သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၂,၃၁၀၊ ေသဆံုး ၉၂ ေယာက္တိုး


တရုတ္နိုင္ငံလုပ္ Sinovac ကိုဗစ္ကာကြယ္ေဆးမ်ား (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း ကိုဗစ္-၁၉ တတိယလႈိင္းဒဏ္ အျပင္းအထန္ ခံစားခဲ့ရတဲ့ ျမန္မာႏိုင္ငံမွာေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ ေလ်ာ့က်သြားၿပီဆိုေပမယ့္ အခုခ်ိန္ထိ ေရာဂါပိုး ကူးစက္၊ ေသဆုံးသူေတြ ဆက္ရွိေနဆဲပါ။

က်န္းမာေရး၀န္ႀကီးဌာနက ဒီေန႔ စက္တင္ဘာလ ၉ ရက္ေန႔ည ၈ နာရီမွာထုတ္ျပန္တဲ့ စာရင္းအရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲစမ္းသပ္မႈေပါင္း ၂၅,၆၂၂ ခုကို စစ္ေဆးခဲ့တာမွာ ၂,၃၁၀ ေယာက္မွာ ေရာဂါပိုး ကူးစက္ေနတာ ေတြ႕ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာဘဲ ေသဆုံးသူ ၉၂ ဦးရွိၿပီး ေသဆုံးသူ စုစုေပါင္း ၁၆,၂၆၅ ဦး ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္ကာကြယ္ေဆး ထိုးလုပ္ငန္းေတြကိုလည္း ႏိုင္ငံတဝန္း လုပ္ေဆာင္ေနၿပီး အခုထိ ကာကြယ္ေဆးအျပည့္ထိုးၿပီးတဲ့ လူဦးေရဟာ ၄ သန္း ၈ သိန္းေက်ာ္ ရွိသြားၿပီလို႔ က်န္းမာေရးဌာနက စက္တင္ဘာ ၇ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံထုတ္ ကာကြယ္ေဆးေတြကိုအဓိကထား အသုံးျပဳထိုးေပးေနတာျဖစ္ၿပီး တ႐ုတ္အစိုးရကလည္း သူ႔ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္တေလွ်ာက္ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ကၿမိဳ႕ေတြမွာ ကာကြယ္ေဆးထိုးေပးဖို႔ ေဆး ၁ သန္း ထပ္ ေပးပို႔လႈဒါန္းထားပါတယ္။
ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္နယ္၊ တိုင္းေဒသႀကီးအသီးသီးမွာ Stay at home မလိုအပ္ဘဲ ေနအိမ္အျပင္မထြက္ရ အမိန္႔ထုတ္ျပန္တဲ့ၿမိဳ႕နယ္ေပါင္း ၁၁၉ ၿမိဳ႕ရွိၿပီး အစိုးရ႐ုံးေတြကိုလည္း စက္တင္ဘာလကုန္အထိ ပိတ္ထားဖို႔ က်န္းမာေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

..................................................................................

မြန်မာ COVID-19 ကူးစက်သူ ၂,၃၁၀၊ သေဆုံး ၉၂ ယောက်တိုး

(Unicode)

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံမှာရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် လျော့ကျသွားပြီဆိုပေမယ့် အခုချိန်ထိ ရောဂါပိုး ကူးစက်၊ သေဆုံးသူတွေ ဆက်ရှိနေဆဲပါ။

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၂၅,၆၂၂ ခုကို စစ်ဆေးခဲ့တာမှာ ၂,၃၁၀ ယောက်မှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဘဲ သေဆုံးသူ ၉၂ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆,၂၆၅ ဦး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးလုပ်ငန်းတွေကိုလည်း နိုင်ငံတဝန်း လုပ်ဆောင်နေပြီး အခုထိ ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ လူဦးရေဟာ ၄ သန်း ၈ သိန်းကျော် ရှိသွားပြီလို့ ကျန်းမာရေးဌာနက စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးတွေကိုအဓိကထား အသုံးပြုထိုးပေးနေတာဖြစ်ပြီး တရုတ်အစိုးရကလည်း သူ့နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကမြို့တွေမှာ ကာကွယ်ဆေးထိုးပေးဖို့ ဆေး ၁ သန်း ထပ် ပေးပို့လှုဒါန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှာ Stay at home မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်တဲ့မြို့နယ်ပေါင်း ၁၁၉ မြို့ရှိပြီး အစိုးရရုံးတွေကိုလည်း စက်တင်ဘာလကုန်အထိ ပိတ်ထားဖို့ ကျန်းမာရေးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG