သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နာလန္ထ အဓိကသတိျပဳစရာ


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္ တပ္ဆင္ေပးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။
ကိုဗစ္နာလန္ထ အဓိကသတိျပဳစရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 တတိယလႈိင္းအတြင္း လူအမ်ားအျပား ကိုဗစ္ ကူးစက္ခံခဲ့ရၿပီး ျပန္ၿပီးနာလန္ထလာခ်ိန္မွာ၊ အဓိက သတိျပဳစရာ (၂) ခု ရွိတယ္လို႔၊ က်န္းမာေရးပညာရွင္ေတြက ဆိုၾကပါတယ္။

အေမရိကန္နဲ႔ တျခားႏိုင္ငံေတြမွာ တစ္ႏွစ္ခြဲအေတြ႕အႀကဳံအရ၊ တခ်ိဳ ႔မွာ Long Covid (သို႔မဟုတ္) Long Hauler (သို႔မဟုတ္) Post-COVID Syndrome လို႔ အမည္အမ်ိဳးမ်ိဳးေပးထားတဲ့၊ နာလန္ထခ်ိန္ (၃) လ အၾကာထိ ကိုဗစ္လကၡဏာ တခ်ိဳ ႔ဆက္က်န္ေနရာမွာ၊ အဓိက ႏုံးခ်ည့္တာနဲ႔၊ ဆုံးျဖတ္ရခက္တာကို ေတြ႕ထားပါတယ္။ ပထမဆုံး ဆြီဒင္က ကိုဗစ္ျဖစ္ထားတဲ့ ဆရာဝန္ေတြကို ရက္ (၆၀ -၂ လ) အတြင္း စမ္းသပ္ခဲ့ရာမွာ၊ ဆရာဝန္ (၃၀)% ဟာ အဖ်ားမရွိေတာ့ပဲ ျပန္ေကာင္းလာေပမဲ့၊ ႏုံးခ်ည့္တာ (Fatigue) က်န္ေနခဲ့တာကိုေတြ႔ခဲ့ရၿပီး၊ ေနာက္ (၆) လအၾကာမွာလည္း ဒီလူေတြထဲက (၁၅)% ခန႔္ဆက္ျဖစ္ေနတာကို ေတြ႔ခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္က ေဆး႐ုံဝန္ထမ္းေတြမွာလည္း၊ အခုလို ႏုံးခ်ည့္တာအျပင္၊ ဆုံးျဖတ္ခ်က္ခ်တာ ၾကန႔္ၾကာၿပီး အလုပ္လုပ္ရခက္လာတာကိုပါ ေတြ႔လာခဲ့ပါတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္ရတာကို လက္ေတြ႔ေလလာရာမွာေတာ့ မယ္မယ္ရရ အေျဖမရေသးဘဲ၊ တစ္ခုေတြ႔ထားတာကေတာ့၊ အေမရိကန္မွာ ျဖစ္ခဲ့တဲ့ Lyme Disease (သမင္မွာရွိတဲ့ ပိုးေကာင္အကိုက္ခံ အဆိပ္တက္ေရာဂါ၊ ျမန္မာမွာမရွိေသး) အရင္ျဖစ္ခဲ့တာကိုသာ၊ တခ်ိဳ.မွာ ေတြ႕ထားပါေသးတယ္။ ဒါေပမဲ့ ကိုဗစ္ျဖစ္ၿပီး အလိုလိုထြက္လာတဲ့ ကိုယ္တြင္းခုခံမူပစၥည္း (Auto-Antibody) ေတြ ကိုယ့္ကိုျပန္ဒုကၡေပးတာၾကာင့္လို႔ေတာ့ ယူဆထားပါတယ္။

စီမံကုသေပးရာမွာေတာ့ ႏုံးခ်ည့္ေနတဲ့ လူနာကို၊ ျဖစ္လာတဲ့ လကၡဏာေတြ ေမးျမန္းနားေထာင္ေပးၿပီး၊ လိုအပ္လွ်င္ ေဆးတခ်ိဳ ႔(ဥပမာ Lyme Disease မွာသုံးတဲ့ Duloxetine) အေမရိကန္မွာ စၿပီးေပးေပမယ့္၊ ရလဒ္ကေတာ့ တခ်ိဳ ႔မွာသာသက္သာၿပီး၊ အားရစမရွိ မရွိေသးပါဘူး။ ဒါေပမဲ့ ေသခ်ာႏိုင္တာတစ္ခုကေတာ့၊ ကာကြယ္ေဆးတခ်ိဳ ႔(Pfizer ၊ Moderna ၊ Johnson & Johnson နဲ႔ AstraZeneca) ေတြထိုးေပးျခင္းျဖင့္၊ ဒီ လကၡဏာတခ်ိဳ ႔ လူအမ်ားစုမွာ သက္သာလာတာကိုေတာ့ လက္ေတြ႔စေတြ႕ထားပါတယ္။ ျဖစ္ႏိုင္ေျခတစ္ခုကေတာ့ အဓိကအဆုပ္နဲ႔ အျခားအဂၤါေတြကို သြားထိေစတဲ့ Spike Protein ကို ပစ္မွတ္ထားပိတ္ဆို႔တဲ့ (ကိုယ္ခံပစၥည္းထုတ္) ကာကြယ္ေဆးအမ်ိဳးအစားေၾကာင့္လို႔ ယူဆထားၾကပါတယ္။ ဒါ့အျပင္ အရင္ကိုဗစ္ ျဖစ္ထားတာကေန ထြက္လာခဲ့တဲ့ ကိုယ္ခံပစၥည္းက၊ ေနာက္ ပိုးမသစ္ကို မကာကြယ္ႏိုင္ခဲ့သူေတြအတြက္လည္း၊ ေရွ ႔မွာ ျဖစ္လာႏိုင္တဲ့ ေနာက္မ်ိဳးသစ္ေတြေၾကာင့္ အခုလိုႏုံးလာႏိုင္တာမ်ိဳး ပိုမဆိုးလာေအာင္ ဒီကာကြယ္ေဆးေတြထိုးဖို႔ အေရးႀကီးလာပါတယ္။ ဒီလို ႏံုးခ်ည့္တာက အလုပ္မလုပ္ႏိုင္ေလာက္ေအာင္ ျဖစ္တာမို႔ အလုပ္ပါျပဳတ္ၿပီး မိသားစုေရာ ပတ္ဝန္းက်င္ပါ ထိခိုက္ႏိုင္တဲ့အထိျဖစ္မွာ စိုးရိမ္ရပါတယ္။

ေနာက္တစ္ခုျဖစ္တဲ့၊ ဆုံးျဖတ္ခ်က္ခ်ဖို႔ ေတြေဝမိန္းေမာေနၿပီး ၾကန႔္ၾကာေနသူေတြအတြက္လည္း (ဥပမာ၊ အလုပ္အရင္လို အျမန္မၿပီးတာ၊ လမ္းေလွ်ာက္ေႏွးလာတာ၊ စကားေျပာေႏွး ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္လာတာ) အတြက္၊ သက္ဆိုင္ရာ အကြၽမ္းက်င္ဆုံးဆရာဝန္ေတြ (ဥပမာ စိတ္ပိုင္းဆိုင္ရာအထူးကု၊ ဦးေႏွာက္နဲ႔အာ႐ုံေၾကာအထူးကု၊ ႏွလုံးအထူးကု၊ ကူးစက္အထူးကု) ေပါင္းဖြဲ႕ထားတဲ့ အဖြဲ႕လိုက္ တိုင္ပင္ကုသမူေပးတာေတြ အေမရိကန္မွာရွိလာပါတယ္။ အဓိကကေတာ့ အရမ္းႏုံးခ်ည့္ေနလွ်င္ အထက္မွာေျပာခဲ့တဲ့ ေဆးေတြ စၿပီးစမ္းေပးကာ တဆင့္စီ စီမံကုသေပးတာပါ။ ေနာက္တစ္ခုကေတာ့ ဒီလူနာေတြအေနနဲ႔ အလုပ္မသြားခ်င္လို႔ ေထာက္ခံစာေရးေပးဖို႔ ေျပာလာခ်ိန္မွာ၊ အလြယ္ေရးမေပးလိုက္ဘဲ အလုပ္ထဲျပန္စဝင္ဖို႔ ႀကိဳးစားေရး အေျခအေနအလိုက္ ညႇိဳႏႈိင္းအားေပးတာပါ။

အဓိကကေတာ့ မေကာင္းေစႏိုင္တာေတြကို ေလွ်ာ့ခ်ေပးၿပီး၊ ေကာင္းလာႏိုင္တာေတြကို အေထာက္အထားျပ ညႇိဳႏႈိင္းတိုက္တြန္းၾကည့္တာပါ။ အေထာက္အထားေတြအရ လူနာအမ်ားစု ျပန္ေကာင္းလာတာကို လက္ေတြ႔ျပသေပးၿပီး၊ ဥပမာ ညေစာင့္လုပ္ရမွာ မႏိုင္ေတာ့ဘူးလို ႔ေျပာလာသူကို ေန႔ေစာင့္ေျပာင္းလုပ္ဖို႔၊ ဒါမွမဟုတ္ သန႔္ရွင္းေရးအလုပ္ေျပာင္းၾကည့္ဖို႔လိုမ်ိဳး တိုင္ပင္အားေပးၾကည့္ၿပီး၊ ကာကြယ္ေဆးပါထိုးေပးလိုက္တာမ်ိဳးပါ။ အဓိကက အလုပ္ထဲမွာ အခ်ိန္ကုန္ေစျခင္းက၊ အိမ္မွာေအာင္းေနတာထက္၊ ပတ္ဝန္းက်င္မွာ ျပန္ေနသားက်၊ သက္သာတာျမန္လာေစႏိုင္လို႔ပါ။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔မွာ ကိုဗစ္လူနာေတြကိုင္တြယ္ေနရၿပီး၊ ျမန္မာျပည္ကလူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ Wyckoff Heights ေဆးရံုက၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကိ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 တတိယလှိုင်းအတွင်း လူအများအပြား ကိုဗစ် ကူးစက်ခံခဲ့ရပြီး ပြန်ပြီးနာလန်ထလာချိန်မှာ၊ အဓိက သတိပြုစရာ (၂) ခု ရှိတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ တစ်နှစ်ခွဲအတွေ့အကြုံအရ၊ တချို့မှာ Long Covid (သို့မဟုတ်) Long Hauler (သို့မဟုတ်) Post-COVID Syndrome လို့ အမည်အမျိုးမျိုးပေးထားတဲ့၊ နာလန်ထချိန် (၃) လ အကြာထိ ကိုဗစ်လက္ခဏာ တချို့ဆက်ကျန်နေရာမှာ၊ အဓိက နုံးချည့်တာနဲ့၊ ဆုံးဖြတ်ရခက်တာကို တွေ့ထားပါတယ်။ ပထမဆုံး ဆွီဒင်က ကိုဗစ်ဖြစ်ထားတဲ့ ဆရာဝန်တွေကို ရက် (၆၀ -၂ လ) အတွင်း စမ်းသပ်ခဲ့ရာမှာ၊ ဆရာဝန် (၃၀)% ဟာ အဖျားမရှိတော့ပဲ ပြန်ကောင်းလာပေမဲ့၊ နုံးချည့်တာ (Fatigue) ကျန်နေခဲ့တာကိုတွေ့ခဲ့ရပြီး၊ နောက် (၆) လအကြာမှာလည်း ဒီလူတွေထဲက (၁၅)% ခန့်ဆက်ဖြစ်နေတာကို တွေ့ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်က ဆေးရုံဝန်ထမ်းတွေမှာလည်း၊ အခုလို နုံးချည့်တာအပြင်၊ ဆုံးဖြတ်ချက်ချတာ ကြန့်ကြာပြီး အလုပ်လုပ်ရခက်လာတာကိုပါ တွေ့လာခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာကို လက်တွေ့လေလာရာမှာတော့ မယ်မယ်ရရ အဖြေမရသေးဘဲ၊ တစ်ခုတွေ့ထားတာကတော့၊ အမေရိကန်မှာ ဖြစ်ခဲ့တဲ့ Lyme Disease (သမင်မှာရှိတဲ့ ပိုးကောင်အကိုက်ခံ အဆိပ်တက်ရောဂါ၊ မြန်မာမှာမရှိသေး) အရင်ဖြစ်ခဲ့တာကိုသာ၊ တချို.မှာ တွေ့ထားပါသေးတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်ပြီး အလိုလိုထွက်လာတဲ့ ကိုယ်တွင်းခုခံမူပစ္စည်း (Auto-Antibody) တွေ ကိုယ့်ကိုပြန်ဒုက္ခပေးတာကြာင့်လို့တော့ ယူဆထားပါတယ်။

စီမံကုသပေးရာမှာတော့ နုံးချည့်နေတဲ့ လူနာကို၊ ဖြစ်လာတဲ့ လက္ခဏာတွေ မေးမြန်းနားထောင်ပေးပြီး၊ လိုအပ်လျှင် ဆေးတချို့(ဥပမာ Lyme Disease မှာသုံးတဲ့ Duloxetine) အမေရိကန်မှာ စပြီးပေးပေမယ့်၊ ရလဒ်ကတော့ တချို့မှာသာသက်သာပြီး၊ အားရစမရှိ မရှိသေးပါဘူး။ ဒါပေမဲ့ သေချာနိုင်တာတစ်ခုကတော့၊ ကာကွယ်ဆေးတချို့(Pfizer ၊ Moderna ၊ Johnson & Johnson နဲ့ AstraZeneca) တွေထိုးပေးခြင်းဖြင့်၊ ဒီ လက္ခဏာတချို့ လူအများစုမှာ သက်သာလာတာကိုတော့ လက်တွေ့စတွေ့ထားပါတယ်။ ဖြစ်နိုင်ခြေတစ်ခုကတော့ အဓိကအဆုပ်နဲ့ အခြားအင်္ဂါတွေကို သွားထိစေတဲ့ Spike Protein ကို ပစ်မှတ်ထားပိတ်ဆို့တဲ့ (ကိုယ်ခံပစ္စည်းထုတ်) ကာကွယ်ဆေးအမျိုးအစားကြောင့်လို့ ယူဆထားကြပါတယ်။ ဒါ့အပြင် အရင်ကိုဗစ် ဖြစ်ထားတာကနေ ထွက်လာခဲ့တဲ့ ကိုယ်ခံပစ္စည်းက၊ နောက် ပိုးမသစ်ကို မကာကွယ်နိုင်ခဲ့သူတွေအတွက်လည်း၊ ရှေ့မှာ ဖြစ်လာနိုင်တဲ့ နောက်မျိုးသစ်တွေကြောင့် အခုလိုနုံးလာနိုင်တာမျိုး ပိုမဆိုးလာအောင် ဒီကာကွယ်ဆေးတွေထိုးဖို့ အရေးကြီးလာပါတယ်။ ဒီလို နုံးချည့်တာက အလုပ်မလုပ်နိုင်လောက်အောင် ဖြစ်တာမို့ အလုပ်ပါပြုတ်ပြီး မိသားစုရော ပတ်ဝန်းကျင်ပါ ထိခိုက်နိုင်တဲ့အထိဖြစ်မှာ စိုးရိမ်ရပါတယ်။

နောက်တစ်ခုဖြစ်တဲ့၊ ဆုံးဖြတ်ချက်ချဖို့ တွေဝေမိန်းမောနေပြီး ကြန့်ကြာနေသူတွေအတွက်လည်း (ဥပမာ၊ အလုပ်အရင်လို အမြန်မပြီးတာ၊ လမ်းလျှောက်နှေးလာတာ၊ စကားပြောနှေး ပြတ်တောင်းပြတ်တောင်း ဖြစ်လာတာ) အတွက်၊ သက်ဆိုင်ရာ အကျွမ်းကျင်ဆုံးဆရာဝန်တွေ (ဥပမာ စိတ်ပိုင်းဆိုင်ရာအထူးကု၊ ဦးနှောက်နဲ့အာရုံကြောအထူးကု၊ နှလုံးအထူးကု၊ ကူးစက်အထူးကု) ပေါင်းဖွဲ့ထားတဲ့ အဖွဲ့လိုက် တိုင်ပင်ကုသမူပေးတာတွေ အမေရိကန်မှာရှိလာပါတယ်။ အဓိကကတော့ အရမ်းနုံးချည့်နေလျှင် အထက်မှာပြောခဲ့တဲ့ ဆေးတွေ စပြီးစမ်းပေးကာ တဆင့်စီ စီမံကုသပေးတာပါ။ နောက်တစ်ခုကတော့ ဒီလူနာတွေအနေနဲ့ အလုပ်မသွားချင်လို့ ထောက်ခံစာရေးပေးဖို့ ပြောလာချိန်မှာ၊ အလွယ်ရေးမပေးလိုက်ဘဲ အလုပ်ထဲပြန်စဝင်ဖို့ ကြိုးစားရေး အခြေအနေအလိုက် ညှိုနှိုင်းအားပေးတာပါ။

အဓိကကတော့ မကောင်းစေနိုင်တာတွေကို လျှော့ချပေးပြီး၊ ကောင်းလာနိုင်တာတွေကို အထောက်အထားပြ ညှိုနှိုင်းတိုက်တွန်းကြည့်တာပါ။ အထောက်အထားတွေအရ လူနာအများစု ပြန်ကောင်းလာတာကို လက်တွေ့ပြသပေးပြီး၊ ဥပမာ ညစောင့်လုပ်ရမှာ မနိုင်တော့ဘူးလို့ပြောလာသူကို နေ့စောင့်ပြောင်းလုပ်ဖို့၊ ဒါမှမဟုတ် သန့်ရှင်းရေးအလုပ်ပြောင်းကြည့်ဖို့လိုမျိုး တိုင်ပင်အားပေးကြည့်ပြီး၊ ကာကွယ်ဆေးပါထိုးပေးလိုက်တာမျိုးပါ။ အဓိကက အလုပ်ထဲမှာ အချိန်ကုန်စေခြင်းက၊ အိမ်မှာအောင်းနေတာထက်၊ ပတ်ဝန်းကျင်မှာ ပြန်နေသားကျ၊ သက်သာတာမြန်လာစေနိုင်လို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေကိုင်တွယ်နေရပြီး၊ မြန်မာပြည်ကလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကိ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG