ကိုဗစ္-19 ေရာဂါျဖစ္ၿပီးေနာက္ ႏံုးခ်ည့္၊ ဆံုးျဖတ္ရခက္၊ ရုတ္တရက္မူးလဲ၊ အဆုပ္ထိခိုက္၊ စိတ္ထိခိုက္တာေတြအျပင္၊ ဆီးခ်ဳိနဲ႔ေက်ာက္ကပ္ေရာဂါေတြလည္း ျဖစ္ႏိုင္ပါတယ္။
ကိုဗစ္ေရာဂါပိုးအေနနဲ႔ အဆုပ္ကို အဓိက ထိခိုက္ေစေပမယ့္ ေနာက္ဆက္တြဲအျဖစ္ ဆီးခ်ဳိနဲ႔ ေက်ာက္ကပ္ေရာဂါေတြလည္း ဆက္ျဖစ္ေစရာမွာ ျမန္မာႏိုင္ငံမွာ ဆီးခ်ိဳေရာဂါ အဓိကပိုျဖစ္လာတာကို ေတြ႔ရပါတယ္။ တခ်ိဳ ႔လူနာေတြမွာ၊ ကိုဗစ္ျဖစ္ေနခ်ိန္မွာပဲ ဆီးခ်ဳိပါတက္လာၿပီး၊ ဆီးခ်ိဳထိုးေဆး (Insulin) နဲ႔ပါ ကုသရတဲ့အဆင့္ ေရာက္ခဲ့ၾကေပမယ့္၊ ကိုဗစ္ျပန္ေကာင္းလာခ်ိန္မွာ ဆီးခ်ဳိေသာက္ေဆး ေျပာင္းေသာက္ႏိုင္ခဲ့ၾကပါတယ္။ ကိုဗစ္ျဖစ္အၿပီး ေနာက္ဆက္တြဲ ဆီးခ်ဳိျဖစ္လာသူေတြအေနနဲ႔ေတာ့၊ ဆီးခ်ိဳေဆးေတြ ဆက္ေသာက္သင့္ပါတယ္။ ဒီေနရာမွာ အေရးႀကီးတာက ကိုဗစ္ျဖစ္အၿပီး ဆီးခ်ဳိျဖစ္လာ၊ မလာ သိႏိုင္ဖို႔၊ ဆီးခ်ိဳေသြး ေဖာက္စစ္ၾကည့္ဖို႔ လိုလာတာပါ။ ဆီးခ်ဳိရွိလာလွ်င္ေတာ့၊ ေဆးအျပင္၊ အစားအေသာက္ပါ ေျပာင္းစားဖို႔ လိုလာရာမွာ၊ ထမင္းလို ကဆီဓာတ္ကိုေလ်ွာ့စားၿပီး၊ အသားဓာတ္ (ငါးနဲ႔ပဲအပါအဝင္) နဲ႔ ဟင္းသီးဟင္းရြက္ေတြ ပိုစားေပးျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။
ကိုဗစ္ျဖစ္အၿပီး ေက်ာက္ကပ္နဲ႔ဆီးေရာဂါ ေနာက္ဆက္တြဲေတြ ျဖစ္တာကေတာ့၊ ျမန္မာႏိုင္ငံမွာ အခုအခ်ိန္ထိ သိပ္မေတြ႔ရေသးပါဘူး။ ျမန္မာႏိုင္ငံမွာ အခုလိုျဖစ္ေနေသးတာက အီတလီမွာ ျဖစ္ခဲ့တဲ့ျဖစ္စဥ္နဲ႔တူေပမယ့္၊ နယူးေယာက္မွာတုန္းကေတာ့ ကိုဗစ္အမ်ားအျပား ျဖစ္ခဲ့အၿပီး ဆီးခ်ိဳအျပင္၊ ေက်ာက္ကပ္ထိတာ (၅) % နဲ႔ အဆုပ္ေပါက္တာေတြအထိပါ ေတြ႔ခဲ့ရပါတယ္။ အခုလို ေက်ာက္ကပ္ထိတာနဲ႔ အဆုပ္ေပါက္တာေတြကို အီတလီမွာ မေတြ႔ခဲ့ရသလုိ၊ ျမန္မာနဲ႔ ေနာက္ထပ္ဆင္တူတာက၊ အရင္ေျပာခဲ့သလို အသက္ႀကီးသူေတြ ရုတ္တရက္အမ်ားအျပား ေသဆံုးကုန္ၾကရတာပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံက ကိုဗစ္ျဖစ္အၿပီး လူနာေတြရဲ့ ေနာက္ဆက္တြဲ မွတ္တမ္းေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ မသိရေသးတာမို႔၊ ဆက္ၿပီးေတာ့ေစာင့္ၾကည့္ဖို႔ လိုပါဦးမယ္။
ေနာက္ဆံုးအေရးႀကီးတာကေတာ့၊ ကိုဗစ္ျဖစ္အၿပီး ျဖစ္လာႏိုင္တဲ့ အခုလို ေနာက္ဆက္တြဲေတြအတြက္၊ ဆရာဝန္ေတြဘက္ကလည္း လူနာေတြေျပာျပလာလွ်င္ အေလးေပး နားေထာင္သင့္သလို၊ လူနာေတြဘက္ကလည္း ဒီေနာက္ဆက္တြဲ လကၡဏာေတြျပလာလွ်င္ အိမ္မွာႀကိတ္မွိတ္ ကုမေနဘဲ၊ နီးစပ္ရာ ကၽြမ္းက်င္သူေတြနဲ႔ ျပသသင့္ပါတယ္။ အထူးသျဖင့္ေတာ့ ၿပီးခဲ့တဲ့အပတ္ကေျပာခဲ့တဲ့ အသက္အႏၱရာယ္အထိ စိုးရိမ္ရတဲ့ စိတ္ပိုင္းဆိုင္ရာ ေနာက္ဆက္တြဲ (စိတ္ဒဏ္ရာ PTSD နဲ႔ အသက္ရွင္က်န္ခဲ့သူရဲ့ စိတ္ဖိစီးအျပစ္တင္မူ Survival Guilt) ေတြျဖစ္လာလွ်င္ ပိုမိုဂရုတစိုက္ ကုသမူခံယူဖို႔ အေရးႀကီးပါတယ္။
ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔မွာ ကိုဗစ္လူနာေတြကို ကုသေပးေနၿပီး၊ ျမန္မာျပည္က လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ Wyckoff Heights ေဆးရံု ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္အား ဆက္သြယ္ေမးျမန္းထားပါတယ္။
=== Unicode ===
ကိုဗစ်-19 ရောဂါဖြစ်ပြီးနောက် နုံးချည့်၊ ဆုံးဖြတ်ရခက်၊ ရုတ်တရက်မူးလဲ၊ အဆုပ်ထိခိုက်၊ စိတ်ထိခိုက်တာတွေအပြင်၊ ဆီးချိုနဲ့ကျောက်ကပ်ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။
ကိုဗစ်ရောဂါပိုးအနေနဲ့ အဆုပ်ကို အဓိက ထိခိုက်စေပေမယ့် နောက်ဆက်တွဲအဖြစ် ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေလည်း ဆက်ဖြစ်စေရာမှာ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ အဓိကပိုဖြစ်လာတာကို တွေ့ရပါတယ်။ တချို့လူနာတွေမှာ၊ ကိုဗစ်ဖြစ်နေချိန်မှာပဲ ဆီးချိုပါတက်လာပြီး၊ ဆီးချိုထိုးဆေး (Insulin) နဲ့ပါ ကုသရတဲ့အဆင့် ရောက်ခဲ့ကြပေမယ့်၊ ကိုဗစ်ပြန်ကောင်းလာချိန်မှာ ဆီးချိုသောက်ဆေး ပြောင်းသောက်နိုင်ခဲ့ကြပါတယ်။ ကိုဗစ်ဖြစ်အပြီး နောက်ဆက်တွဲ ဆီးချိုဖြစ်လာသူတွေအနေနဲ့တော့၊ ဆီးချိုဆေးတွေ ဆက်သောက်သင့်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ကိုဗစ်ဖြစ်အပြီး ဆီးချိုဖြစ်လာ၊ မလာ သိနိုင်ဖို့၊ ဆီးချိုသွေး ဖောက်စစ်ကြည့်ဖို့ လိုလာတာပါ။ ဆီးချိုရှိလာလျှင်တော့၊ ဆေးအပြင်၊ အစားအသောက်ပါ ပြောင်းစားဖို့ လိုလာရာမှာ၊ ထမင်းလို ကဆီဓာတ်ကိုလျှော့စားပြီး၊ အသားဓာတ် (ငါးနဲ့ပဲအပါအဝင်) နဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ကိုဗစ်ဖြစ်အပြီး ကျောက်ကပ်နဲ့ဆီးရောဂါ နောက်ဆက်တွဲတွေ ဖြစ်တာကတော့၊ မြန်မာနိုင်ငံမှာ အခုအချိန်ထိ သိပ်မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ အခုလိုဖြစ်နေသေးတာက အီတလီမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့တူပေမယ့်၊ နယူးယောက်မှာတုန်းကတော့ ကိုဗစ်အများအပြား ဖြစ်ခဲ့အပြီး ဆီးချိုအပြင်၊ ကျောက်ကပ်ထိတာ (၅) % နဲ့ အဆုပ်ပေါက်တာတွေအထိပါ တွေ့ခဲ့ရပါတယ်။ အခုလို ကျောက်ကပ်ထိတာနဲ့ အဆုပ်ပေါက်တာတွေကို အီတလီမှာ မတွေ့ခဲ့ရသလို၊ မြန်မာနဲ့ နောက်ထပ်ဆင်တူတာက၊ အရင်ပြောခဲ့သလို အသက်ကြီးသူတွေ ရုတ်တရက်အများအပြား သေဆုံးကုန်ကြရတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက ကိုဗစ်ဖြစ်အပြီး လူနာတွေရဲ့ နောက်ဆက်တွဲ မှတ်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် မသိရသေးတာမို့၊ ဆက်ပြီးတော့စောင့်ကြည့်ဖို့ လိုပါဦးမယ်။
နောက်ဆုံးအရေးကြီးတာကတော့၊ ကိုဗစ်ဖြစ်အပြီး ဖြစ်လာနိုင်တဲ့ အခုလို နောက်ဆက်တွဲတွေအတွက်၊ ဆရာဝန်တွေဘက်ကလည်း လူနာတွေပြောပြလာလျှင် အလေးပေး နားထောင်သင့်သလို၊ လူနာတွေဘက်ကလည်း ဒီနောက်ဆက်တွဲ လက္ခဏာတွေပြလာလျှင် အိမ်မှာကြိတ်မှိတ် ကုမနေဘဲ၊ နီးစပ်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့အပတ်ကပြောခဲ့တဲ့ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ (စိတ်ဒဏ်ရာ PTSD နဲ့ အသက်ရှင်ကျန်ခဲ့သူရဲ့ စိတ်ဖိစီးအပြစ်တင်မူ Survival Guilt) တွေဖြစ်လာလျှင် ပိုမိုဂရုတစိုက် ကုသမူခံယူဖို့ အရေးကြီးပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေကို ကုသပေးနေပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ Wyckoff Heights ဆေးရုံ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်အား ဆက်သွယ်မေးမြန်းထားပါတယ်။