ ဒီလိုတင်းခံနေရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးဝိုင်းပယ်ထားတဲ့ စစ်ကောင်စီဟာ အာဆီယံလို ဒေသဆိုင်ရာ ဆိုင်ရာအဖွဲ့အစည်းနဲ့ပါအဆင်မပြေဖြစ်ပြီး နိုင်ငံတကာအသိုင်းဝိုင်းရဲ့ဘေးကိုပိုရောက် သွားမလား စတဲ့မေးခွန်းတွေရှိပါတယ်။
ဒေါ်ခင်ဥမ္မာကတော့ အခုလိုမြင်ပါတယ်။

ဒေါ်ခင်ဥမ္မာ။. ။ အာစီယံက သူတို့ကို ဘေးဖယ်တာမဟုတ်ဘူးပေါ့နော်။ အာစီယံမှာ သူတို့ရဲ့ ကတိကဝတ်ကို သူတို့ကိုယ်တိုင်က မစောင့်ထိန်း မလိုက်နာနိုင်တာဖြစ်တဲ့အတွက်ကြောင့် ဘေးရောက်အောင်လုပ်တယ်လို့ပဲကျမမြင်တယ်။ သူတို့ဒီအတိုင်းဆက်ပြီး ခေါင်းမာနေတယ်ဆိုရင် ပြည်သူကလည်း အလျှော့မပေးဘူးဆိုတာရှင်းနေပြီနော်။ ဆိုးကျိုးတွေက သူတို့ဆီကိုလည်း လာမှာ။ အခုဆိုရင် သူတို့ကို ပစ်မှတ်ထားအရေးယူမယ် နည်းလမ်းတွေ တခြားနည်းနာတွေ ။ ဥပဒေကြောင်းအရ စီးပွားရေးအရ ပိတ်ဆို့အရေးယူမယ်ဟာတွေ ဒါတွေက အများကြီးထပ်လာမှာ။ သူတို့ဆက်တင်းခံနေရင် ကျမတို့ ပြည်သူတွေအတွက် နစ်နာဖို့ဆိုတာတင်မကပဲ သူတို့ရဲ့ အကျိုးစီးပွားကိုလည်း နစ်နာတော့မှာပေါ့နော်။

ရှေ့ပြေးအသံအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့အပေါ်နိုင်ငံတကာအသိုင်းအဝိုင်းကတော့လက်ခံခြင်းမ ရှိပါဘူး။ အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးမှုတွေရပ်တန့်ပြီး၊ ဒီမိုကရေစီဖေါ်ဆောင်မှုတွေကိုပြန်လည် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ မြန်မာစစ်ကောင်စီဘက် လိုက်လျောမှုတွေရှိမလာရင် အာစီယံ အထူးကိုယ်စားလှယ်နေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာမျိုးကိုတော့ အာစီယံ အသင်းက လောလောဆယ်ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG