သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ ကို ဆက္လက္ကာကြယ္ေရး အေရးတႀကီးအဆင့္


Indian Health Minister Harsh Vardhan holds a dose of Bharat Biotech's COVID-19 vaccine called COVAXIN, during a vaccination campaign at All India Institute of Medical Sciences (AIIMS) hospital in New Delhi, India, January 16, 2021. REUTERS/Adnan Abidi
ကိုဗစ္-၁၉ ကို ဆက္လက္ကာကြယ္ေရး အေရးတႀကီးအဆင့္
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 တတိယလႈိင္း ျပင္းထန္လာၿပီး ေသေရးရွင္ေရး ႐ုန္းကန္လာရခ်ိန္မွာ၊ ပိုးကူးစက္မူ ဆက္မတက္ရေအာင္၊ ကာကြယ္ေရးေတြ အေလးအနက္ ဆက္လုပ္ဖို႔ က်န္းမာေရးတာဝန္ရွိသူေတြက အႀကံျပဳတိုက္တြန္းေနပါတယ္။

လက္ရွိ ကိုဗစ္ပိုးကူးစက္မူျဖစ္စဥ္က တဟုန္ထိုးျပန္တက္မလား။ ဆက္ၿပီးတန္းလာကာ၊ ျပန္က်လာႏိုင္ေခ် ရွိမလားဆိုတဲ့ အေရးႀကီးတဲ့ လမ္းဆုံလမ္းခြကို ေရာက္ေနပုံရပါတယ္။ ေမလကုန္မွာ အိႏၵိယကေနတဆင့္ ကိုဗစ္ စတင္ဝင္လာခဲ့တဲ့ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္း နယ္စပ္ေတြမွာ ပိုးေတြ႔ႏႈန္းေတြ ျပန္က်လာၿပီး၊ ဇူလိုင္လလယ္မွာ တႏိုင္ငံလုံး ပိုးေတြ႔သူ အေရအတြက္အမ်ားဆုံးနဲ႔ ဇူလိုင္ တတိယပတ္ဝန္းက်င္မွာ ပိုးေတြ႔ႏႈန္း (၄၀)% ဝန္းက်င္အျမင့္ဆုံး ျဖစ္ခဲ့ရာကေန၊ အခု ဇူလိုင္လကုန္ကစၿပီး ဆက္ေထာင္မတက္ေတာ့ဘဲ၊ (၃၀)% ေက်ာ္ဝန္းက်င္မွာ စတန္းလာေနပုံရပါတယ္။ အဓိက လက္ရွိ အားလပ္ရက္ရွည္ကာလအတြင္း ျပည္သူအမ်ားစုက အိမ္မွာ အဓိကေနေပးတာက၊ တျဖည္းျဖည္း စၿပီးထိေရာက္လာပုံရပါတယ္။

ဒါေပမဲ့ အခုလို အခ်ိန္မွာ လက္ရွိ ကာကြယ္ေရးေတြကို မေပ့ါလိုက္ၾကဖို႔ သတိျပဳရမယ့္ အေရးႀကီးဆုံး ျဖစ္ပါတယ္။ အေၾကာင္းက အခုဝင္လာခဲ့တဲ့ Delta ကိုဗစ္ပိုးမ်ိဳးကြဲသစ္က ကူးစက္မူျမန္လြန္းရာမွာ အရင္ အမ်ိဳးအစားေတြ ကူးစက္မူူႏႈန္းထက္ အဆေပါင္းမ်ားစြာ ရွိေနၿပီး၊ လူေနထူထပ္တဲ့ေဒသေတြမွာ အမ်ားႀကီးကူးကုန္ကာ၊ ေအာက္ဆီဂ်င္ လိုအပ္တာမ်ိဳး ျပင္းထန္လာတာကလည္း အမ်ားႀကီးပိုဆိုးလာေနခ်ိန္မွာ၊ ေဆး႐ုံဝန္ထမ္း မလုံေလာက္တာနဲ႔ တိုက္ဆိုင္ၿပီး၊ ဝန္ပိျပတ္လပ္လာကာ၊ အိမ္မွာေနၿပီး ေဆး႐ုံတက္ဖို႔ေစာင့္ရင္း ေသဆုံးမူေတြ ျမင့္တက္လာေနလို႔ပါ။ အဲ့ဒီေတာ့ လက္ရွိ အိမ္မွာ အဓိကေနတာ၊ အျပင္ထြက္ရလွ်င္လဲ ႀကိဳတင္ကာကြယ္ေရး အျပည့္လုပ္တာနဲ႔၊ အခုတျဖည္းျဖည္း ေရာက္လာေနတဲ့ ကာကြယ္ေဆးထိုးတာေတြကို အရွိန္နဲ႔ဆက္လုပ္သြားဖို႔ အေရးႀကီးလာပါတယ္။ အခုလို ကာကြယ္ေရးေတြ လုပ္ႏိုင္ေလေလ၊ ကူးစက္မူေတြ ဆက္ေထာင္မတက္ေလ ျဖစ္ေပမယ့္ ဒီကာကြယ္ေရးေတြ ေလ်ာ့က်သြားလွ်င္ေတာ့ ကူးစက္မူက ျပန္ထိုးေထာင္တက္လာႏိုင္ပါတယ္။

ဒီေနရာမွာ လက္ရွိပိုးမ်ိဳးကြဲသစ္ ဝင္ေရာက္လာမူ လမ္းေၾကာင္းေပၚမွာ မရွိတဲ့ ေက်းလက္ေဒသေတြနဲ႔ တခ်ဳိ ႔တိုင္းနဲ႔ ျပည္နယ္ေတြမွာ ကူးစက္မူမျဖစ္ေသးတာ (သို႔မဟုတ္) အရမ္းမျဖစ္ေသးဘဲ နည္းနည္းစီသာ ျဖစ္တာေတြ ရွိေနပါတယ္။ အခုလိုေနရာေတြကို ကူးစက္ဝင္ေရာက္မူ စမ်ားလာၿပီး၊ တႏိုင္ငံလုံး ပိုးေတြႏႈန္း ျပန္ထိုးေထာင္တက္လာေစမွာကို စိုးရိမ္ရတာမို႔၊ ဒီေနရာေတြမွာ ကာကြယ္ထိန္းခ်ဳပ္ကုသမူေတြ ပိုႀကိဳတင္ျပင္ဆင္ဖို႔ အထူးအေရးႀကီးလာေနပါတယ္။ အဓိကကေတာ့ ဒီေဒသေတြဆီ သြားသူေတြကို၊ ပိုးစစ္ေဆးတာ၊ ပိုးရွိသူနဲ႔ထိေတြ႕ထားသူကို ေနာက္ေၾကာင္းခံလိုက္ၿပီး သီးျခားခြဲထားတာ (Quarantine) စတဲ့ ကာကြယ္ထိန္းခ်ဳပ္ေရးေတြအျပင္၊ ကုသမူအတြက္ပါ ျဖစ္လာလွ်င္ ေဆး႐ုံကုတင္နဲ႔ ေအာက္ဆီဂ်င္အလုံအေလာက္ရွိဖို႔ ႀကိဳျပင္ထားဖို႔ အလြန္အေရးႀကီးေနပါတယ္။

အခုလို အဘက္ဘက္မွာ ကာကြယ္ထိန္းခ်ဳပ္ႏိုင္လွ်င္ေတာ့၊ ကူးစက္မူေတြ ဆက္ေထာက္မတက္ေတာ့ဘဲ၊ တန္းလာၿပီး တျဖည္းျဖည္း စက်လာႏိုင္ကာ၊ ေဆး႐ုံေတြမွာ လူနာေတြ ဝန္မပိေတာ့ဘဲ၊ ေအာက္ဆီဂ်င္အပါအဝင္ ပိုမိုျပည့္စုံတဲ့ စစ္ေဆးကုသမူေတြ ရလာလွ်င္ေတာ့၊ ေသဆုံးရမူေတြကိုလည္း ျပန္ေလ်ာ့ခ်လာႏိုင္မွာပါ။ အခုေလာေလာဆယ္မွာေတာ့၊ ပိုးကူးစက္မူက ေထာင္မတက္ဘဲ တန္းလာေနပုံရေပမယ့္၊ ေသဆုံးမူကေတာ့ ဆက္တက္ေနဆဲပါ။ ဒါကလည္း ကိုဗစ္မ်ိဳးကြဲသစ္ ခန႔္မွန္းရ ပိုခက္လာတဲ့ သဘာဝအရ အရင္ကူးစက္ထားၿပီးသူေတြ ကာလတစ္ခုထိန္းထားႏိုင္ခဲ့ေပမယ့္ အမွတ္မထင္ကာလတစ္ခုမွာ ေသဆုံးရတဲ့အထိ ျပင္းထန္လြန္းတဲ့ အေျခအေနသစ္ ေတြႀကဳံရတာၾကာင့္လည္း ပါပါတယ္။ ဥပမာ လူနာက မေမာဘဲ ကိုယ္တြင္းမွာ ေအာက္ဆီဂ်င္က်ေနၿပီး ႐ုတ္ခ်ည္းေသဆုံးသြားရတာမ်ိဳးပါ။ ဒါေပမဲ့ လက္ရွိမွာ ကိုဗစ္ကုသေရးစခန္းေတြ၊ ပုဂၢလိကေနရာေတြ တိုးခ်ဲ႕ဖြင့္လာတာေၾကာင့္၊ အတတ္ႏိုင္ဆုံး ေစာေစာ ေဒသႏၲရက်န္းမာေရးဌာနေတြကို အေၾကာင္းၾကားထားၿပီး ကုသမူခံယူျခင္းအားျဖင့္လည္း၊ အသက္အႏၲရာယ္ မထိခိုက္ေအာင္ လိုအပ္တာေတြ (ဥပမာ အေရာင္က်ေဆး Dexamethasone မ်ိဳးေပးတာ) ႀကိဳစစ္ေဆးကုသေပးႏိုင္ၿပီး၊ ေသဆုံးမူ တျဖည္းျဖည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနမြာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုး,ကို ေမးထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 တတိယလှိုင်း ပြင်းထန်လာပြီး သေရေးရှင်ရေး ရုန်းကန်လာရချိန်မှာ၊ ပိုးကူးစက်မူ ဆက်မတက်ရအောင်၊ ကာကွယ်ရေးတွေ အလေးအနက် ဆက်လုပ်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြံပြုတိုက်တွန်းနေပါတယ်။

လက်ရှိ ကိုဗစ်ပိုးကူးစက်မူဖြစ်စဉ်က တဟုန်ထိုးပြန်တက်မလား။ ဆက်ပြီးတန်းလာကာ၊ ပြန်ကျလာနိုင်ချေ ရှိမလားဆိုတဲ့ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပုံရပါတယ်။ မေလကုန်မှာ အိန္ဒိယကနေတဆင့် ကိုဗစ် စတင်ဝင်လာခဲ့တဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်တွေမှာ ပိုးတွေ့နှုန်းတွေ ပြန်ကျလာပြီး၊ ဇူလိုင်လလယ်မှာ တနိုင်ငံလုံး ပိုးတွေ့သူ အရေအတွက်အများဆုံးနဲ့ ဇူလိုင် တတိယပတ်ဝန်းကျင်မှာ ပိုးတွေ့နှုန်း (၄၀)% ဝန်းကျင်အမြင့်ဆုံး ဖြစ်ခဲ့ရာကနေ၊ အခု ဇူလိုင်လကုန်ကစပြီး ဆက်ထောင်မတက်တော့ဘဲ၊ (၃၀)% ကျော်ဝန်းကျင်မှာ စတန်းလာနေပုံရပါတယ်။ အဓိက လက်ရှိ အားလပ်ရက်ရှည်ကာလအတွင်း ပြည်သူအများစုက အိမ်မှာ အဓိကနေပေးတာက၊ တဖြည်းဖြည်း စပြီးထိရောက်လာပုံရပါတယ်။

ဒါပေမဲ့ အခုလို အချိန်မှာ လက်ရှိ ကာကွယ်ရေးတွေကို မပေ့ါလိုက်ကြဖို့ သတိပြုရမယ့် အရေးကြီးဆုံး ဖြစ်ပါတယ်။ အကြောင်းက အခုဝင်လာခဲ့တဲ့ Delta ကိုဗစ်ပိုးမျိုးကွဲသစ်က ကူးစက်မူမြန်လွန်းရာမှာ အရင် အမျိုးအစားတွေ ကူးစက်မူူနှုန်းထက် အဆပေါင်းများစွာ ရှိနေပြီး၊ လူနေထူထပ်တဲ့ဒေသတွေမှာ အများကြီးကူးကုန်ကာ၊ အောက်ဆီဂျင် လိုအပ်တာမျိုး ပြင်းထန်လာတာကလည်း အများကြီးပိုဆိုးလာနေချိန်မှာ၊ ဆေးရုံဝန်ထမ်း မလုံလောက်တာနဲ့ တိုက်ဆိုင်ပြီး၊ ဝန်ပိပြတ်လပ်လာကာ၊ အိမ်မှာနေပြီး ဆေးရုံတက်ဖို့စောင့်ရင်း သေဆုံးမူတွေ မြင့်တက်လာနေလို့ပါ။ အဲ့ဒီတော့ လက်ရှိ အိမ်မှာ အဓိကနေတာ၊ အပြင်ထွက်ရလျှင်လဲ ကြိုတင်ကာကွယ်ရေး အပြည့်လုပ်တာနဲ့၊ အခုတဖြည်းဖြည်း ရောက်လာနေတဲ့ ကာကွယ်ဆေးထိုးတာတွေကို အရှိန်နဲ့ဆက်လုပ်သွားဖို့ အရေးကြီးလာပါတယ်။ အခုလို ကာကွယ်ရေးတွေ လုပ်နိုင်လေလေ၊ ကူးစက်မူတွေ ဆက်ထောင်မတက်လေ ဖြစ်ပေမယ့် ဒီကာကွယ်ရေးတွေ လျော့ကျသွားလျှင်တော့ ကူးစက်မူက ပြန်ထိုးထောင်တက်လာနိုင်ပါတယ်။

ဒီနေရာမှာ လက်ရှိပိုးမျိုးကွဲသစ် ဝင်ရောက်လာမူ လမ်းကြောင်းပေါ်မှာ မရှိတဲ့ ကျေးလက်ဒေသတွေနဲ့ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ကူးစက်မူမဖြစ်သေးတာ (သို့မဟုတ်) အရမ်းမဖြစ်သေးဘဲ နည်းနည်းစီသာ ဖြစ်တာတွေ ရှိနေပါတယ်။ အခုလိုနေရာတွေကို ကူးစက်ဝင်ရောက်မူ စများလာပြီး၊ တနိုင်ငံလုံး ပိုးတွေနှုန်း ပြန်ထိုးထောင်တက်လာစေမှာကို စိုးရိမ်ရတာမို့၊ ဒီနေရာတွေမှာ ကာကွယ်ထိန်းချုပ်ကုသမူတွေ ပိုကြိုတင်ပြင်ဆင်ဖို့ အထူးအရေးကြီးလာနေပါတယ်။ အဓိကကတော့ ဒီဒေသတွေဆီ သွားသူတွေကို၊ ပိုးစစ်ဆေးတာ၊ ပိုးရှိသူနဲ့ထိတွေ့ထားသူကို နောက်ကြောင်းခံလိုက်ပြီး သီးခြားခွဲထားတာ (Quarantine) စတဲ့ ကာကွယ်ထိန်းချုပ်ရေးတွေအပြင်၊ ကုသမူအတွက်ပါ ဖြစ်လာလျှင် ဆေးရုံကုတင်နဲ့ အောက်ဆီဂျင်အလုံအလောက်ရှိဖို့ ကြိုပြင်ထားဖို့ အလွန်အရေးကြီးနေပါတယ်။

အခုလို အဘက်ဘက်မှာ ကာကွယ်ထိန်းချုပ်နိုင်လျှင်တော့၊ ကူးစက်မူတွေ ဆက်ထောက်မတက်တော့ဘဲ၊ တန်းလာပြီး တဖြည်းဖြည်း စကျလာနိုင်ကာ၊ ဆေးရုံတွေမှာ လူနာတွေ ဝန်မပိတော့ဘဲ၊ အောက်ဆီဂျင်အပါအဝင် ပိုမိုပြည့်စုံတဲ့ စစ်ဆေးကုသမူတွေ ရလာလျှင်တော့၊ သေဆုံးရမူတွေကိုလည်း ပြန်လျော့ချလာနိုင်မှာပါ။ အခုလောလောဆယ်မှာတော့၊ ပိုးကူးစက်မူက ထောင်မတက်ဘဲ တန်းလာနေပုံရပေမယ့်၊ သေဆုံးမူကတော့ ဆက်တက်နေဆဲပါ။ ဒါကလည်း ကိုဗစ်မျိုးကွဲသစ် ခန့်မှန်းရ ပိုခက်လာတဲ့ သဘာဝအရ အရင်ကူးစက်ထားပြီးသူတွေ ကာလတစ်ခုထိန်းထားနိုင်ခဲ့ပေမယ့် အမှတ်မထင်ကာလတစ်ခုမှာ သေဆုံးရတဲ့အထိ ပြင်းထန်လွန်းတဲ့ အခြေအနေသစ် တွေကြုံရတာကြာင့်လည်း ပါပါတယ်။ ဥပမာ လူနာက မမောဘဲ ကိုယ်တွင်းမှာ အောက်ဆီဂျင်ကျနေပြီး ရုတ်ချည်းသေဆုံးသွားရတာမျိုးပါ။ ဒါပေမဲ့ လက်ရှိမှာ ကိုဗစ်ကုသရေးစခန်းတွေ၊ ပုဂ္ဂလိကနေရာတွေ တိုးချဲ့ဖွင့်လာတာကြောင့်၊ အတတ်နိုင်ဆုံး စောစော ဒေသန္တရကျန်းမာရေးဌာနတွေကို အကြောင်းကြားထားပြီး ကုသမူခံယူခြင်းအားဖြင့်လည်း၊ အသက်အန္တရာယ် မထိခိုက်အောင် လိုအပ်တာတွေ (ဥပမာ အရောင်ကျဆေး Dexamethasone မျိုးပေးတာ) ကြိုစစ်ဆေးကုသပေးနိုင်ပြီး၊ သေဆုံးမူ တဖြည်းဖြည်း လျော့ကျစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမွာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး,ကို မေးထားပါတယ်။

XS
SM
MD
LG