သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာ ေဆး႐ုံမရလို႔၊ အိမ္မွာေသဆုံးမႈ ေလွ်ာ့ခ်ေရး


ကုိဗစ္ေရာဂါလူနာေတြအတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္ရဖို႔ စက္႐ံုေတြရဲ႕အျပင္ဘက္မွာ တန္းစီေစာင့္ဆုိင္းေနတဲ့ ျပည္သူမ်ား။ (ဇူလိုင္ ၁၁၊ ၂၁)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 ျဖစ္ၾကတဲ့ လူနာေတြမွာ ေဆး႐ုံေတြက လက္မခံႏိုင္ေလာက္ေအာင္ မ်ားလာေနခ်ိန္မွာ၊ ကိုယ့္အိမ္မွာပဲ ေစာင့္စားကုသၾကရာ ေသဆုံးမူေတြလည္း အေတာ္မ်ားလာေနပါတယ္။ ေသဆုံးမူေတြ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ျပည္တြင္းျပည္ပ က်န္းမာေရးပညာရွင္ေတြက ဖုန္းကတဆင့္ ကူညီကုသေပးေနရာမွာ အဓိကေတာ့ လူနာေတြက ကိုယ့္ဟာကိုယ္ ေဆးမီးတိုနဲ႔ ႀကိတ္မကုဘဲ၊ ဆရာဝန္ေတြနဲ႔ ေမးျမန္း စစ္ေဆး အႀကံယူကုသဖို႔ အေရးႀကီးပါတယ္။ ဒီေရာဂါျဖစ္လာတာကို မရွက္မေၾကာက္ဘဲ လက္ခံၿပီး၊ ဆရာဝန္ေတြကို ဆက္သြယ္ေမးျမန္းဖို႔ လိုပါတယ္။ တခ်ဳိ ႔ေတြက သာမန္ အပူရွပ္၊ တုပ္ေကြး၊ အေအးမိတာလို႔ စိတ္ေျဖကာကြယ္ေျပာဆိုေနၾကသလို၊ တခ်ဳိ ႔ေတြကလဲ ေသမွာပဲလို႔ စိုးရိမ္လြန္ကဲေနတာေတြ ရွိေနပါတယ္။ ဆရာဝန္ေတြနဲ႔ ႀကိဳတင္ခ်ိတ္ဆက္ထားျခင္းျဖင့္ အေျခအေန မဆိုးလာခင္မွာ၊ ေစာေစာသိ ေစာေစာကုသႏိုင္ပါတယ္။ ေနာက္က်မွသိၿပီး ေအာက္ဆီဂ်င္ အလြန္အမင္းက်ေနခ်ိန္မွ သိရလွ်င္ေတာ့၊ ျပန္ေကာင္းေအာင္ကုစားဖို႔ ခက္ခဲလြန္းလွပါတယ္။ ျမန္မာႏိုင္ငံထဲက ဆရာဝန္ေတြကို ဆက္သြယ္ရခက္ေနလွ်င္လဲ၊ ႏိုင္ငံျခားက ျမန္မာဆရာဝန္ေတြကို လူမူမီဒီယာကြန္ရက္ (Social Media – Facebook Messenger) က တဆင့္ ဆက္သြယ္ႏိုင္ပါတယ္။

အေမရိကန္နဲ႔ ၿဗိတိန္က ကိုဗစ္ကုသေရးၫႊန္ၾကားခ်က္ (Guideline) အေပၚအေျခခံၿပီး၊ အရင္ အေမရိကန္က လူအို႐ုံေတြနဲ႔၊ ျမန္မာႏိုင္ငံကလာတဲ့ လူနာေတြကို၊ အေမရိကန္ေရာက္ ျမန္မာဆရာဝန္ေတြ တယ္လီဖုန္းကတဆင့္ အမ်ားႀကီး အသက္ကယ္ေပးႏိုင္ခဲ့ပါတယ္။ အခုလဲ ျမန္မာႏိုင္ငံမွာ ေသဆုံးမူမ်ားလာေနတာအတြက္၊ ဒီနည္းနဲ႔ပဲ ဆက္ကယ္တင္ေပးႏိုင္တာေတြရွိလာေနပါၿပီ။ ျမန္မာႏိုင္ငံမွာေတာ့ အေရးႀကီးဆုံးျဖစ္ေနတဲ့ ေအာက္ဆီဂ်င္က် ေသဆုံးရမူူအတြက္၊ အၿမဲ ေအာက္ဆီဂ်င္နဲ႔ အျခားလိုတာေတြ အၿမဲတိုင္းတာစစ္ေဆးေစာင့္ၾကည့္ေနဖို႔ပါ။ တခ်ဳိ ႔မွာလဲ ေအာက္ဆီဂ်င္က်ေတာ့မယ့္ လကၡဏာေတြ ျပလာတတ္တာကို သတိထားမိဖို႔ လိုပါတယ္။ ဒါေတြက အိပ္ေနခ်ိန္မွာ ေသြးခုန္ႏႈန္းနဲ႔ ႏွလုံးခုန္းႏႈန္းစတက္လာတာ (တစ္မိနစ္ကို ၁၀၀ ေက်ာ္အထိ)၊ အိပ္ေနရာကထၿပီး အိမ္သာသြားခ်ိန္၊ ေရသြားခ်ိဳးခ်ိန္၊ ထမင္းထိုင္စားခ်ိန္နဲ႔ လမ္းေလွ်ာက္ခ်ိန္ေတြမွာ ေမာကာ၊ ေအာက္ဆီဂ်င္စက်လာတာေတြပါ။

ေသြးတြင္း ေအာက္ဆီဂ်င္ (၉၂)% ေအာက္ စက်လာပါက၊ ပုံမွန္လူေတြအတြက္ ေအာက္ဆီဂ်င္ စတင္ေပးဖို႔ လိုပါတယ္။ အသက္ႀကီးသူေတြအတြက္ေတာ့ (၉၄)% ေလာက္ စက်လာခ်ိန္မွာ စတင္ေပးႏိုင္လွ်င္ ပိုေကာင္းပါတယ္။ ေအာက္ဆီဂ်င္ မရႏိုင္ခ်ိန္မွာ၊ ေမွာက္အိပ္နည္း၊ ထိုင္ေနနည္းေတြနဲ႔ အစားထိုး ႀကိဳးစားႏိုင္ေပမယ့္ ေအာက္ဆီဂ်င္ ရႏိုင္လွ်င္ေတာ့ အေကာင္းဆုံးထိေရာက္စြာ ကုသႏုိင္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေအာက္ဆီဂ်င္အိုး အ႐ြယ္မ်ိဳးစုံရွိေနခ်ိန္မွာ၊ တခ်ဳိ ႔လဲ (၁၅) လီတာစာသာ တစ္ညတာလိုအပ္သူေတြအတြက္ ဆရာဝန္ေတြ ႀကိဳးစား႐ုန္းကန္ရင္း ထိေရာက္ေအာင္ ကုေပးေနရာၾကပါတယ္။ တခ်ဳိ ႔အတြက္ေတာ့ နာရီဝက္၊ တစ္နာရီေပးၿပီး ေအာက္ဆီဂ်င္ တက္မတက္ေစာင့္ၾကည့္ကာ၊ ဆက္တိုက္မေပးဘဲ၊ မနက္ထိခံအာင္ထိန္းေပးကာ၊ ေနာက္ေအာက္ဆီဂ်င္ ထပ္ရွာၿပီး၊ အသက္ဆက္ႏိုင္ခဲ့တာေတြ ရွိလာေနပါတယ္။

ဒါ့အျပင္ ေအာက္ဆီဂ်င္ (၉၂) ေအာက္ ေရာက္လာသူေတြအတြက္၊ အေမရိကန္မွာ ေဆး႐ုံေတြမွာ ကုသသလို၊ လူူအို႐ုံ (Nursing Home) ေတြကို ကူညီၫႊန္ၾကားေပးၿပီး၊ အေရာင္က်ေဆး Steroid (Dexamethasone) ေပးႏိုင္ကာ၊ ထိေရာက္ခဲ့ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာလည္း အလားတူ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔သာ၊ ဒီထိေရာက္ေပမဲ့ ေဘးထြက္ဆိုးက်ိဳးႀကီးႏိုင္တဲ့ေဆးကို သုံးသင့္ပါတယ္။ Dexamethasone ကို လူနာေတြ ကိုယ့္ဟာကိုယ္ ဝယ္ယူသုံးစြဲတာ လုံးဝမလုပ္သင့္ပါဘူး။ အေၾကာင္းက ေရာဂါအခံရွိထားသူေတြမွာ ဒီေဆးေၾကာင့္ ေဘးထြက္ဆိုးက်ဳိးနဲ႔ အသက္အႏၲရာယ္ ျဖစ္တတ္ေနလို႔ပါ။ အထူးသျဖင့္ ဆီးခ်ိဳရွိသူေတြမွာ Dexamethasone ေဆးေပးလွ်င္၊ သၾကားဓာတ္ ျမင့္တက္လြန္းတာနဲ႔ ေသြးျဖဴဥ (White Blood Cell) ပါ လိုက္တက္လာၿပီး၊ ဘက္တီးရီးယား ပိုးဝင္သလို အထင္မွားကာ၊ မလိုအပ္ဘဲ ပဋိဇီဝပိုးသတ္ေဆး သြားသုံးမိကာ ေနာက္ဆက္တြဲေတြ ဆိုးလာမွာပါ စိုးရိမ္ရပါတယ္။ ဆရာဝန္နဲ႔ခ်ိတ္ထားလွ်င္ေတာ့၊ လူနာမွာ သၾကားဓာတ္ တက္လြန္းလာတာကို ျပန္ခ်ဖို႔ အပါအဝင္၊ ေနာက္ဆက္တြဲေတြအတြက္ လိုအပ္တဲ့ေဆးေတြ ထိန္းေပးႏိုင္ပါတယ္။

အခုလို မလိုအပ္တဲ့ေဆးေတြ မေသာက္မိဖို႔က အထူးအေရးႀကီးပါတယ္။ အထူးသျဖင့္ အကိုက္အခဲေပ်ာက္ေဆး Diclofenac ၊ Ibuprofen စတာေတြကို လုံးဝမသုံးမိဖို႔ပါ။ ဒီေဆးေတြက အဖ်ားလည္းက်ေစတာမို႔၊ ကိုဗစ္ျဖစ္တဲ့အစပိုင္းကာလမွာ ျပင္သစ္ႏိုင္ငံမွာ သုံးခဲ့ရာကေန ေသဆုံးမူမ်ားခဲ့တာကို ေတြ႔ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္နဲ႔ ၿဗိတိန္မွာ ဒီ ေဆးေတြအစား၊ အဖ်ားအတြက္ ပါရာစီတေမာ (Paracetamol) ကိုသာ သုံးပါတယ္။ ေနာက္တစ္ခုက အေပၚမွာေျပာခဲ့သလို၊ မလိုအပ္ဘဲ ပဋိဇီဝေဆး (Antibiotics) ကိုလည္း မသုံးဖို႔ပါ။ အေၾကာင္းက ပဋွိဇီဝပိုးသတ္ေဆးေၾကာင့္ ဝမ္းေလ်ာတာ ျဖစ္ေစႏိုင္ၿပီး၊ ကိုဗစ္ေၾကာင့္ ဝမ္းေလွ်ာတာနဲ႔ ခြဲရခက္သြားႏိုင္လို႔ပါ။ ကိုဗစ္ေၾကာင့္ဝမ္းေလွ်ာသူမွာ ကိုဗစ္ပိုဆိုးလာႏိုင္တာ (ေက်ာက္ကပ္ပ်က္ႏိုင္တာ၊ အသဲထိခိုက္ႏိုင္တာ) ေတြရွိႏိုင္တာမို႔၊ ႀကိဳတင္ခြဲျခားသိၿပီး ပိုဂ႐ုစိုက္ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ကိုဗစ္ေၾကာင့္ အနံ႔ပဲ ေပ်ာက္သူေတြကေတာ့၊ ဘာမွသိပ္အမ်ားႀကီး မထိခိုက္ဘဲ ျပန္ေကာင္းလာေလ့ ရွိတတ္ပါတယ္။

အမရိကန္နဲ႔ ၿဗိတိန္က ၫႊန္ၾကားခ်က္ (Guideline) အတိုင္း၊ အရင္ အေမရိကန္က လူအို႐ုံေတြအတြက္ အသက္ကယ္ေပးခဲ့သလို၊ အခု ျမန္မာႏိုင္ငံက လူနာတခ်ဳိ ႔ကို ကယ္ဆယ္ေပးေနတဲ့၊ နယူးေယာက္ၿမိဳ. Wyckoff Heights ေဆး႐ုံက၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ (https://www.facebook.com/zeyar.thet.1) ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။


== Unicode ==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 ဖြစ်ကြတဲ့ လူနာတွေမှာ ဆေးရုံတွေက လက်မခံနိုင်လောက်အောင် များလာနေချိန်မှာ၊ ကိုယ့်အိမ်မှာပဲ စောင့်စားကုသကြရာ သေဆုံးမူတွေလည်း အတော်များလာနေပါတယ်။ သေဆုံးမူတွေ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ကျန်းမာရေးပညာရှင်တွေက ဖုန်းကတဆင့် ကူညီကုသပေးနေရာမှာ အဓိကတော့ လူနာတွေက ကိုယ့်ဟာကိုယ် ဆေးမီးတိုနဲ့ ကြိတ်မကုဘဲ၊ ဆရာဝန်တွေနဲ့ မေးမြန်း စစ်ဆေး အကြံယူကုသဖို့ အရေးကြီးပါတယ်။ ဒီရောဂါဖြစ်လာတာကို မရှက်မကြောက်ဘဲ လက်ခံပြီး၊ ဆရာဝန်တွေကို ဆက်သွယ်မေးမြန်းဖို့ လိုပါတယ်။ တချို့တွေက သာမန် အပူရှပ်၊ တုပ်ကွေး၊ အအေးမိတာလို့ စိတ်ဖြေကာကွယ်ပြောဆိုနေကြသလို၊ တချို့တွေကလဲ သေမှာပဲလို့ စိုးရိမ်လွန်ကဲနေတာတွေ ရှိနေပါတယ်။ ဆရာဝန်တွေနဲ့ ကြိုတင်ချိတ်ဆက်ထားခြင်းဖြင့် အခြေအနေ မဆိုးလာခင်မှာ၊ စောစောသိ စောစောကုသနိုင်ပါတယ်။ နောက်ကျမှသိပြီး အောက်ဆီဂျင် အလွန်အမင်းကျနေချိန်မှ သိရလျှင်တော့၊ ပြန်ကောင်းအောင်ကုစားဖို့ ခက်ခဲလွန်းလှပါတယ်။ မြန်မာနိုင်ငံထဲက ဆရာဝန်တွေကို ဆက်သွယ်ရခက်နေလျှင်လဲ၊ နိုင်ငံခြားက မြန်မာဆရာဝန်တွေကို လူမူမီဒီယာကွန်ရက် (Social Media – Facebook Messenger) က တဆင့် ဆက်သွယ်နိုင်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်က ကိုဗစ်ကုသရေးညွှန်ကြားချက် (Guideline) အပေါ်အခြေခံပြီး၊ အရင် အမေရိကန်က လူအိုရုံတွေနဲ့၊ မြန်မာနိုင်ငံကလာတဲ့ လူနာတွေကို၊ အမေရိကန်ရောက် မြန်မာဆရာဝန်တွေ တယ်လီဖုန်းကတဆင့် အများကြီး အသက်ကယ်ပေးနိုင်ခဲ့ပါတယ်။ အခုလဲ မြန်မာနိုင်ငံမှာ သေဆုံးမူများလာနေတာအတွက်၊ ဒီနည်းနဲ့ပဲ ဆက်ကယ်တင်ပေးနိုင်တာတွေရှိလာနေပါပြီ။ မြန်မာနိုင်ငံမှာတော့ အရေးကြီးဆုံးဖြစ်နေတဲ့ အောက်ဆီဂျင်ကျ သေဆုံးရမူူအတွက်၊ အမြဲ အောက်ဆီဂျင်နဲ့ အခြားလိုတာတွေ အမြဲတိုင်းတာစစ်ဆေးစောင့်ကြည့်နေဖို့ပါ။ တချို့မှာလဲ အောက်ဆီဂျင်ကျတော့မယ့် လက္ခဏာတွေ ပြလာတတ်တာကို သတိထားမိဖို့ လိုပါတယ်။ ဒါတွေက အိပ်နေချိန်မှာ သွေးခုန်နှုန်းနဲ့ နှလုံးခုန်းနှုန်းစတက်လာတာ (တစ်မိနစ်ကို ၁၀၀ ကျော်အထိ)၊ အိပ်နေရာကထပြီး အိမ်သာသွားချိန်၊ ရေသွားချိုးချိန်၊ ထမင်းထိုင်စားချိန်နဲ့ လမ်းလျှောက်ချိန်တွေမှာ မောကာ၊ အောက်ဆီဂျင်စကျလာတာတွေပါ။

သွေးတွင်း အောက်ဆီဂျင် (၉၂)% အောက် စကျလာပါက၊ ပုံမှန်လူတွေအတွက် အောက်ဆီဂျင် စတင်ပေးဖို့ လိုပါတယ်။ အသက်ကြီးသူတွေအတွက်တော့ (၉၄)% လောက် စကျလာချိန်မှာ စတင်ပေးနိုင်လျှင် ပိုကောင်းပါတယ်။ အောက်ဆီဂျင် မရနိုင်ချိန်မှာ၊ မှောက်အိပ်နည်း၊ ထိုင်နေနည်းတွေနဲ့ အစားထိုး ကြိုးစားနိုင်ပေမယ့် အောက်ဆီဂျင် ရနိုင်လျှင်တော့ အကောင်းဆုံးထိရောက်စွာ ကုသနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်အိုး အရွယ်မျိုးစုံရှိနေချိန်မှာ၊ တချို့လဲ (၁၅) လီတာစာသာ တစ်ညတာလိုအပ်သူတွေအတွက် ဆရာဝန်တွေ ကြိုးစားရုန်းကန်ရင်း ထိရောက်အောင် ကုပေးနေရာကြပါတယ်။ တချို့အတွက်တော့ နာရီဝက်၊ တစ်နာရီပေးပြီး အောက်ဆီဂျင် တက်မတက်စောင့်ကြည့်ကာ၊ ဆက်တိုက်မပေးဘဲ၊ မနက်ထိခံအာင်ထိန်းပေးကာ၊ နောက်အောက်ဆီဂျင် ထပ်ရှာပြီး၊ အသက်ဆက်နိုင်ခဲ့တာတွေ ရှိလာနေပါတယ်။

ဒါ့အပြင် အောက်ဆီဂျင် (၉၂) အောက် ရောက်လာသူတွေအတွက်၊ အမေရိကန်မှာ ဆေးရုံတွေမှာ ကုသသလို၊ လူူအိုရုံ (Nursing Home) တွေကို ကူညီညွှန်ကြားပေးပြီး၊ အရောင်ကျဆေး Steroid (Dexamethasone) ပေးနိုင်ကာ၊ ထိရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ ဆရာဝန်ညွှန်ကြားချက်နဲ့သာ၊ ဒီထိရောက်ပေမဲ့ ဘေးထွက်ဆိုးကျိုးကြီးနိုင်တဲ့ဆေးကို သုံးသင့်ပါတယ်။ Dexamethasone ကို လူနာတွေ ကိုယ့်ဟာကိုယ် ဝယ်ယူသုံးစွဲတာ လုံးဝမလုပ်သင့်ပါဘူး။ အကြောင်းက ရောဂါအခံရှိထားသူတွေမှာ ဒီဆေးကြောင့် ဘေးထွက်ဆိုးကျိုးနဲ့ အသက်အန္တရာယ် ဖြစ်တတ်နေလို့ပါ။ အထူးသဖြင့် ဆီးချိုရှိသူတွေမှာ Dexamethasone ဆေးပေးလျှင်၊ သကြားဓာတ် မြင့်တက်လွန်းတာနဲ့ သွေးဖြူဥ (White Blood Cell) ပါ လိုက်တက်လာပြီး၊ ဘက်တီးရီးယား ပိုးဝင်သလို အထင်မှားကာ၊ မလိုအပ်ဘဲ ပဋိဇီဝပိုးသတ်ဆေး သွားသုံးမိကာ နောက်ဆက်တွဲတွေ ဆိုးလာမှာပါ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ချိတ်ထားလျှင်တော့၊ လူနာမှာ သကြားဓာတ် တက်လွန်းလာတာကို ပြန်ချဖို့ အပါအဝင်၊ နောက်ဆက်တွဲတွေအတွက် လိုအပ်တဲ့ဆေးတွေ ထိန်းပေးနိုင်ပါတယ်။

အခုလို မလိုအပ်တဲ့ဆေးတွေ မသောက်မိဖို့က အထူးအရေးကြီးပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေး Diclofenac ၊ Ibuprofen စတာတွေကို လုံးဝမသုံးမိဖို့ပါ။ ဒီဆေးတွေက အဖျားလည်းကျစေတာမို့၊ ကိုဗစ်ဖြစ်တဲ့အစပိုင်းကာလမှာ ပြင်သစ်နိုင်ငံမှာ သုံးခဲ့ရာကနေ သေဆုံးမူများခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဗြိတိန်မှာ ဒီ ဆေးတွေအစား၊ အဖျားအတွက် ပါရာစီတမော (Paracetamol) ကိုသာ သုံးပါတယ်။ နောက်တစ်ခုက အပေါ်မှာပြောခဲ့သလို၊ မလိုအပ်ဘဲ ပဋိဇီဝဆေး (Antibiotics) ကိုလည်း မသုံးဖို့ပါ။ အကြောင်းက ပဋှိဇီဝပိုးသတ်ဆေးကြောင့် ဝမ်းလျောတာ ဖြစ်စေနိုင်ပြီး၊ ကိုဗစ်ကြောင့် ဝမ်းလျောတာနဲ့ ခွဲရခက်သွားနိုင်လို့ပါ။ ကိုဗစ်ကြောင့်ဝမ်းလျောသူမှာ ကိုဗစ်ပိုဆိုးလာနိုင်တာ (ကျောက်ကပ်ပျက်နိုင်တာ၊ အသဲထိခိုက်နိုင်တာ) တွေရှိနိုင်တာမို့၊ ကြိုတင်ခွဲခြားသိပြီး ပိုဂရုစိုက် စောင့်ကြည့်ဖို့ လိုပါတယ်။ ကိုဗစ်ကြောင့် အနံ့ပဲ ပျောက်သူတွေကတော့၊ ဘာမှသိပ်အများကြီး မထိခိုက်ဘဲ ပြန်ကောင်းလာလေ့ ရှိတတ်ပါတယ်။

အမရိကန်နဲ့ ဗြိတိန်က ညွှန်ကြားချက် (Guideline) အတိုင်း၊ အရင် အမေရိကန်က လူအိုရုံတွေအတွက် အသက်ကယ်ပေးခဲ့သလို၊ အခု မြန်မာနိုင်ငံက လူနာတချို့ကို ကယ်ဆယ်ပေးနေတဲ့၊ နယူးယောက်မြို. Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် (https://www.facebook.com/zeyar.thet.1) ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG