သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တတိယလႈိင္း စျပင္းထန္လာခ်ိန္ ကာကြယ္ကုသေရး


ေရႊလီၿမိဳ႔တြင္ ကိုဗစ္ပိုးစစ္ေဆးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အခု ကိုဗစ္-19 လႈိင္း စျပင္းထန္လာခ်ိန္မွာ၊ ပိုအဓိကထား ကာကြယ္စရာနဲ႔ ကုသေရးျပင္ဆင္စရာေတြကို၊ အားလုံးဝိုင္းပူးေပါင္းလုပ္သင့္ၿပီလို႔ က်န္းမာေရးတာဝန္ရွိသူေတြက အထူးတိုက္တြန္းေနပါတယ္။

အဓိက အက်ဆုံးနဲ႔၊ အေကာင္းဆုံး ကာကြယ္စရာနည္းလမ္းကေတာ့ မိမိအိမ္မွာ ေနထိုင္ျခင္းပါ။ မျဖစ္မေန အလုပ္ထြက္လုပ္ရတာကလြဲလို႔ အျပင္မထြက္သင့္ေတာ့ပါဘူး။ အလည္အပတ္သြားတာမ်ိဳးကိုေတာ့ ေရွာင္က်ဥ္သင့္ပါၿပီ။ အထူးသျဖင့္ ေရာဂါဒဏ္ခံရလြယ္တဲ့ အသက္ (၆၀) ေက်ာ္သူေတြနဲ႔၊ နာတာရွည္ေရာဂါအခံ (ဆီးခ်ိဳ၊ ႏွလုံး၊ ေသြးတိုး စတာ) ရွိသူေတြ တတ္ႏိုင္သမွ် အိမ္မွာပဲေနသင့္ပါတယ္။

မျဖစ္မေန အိမ္ျပင္ထြက္ရလွ်င္ေတာ့ ကိုယ့္အိမ္ထဲကို ပိုးျပန္သယ္လာသူ မျဖစ္ေအာင္ ပိုကာကြယ္ဖို႔ လိုလာပါၿပီ။ ဒါေၾကာင့္ မျဖစ္မေန အျပင္ထြက္တာနဲ႔၊ မျဖစ္မေန Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္ဖို႔ လိုသြားပါၿပီ။ ဒါ့အျပင္ အမ်ားသုံး ပစၥည္းေတြကို မကိုင္တြယ္မိနဲ႔ ကိုင္တြယ္ၿပီးတိုင္းလည္း လက္ကို စကၠန႔္ (၂၀) ၾကာေအာင္ စနစ္တက်ျပန္ေဆးဖို႔ လိုလာပါၿပီး၊ အျခားသူေတြနဲ႔ ခပ္ခြာခြာေနဖို႔ အေရးႀကီးလာပါၿပီ။ ၿပီးေတာ့၊ အိမ္ျပန္ဝင္လာလွ်င္လည္း Mask ကို စနစ္တက်စြန႔္ပစ္ကာ၊ လက္ကိုလည္း စနစ္တက် ျပန္ေဆးဖို႔ လိုပါတယ္။ ဒါ့အျပင္ Stay at Home (အိမ္မွာေနဖို႔) သတ္မွတ္ထားတဲ့ ကူးစက္မူမ်ားေနတဲ့ ေဒသကလူေတြအေနနဲ႔ ဝတ္လာတဲ့အဝတ္ေတြကိုပါ ခ်က္ခ်င္း ခြၽတ္ကာ၊ စနစ္တက် မိနစ္ (၃၀) ေလာက္ ေရ၊ ဆပ္ျပာနဲ႔စိမ္ၿပီးမွ ေလွ်ာ္သင့္ပါတယ္။ ၿပီးလွ်င္ ကိုယ္လက္သန႔္စင္ေရခ်ိဳးလိုက္သင့္ပါတယ္။ အိမ္မွာရွိတဲ့ အသက္ႀကီးသူေတြ၊ ေရာဂါအခံရွိသူေတြနဲ႔ အနီးကပ္ ေနထိုင္၊ စားေသာက္ (အတူမ်က္ႏွာခ်င္းဆိုင္စားေသာက္) တာေတြ မလုပ္သင့္ေတာ့ပါဘူး။

တကယ္က ဗီဇေျပာင္း ကိုဗစ္မ်ိဳးကြဲသစ္ကလည္း ကူးစက္မူ အလြန္ကိုျမန္ေနတာေၾကာင့္ ပိုသတိထားကာကြယ္ဖို႔ လိုလာတာပါ။ ေနာက္ပိုင္းေတြ႕ရွိခ်က္ေတြအရ၊ ပိုးရွိသူနဲ႔ စကၠန႔္ပိုင္း ထိေတြ႕ရာကေနကို ကူးႏိုင္တဲ့အေနအထားအထိ ကူးစက္ႏိုင္လြန္းေနပါတယ္။ အရင္မူရင္ပိုးအမ်ိဳးအစားတုံးကဆို၊ (၁၅) မိနစ္ၾကာ အတူရွိခဲ့မွသာ အကာအကြယ္မရွိသူကို ကူးႏိုင္တယ္လို႔ ေတြ႕ရွိထားခဲ့တာပါ။ ဒါေၾကာင့္ အထူးသျဖင့္ ေလဝင္ေလထြက္ မေကာင္းတဲ့ မ်က္ႏွာခ်င္းဆိုင္ ဟိုဖက္ဒီဖက္ ေလျဖတ္ဝင္ႏိုင္တာ (Cross Ventilation) မရွိတဲ့ အခန္းေတြမွာ ပိုသတိထားၿပီး၊ Mask ကို အေသအခ်ာလုံေအာင္ ပိုစနစ္တက်ကိုတပ္ဖို႔ အေရးႀကီးလာကာ၊ ၾကာၾကာလဲ မေနသင့္ေတာ့ဘဲ၊ အထဲမွာ လူစုမသြားမိေအာင္လည္း အထူး သတိထားရေတာ့မွာပါ။ ေနာက္ သတိထားရမွာက၊ ေရာဂါလကၡဏာမျပဘဲ၊ လူေကာင္းလိုျဖစ္ေနတဲ့ ကူးစက္ႏိုင္သူေတြလည္း ပိုရွိလာေနတာပါ။

ကုသေရးမွာေတာ့ အရင္ ကိုဗစ္ဒုတိယလႈိင္း အေတြ႔အႀကဳံေတြအရ အားသာခ်က္တခ်ိဳ ႔ရွိေပမယ့္၊ စိန္ေခၚခ်က္ေတြလည္း ရွိလာပါတယ္။ အားသာခ်က္ကေတာ့ အရင္ သမားေတာ္ႀကီးေတြ ျပင္ဆင္ေပးလာခဲ့တဲ့ စံကုထုံး (Clinical Management Guidelines) ေတြ ပိုျပည့္စုံလာတာပါ။ ဒါေၾကာင့္ သမားေတာ္ႀကီးေတြကိုယ္တိုင္ ကိုဗစ္ သီးသန႔္အထူးေဆး႐ုံေတြမွာ အၿမဲၾကပ္မတ္ကုသေပးစရာ မလိုေတာ့ဘဲ၊ ဒီကုထုံးနည္းလမ္းေတြ အသုံးျပဳကာ၊ သာမန္ဆရာဝန္ေတြကေန ေဆး႐ုံတိုင္းမွာ ကုသမူေပးႏိုင္ပါၿပီ။ ဒါေပမဲ့ ေဆးဝန္ထမ္း (Human Resources – HR) လိုအပ္မူကေတာ့ စိန္ေခၚခ်က္ျဖစ္ေနေသးၿပီး၊ ရွိတဲ့အင္အားနဲ႔ ႐ုန္းကန္ႀကိဳးပမ္းေနရတာမို႔၊ အားလုံးက ျပန္ၿပီး ဝိုင္းကူေပးႏိုင္ၾကဖို႔ အေရးႀကီးလာေနပါၿပီ။ ဒီအတြက္ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔လည္း အတတ္ႏိုင္ဆုံး ကူညီညႇိဳႏႈိင္းေပးေနပါတယ္။ ပုဂၢလိကေဆး႐ုံေတြနဲ႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း ျမန္မာႏိုင္ငံ က်န္းမာေရးမွဴးအသင္းအဖြဲ႕ေတြအေနနဲ႔လည္း ကြၽမ္းက်င္ရာအလိုက္ ပူးေပါင္းေဆာင္႐ြက္ရမယ့္ အခ်ိန္ေရာက္ေနပါၿပီ။ ဒါ့အျပင္ ကုသေရးမွာက ေဆး႐ုံပို႔တဲ့ သယ္ယူပို႔ေဆာင္ေရးစနစ္ (Referral System) ေတြ ေကာင္းဖို႔ လိုလာတာမို႔၊ ေဆးပညာရွင္ေတြတင္မကဘဲ၊ တစ္ဦးတစ္ေယာက္ခ်င္းလည္း ေစတနာဝန္ထမ္းေတြအေနနဲ႔ ဝိုင္းကူေပးႏိုင္ပါတယ္။

ေဆးပစၥည္းေတြအေနနဲ႔ အဓိကအေရးႀကီးဆုံးက ေအာက္ဆီဂ်င္ၿပီးၿပီး၊ ေနာက္ အကာအကြယ္ဝတ္စုံ (PPE) နဲ႔၊ လိုအပ္တဲ့ေဆးဝါးေတြျဖစ္တဲ့ Dexamethasone ၊ Remdesivir ၊ ကိုဗစ္က ျပန္ေကာင္းလာသူ ေသြးရည္ၾကည္ (Convalescent Plasma) ေတြကို အတတ္ႏိုင္ဆုံး စုေဆာင္ထားေပမယ့္၊ လူနာမ်ားလြန္းလာလွ်င္ေတာ့ လိုအပ္ခ်က္ ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ လူနာကုတင္ေတြကိုလည္း လူနာမ်ားလာတာနဲ႔အမွ် တိုးခ်ဲ႕ေရး အတတ္ႏိုင္ဆုံး ျပင္ဆင္ထားပါတယ္။ အထူးသျဖင့္ ရန္ကုန္မွာ ကိုဗစ္ကုသေရး စင္တာေတြ တိုးခ်ဲ႕လာေနၿပီး၊ တေနရာနဲ႔တေနရာေတာ့ ျပင္ဆင္ႏိုင္မူ မတူၾကပါဘူး။ ဒါေပမဲ့ အခုလိုကုသေပးမူမွာလည္း၊ ကိုဗစ္ပိုးကို သတ္ႏိုင္တဲ့ ေဆးမေပၚေသးတာမို႔၊ ပိုးေၾကာင့္ျဖစ္လာတဲ့ ထိခိုက္မူလကၡဏာေတြ (ဥပမာ ေအာက္ဆီဂ်င္က်တာ၊ ေရာင္ကိုင္းတာေတြ) ကို ျပန္ျပင္ေပးတဲ့နည္းနဲ႔ ကိုယ္ခႏၶာကေန ကိုယ္ခံအားနဲ႔ ျပန္တိုက္ႏိုင္ေအာင္ ေဘးကပံ့ပိုးထိန္းကုေပးရတာမို႔၊ အားလုံးျပန္ေကာင္းမယ္လို႔ အတိအက် ေျပာလို႔မရႏိုင္တဲ့ အေနအထားပါ။ ဒါေၾကာင့္ ကုသရတဲ့အဆင့္ မေရာက္ေရး၊ ေရာဂါပိုးမဝင္ေအာင္ ပိုကာကြယ္ေရးေတြ လုပ္ျခင္းျဖင္၊့ မိမိနဲ႔ မိသားစု၊ နီးစပ္သူေတြ အသက္ကို မထိခိုက္ေစႏိုင္သလို၊ ေဆး႐ုံနဲ႔ က်န္းမာေရးဝန္ထမ္း၊ ဆက္စပ္ေစတနာ့ဝန္ထမ္းေတြအတြက္လည္း ဝန္မပိသြားေအာင္ ဝိုင္းကူညီေပးႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုးကို ဆက္သြယ္ေမးထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံမှာ အခု ကိုဗစ်-19 လှိုင်း စပြင်းထန်လာချိန်မှာ၊ ပိုအဓိကထား ကာကွယ်စရာနဲ့ ကုသရေးပြင်ဆင်စရာတွေကို၊ အားလုံးဝိုင်းပူးပေါင်းလုပ်သင့်ပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက အထူးတိုက်တွန်းနေပါတယ်။

အဓိက အကျဆုံးနဲ့၊ အကောင်းဆုံး ကာကွယ်စရာနည်းလမ်းကတော့ မိမိအိမ်မှာ နေထိုင်ခြင်းပါ။ မဖြစ်မနေ အလုပ်ထွက်လုပ်ရတာကလွဲလို့ အပြင်မထွက်သင့်တော့ပါဘူး။ အလည်အပတ်သွားတာမျိုးကိုတော့ ရှောင်ကျဉ်သင့်ပါပြီ။ အထူးသဖြင့် ရောဂါဒဏ်ခံရလွယ်တဲ့ အသက် (၆၀) ကျော်သူတွေနဲ့၊ နာတာရှည်ရောဂါအခံ (ဆီးချို၊ နှလုံး၊ သွေးတိုး စတာ) ရှိသူတွေ တတ်နိုင်သမျှ အိမ်မှာပဲနေသင့်ပါတယ်။

မဖြစ်မနေ အိမ်ပြင်ထွက်ရလျှင်တော့ ကိုယ့်အိမ်ထဲကို ပိုးပြန်သယ်လာသူ မဖြစ်အောင် ပိုကာကွယ်ဖို့ လိုလာပါပြီ။ ဒါကြောင့် မဖြစ်မနေ အပြင်ထွက်တာနဲ့၊ မဖြစ်မနေ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ဖို့ လိုသွားပါပြီ။ ဒါ့အပြင် အများသုံး ပစ္စည်းတွေကို မကိုင်တွယ်မိနဲ့ ကိုင်တွယ်ပြီးတိုင်းလည်း လက်ကို စက္ကန့် (၂၀) ကြာအောင် စနစ်တကျပြန်ဆေးဖို့ လိုလာပါပြီး၊ အခြားသူတွေနဲ့ ခပ်ခွာခွာနေဖို့ အရေးကြီးလာပါပြီ။ ပြီးတော့၊ အိမ်ပြန်ဝင်လာလျှင်လည်း Mask ကို စနစ်တကျစွန့်ပစ်ကာ၊ လက်ကိုလည်း စနစ်တကျ ပြန်ဆေးဖို့ လိုပါတယ်။ ဒါ့အပြင် Stay at Home (အိမ်မှာနေဖို့) သတ်မှတ်ထားတဲ့ ကူးစက်မူများနေတဲ့ ဒေသကလူတွေအနေနဲ့ ဝတ်လာတဲ့အဝတ်တွေကိုပါ ချက်ချင်း ချွတ်ကာ၊ စနစ်တကျ မိနစ် (၃၀) လောက် ရေ၊ ဆပ်ပြာနဲ့စိမ်ပြီးမှ လျှော်သင့်ပါတယ်။ ပြီးလျှင် ကိုယ်လက်သန့်စင်ရေချိုးလိုက်သင့်ပါတယ်။ အိမ်မှာရှိတဲ့ အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ အနီးကပ် နေထိုင်၊ စားသောက် (အတူမျက်နှာချင်းဆိုင်စားသောက်) တာတွေ မလုပ်သင့်တော့ပါဘူး။

တကယ်က ဗီဇပြောင်း ကိုဗစ်မျိုးကွဲသစ်ကလည်း ကူးစက်မူ အလွန်ကိုမြန်နေတာကြောင့် ပိုသတိထားကာကွယ်ဖို့ လိုလာတာပါ။ နောက်ပိုင်းတွေ့ရှိချက်တွေအရ၊ ပိုးရှိသူနဲ့ စက္ကန့်ပိုင်း ထိတွေ့ရာကနေကို ကူးနိုင်တဲ့အနေအထားအထိ ကူးစက်နိုင်လွန်းနေပါတယ်။ အရင်မူရင်ပိုးအမျိုးအစားတုံးကဆို၊ (၁၅) မိနစ်ကြာ အတူရှိခဲ့မှသာ အကာအကွယ်မရှိသူကို ကူးနိုင်တယ်လို့ တွေ့ရှိထားခဲ့တာပါ။ ဒါကြောင့် အထူးသဖြင့် လေဝင်လေထွက် မကောင်းတဲ့ မျက်နှာချင်းဆိုင် ဟိုဖက်ဒီဖက် လေဖြတ်ဝင်နိုင်တာ (Cross Ventilation) မရှိတဲ့ အခန်းတွေမှာ ပိုသတိထားပြီး၊ Mask ကို အသေအချာလုံအောင် ပိုစနစ်တကျကိုတပ်ဖို့ အရေးကြီးလာကာ၊ ကြာကြာလဲ မနေသင့်တော့ဘဲ၊ အထဲမှာ လူစုမသွားမိအောင်လည်း အထူး သတိထားရတော့မှာပါ။ နောက် သတိထားရမှာက၊ ရောဂါလက္ခဏာမပြဘဲ၊ လူကောင်းလိုဖြစ်နေတဲ့ ကူးစက်နိုင်သူတွေလည်း ပိုရှိလာနေတာပါ။

ကုသရေးမှာတော့ အရင် ကိုဗစ်ဒုတိယလှိုင်း အတွေ့အကြုံတွေအရ အားသာချက်တချို့ရှိပေမယ့်၊ စိန်ခေါ်ချက်တွေလည်း ရှိလာပါတယ်။ အားသာချက်ကတော့ အရင် သမားတော်ကြီးတွေ ပြင်ဆင်ပေးလာခဲ့တဲ့ စံကုထုံး (Clinical Management Guidelines) တွေ ပိုပြည့်စုံလာတာပါ။ ဒါကြောင့် သမားတော်ကြီးတွေကိုယ်တိုင် ကိုဗစ် သီးသန့်အထူးဆေးရုံတွေမှာ အမြဲကြပ်မတ်ကုသပေးစရာ မလိုတော့ဘဲ၊ ဒီကုထုံးနည်းလမ်းတွေ အသုံးပြုကာ၊ သာမန်ဆရာဝန်တွေကနေ ဆေးရုံတိုင်းမှာ ကုသမူပေးနိုင်ပါပြီ။ ဒါပေမဲ့ ဆေးဝန်ထမ်း (Human Resources – HR) လိုအပ်မူကတော့ စိန်ခေါ်ချက်ဖြစ်နေသေးပြီး၊ ရှိတဲ့အင်အားနဲ့ ရုန်းကန်ကြိုးပမ်းနေရတာမို့၊ အားလုံးက ပြန်ပြီး ဝိုင်းကူပေးနိုင်ကြဖို့ အရေးကြီးလာနေပါပြီ။ ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အတတ်နိုင်ဆုံး ကူညီညှိုနှိုင်းပေးနေပါတယ်။ ပုဂ္ဂလိကဆေးရုံတွေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအဖွဲ့တွေအနေနဲ့လည်း ကျွမ်းကျင်ရာအလိုက် ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒါ့အပြင် ကုသရေးမှာက ဆေးရုံပို့တဲ့ သယ်ယူပို့ဆောင်ရေးစနစ် (Referral System) တွေ ကောင်းဖို့ လိုလာတာမို့၊ ဆေးပညာရှင်တွေတင်မကဘဲ၊ တစ်ဦးတစ်ယောက်ချင်းလည်း စေတနာဝန်ထမ်းတွေအနေနဲ့ ဝိုင်းကူပေးနိုင်ပါတယ်။

ဆေးပစ္စည်းတွေအနေနဲ့ အဓိကအရေးကြီးဆုံးက အောက်ဆီဂျင်ပြီးပြီး၊ နောက် အကာအကွယ်ဝတ်စုံ (PPE) နဲ့၊ လိုအပ်တဲ့ဆေးဝါးတွေဖြစ်တဲ့ Dexamethasone ၊ Remdesivir ၊ ကိုဗစ်က ပြန်ကောင်းလာသူ သွေးရည်ကြည် (Convalescent Plasma) တွေကို အတတ်နိုင်ဆုံး စုဆောင်ထားပေမယ့်၊ လူနာများလွန်းလာလျှင်တော့ လိုအပ်ချက် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လူနာကုတင်တွေကိုလည်း လူနာများလာတာနဲ့အမျှ တိုးချဲ့ရေး အတတ်နိုင်ဆုံး ပြင်ဆင်ထားပါတယ်။ အထူးသဖြင့် ရန်ကုန်မှာ ကိုဗစ်ကုသရေး စင်တာတွေ တိုးချဲ့လာနေပြီး၊ တနေရာနဲ့တနေရာတော့ ပြင်ဆင်နိုင်မူ မတူကြပါဘူး။ ဒါပေမဲ့ အခုလိုကုသပေးမူမှာလည်း၊ ကိုဗစ်ပိုးကို သတ်နိုင်တဲ့ ဆေးမပေါ်သေးတာမို့၊ ပိုးကြောင့်ဖြစ်လာတဲ့ ထိခိုက်မူလက္ခဏာတွေ (ဥပမာ အောက်ဆီဂျင်ကျတာ၊ ရောင်ကိုင်းတာတွေ) ကို ပြန်ပြင်ပေးတဲ့နည်းနဲ့ ကိုယ်ခန္ဓာကနေ ကိုယ်ခံအားနဲ့ ပြန်တိုက်နိုင်အောင် ဘေးကပံ့ပိုးထိန်းကုပေးရတာမို့၊ အားလုံးပြန်ကောင်းမယ်လို့ အတိအကျ ပြောလို့မရနိုင်တဲ့ အနေအထားပါ။ ဒါကြောင့် ကုသရတဲ့အဆင့် မရောက်ရေး၊ ရောဂါပိုးမဝင်အောင် ပိုကာကွယ်ရေးတွေ လုပ်ခြင်းဖြင်၊့ မိမိနဲ့ မိသားစု၊ နီးစပ်သူတွေ အသက်ကို မထိခိုက်စေနိုင်သလို၊ ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆက်စပ်စေတနာ့ဝန်ထမ်းတွေအတွက်လည်း ဝန်မပိသွားအောင် ဝိုင်းကူညီပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ဆက်သွယ်မေးထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG