သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်နဲ႔ သေဘာတူညီခ်က္ေၾကာင့္ အေမရိကန္နဲ႔ ျပင္သစ္ ဆက္ဆံေရးအဖုအထစ္ျဖစ္


ၾသစေၾတးလ်နဲ႔ သေဘာတူညီခ်က္ေၾကာင့္ အေမရိကန္နဲ႔ ျပင္သစ္ ဆက္ဆံေရးအဖုအထစ္ျဖစ္

{{Zawgyi/Unicode}}

Australia ႏိုင္ငံအတြက္ ႏ်ဴကလီယား စြမ္းအင္သံုး ေရငုပ္သေဘၤာေဆာက္ဖို႔ အေမရိကန္ ၿဗိတိန္တို႔နဲ႔ ရရွိခဲ့တဲ့သေဘာတူညီခ်က္ဟာ ျပင္သစ္ရဲ႕ Australia နဲ႔ ေရငုပ္သေဘၤာဆိုင္ရာ သေဘာတူညီခ်က္ကို ထိခိုက္ေစမယ့္ သေဘာရွိတာၾကာင့္ ျပင္သစ္က ေဒါသတႀကီးျဖစ္ေနခ်ိန္မွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ျပင္သစ္ဟာ အာရွေဒသအတြက္ သိပ္ကို အေရးပါတဲ့လက္တြဲေဖၚႏိုင္ငံျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

"အင္ဒို- ပစိဖိတ္ေဒသမွာ အေရးပါတဲ့ က႑ကေန ဥေရာပႏိုင္ငံေတြ ပါဝင္လႈပ္ရွားမႈကို ႀကိဳဆိုပါတယ္။ က်ေနာ္တို႔ဟာ ဒီေဒသတြင္းတျခားႏိုင္ငံေတြ၊ အီးယူဥေရာပသမဂၢနဲ႔ ေနတိုးမဟာမိတ္အဖြဲ႔နဲ႔ အတူ ဆက္ၿပီး အနီးကပ္ပူးေပါင္းေဆာင္ရြက္သြားမွာပါ။ အထူးသျဖင့္ ျပင္သစ္ဟာ ႏွစ္ရွည္လမ်ားၾကံဳခဲ့ရတဲ့ ကိစၥရပ္အမ်ားအျပားအတြက္ အေရးအပါဆံုး လက္တြဲေဖၚႏိုင္ငံ ျဖစ္ပါတယ္။ ဒါ့အျပင္ အင္ဒို- ပစိဖိတ္ေဒသနဲ႔ ကမာၻတလႊားက အတၱလန္တိတ္သမုဒၵရာ တဖက္တခ်က္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္မႈေတြမွာ အခြင့္ရရင္ ရသလို ပိုၿပီး နက္နက္ရႈိင္းရႈိင္း လက္တြဲေဆာင္ရြက္လိုတဲ့ ဆႏၵရွိတယ္လို႔ ေျပာသြားတာပါ။

အေမရိကန္- ၿဗိတိန္နဲ႔ Australia ၃ ႏိုင္ငံေခါင္းေဆာင္ေတြၾကား AUKUS လို႔ အတိုေကာက္ေခၚတဲ့ အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ လုံၿခဳံေရးပူးေပါင္းေဆာင္ရြက္ေရး သုံးႏိုင္ငံ သေဘာတူညီခ်က္ရၿပီျဖစ္ေၾကာင္း အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က ဗုဒၶဟူးေန႔က ေျပာၾကားခဲ့တာပါ။

ဒီေဒသတြင္း လက္ရွိနဲ႔ေနာက္ျဖစ္လာမဲ့ မဟာဗ်ဴဟာအခင္းအက်င္းကို ကိုင္တြယ္ႏိုင္ဖို႔လိုအပ္သလို ဒါဟာ သုံးႏိုင္ငံစလုံးရဲ႕ အနာဂတ္နဲ႔ ကမာၻႀကီးတခုလုံးရဲ႕ ေရွ႕ေရးဟာ လာမယ့္ဆယ္စုႏွစ္ေတြအတြင္း၊ ဒီ အင္ဒို-ပစိဖိတ္ေဒသထဲ လြတ္လပ္ပြင့္လင္းမူေပၚမူတည္ေနတာေၾကာင့္ ျဖစ္ေၾကာင္းလည္း သမၼတဘိုင္ဒန္က ေျပာၾကားခဲ့တာပါ။

အသစ္တည္ေဆာက္မယ့္ Australia ရဲ႕ န်ဳကလီးယားစြမ္းအင္သုံး ေရငုပ္သေဘာၤမွာ န်ဳကလီးယားလက္နက္ တပ္ဆင္မွာေတာ့ မဟုတ္ဘူးလို႔ ဒီ သုံးႏိုင္ငံ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

ဒီ ၃ ႏိုင္ငံ သေဘာတူညီခ်က္ အတြက္ တ႐ုတ္နဲ႔ ျပင္သစ္တို႔က ေဒါသတႀကီးနဲ႔ တုန္႔ျပန္ခဲ့ၾကတာ ျဖစ္ပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

Australia နိုင်ငံအတွက် နျူကလီယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်ဖို့ အမေရိကန် ဗြိတိန်တို့နဲ့ ရရှိခဲ့တဲ့သဘောတူညီချက်ဟာ ပြင်သစ်ရဲ့ Australia နဲ့ ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက်ကို ထိခိုက်စေမယ့် သဘောရှိတာကြာင့် ပြင်သစ်က ဒေါသတကြီးဖြစ်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်သစ်ဟာ အာရှဒေသအတွက် သိပ်ကို အရေးပါတဲ့လက်တွဲဖေါ်နိုင်ငံဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

"အင်ဒို- ပစိဖိတ်ဒေသမှာ အရေးပါတဲ့ ကဏ္ဍကနေ ဥရောပနိုင်ငံတွေ ပါဝင်လှုပ်ရှားမှုကို ကြိုဆိုပါတယ်။ ကျနော်တို့ဟာ ဒီဒေသတွင်းတခြားနိုင်ငံတွေ၊ အီးယူဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့နဲ့ အတူ ဆက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အထူးသဖြင့် ပြင်သစ်ဟာ နှစ်ရှည်လများကြုံခဲ့ရတဲ့ ကိစ္စရပ်အများအပြားအတွက် အရေးအပါဆုံး လက်တွဲဖေါ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒို- ပစိဖိတ်ဒေသနဲ့ ကမ္ဘာတလွှားက အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခွင့်ရရင် ရသလို ပိုပြီး နက်နက်ရှိုင်းရှိုင်း လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ပြောသွားတာပါ။

အမေရိကန်- ဗြိတိန်နဲ့ Australia ၃ နိုင်ငံခေါင်းဆောင်တွေကြား AUKUS လို့ အတိုကောက်ခေါ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သုံးနိုင်ငံ သဘောတူညီချက်ရပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။

ဒီဒေသတွင်း လက်ရှိနဲ့နောက်ဖြစ်လာမဲ့ မဟာဗျူဟာအခင်းအကျင်းကို ကိုင်တွယ်နိုင်ဖို့လိုအပ်သလို ဒါဟာ သုံးနိုင်ငံစလုံးရဲ့ အနာဂတ်နဲ့ ကမ္ဘာကြီးတခုလုံးရဲ့ ရှေ့ရေးဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း၊ ဒီ အင်ဒို-ပစိဖိတ်ဒေသထဲ လွတ်လပ်ပွင့်လင်းမူပေါ်မူတည်နေတာကြောင့် ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။

အသစ်တည်ဆောက်မယ့် Australia ရဲ့ နျုကလီးယားစွမ်းအင်သုံး ရေငုပ်သဘောၤမှာ နျုကလီးယားလက်နက် တပ်ဆင်မှာတော့ မဟုတ်ဘူးလို့ ဒီ သုံးနိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီ ၃ နိုင်ငံ သဘောတူညီချက် အတွက် တရုတ်နဲ့ ပြင်သစ်တို့က ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG