သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် နောက်ဆက်တွဲ ကာကွယ်ရေး


ကိုဗစ် နောက်ဆက်တွဲ ကာကွယ်ရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကိုဗစ်-19 တတိယလှိုင်းထဲမှာ ပုံမှန်ကာကွယ်နည်းတွေ ဆက်ထိန်းထားတာအပြင်၊ ဈေးကဝယ်တဲ့ပစ္စည်းတွေအပေါ် ကိုင်တွယ်ဖို့နဲ့ ကာကွယ်ဆေး အရေးပါလာပုံကို၊ ကျန်းမာရေးအရာရှိတွေက အလေးပေး ပြောဆိုနေပါတယ်။

ပြည်သူတွေအနေနဲ့ လက်ရှိ လိုက်နာလုပ်ဆောင်နေတဲ့ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူချင်းခပ်ခွာခွာနေ၊ လူစုလူဝေးရှောင်တာတွေအပြင်၊ လက်ရှိ ကူးစက်မူများ ရှိလာနေတဲ့၊ ဈေးကဝယ်ယူတဲ့ ပစ္စည်းတွေကိုပါ သန့်စင်ဖို့ ဆေးကြောဖို့ အရေးကြီးလာနေပါတယ်။ ဈေးကဝယ်လာပြီးပြီးချင်း၊ အိမ်အတွင်းပိုင်းကို ယူမသွင်းသေးပဲ၊ ဖြစ်နိုင်လျှင် အရက်ပျံနဲ့ဆေးကြောကာ၊ အိမ်အဝမှာ (သို့မဟုတ်) အိမ်ရှေ့ဝရန်တာမှာ နာရီအနည်းငယ် (၂-၃ နာရီ) ချထားသင့်ပါတယ်။ ပြီးလျှင် ဖြစ်နိုင်ပါက၊ လက်အိတ်နဲ့ကိုင်ပြီး အိုးခွက်ပန်းကန်တွေထဲ ပြောင်းထည့်ကာ၊ ရေဖြင့် သေချာအောင် ဆေးသင့်ပါတယ်။ ရေနွေးနဲ့ ပြုပ်ချက်နိုင်တာတွေကို ချက်ပြုပ်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

လက်ရှိအချိန်မှာ နောက်အရေးကြီးတာကတော့၊ ထိုးပေးနေတဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေ အမြန်ဆုံး ရနိုင်သမျှ များများ ထိုးကြဖို့ပါ။ လတ်တလောမှာ ဘယ်ကာကွယ်ဆေးအမျိုးစားဖြစ်ဖြစ် ရနိုင်တာကို ထိုးသင့်ပါတယ်။ အကြောင်းက ကပ်ရောဂါဖြစ်နေချိန်၊ အမျိုးအစားအရ ရွေးချယ်စရာ မရှိနိုင်သေးချိန်မှာ၊ ဘာမှ မထိုးထားသူထက်၊ ရနိုင်တာ ထိုးထားသူက၊ နောက်ဆုံးမှာ အသက်မဆုံးရှုံးအောင် ကာကွယ်နိုင်လို့ပါ။ လက်ရှိတိုင်းနဲ့ပြည်နယ် အတော်များများမှာ အခု သြဂုတ်လဆန်းကနေ စထိုးပေးနေရာမှာ၊ အစပိုင်း လာထိုးသူနည်းခဲ့ပေမယ့်၊ တဖြည်းဖြည်းတော့ များလာနေတာတွေ့ထားရပြီး၊ တချို့ဆို တစ်ပတ်ကျော်ရလာနေပါပြီ။ ဒါပေမဲ့ အခု ပထမအကြိမ် ကာကွယ်ဆေးထိုးတာကြောင့်၊ အခုချက်ချင်း ကိုဗစ်ကို မကာကွယ်နိုင်သေးပေမယ့်၊ နောက်လမှာ ထိုးဖို့ရှိတဲ့ ဒုတိယအကြိမ်ထိုးပြီး သတင်းပတ်တွေအတွင်းမှာတော့ ကာကွယ်နိုင်မူ အားကောင်းလာမှာပါ။ အခုတတိယလှိုင်း မတိုင်ခင် အိန္ဒိယထုတ် ကာကွယ်ဆေး (Covishield) ထိုးထားတဲ့ သက်ကြီးတွေအနေနဲ့၊ အခုကာလမှာ ကူးစက်ခံရတာနည်းပြီး၊ ကူးစက်ခံရပါကလည်း၊ အသက်အန္တရာယ် ထိခိုက်အောင်အထိ ပြင်းထန်တဲ့သူ မရှိသလောက်နည်းတာ လက်တွေ့တွေ့ရှိထားပါတယ်။

အခုလက်ရှိကာလမှာ ဖျားနာသူအများစုမှာ ကိုဗစ်လက္ခဏာတွေ (ဖျားတာ၊ အောက်ဆီဂျင်ကျတာ၊ ဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ချောင်းဆိုးတာ၊ နှာစီးတာ၊ လည်ချောင်းယားတာတွေ) တွေ့နေရပါတယ်။ ဒါကြောင့် ဆင်ခြင်လုပ်ကိုင်လာခဲ့တဲ့ ကိုဗစ်ကာကွယ်ရေးတွေကို ဆက်ထိန်းထားပြီး၊ ဈေးကဝယ်တာတွေကိုလည်း သန့်စင်တာအပါအဝင် နောက်ဆက်တွဲ ကာကွယ်ရေးတွေ ထပ်တိုးလုပ်ဆောင်ခြင်းဖြင့်၊ သိပ်မကြာခင်မှာ ကူးစက်မူကျဆင်းနိုင်ခြေ ရှိနေပါတယ်။ ဒီနေရာမှာ၊ လက်ရှိထိုးပေးနေတဲ့ ရနိုင်တဲ့ ကာကွယ်ဆေးကိုလည်း အမြန်ဆုံးထိုးခြင်းဖြင့်လည်း၊ နောက်လကျော်လောက်မှာ ကာကွယ်မူ ပိုရလာနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်မှာ ကိုဗစ်လူနာတွေကို ကိုင်တွယ်လုပ်ကိုင်ပေးနေတဲ့၊ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ၊ ကျန်းမာရေးအရာရှိတစ်ဦးကို ဆက်သွယ်မေးထားပါတယ်။

== Unicode ==






XS
SM
MD
LG