သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးမထုိးတဲ့ ျပင္သစ္ေဆးဝန္ထမ္း ၃,၀၀၀ အလုပ္နားခံရ


အစိုးရ၀န္ထမ္းေတြ ကိုဗစ္ကာကြယ္ေဆးမထိုးမနေရ ျပဌာန္းခ်က္အပေၚ ဆႏၵျပနေတဲ့ ျပင္သစ္ျပည္သူတခ်ိဳ ့

(Zawgyi/Unicode)

ျပင္သစ္အစိုးရ သတ္မွတ္ထားတဲ့ ေနာက္ဆုံးရက္ စက္တင္ဘာ ၁၅ ရက္အထိ ကိုဗစ္ကာကြယ္ေဆး မထိုးၾကတာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈဝန္ထမ္း ၃,၀၀၀ ကို ျပင္သစ္ႏိုင္ငံက အလုပ္ရပ္ဆိုင္းထားလိုက္ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္း ၂.၇ သန္း ရွိတဲ့အနက္ ဝန္ထမ္းအေရအတြက္ ဒါဇင္ေပါင္းမ်ားစြာက ေဆးမထိုးဘဲ အလုပ္ကနားၾကဖို႔ ေ႐ြးခ်ယ္ခဲ့ၾကေၾကာင္း က်န္းမာေရးဝန္ႀကီး Olivier Veran က ေျပာပါတယ္။ ဇူလိုင္လအထိ ကာကြယ္ေဆးမထိုးၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြက ေသာင္းခ်ီရွိခဲ့ပါတယ္။ ခုလို အလုပ္က ရပ္နားလိုက္ရတဲ့ ဝန္ထမ္းအမ်ားစုထဲမွာ ဆရာဝန္နဲ႔ သူနာျပဳ အနည္းငယ္ပဲပါၾကၿပီး အမ်ားစုက အေထာက္အကူျပဳဌာနေတြက ဝန္ထမ္းေတြပါ။

အေမရိကန္၊ Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သတင္းအရင္းအျမစ္ဌာနရဲ႕ ေသာၾကာေန႔မနက္ခင္းအထိ ကိန္းဂဏန္းေတြအရ ျပင္သစ္မွာ ကိုဗစ္ပိုးေတြ႕သူ ၇ သန္း ရွိၿပီး ေသဆုံးသြားသူ ၁၁၆,၀၀၀ ေက်ာ္ ရွိပါတယ္။

အေမရိကန္ႏိုင္ငံ၊ Idaho ျပည္နယ္က ေဆး႐ုံေတြမွာလည္း ကိုဗစ္လူနာေတြနဲ႔ မႏိုင္မနင္း ျဖစ္ေနတဲ့အတြက္ လူအား၊ စက္အား ကုန္သြားၿပီး ခြဲတမ္းစနစ္ကို က်င့္သုံးေနရတယ္လို႔ က်န္းမာေရးနဲ႔ ကယ္ဆယ္ေရးဌာန က ၾကာသပေတးေန႔က ဆိုပါတယ္။

ခြဲတမ္းစနစ္ကို အဆုံးသတ္ႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ လူေတြ ပိုၿပီး ကာကြယ္ေဆး ထိုးၾကတာပါပဲလို႔ က်န္းမာေရးဌာန ၫႊန္ၾကားေရးမွဴးက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဝင္ေငြနည္းနဲ႔ အလယ္အလတ္ဝင္ေငြရွိ တိုင္းျပည္ေတြက ကာကြယ္ေဆး ဝယ္ယူရရွိႏိုင္မယ့္ မဟာဗ်ဴဟာေတြကို ခ်မွတ္ႏိုင္ဖို႔ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ၊ ကမာၻ႔ဘဏ္၊ ကမာၻ႔က်န္းမာေရးအဖြဲ႕နဲ႔ ကမာၻ႔ ကုန္သြယ္ေရးအဖြဲ႕တို႔ဟာ ကာကြယ္ေဆးထုတ္လုပ္သူေတြနဲ႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒီႏွစ္ကုန္ မွာ တိုင္းျပည္တိုင္းရဲ႕ လူဦးေရ ၄၀% နဲ႔ ၂၀၂၂ အလယ္ပိုင္းမွာ အနည္းဆုံး ၆၀% ကာကြယ္ေဆး ရရွိႏိုင္ေအာင္ ရည္မွန္းခ်က္ ခ်မွတ္ထားၾကပါတယ္။

..........................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ ပြင်သစ်ဆေးဝန်ထမ်း ၃,၀၀၀ အလုပ်နားခံရ

(Unicode)

ပြင်သစ်အစိုးရ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် စက်တင်ဘာ ၁၅ ရက်အထိ ကိုဗစ်ကာကွယ်ဆေး မထိုးကြတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၃,၀၀၀ ကို ပြင်သစ်နိုင်ငံက အလုပ်ရပ်ဆိုင်းထားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၂.၇ သန်း ရှိတဲ့အနက် ဝန်ထမ်းအရေအတွက် ဒါဇင်ပေါင်းများစွာက ဆေးမထိုးဘဲ အလုပ်ကနားကြဖို့ ရွေးချယ်ခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီး Olivier Veran က ပြောပါတယ်။ ဇူလိုင်လအထိ ကာကွယ်ဆေးမထိုးကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သောင်းချီရှိခဲ့ပါတယ်။ ခုလို အလုပ်က ရပ်နားလိုက်ရတဲ့ ဝန်ထမ်းအများစုထဲမှာ ဆရာဝန်နဲ့ သူနာပြု အနည်းငယ်ပဲပါကြပြီး အများစုက အထောက်အကူပြုဌာနတွေက ဝန်ထမ်းတွေပါ။

အမေရိကန်၊ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သတင်းအရင်းအမြစ်ဌာနရဲ့ သောကြာနေ့မနက်ခင်းအထိ ကိန်းဂဏန်းတွေအရ ပြင်သစ်မှာ ကိုဗစ်ပိုးတွေ့သူ ၇ သန်း ရှိပြီး သေဆုံးသွားသူ ၁၁၆,၀၀၀ ကျော် ရှိပါတယ်။

အမေရိကန်နိုင်ငံ၊ Idaho ပြည်နယ်က ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေနဲ့ မနိုင်မနင်း ဖြစ်နေတဲ့အတွက် လူအား၊ စက်အား ကုန်သွားပြီး ခွဲတမ်းစနစ်ကို ကျင့်သုံးနေရတယ်လို့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာန က ကြာသပတေးနေ့က ဆိုပါတယ်။

ခွဲတမ်းစနစ်ကို အဆုံးသတ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လူတွေ ပိုပြီး ကာကွယ်ဆေး ထိုးကြတာပါပဲလို့ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဝင်ငွေနည်းနဲ့ အလယ်အလတ်ဝင်ငွေရှိ တိုင်းပြည်တွေက ကာကွယ်ဆေး ဝယ်ယူရရှိနိုင်မယ့် မဟာဗျူဟာတွေကို ချမှတ်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တို့ဟာ ကာကွယ်ဆေးထုတ်လုပ်သူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီနှစ်ကုန် မှာ တိုင်းပြည်တိုင်းရဲ့ လူဦးရေ ၄၀% နဲ့ ၂၀၂၂ အလယ်ပိုင်းမှာ အနည်းဆုံး ၆၀% ကာကွယ်ဆေး ရရှိနိုင်အောင် ရည်မှန်းချက် ချမှတ်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG