သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေဒါက္တာဆာဆာရဲ႕ ကိုဗစ္အေတြ႕အႀကဳံ


Dr Sa Sa, Minister of International cooperation of NUG

ကိုဗစ္-၁၉ ေရာဂါ ဆိုးဆိုးဝါးဝါး ကူးစက္ခံခဲ့ရတဲ့ NUG အျပည္ျပည္ဆိုင္ရာဝန္ႀကီး ေဒါက္တာဆာဆာဟာ ကာကြယ္ေဆးထိုးခဲ့တဲ့ အတြက္ ေရာဂါကို ျပန္ၿပီး ခုခံႏိုင္ခဲ့တယ္လို႔ ဗြီအိုေအကို ေျပာျပပါတယ္။

ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္အစိုးရလက္ထက္ ကိုဗစ္လႈိင္း ပထမအႀကိမ္႐ိုက္ခတ္ခဲ့တုန္းက သူ႔ကိုယ္တိုင္ ခ်င္းျပည္နယ္မွာ ကိုဗစ္ကာကြယ္ တိုက္ဖ်က္ေရး စြမ္းစြမ္းတမံလုပ္ခဲ့ေပမယ့္ အခု တတိယလႈိင္း အလူးအလဲခံရခ်ိန္မွာ ျပည္ပ တေနရာကို ေရာက္ေနတဲ့ ေဒါက္တာဆာဆာ ကိုယ္တိုင္ ကိုဗစ္ကို ရင္ဆိုင္ခ်ိန္ ဘယ္လိုျဖတ္သန္းခဲ့သလို၊ ကာကြယ္ေဆး ဘယ္ေလာက္အေရးႀကီးသလဲ စတာေတြကို မအင္ၾကင္းႏိုင္က ဗြီဒီယိုကြန္ဖရင့္နဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုယ္တိုင္ဆရာဝန္တေယာက္ျဖစ္ေပမဲ့ လက္ရွိထမ္းေဆာင္ေနတဲ့ တာဝန္ဝတၱရားဖိစီးမႈဒဏ္နဲ႔ ဗီဇေျပာင္း Delta မ်ိဳးကြဲေၾကာင့္ ကူးစက္မႈျပင္းထန္ေနခ်ိန္ ကိုဗစ္-၁၉ ေရာဂါကို သီတင္းငါးပတ္ၾကာ အလူးအလဲခံစားခဲ့ရတဲ့ အေတြ႕အႀကဳံကို ေဒါက္တာဆာဆာက အခုလိုေျပာျပပါတယ္။

"က်ေနာ္မွာ ဒီေတာ္လွန္ေရးကာလမွာ ပါဝင္ျခင္းအားျဖင့္ က်ေနာ့္မွာ ဖိအားေတြ အမ်ားႀကီးရွိတယ္။ အလုပ္က တဖက္၊ ေရာဂါက တဖက္ဆိုေတာ့ အဲဒီႏွစ္ခုကို က်ေနာ္ တခါတည္းနဲ႔ ရင္ဆိုင္တဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးခံလိုက္ရတယ္။ ဒါေပမဲ့ ေကာင္းတာတခုကေတာ့ က်ေနာ္တို႔ ဆရာဝန္ေတာ္ေတာ္မ်ားမ်ား ဟာလည္း အနည္းဆုံး ဆရာဝန္ေလးေယာက္က ဒါကို အၿမဲတန္းေစာင့္ၾကည့္ၿပီးေတာ့ အႀကံဉာဏ္ေတြေပးတယ္။ ကုသဖို႔အတြက္လည္း လမ္းၫႊန္ေပးတယ္။ သူတို႔က ကိုဗစ္-၁၉ ေရာဂါကို ၾကည့္ရႈကုသေပးခဲ့တဲ့ ဆရာဝန္ႀကီးေတြဆိုေတာ့ အျပည္ျပည္ဆိုင္ရာက နာမည္ႀကီး ဆရာဝန္ေတြလည္းျဖစ္တယ္ဆိုေတာ့ သူတို႔ရဲ႕ ကူညီမႈေၾကာင့္လည္း က်ေနာ္အႀကီးအက်ယ္ ေဝဒနာခံရမယ့္အထိကိုေတာ့ မခံစားလိုက္ရဘူး။ ဒါေပမဲ့ ဆိုးဆိုးဝါးဝါး ေတာ့ ျဖစ္ခဲ့တယ္။"

ကိုဗစ္မျဖစ္ခင္ ကာကြယ္ေဆး ပထမအႀကိမ္ထိုးခဲ့တဲ့အတြက္ ေဝဒနာကို ခုခံရာမွာ အေထာက္အကူျဖစ္ခဲတဲ့အေတြ႕အႀကဳံကိုလည္း သူကေျပာျပပါတယ္။

" အျပည့္အ၀ ျပန္ၿပီးေကာင္းမြန္လာတာမ်ိဳး မျဖစ္ေသးေပမဲ့ အဆိုးဆုံးကို က်ေနာ္ ေက်ာ္လႊားလာခဲ့ၿပီဆိုေတာ့ ျမန္မာျပည္မွာ ျပည္သူလူထုေတြထဲ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ မိသားစုဝင္ေတြ နဲ႔ ထပ္တူထပ္မွ် ဝမ္းနည္းေၾကာင္းနဲ႔ တဖက္က ေျပာမယ္ဆိုရင္ က်ေနာ္ကိုယ္တိုင္ ဒါကို ခံစားခဲ့ရေတာ့ ေနာက္ၿပီး က်ေနာ္ ကိုဗစ္ကာကြယ္ေဆး ထိုးခဲ့တဲ့အတြက္ေၾကာင့္ အဆိုးဆုံးထိ မေရာက္ခဲ့ဘူးလို႔ က်ေနာ္ေျပာလို႔ရတယ္။ ဒါေၾကာင့္မို႔လို႔ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြကိုလည္း ျမန္မာျပည္သူလလက္ထဲ အတတ္ႏိုင္ဆုံးႀကိဳးစားၿပီးေတာ့ ေရာက္လာတဲ့တေန႔က်ရင္ ျမန္မာျပည္သူလူထုေတြထဲ ထိုးသင့္ထိုးထိုက္သူအားလုံးအေနနဲ႔ ကာကြယ္ေဆးေရာက္တဲ့အခ်ိန္မွာ အားလုံး ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့အေနနဲ႔ ထိုးၾကပါလို႔ ေမတၱာရပ္ခံခ်င္တယ္။"

စစ္အာဏာသိမ္းမႈအျပင္ ကိုဗစ္တတိယလႈိင္းကိုပါ အလူးအလဲခံေနရတဲ့ ျမန္မာျပည္သူေတြရင္ဆိုင္ေနရတဲ့ အေျခအေနကို သူကတဆက္တည္း အခုလိုေျပာသြားပါတယ္။

" ဒီလိုအခက္အခဲေတြ ရင္ဆိုင္ေနရခ်ိန္မွာ ကိုဗစ္-၁၉ အၾကပ္အတည္း၊ လူသားခ်င္းစာနာမႈအက်ပ္အတည္း၊ စစ္ေကာင္စီဖက္က ရက္စက္ၾကမ္းၾကဳတ္မႈ စတာေတြကို ရင္ဆိုင္ေနရခ်ိန္မွာ က်ေနာ္တို႔အားလံုး အားတင္းထားဖို႔လိုတယ္။ အေမွာင္ဆိုးကာလဟာ က်ေနာ္တို႔အတြက္ ရာသက္ပန္မဟုတ္ပါဘူး။ ေလာေလာဆယ္ႀကံဳေတြ႕ေနရတဲ့ ျပႆနာပဲျဖစ္ပါတယ္။ ဒါဟာ က်ေနာ္တို႔ရဲ႕ အနာဂတ္လည္းမဟုတ္ပါဘူး။ ဒီအခက္အခဲကို က်ေနာ္တို႔ အတူတကြေက်ာ္လႊားၾကမယ္။ အတူတကြ လက္တဲြၿပီး ခ်ီတက္ရင္ေတာ့ အားလံုးကို မေက်ာ္ျဖတ္ႏိုင္စရာ အေၾကာင္းလည္း မရွိသလို ဒီအခက္အခဲေတြအားလံုးကို ေက်ာ္လႊားႏိုင္ၾကပါေစလို႔လည္း ဆုမြန္ေကာင္းေတာင္းေပးပါတယ္။"

လက္ရွိ NUG အစိုးရအေနနဲ႔ ျမန္မာျပည္သူေတြ လိုအပ္ေနတဲ့ ကိုဗစ္ကာကြယ္ေဆးအတြက္ ဘယ္လိုလမ္းေၾကာင္းေတြကေန ရရွိႏိုင္သလဲဆိုတဲ့ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔ ကမာၻတဝန္း ကိုဗစ္ေရာဂါ ကာကြယ္ေဆး ရရွိေရး COVAX အစီအစဥ္နဲ႔ ေဆြးေႏြးေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာဆာဆာက ေျပာသြားပါတယ္။

---------------

ဒေါက်တာဆာဆာရဲ့ ကိုဗစ်အတွေ့အကြုံ

ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါး ကူးစက်ခံခဲ့ရတဲ့ NUG အပြည်ပြည်ဆိုင်ရာဝန်ကြီး ဒေါက်တာဆာဆာဟာ ကာကွယ်ဆေးထိုးခဲ့တဲ့ အတွက် ရောဂါကို ပြန်ပြီး ခုခံနိုင်ခဲ့တယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ကိုဗစ်လှိုင်း ပထမအကြိမ်ရိုက်ခတ်ခဲ့တုန်းက သူ့ကိုယ်တိုင် ချင်းပြည်နယ်မှာ ကိုဗစ်ကာကွယ် တိုက်ဖျက်ရေး စွမ်းစွမ်းတမံလုပ်ခဲ့ပေမယ့် အခု တတိယလှိုင်း အလူးအလဲခံရချိန်မှာ ပြည်ပ တနေရာကို ရောက်နေတဲ့ ဒေါက်တာဆာဆာ ကိုယ်တိုင် ကိုဗစ်ကို ရင်ဆိုင်ချိန် ဘယ်လိုဖြတ်သန်းခဲ့သလို၊ ကာကွယ်ဆေး ဘယ်လောက်အရေးကြီးသလဲ စတာတွေကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပေမဲ့ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်ဝတ္တရားဖိစီးမှုဒဏ်နဲ့ ဗီဇပြောင်း Delta မျိုးကွဲကြောင့် ကူးစက်မှုပြင်းထန်နေချိန် ကိုဗစ်-၁၉ ရောဂါကို သီတင်းငါးပတ်ကြာ အလူးအလဲခံစားခဲ့ရတဲ့ အတွေ့အကြုံကို ဒေါက်တာဆာဆာက အခုလိုပြောပြပါတယ်။

"ကျနော်မှာ ဒီတော်လှန်ရေးကာလမှာ ပါဝင်ခြင်းအားဖြင့် ကျနော့်မှာ ဖိအားတွေ အများကြီးရှိတယ်။ အလုပ်က တဖက်၊ ရောဂါက တဖက်ဆိုတော့ အဲဒီနှစ်ခုကို ကျနော် တခါတည်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ တော်တော်လေးခံလိုက်ရတယ်။ ဒါပေမဲ့ ကောင်းတာတခုကတော့ ကျနော်တို့ ဆရာဝန်တော်တော်များများ ဟာလည်း အနည်းဆုံး ဆရာဝန်လေးယောက်က ဒါကို အမြဲတန်းစောင့်ကြည့်ပြီးတော့ အကြံဉာဏ်တွေပေးတယ်။ ကုသဖို့အတွက်လည်း လမ်းညွှန်ပေးတယ်။ သူတို့က ကိုဗစ်-၁၉ ရောဂါကို ကြည့်ရှုကုသပေးခဲ့တဲ့ ဆရာဝန်ကြီးတွေဆိုတော့ အပြည်ပြည်ဆိုင်ရာက နာမည်ကြီး ဆရာဝန်တွေလည်းဖြစ်တယ်ဆိုတော့ သူတို့ရဲ့ ကူညီမှုကြောင့်လည်း ကျနော်အကြီးအကျယ် ဝေဒနာခံရမယ့်အထိကိုတော့ မခံစားလိုက်ရဘူး။ ဒါပေမဲ့ ဆိုးဆိုးဝါးဝါး တော့ ဖြစ်ခဲ့တယ်။"

ကိုဗစ်မဖြစ်ခင် ကာကွယ်ဆေး ပထမအကြိမ်ထိုးခဲ့တဲ့အတွက် ဝေဒနာကို ခုခံရာမှာ အထောက်အကူဖြစ်ခဲတဲ့အတွေ့အကြုံကိုလည်း သူကပြောပြပါတယ်။

" အပြည့်အ၀ ပြန်ပြီးကောင်းမွန်လာတာမျိုး မဖြစ်သေးပေမဲ့ အဆိုးဆုံးကို ကျနော် ကျော်လွှားလာခဲ့ပြီဆိုတော့ မြန်မာပြည်မှာ ပြည်သူလူထုတွေထဲ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မိသားစုဝင်တွေ နဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းနဲ့ တဖက်က ပြောမယ်ဆိုရင် ကျနော်ကိုယ်တိုင် ဒါကို ခံစားခဲ့ရတော့ နောက်ပြီး ကျနော် ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့တဲ့အတွက်ကြောင့် အဆိုးဆုံးထိ မရောက်ခဲ့ဘူးလို့ ကျနော်ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကိုလည်း မြန်မာပြည်သူလလက်ထဲ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရောက်လာတဲ့တနေ့ကျရင် မြန်မာပြည်သူလူထုတွေထဲ ထိုးသင့်ထိုးထိုက်သူအားလုံးအနေနဲ့ ကာကွယ်ဆေးရောက်တဲ့အချိန်မှာ အားလုံး ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ထိုးကြပါလို့ မေတ္တာရပ်ခံချင်တယ်။"

စစ်အာဏာသိမ်းမှုအပြင် ကိုဗစ်တတိယလှိုင်းကိုပါ အလူးအလဲခံနေရတဲ့ မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေအနေကို သူကတဆက်တည်း အခုလိုပြောသွားပါတယ်။

" ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ ကိုဗစ်-၁၉ အကြပ်အတည်း၊ လူသားချင်းစာနာမှုအကျပ်အတည်း၊ စစ်ကောင်စီဖက်က ရက်စက်ကြမ်းကြုတ်မှု စတာတွေကို ရင်ဆိုင်နေရချိန်မှာ ကျနော်တို့အားလုံး အားတင်းထားဖို့လိုတယ်။ အမှောင်ဆိုးကာလဟာ ကျနော်တို့အတွက် ရာသက်ပန်မဟုတ်ပါဘူး။ လောလောဆယ်ကြုံတွေ့နေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အနာဂတ်လည်းမဟုတ်ပါဘူး။ ဒီအခက်အခဲကို ကျနော်တို့ အတူတကွကျော်လွှားကြမယ်။ အတူတကွ လက်တွဲပြီး ချီတက်ရင်တော့ အားလုံးကို မကျော်ဖြတ်နိုင်စရာ အကြောင်းလည်း မရှိသလို ဒီအခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။"

လက်ရှိ NUG အစိုးရအနေနဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် ဘယ်လိုလမ်းကြောင်းတွေကနေ ရရှိနိုင်သလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ရရှိရေး COVAX အစီအစဉ်နဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့ ဒေါက်တာဆာဆာက ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG