သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ျဖည့္စြက္ကာကြယ္ေဆးထိုးေရး ကြၽမ္းက်င္သူေတြကန႔္ကြက္


အစၥရေးနိုင္ငံမွာ အသက္ ၅၀ အထက္ တေြကို စတင္ထိုးေပးနေတဲ့ ကိုဗစ္အားျဖည့္ကာကြယ္ေဆး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

COVID-19 ကာကြယ္ေဆး ႏွစ္ႀကိမ္အျပည့္ ထိုးၿပီးသူေတြကို ေနာက္ထပ္ ျဖည့္စြက္ကာကြယ္ေဆး ထိုးေပးမယ့္ စဥ္းစားခ်က္အေပၚ ကာကြယ္ေဆးဆိုင္ရာ ႏုိင္ငံတကာကၽြမ္းက်င္သူေတြက ကန္႔ကြက္ေနၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူအေရအတြက္ ျပန္ၿပီးတိုးလာေနတဲ့အေမရိကန္နဲ႔ တျခားႏုိင္ငံေတြမွာ ျဖည့္စြက္ကာကြယ္ေဆး ထပ္ထိုးေပးဖို႔ ႀကိဳးပမ္းတာေတြ ရွိေနခ်ိန္မွာပဲ ကၽြမ္းက်င္သူေတြရဲ႕ ကန္႔ကြက္ေျပာဆိုခ်က္ ထြက္လာတာပါ။

ကူးစက္ျမန္ Delta မ်ဳိးဗီဇကြဲ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတဲ့ၾကားမွာပဲ ကမာၻတဝန္း လက္ရွိအသံုးျပဳေနတဲ့ ကိုဗစ္ကာကြယ္ေဆးေတြဟာ အထူးသျဖင့္ အျပင္းအထန္ ဖ်ားနာမႈနဲ႔ ေဆး႐ံုတက္ရတဲ့ အေျခအေနေတြကေန ေကာင္းေကာင္း အကာအကြယ္ေပးႏုိင္ဆဲျဖစ္တယ္လို႔ တနလၤာေန႔ထုတ္ The Lancet ေဆးပညာဆုိင္ရာဂ်ာနယ္ပါ အက္ေဆးတပုဒ္မွာ ကၽြမ္းက်င္သူေတြက ေျပာထားပါတယ္။

ဒီႏွစ္အစပိုင္းက Pfizer ကာကြယ္ေဆးႏွစ္လံုးထိုးခဲ့တဲ့ လူႀကီးေတြၾကားမွာ ကာကြယ္ေဆးရဲ႕ထိေရာက္မႈ သိသိသာသာေလ်ာ့က်သြားတယ္လုိ႔ အစၥေရးလ္ႏုိင္ငံမွာလုပ္တဲ့ ေလ့လာခ်က္ေတြကေန ေတြ႔ခဲ့ၿပီးတဲ့ေနာက္ COVID-19 ျဖည့္စြက္ကာကြယ္ေဆး ထပ္ထိုးဖို႔ စဥ္းစားလာၾကတာပါ။ အဲဒီေလ့လာခ်က္ ရလဒ္ေတြေၾကာင့္ အစၥေရးလ္မွာ အသက္ ၅၀ နဲ႔အထက္ေတြကို ျဖည့္စြက္ကာကြယ္ေဆး ထိုးေပးခဲ့ပါတယ္။
ႏွစ္ႀကိမ္အျပည့္ထိုးၿပီးတဲ့ေနာက္ ျဖည့္စြက္ကာကြယ္ေဆး ထပ္ထိုးမယ့္အစား ဗီဇမ်ဳိးကြဲ COVID-19 ေရာဂါေတြကို ကာကြယ္ႏုိင္မယ့္ေဆးေတြကို ျပဳျပင္မြမ္းမံၿပီး ထုတ္လုပ္တာက ပိုေကာင္းတယ္လုိ႔ ကၽြမ္းက်င္သူေတြက အၾကံျပဳၾကပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ် ဖြည့်စွက်ကာကွယ်ဆေးထိုးရေး ကျွမ်းကျင်သူတွေကန့်ကွက်

(Unicode)

COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသူတွေကို နောက်ထပ် ဖြည့်စွက်ကာကွယ်ဆေး ထိုးပေးမယ့် စဉ်းစားချက်အပေါ် ကာကွယ်ဆေးဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေက ကန့်ကွက်နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ပြန်ပြီးတိုးလာနေတဲ့အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ ဖြည့်စွက်ကာကွယ်ဆေး ထပ်ထိုးပေးဖို့ ကြိုးပမ်းတာတွေ ရှိနေချိန်မှာပဲ ကျွမ်းကျင်သူတွေရဲ့ ကန့်ကွက်ပြောဆိုချက် ထွက်လာတာပါ။

ကူးစက်မြန် Delta မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကြားမှာပဲ ကမ္ဘာတဝန်း လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ အထူးသဖြင့် အပြင်းအထန် ဖျားနာမှုနဲ့ ဆေးရုံတက်ရတဲ့ အခြေအနေတွေကနေ ကောင်းကောင်း အကာအကွယ်ပေးနိုင်ဆဲဖြစ်တယ်လို့ တနင်္လာနေ့ထုတ် The Lancet ဆေးပညာဆိုင်ရာဂျာနယ်ပါ အက်ဆေးတပုဒ်မှာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဒီနှစ်အစပိုင်းက Pfizer ကာကွယ်ဆေးနှစ်လုံးထိုးခဲ့တဲ့ လူကြီးတွေကြားမှာ ကာကွယ်ဆေးရဲ့ထိရောက်မှု သိသိသာသာလျော့ကျသွားတယ်လို့ အစ္စရေးလ်နိုင်ငံမှာလုပ်တဲ့ လေ့လာချက်တွေကနေ တွေ့ခဲ့ပြီးတဲ့နောက် COVID-19 ဖြည့်စွက်ကာကွယ်ဆေး ထပ်ထိုးဖို့ စဉ်းစားလာကြတာပါ။ အဲဒီလေ့လာချက် ရလဒ်တွေကြောင့် အစ္စရေးလ်မှာ အသက် ၅၀ နဲ့အထက်တွေကို ဖြည့်စွက်ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
နှစ်ကြိမ်အပြည့်ထိုးပြီးတဲ့နောက် ဖြည့်စွက်ကာကွယ်ဆေး ထပ်ထိုးမယ့်အစား ဗီဇမျိုးကွဲ COVID-19 ရောဂါတွေကို ကာကွယ်နိုင်မယ့်ဆေးတွေကို ပြုပြင်မွမ်းမံပြီး ထုတ်လုပ်တာက ပိုကောင်းတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG