အေမရိကန္နဲ႔ ၾသစေၾတးလ်က သံအမတ္ေတြ ျပင္သစ္ ျပန္လည္ဆင့္ေခၚ
{{Zawgyi/Unicode}}
ျပင္သစ္ႏိုင္ငံက ေရငုပ္သေဘၤာေတြကို မ၀ယ္ေတာ့ပဲ အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ႏ်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာ တည္ေဆာက္ေပးဖို႔ ၾသစေၾတးလ်ႏိုင္ငံက လက္ခံလိုက္တာေၾကာင့္၊ အေမရိကန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြက သံအမတ္ေတြကို ျပင္သစ္ႏိုင္ငံက ခ်က္ျခင္းျပန္လည္ ဆင့္ေခၚလိုက္ပါတယ္။
ဒါဟာ အေမရိကန္ႏိုင္ငံမွာ ထားရွိတဲ့ သူ႔သံအမတ္ကို ပထမဆံုး အႀကိမ္အျဖစ္ ျပန္လည္ေခၚယူခဲ့တာ ျဖစ္ေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ျပင္သစ္သမၼတ Emmanuel Macron ရဲ႕ ပန္ၾကားခ်က္နဲ႔ ခ်မွတ္လိုက္တ့ဲ ဒီဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ဒါဟာ Australia နဲ႔ အေမရိကန္တို႔ရဲ႕ ေၾကညာခ်က္ေတြနဲ႔ ပတ္သက္ၿပီး တုန္႔ျပန္ခဲ့တာ ျဖစ္ေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒါ့အျပင္ ဗုဒၶဟူးေန႔က ေၾကညာခဲ့တဲ့ Australia ရဲ႕ အေမရိကန္နဲ႔ ခ်ဳပ္ဆိုလိုက္တဲ့ သေဘာတူညီခ်က္ ဟာ မဟာမိတ္ေတြနဲ႔ လက္တြဲေဖၚႏိုင္ငံေတြၾကား လက္မခံႏိုင္စရာ လုပ္ရပ္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
အခုလို သံအမတ္ႀကီးေတြကို ျပန္လည္ ေခၚယူတာဟာ မဟာမိတ္ႏိုင္ငံေတြၾကား ေတြ႕ရေလ့မရွိပါဘူး။ ၂၀၁၉ ခုႏွစ္တုန္းက အိမ္နီးခ်င္း အီတလီႏိုင္ငံရဲ ေခါင္းေဆာင္ေတြက ျပင္သစ္အစိုးရကို လူသိရွင္ၾကာ ေဝဖန္မႈေတြ လုပ္ခဲ့တုန္းက ျပင္သစ္က သူ႔သံအမတ္ကို ျပန္လည္ ေခၚယူခဲ့တာပါ။
ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း တူရကီသမၼတ Recep Tayyip Erdogan က ျပင္သစ္သမၼတ Macron ဟာ စိတ္ေရာဂါဆိုင္ရာ ကုသမႈ လိုအပ္ေနတယ္လို႔ ေျပာဆိုခဲ့တဲ့ ေနာက္ ျပင္သစ္က တူရကီမွာထားတဲ့သူ႔သံအမတ္ကို ျပန္လည္ ေခၚယူခဲ့ပါတယ္။
ျပင္သစ္က Australia အတြက္ လွ်ပ္စစ္- ဒီဇယ္သံုးေရငုပ္သေဘၤာ တည္ေဆာက္ေပးမယ့္ ေဒၚလာ ဘီလီယံ ၁၀၀ နီးပါးတန္ေၾကးရွိတဲ့ သေဘာတူညီခ်က္အရင္က ရထားတာ ျဖစ္ပါတယ္။ အခု Australia အတြက္ ႏ်ဴကလီယားအားသံုး ေရငုပ္သေဘၤာကို ၿဗိတိန္နဲ႔ အေမရိကန္တို႔ တည္ေဆာက္ေပးမယ့္ သေဘာတူညီခ်က္ကို သမၼတဂ်ိဳးဘိုင္ဒန္ ေၾကညာခဲ့တာ ျဖစ္ၿပီးအဲဒီအခ်ိန္ကစၿပီး ျပင္သစ္သမၼတ Macron ဘက္ကတစံုတရာမွတ္ခ်က္ေပး ေျပာဆိုတာမ်ိဳးေတာ့ မရွိေသးပါဘူး။
..........................................
အမေရိကန်နဲ့ သြစတြေးလျက သံအမတ်တွေ ပြင်သစ် ပြန်လည်ဆင့်ခေါ်
{{Unicode}}
ပြင်သစ်နိုင်ငံက ရေငုပ်သင်္ဘောတွေကို မဝယ်တော့ပဲ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ပေးဖို့ သြစတြေးလျနိုင်ငံက လက်ခံလိုက်တာကြောင့်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေက သံအမတ်တွေကို ပြင်သစ်နိုင်ငံက ချက်ခြင်းပြန်လည် ဆင့်ခေါ်လိုက်ပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံမှာ ထားရှိတဲ့ သူ့သံအမတ်ကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ ပန်ကြားချက်နဲ့ ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒါဟာ Australia နဲ့ အမေရိကန်တို့ရဲ့ ကြေညာချက်တွေနဲ့ ပတ်သက်ပြီး တုန့်ပြန်ခဲ့တာ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ Australia ရဲ့ အမေရိကန်နဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက် ဟာ မဟာမိတ်တွေနဲ့ လက်တွဲဖေါ်နိုင်ငံတွေကြား လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောပါတယ်။
အခုလို သံအမတ်ကြီးတွေကို ပြန်လည် ခေါ်ယူတာဟာ မဟာမိတ်နိုင်ငံတွေကြား တွေ့ရလေ့မရှိပါဘူး။ ၂၀၁၉ ခုနှစ်တုန်းက အိမ်နီးချင်း အီတလီနိုင်ငံရဲ ခေါင်းဆောင်တွေက ပြင်သစ်အစိုးရကို လူသိရှင်ကြာ ဝေဖန်မှုတွေ လုပ်ခဲ့တုန်းက ပြင်သစ်က သူ့သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တူရကီသမ္မတ Recep Tayyip Erdogan က ပြင်သစ်သမ္မတ Macron ဟာ စိတ်ရောဂါဆိုင်ရာ ကုသမှု လိုအပ်နေတယ်လို့ ပြောဆိုခဲ့တဲ့ နောက် ပြင်သစ်က တူရကီမှာထားတဲ့သူ့သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။
ပြင်သစ်က Australia အတွက် လျှပ်စစ်- ဒီဇယ်သုံးရေငုပ်သင်္ဘော တည်ဆောက်ပေးမယ့် ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးတန်ကြေးရှိတဲ့ သဘောတူညီချက်အရင်က ရထားတာ ဖြစ်ပါတယ်။ အခု Australia အတွက် နျူကလီယားအားသုံး ရေငုပ်သင်္ဘောကို ဗြိတိန်နဲ့ အမေရိကန်တို့ တည်ဆောက်ပေးမယ့် သဘောတူညီချက်ကို သမ္မတဂျိုးဘိုင်ဒန် ကြေညာခဲ့တာ ဖြစ်ပြီးအဲဒီအချိန်ကစပြီး ပြင်သစ်သမ္မတ Macron ဘက်ကတစုံတရာမှတ်ချက်ပေး ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။