သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရေတပ်က UFO ယာဉ်ပျံတွေကို စူးစမ်းမယ်


အမေရိကန်လေတပ်က ၁၉၇၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတခု။
အမေရိကန်လေတပ်က ၁၉၇၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတခု။

(Zawgyi / Unicode)

ပျံသန်းနိုင်တဲ့ အမျိုးအမည်မသိ အရာဝတ္ထုတွေဖြစ်တဲ့ UFO တွေကို စုံစမ်း စစ်ဆေးဖို့အတွက် အမေရိကန်ရေတပ်က ကြီးကြပ်မယ့် အဖွဲ့သစ်တခုကို ဖွဲ့စည်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ကြေညာပါတယ်။

Unidentified Aerial Phenomena Task Force (UAPTF) ဝေဟင်ဖြစ်ရပ်ဆန်း စူးစမ်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒါဟာ UAP ဖြစ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ ဘယ်ကစဖြစ်လာတယ် ဆိုတာလို အချက်လက်တွေကို ပိုနားလည်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Susan Gough က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ ဂြိုဟ်သားတွေ ကျူးကျော်လာရောက်မှာထက် အမျိုးအမည်ခွဲမရတဲ့ ဝေဟင်က ဖြစ်ရပ်တွေဟာ ကမ္ဘာမြေပေါ်က သူ့ပြိုင်ဘက်တွေနဲ့ ဆက်နွှယ်မှု ရှိနေမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်အစိုးရရဲ့ Drone ဒါမှမဟုတ် တခြား ဝေဟင်သုံး ကိရိယာတွေနဲ့ ထောက်လှမ်းမှု လုပ်နိုင်စွမ်းကို အမေရိကန်က အဓိက စိုးရိမ်နေတာ ဖြစ်ပါတယ်။

UAP စူးစမ်းရေးအဖွဲ့ရဲ့ လုပ်ငန်းဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ခြေရှိတဲ့ UAP ဖြစ်ရပ်တွေကို ဆန်းစစ်ပိုင်းခြား စိစစ်ဖို့နဲ့ စာရင်းပြုစုပေးဖို့ ဖြစ်ကြောင်းလည်း Gough က ပြောပါတယ်။

ဒီအဖွဲ့ ဖွဲ့စည်းတာကို ဒုတိယ ကာကွယ်ရေးဝန်ကြီး David Norquist က သြဂုတ်လ ၄ ရက်နေ့က အတည်ပြုပေးခဲ့တာပါ။

အမေရိကန်ရေတပ်က လေထဲမှာ တွေ့ရတဲ့ UFO လို ပုံစံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယို ၃ ခွေကို ပင်တဂွန်က ဧပြီလထဲမှာ တရားဝင် ထုတ်ပြန်ခဲ့တဲ့နောက် အခုလို UAP အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)









XS
SM
MD
LG