သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ျပင္သစ္သြားေရာက္ဖို႔ရွိ


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken. (စက္တင္ဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ျပင္သစ္နဲ႔ အေမရိကန္အၾကား သံတမန္ဆက္ဆံေရး အဆင္မေျပျဖစ္ခဲ့တဲ့ ကိစၥရပ္ေတြ ေျဖရွင္းဖို႔အတြက္ ေရွ႕သီတင္းပတ္အတြင္း ျပင္သစ္ႏုိင္ငံကို သြားေရာက္မွာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံက ျပင္သစ္ထံက ေရငုပ္သေဘၤာေတြ ဝယ္ယူဖို႔ သေဘာတူထားၿပီးသား ကိစၥကို အေမရိကန္တို႔ထံက ၾသစေၾတးလ်ဝယ္ယူဖို႔ ျပင္ဆင္ ဆုံးျဖတ္လိုက္တဲ့ ကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ ျပင္သစ္အၾကား သံတမန္ဆက္ဆံေရးေတြ ၿပီးခဲ့တဲ့လအတြင္း တင္းမာခဲ့တာပါ။

ဝန္ႀကီး Blinken ျပင္သစ္ႏိုင္ငံကို ေရာက္ရွိေနစဥ္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian နဲ႔ ဒီကိစၥကို ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ေတြ႔ဆုံ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ စက္တင္ဘာ ၂၃ ရက္ေန႔က ဝန္ႀကီး ၂ ဦး နယူးေယာက္ၿမိဳ႕မွာ ေတြ႔ဆုံအၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရး ျပန္လည္ ေကာင္းမြန္ေရးအတြက္ နက္နက္႐ႈိင္း႐ႈိင္း ထပ္မံ ေဆြးေႏြးၾကမွာျဖစ္ေၾကာင္း ျပင္သစ္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရအမ်ဳိးသမီး Anne-Claire Legendre က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဒီျပႆနာ ေျပလည္ေရးအတြက္ အခ်ိန္ယူရမွာျဖစ္သလို တိက်ျပတ္သားတဲ့ လုပ္ေဆာင္ခ်က္ေတြ လိုအပ္တယ္ဆိုတာကို ဝန္ႀကီး ၂ ဦး နယူးေယာက္ၿမိဳ႕မွာ ရွိေနစဥ္ ေျပာၾကားခဲ့ၿပီး ျဖစ္တယ္လို႔လည္း Anne-Claire Legendre က ေျပာပါတယ္။

ျပင္သစ္က ေရငုပ္သေဘၤာေတြ ဝယ္မယ့္အစား အေမရိကန္နဲ႔ ၿဗိတိန္နည္းပညာတို႔နဲ႔ ထုတ္လုပ္မယ့္ ေရငုပ္သေဘၤာ ၈ စင္းကို ဝယ္ယူဖို႔ ၾသစေၾတးလ်က ဆုံးျဖတ္လိုက္တဲ့အေပၚ ျပင္သစ္ဘက္က အမ်က္ထြက္ၿပီး အေမရိကန္မွာရွိေနတဲ့ သူ႔ရဲ႕သံအမတ္ႀကီး Philippe Atienne ကို ယာယီ ျပန္လည္ေခၚယူခဲ့ပါတယ္။

ဝန္ႀကီး Blinken ဟာ ျပင္သစ္ႏုိင္ငံ၊ ပဲရစ္ၿမိဳ႕ကို တနလၤာေန႔မွာ ေရာက္ရွိမွာျဖစ္ၿပီး စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ ဖြံ႔ၿဖိဳးမႈဆိုင္ရာအဖြဲ႔ (OECD) အစည္းအေဝးကို ကမကထျပဳလုပ္ က်င္းပမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်နိုင်ငံခြားရေးဝန်ကြီး ပြင်သစ်သွားရောက်ဖို့ရှိ

အမေရိနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပြင်သစ်နဲ့ အမေရိကန်အကြား သံတမန်ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေ ဖြေရှင်းဖို့အတွက် ရှေ့သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက ပြင်သစ်ထံက ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ သဘောတူထားပြီးသား ကိစ္စကို အမေရိကန်တို့ထံက သြစတြေးလျဝယ်ယူဖို့ ပြင်ဆင် ဆုံးဖြတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ပြင်သစ်အကြား သံတမန်ဆက်ဆံရေးတွေ ပြီးခဲ့တဲ့လအတွင်း တင်းမာခဲ့တာပါ။

ဝန်ကြီး Blinken ပြင်သစ်နိုင်ငံကို ရောက်ရှိနေစဉ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ ဒီကိစ္စကို အောက်တိုဘာလ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ဝန်ကြီး ၂ ဦး နယူးယောက်မြို့မှာ တွေ့ဆုံအပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးအတွက် နက်နက်ရှိုင်းရှိုင်း ထပ်မံ ဆွေးနွေးကြမှာဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Anne-Claire Legendre က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီပြဿနာ ပြေလည်ရေးအတွက် အချိန်ယူရမှာဖြစ်သလို တိကျပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တယ်ဆိုတာကို ဝန်ကြီး ၂ ဦး နယူးယောက်မြို့မှာ ရှိနေစဉ် ပြောကြားခဲ့ပြီး ဖြစ်တယ်လို့လည်း Anne-Claire Legendre က ပြောပါတယ်။

ပြင်သစ်က ရေငုပ်သင်္ဘောတွေ ဝယ်မယ့်အစား အမေရိကန်နဲ့ ဗြိတိန်နည်းပညာတို့နဲ့ ထုတ်လုပ်မယ့် ရေငုပ်သင်္ဘော ၈ စင်းကို ဝယ်ယူဖို့ သြစတြေးလျက ဆုံးဖြတ်လိုက်တဲ့အပေါ် ပြင်သစ်ဘက်က အမျက်ထွက်ပြီး အမေရိကန်မှာရှိနေတဲ့ သူ့ရဲ့သံအမတ်ကြီး Philippe Atienne ကို ယာယီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဝန်ကြီး Blinken ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိမှာဖြစ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအဖွဲ့ (OECD) အစည်းအဝေးကို ကမကထပြုလုပ် ကျင်းပမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG