သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူသားတွေဆီ ဂြိုဟ်သားတွေ အချက်ပြဆက်သွယ်နေသလား


ကောင်းကင်ထက်က ကြယ်စုများ သတင်းဓာတ်ပုံ။
ကောင်းကင်ထက်က ကြယ်စုများ သတင်းဓာတ်ပုံ။

ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ လူသားတွေကို ဂြိုဟ်သားတွေဆီက အဆက်အသွယ် လုပ်တာနဲ့ ပါတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ အမျှ ကြားနေရတဲ့ထဲက ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာတော့ ဂြိုဟ်သား ၂၃၄ ဦးကနေ လူသားတွေကို ဆက်သွယ်ဖို့ ကြိုးစားတာ ဒါမှမဟုတ် ကြယ်တွေကပဲ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေ ဖြစ်ပျက်နေသလား ဆိုတဲ့ သတင်းတွေ ကြားလာရပါတယ်။

မကြာသေးခင်ကပဲ ကြယ်တွေဆီကနေ ထူးဆန်းတဲ့ အချက်ပြမှုတွေကို အာကာသ စောင့်ကြည့်လေ့လာနေသူတွေ တိုင်းထွာမိတာကြောင့် ဒါဟာ ဂြိုဟ်သားတွေဆီက အဆက်အသွယ်လုပ် လာတာ ဖြစ်နိုင်တယ် လို့ ပြောဆိုလာကြတာ ဖြစ်ပါတယ်။

ဒီအထဲက တချို့ကတော့ မဖြစ်နိုင်တဲ့အတွက် အထိတ်တလန့် မဖြစ်ကြဖို့ ပြောကြ သလို Nature World စာစောင်မှာတော့ ကြယ်တွေဆီ ကနေ အချက်ပေးမှုတွေ လွှတ်ပြီး ဂြိုဟ်သားတွေက ဆက်သွယ်တာ မဟုတ်ပါဘူးလို့ ရေးသားပါတယ်။ ဒါ့ကြောင့် ဒီဖြစ်ရပ်အတွက် အဖြစ်မှန်ကို သိချင်လာကြတာပါ။

ကနေဒါနိုင်ငံ Quebec ပြည်နယ် Laval တက္ကသိုလ်က Ermanno Borra နဲ့ E. Trottier တို့ကတော့ နေပုံစံ ကြယ်ပွင့်ကလေးတွေရဲ့ အပိုင်းအစ အသေးလေးတွေထဲမှာ အချိန်ပိုင်း အကန့်အသတ်ရှိတဲ့ ပုံမှန် အချက်ပြမှု ရောင်စဉ်တွေ တွေ့ရတယ်လို့ အောက်တိုဘာလ ၁၄ရက်နေ့မှာ စာတမ်းတစောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

သူတို့ရဲ့ သုတေသနလုပ်ငန်းက စင်္ကြာဝဋ္ဌာထဲမှာ ကြယ်ဆွေဆီက လာတဲ့ ရောင်စဉ်တန်းတွေမှာ ပုံမှန် အချက်ပြမှုတွေ ရှိမရှိ၊ ဒါမှမဟုတ် Morse code မော့စ်ကုဒ် အချက်ပြသလို အချက်ပြမှု အတိုနဲ့ အရှည်တွေ ရှိမရှိ စမ်းသပ်ရှာဖွေနေတာ ဖြစ်ပါတယ်။ အခု သူတို့ တွေ့ရတဲ့ ဒီပုံမှန် အချက်ပြမှုဟာ သွေးခုန်တဲ့ ပုံစံမျိုး စွမ်းအင်တွေ အချက်ကျကျ ပုံမှန်ထွက်လာတာ ဖြစ်ပြီး အလင်းတန်း ၂ ခုကြား ၁၀ စက္ကန့်ကနေ ၁၂ စက္ကန့်လောက် ခြားနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

lhttp://www.voanews.com/a/alien-sun-signals/3568964.html

XS
SM
MD
LG