သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-ဥေရာပ မဟာမိတ္ ျပန္လည္ရွင္သန္ေရး ဝန္ႀကီး Blinken ျပင္သစ္မွာ ဆေြးေႏြးမည္


(Zawgyi / Unicode)

ျပင္သစ္ ႏိုင္ငံ ပါရီ ၿမိဳ႕ေတာ္ကို တနလာၤေန႔မွာ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken ဆိုက္ေရာက္သြားပါၿပီ။ ဥေရာပ မဟာမိတ္ေတြနဲ႔ မေျပမလည္ ျဖစ္ေစခဲ႔တဲ႔ ၾသစေတးလ်၊ ၿဗိတိန္နဲ႔ အေမရိကန္ ျပည္ေထာင္စုၾကား သံုးႏိုင္ငံ လံုျခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ ေနာက္ပိုင္း ပထမဆံုး အႀကိမ္ အျဖစ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ျပင္သစ္ကို သြားေရာက္တာ ျဖစ္ပါတယ္။

ျပင္သစ္နဲ႔ ပုဂၢိဳလ္ေရး ရင္းႏွီးတဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး အေနနဲ႔ အေမရိကန္နဲ႔ ျပင္သစ္ၾကား ဆက္ဆံေရး တိုးတက္လာေစဖို႔ ခရီးစဥ္ အတြင္း ႀကိဳးပမ္းလိမ့္မယ္လို႔ ကြ်မ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ဖြံ႔ၿဖိဳးေရး အဖြဲ႔ OECD ရဲ႕ ၀န္ႀကီးမ်ား အဆင့္ အစည္းအေ၀းကို အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken က ဦးေဆာင္မွာ ျဖစ္ပါတယ္။ OECD အဖြဲ႔ႀကီးရဲ႕ ႏွစ္ ၆၀ ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားနဲ႔ အစည္းအေ၀းကိုေတာ့ ေအာက္တိုဘာလ ၅ ရက္နဲ႔ ၆ ရက္ေန႔တို႔မွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။

ပါရီၿမိဳ႕ေတာ္မွာ ျပင္သစ္ႏိုင္ငံျခားေရး ၀န္ႀကီး Jean-Yves Le Drian နဲ႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken ေဆြးေႏြးဖို႔ ရွိပါတယ္။ အေမရိကန္- ျပင္သစ္ ဆက္ဆံေရး၊ အင္ဒို ပစိဖိတ္ ေဒသတြင္း လံုျခံဳေရး၊ ရာသီဥတု ေျပာင္းလဲမႈ ပဋိပကၡ၊ Covid-19 ကပ္ေဘးေရာဂါ ကေန စီးပြားေရး ျပန္လည္ ေကာင္းမြန္ေရး၊ အေမရိကန္ - ဥေရာပ ဆက္ဆံေရး တို႔ အထိ ကိစၥမ်ားစြာကို ၀န္ႀကီး ၂ ဦး ေဆြးေႏြးမယ့္ အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အေမရိကန္ နည္းပညာသံုးၿပီး တည္ေဆာက္မယ့္ ႏ်ဴးကလီးယား စြမ္းအင္သံုး ေရငုပ္သေဘာၤ အနည္းဆံုး ၈ စင္း ၾသစေတးလ်က ရရွိမယ့္ ၾသစေတးလ်၊ ၿဗိတိန္နဲ႔ အေမရိကန္ သံုးႏိုင္ငံ လံုျခံဳေရး သေဘာတူညီခ်က္သစ္ကို စက္တင္ဘာလ ၁၅ ရက္ေန႔မွာ အေမရိကန္ သမၼတ Joe Biden က ေၾကညာခဲ႔တာပါ။

ဒီဇယ္- လွ်ပ္စစ္သံုး ေရငုပ္သေဘာၤ ဆိုင္ရာ ျပင္သစ္နဲ႔ သေဘာတူညီခ်က္ကို ၾသစေတးလ်က ႐ုပ္သိမ္းၿပီးေနာက္ အေမရိကန္ရဲ႕ ေၾကညာခ်က္ ထြက္လာတာေၾကာင့္ ျပင္သစ္ အစိုးရဘက္က မေက်မနပ္ ျဖစ္ခဲ႔ပါတယ္။ အေမရိကန္နဲ႔ ၾသစေတးလ်က ျပင္သစ္ သံအမတ္ႀကီးေတြကိုလည္း ျပင္သစ္က ျပန္ေခၚခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန်-ဥရောပ မဟာမိတ် ပြန်လည်ရှင်သန်ရေး ဝန်ကြီး Blinken ပြင်သစ်မှာ ဆွေးနွေးမည်

ပြင်သစ် နိုင်ငံ ပါရီ မြို့တော်ကို တနလာၤနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဆိုက်ရောက်သွားပါပြီ။ ဥရောပ မဟာမိတ်တွေနဲ့ မပြေမလည် ဖြစ်စေခဲ့တဲ့ သြစတေးလျ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုကြား သုံးနိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြင်သစ်ကို သွားရောက်တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ အမေရိကန်နဲ့ ပြင်သစ်ကြား ဆက်ဆံရေး တိုးတက်လာစေဖို့ ခရီးစဉ် အတွင်း ကြိုးပမ်းလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ OECD ရဲ့ ဝန်ကြီးများ အဆင့် အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ဦးဆောင်မှာ ဖြစ်ပါတယ်။

OECD အဖွဲ့ကြီးရဲ့ နှစ် ၆၀ ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ အစည်းအဝေးကိုတော့ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ပါရီမြို့တော်မှာ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian နဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken ဆွေးနွေးဖို့ ရှိပါတယ်။ အမေရိကန်- ပြင်သစ် ဆက်ဆံရေး၊ အင်ဒို ပစိဖိတ် ဒေသတွင်း လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှု ပဋိပက္ခ၊ Covid-19 ကပ်ဘေးရောဂါ ကနေ စီးပွားရေး ပြန်လည် ကောင်းမွန်ရေး၊ အမေရိကန် - ဥရောပ ဆက်ဆံရေး တို့ အထိ ကိစ္စများစွာကို ဝန်ကြီး ၂ ဦး ဆွေးနွေးမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

အမေရိကန် နည်းပညာသုံးပြီး တည်ဆောက်မယ့် နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သဘောၤ အနည်းဆုံး ၈ စင်း သြစတေးလျက ရရှိမယ့် သြစတေးလျ၊ ဗြိတိန်နဲ့ အမေရိကန် သုံးနိုင်ငံ လုံခြုံရေး သဘောတူညီချက်သစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့တာပါ။

ဒီဇယ်- လျှပ်စစ်သုံး ရေငုပ်သဘောၤ ဆိုင်ရာ ပြင်သစ်နဲ့ သဘောတူညီချက်ကို သြစတေးလျက ရုပ်သိမ်းပြီးနောက် အမေရိကန်ရဲ့ ကြေညာချက် ထွက်လာတာကြောင့် ပြင်သစ် အစိုးရဘက်က မကျေမနပ် ဖြစ်ခဲ့ပါတယ်။ အမေရိကန်နဲ့ သြစတေးလျက ပြင်သစ် သံအမတ်ကြီးတွေကိုလည်း ပြင်သစ်က ပြန်ခေါ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG