သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာ ေဆး႐ုံက လက္မခံႏိုင္ခ်ိန္၊ အိမ္မွာ စီမံကုသမူ


ကုိဗစ္ေရာဂါလူနာေတြအတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္ရဖို႔ စက္႐ံုေတြရဲ႕အျပင္ဘက္မွာ တန္းစီေစာင့္ဆုိင္းေနတဲ့ ျပည္သူမ်ား။ (ဇူလိုင္ ၁၁၊ ၂၁)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္ - 19 ေရာဂါ အျဖစ္မ်ားလြန္းလာၿပီး၊ ေဆးရံုေတြ အလွ်င္မမီေတာ့တာေၾကာင့္၊ အိမ္မွာပဲေစာင့္ ကိုယ့္ဟာကိုယ္ကုသရရင္း ေသဆုံးၾကရသူေတြ ႐ုတ္တရက္ ျမင့္မားလာေနပါတယ္။

အခုလိုအခ်ိန္မွာ အထူးကုသမားေတာ္ႀကီးေတြ ဝိုင္းဝန္းျပဳစုထားတဲ့ ကိုဗစ္ကုသမူၫႊန္ၾကားခ်က္ (Clinical Guideline) အေပၚ အေျခခံၿပီး၊ အိမ္မွာ အတတ္ႏိုင္ဆုံး စီမံကုသသင့္တာေတြ ရွိပါတယ္။ ပထမဆုံးတစ္ခုကေတာ့ လက္ရွိအမ်ားရင္ဆိုင္ေနရတဲ့ ေအာက္ဆီဂ်င္ ပိုရႏိုင္ေရး အေထာက္အကူျပဳတဲ့ ေမွာက္အိပ္ အသက္႐ူနည္းပါ။

က်န္းမာေရးဌာနကလည္း ဒါကို အင္တာနက္ကတဆင့္ ရွင္းျပထားပါတယ္။ ပက္လက္အေနအထားကေန ေဘးတေစာင္း စေျပာင္းၿပီး၊ ခဏေနလွ်င္ ေမွာက္အိပ္ဖို႔ ျပင္တာပါ။ ဒီအတြက္ ေခါင္းအုံးေတြကို ေခါင္းေရွ ႔မွာ (၁) လုံး၊ အလယ္မွာ (ရင္ဘတ္နဲ႔ေပါင္တဝိုက္) (၂) လုံးနဲ႔၊ ေနာက္ဆုံး (ေျခဖ်ားတဝိုက္) မွာ (၁) လုံးထားကာ၊ အေပၚကေန ေမွာက္အိပ္လိုက္တာပါ။ အခုလို ေမွာက္အိပ္တာကို မိနစ္ (၃၀) ကေန (၃) နာရီ၊ (၄) နာရီအထိ သက္သာသလို ေနႏိုင္ပါတယ္။ ၿပီးလွ်င္ မိနစ္ (၃၀) ခန႔္ျပန္နားၿပီး၊ ေနာက္တစ္ေခါက္ ျပန္ေမွာက္အိပ္ႏိုင္ပါတယ္။ အခုလိုေနျခင္းအားျဖင့္ ေအာက္ဆီဂ်င္က်ေနတဲ့ ကိုဗစ္လူနာေတြရဲ႕ ေအာက္ဆီဂ်င္ ျပန္တက္လာတာကို လက္ေတြ႕ေတြ႕ထားၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ လူနာအခန္းကိုလည္း ေလဝင္ေလထြက္ (Ventilation) ေကာင္းေအာင္၊ လိုအပ္လွ်င္ ျပတင္းေပါက္ေတြအကုန္ဖြင့္ကာ စီမံထားျခင္းျဖင့္၊ အသက္႐ူမြန္းၾကပ္တာကို သက္သာေစႏိုင္ပါတယ္။ ေလစိမ္းတိုက္မွာ စိုးရိမ္ၿပီး အားလုံးပိတ္ထားတဲ့ နည္းလမ္းမွားမ်ိဳး မလုပ္သင့္ေတာ့ပါဘူး။

တခါတရံမွာ ကိုဗစ္ေၾကာင့္ ေခ်ာင္းဆက္တိုက္ဆိုးကာ ရင္ဘတ္ေအာင့္ၿပီး အသက္႐ူရခက္သလိုမ်ိဳးလည္း ေအာက္ဆီဂ်င္ တကယ္မက်ဘဲ ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ လူနာေတြအေနနဲ႔ ေအာက္ဆီဂ်င္ က်တာေၾကာင့္လို႔ မွားယြင္းယူဆမိႏိုင္ပါတယ္။ အခုလို ရင္ဘတ္ေအာင့္ ေက်ာေအာင့္ ျဖစ္လာတာအတြက္၊ ပါရာစီတေမာ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေသာက္ျခင္းျဖင့္ သက္သာႏိုင္ပါတယ္။ ျဖစ္ႏိုင္လွ်င္ေတာ့ ေအာက္ဆီဂ်င္တိုင္း ကရိယာေလး ေဆာင္ထားၿပီးလည္း တိုင္းေနသင့္ပါတယ္။ အကယ္၍ မသက္သာဘဲ အသက္႐ူၾကပ္တာပိုဆိုးလာပါက၊ ေအာက္ဆီဂ်င္တိုင္းၾကည့္သင့္ပါတယ္။

ေအာက္ဆီဂ်င္က်လာလွ်င္ေတာ့၊ ေအာက္ဆီဂ်င္တိုင္းထားတဲ့ ပမာဏအဆင့္အလိုက္၊ ေအာက္ဆီဂ်င္ အနည္းနဲ႔အမ်ား ေပးဖို႔လိုပါတယ္။ ေအာက္ဆီဂ်င္ အဆင့္ (SPO2 Level) ၉၅ ေအာက္က်လာပါက၊ စသတိထားၿပီး၊ ဥပမာ ၉၂ (သို႔မဟုတ္) ၉၀ ေအာက္ေရာက္သြားလွ်င္၊ ေအာက္ဆီဂ်င္ တစ္လီတာ စေပးႏိုင္ပါတယ္။ အကယ္၍ ေအာက္ဆီဂ်င္ ၈၂ ေလာက္အထိ က်သြားပါက၊ (၃) လီတာခန႔္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ျဖစ္လာတဲ့ လကၡဏာအဆင့္ေတြအလိုက္လည္း ေသာက္သင့္တဲ့ေဆးေတြရွိပါတယ္။ ကိုဗစ္ေၾကာင့္ ဖ်ားတာ ကိုယ္လက္ကိုက္တာျဖစ္လာလွ်င္ ပါရာစီတေမာ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေသာက္သင့္ပါတယ္။ ေခ်ာင္းဆိုးလာလွ်င္ ေခ်ာင္းဆိုးေပ်ာက္ ေဆးရည္ (သို႔မဟုတ္) ေဆးလုံး (Cough Tablet) မနက္၊ ေန႔၊ ည ၃ ႀကိမ္ေသာက္ႏိုင္ပါတယ္။ လည္ေခ်ာင္းနာပါဆက္ျဖစ္လာလွ်င္ ဘက္တီးရီးယားပိုးကိုသံသယရွိလာပါက၊ ပဋိဇီဝေဆး (ပိုးသတ္ေဆး) Azithromycin (၅၀၀) မီလီဂရမ္ကို၊ တစ္ေန႔ တစ္လုံးနဲ႔ (၅) ရက္ေသာက္ႏိုင္ပါတယ္။ ဒီေနရာမွာ အားေဆး ဗီတာမင္ စီ တစ္ေန႔ (၅၀၀) မီလီဂရမ္လည္း ေသာက္ႏိုင္ပါတယ္။ ေအာက္ဆီဂ်င္က်လာခ်ိန္မွာ တြဲေပးႏိုင္တဲ့ Prednisolone ကေတာ့၊ ေရာဂါအခံရွိမရွိ ဖုန္းနဲ႔ေျပာရတာမွာ မေသခ်ာတာမို႔၊ ေနာက္ဆက္တြဲ ဆိုးက်ိဳးဒဏ္ (Complication) စိုးရိမ္ရခ်ိန္မွာ၊ အလြယ္ေပးလိုက္ဖို႔ ခက္ခဲေနပါေသးတယ္။ တစ္ခုသတိျပဳရမွာကေတာ့၊ ကြၽမ္းက်င္သူေတြနဲ႔ မတိုင္ပင္ပဲ၊ ျမန္မာေဆး၊ အဂၤလိပ္ေဆးေတြကို သူမ်ားေျပာတိုင္း အယုံလြယ္ၿပီး စမ္းမေသာက္သင့္ပါဘူး။

အခုလို ကိုဗစ္လူနာမ်ားလာတာအတြက္၊ ေဆး႐ုံကုတင္ေတြနဲ႔ ေအာက္ဆီဂ်င္ေတြ တိုးခ်ဲ႕ဖို႔ လိုလာေနတာအျပင္၊ ကာကြယ္ေဆးကိုလည္း အတတ္ႏိုင္ဆုံး ထိုးသင့္ပါတယ္။ ဒါေပမဲ့ လက္ရွိက ကာကြယ္ေဆး လူ တစ္သန္းေက်ာ္သာ ထိုးရေသးၿပီး၊ က်န္းမာေရးဝန္ထမ္းတခ်ိဳ ႔ကိုယ္တိုင္ တႀကိမ္သာထိုးရေသးတာမို႔၊ ေနာက္ထပ္ သန္းေတြနဲ႔ခ်ီ ထပ္ထိုးေပးႏိုင္ေရး ေစာင့္ဆိုင္းေနရခ်ိန္မွာ၊ လက္ရွိျဖစ္ႏႈန္းမ်ားေနတာကို လိုက္မမီႏိုင္မွာ စိုးရိမ္ရပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အဓိက ကာကြယ္ျခင္းကေတာ့ အေကာင္းဆုံးျဖစ္ေနပါေသးတယ္။

ဒီေနရာမွာ လူစုလူေဝးျဖစ္ေနေသးတာေတြ (ဥပမာ ဘဏ္မွာတန္းစီတာ၊ ေအာက္ဆီဂ်င္ မလုံေလာက္လို႔ တန္းစီတာ၊ သုႆန္ေတြမွာ တန္းစီေနရတာ) ေတြကို ေရွ ႔မွာမျဖစ္ႏိုင္ေအာင္ အတတ္ႏိုင္ဆုံး စီမံေျဖရွင္းသင့္ပါတယ္။ တကယ္ေတာ့ အခုလို လူစုလူေဝးေတြကို လူျပန္ခ်ဲပစ္ႏိုင္ၿပီး၊ အဓိက အိမ္မွာပဲ အမ်ားစု ကာလတစ္ခုေနေပးကာ၊ မျဖစ္မေနထြက္ရလွ်င္လည္း Mask ပါးစပ္နဲ႔ႏွာေခါင္စည္းတပ္၊ ဘာကိုင္မိကိုင္မိလက္ျပန္ေဆး၊ ခပ္ခြာခြာေနေပးၾကလွ်င္ေတာ့၊ သိပ္မၾကာဘဲ ကူးစက္မူႏႈန္း အေတာ္ျပန္က်သြားႏိုင္ပါတယ္။ လတ္တေလာအျဖစ္မ်ားေနတာကို ရင္ဆိုင္ရာမွာလည္း၊ စိတ္ရင္းေစတနာအမွန္နဲ႔ ဝိုင္းကူေပးကာ၊ အ႐ူံးမေပးဘဲ စိတ္ဓာတ္ခိုင္မာစြာ၊ ရရာနည္းလမ္းနဲ႔ ႀကိဳးပမ္းသြားလွ်င္ ဒီကိုဗစ္ကို ေက်ာ္လႊားသြားႏိုင္မွာပါ။

ကိုဗစ္လူနာေတြ ေဆး႐ုံတက္ႏိုင္ေရး စီမံေပးေနရင္း၊ အိမ္မွာဆက္ေစာင့္ ကုသေနရတဲ့ လူနာေတြကိုလည္း ဖုန္းနဲ႔အတတ္ႏိုင္ဆုံး ေျဖၾကားေပးေနကာ၊ အမည္ရင္းမေဖာ္လိုတဲ့၊ က်န္းမာေရးတာဝန္ရွိသူ ေဒါက္တာေ႐ႊဘကို၊ ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ် - 19 ရောဂါ အဖြစ်များလွန်းလာပြီး၊ ဆေးရုံတွေ အလျှင်မမီတော့တာကြောင့်၊ အိမ်မှာပဲစောင့် ကိုယ့်ဟာကိုယ်ကုသရရင်း သေဆုံးကြရသူတွေ ရုတ်တရက် မြင့်မားလာနေပါတယ်။

အခုလိုအချိန်မှာ အထူးကုသမားတော်ကြီးတွေ ဝိုင်းဝန်းပြုစုထားတဲ့ ကိုဗစ်ကုသမူညွှန်ကြားချက် (Clinical Guideline) အပေါ် အခြေခံပြီး၊ အိမ်မှာ အတတ်နိုင်ဆုံး စီမံကုသသင့်တာတွေ ရှိပါတယ်။ ပထမဆုံးတစ်ခုကတော့ လက်ရှိအများရင်ဆိုင်နေရတဲ့ အောက်ဆီဂျင် ပိုရနိုင်ရေး အထောက်အကူပြုတဲ့ မှောက်အိပ် အသက်ရူနည်းပါ။

ကျန်းမာရေးဌာနကလည်း ဒါကို အင်တာနက်ကတဆင့် ရှင်းပြထားပါတယ်။ ပက်လက်အနေအထားကနေ ဘေးတစောင်း စပြောင်းပြီး၊ ခဏနေလျှင် မှောက်အိပ်ဖို့ ပြင်တာပါ။ ဒီအတွက် ခေါင်းအုံးတွေကို ခေါင်းရှေ့မှာ (၁) လုံး၊ အလယ်မှာ (ရင်ဘတ်နဲ့ပေါင်တဝိုက်) (၂) လုံးနဲ့၊ နောက်ဆုံး (ခြေဖျားတဝိုက်) မှာ (၁) လုံးထားကာ၊ အပေါ်ကနေ မှောက်အိပ်လိုက်တာပါ။ အခုလို မှောက်အိပ်တာကို မိနစ် (၃၀) ကနေ (၃) နာရီ၊ (၄) နာရီအထိ သက်သာသလို နေနိုင်ပါတယ်။ ပြီးလျှင် မိနစ် (၃၀) ခန့်ပြန်နားပြီး၊ နောက်တစ်ခေါက် ပြန်မှောက်အိပ်နိုင်ပါတယ်။ အခုလိုနေခြင်းအားဖြင့် အောက်ဆီဂျင်ကျနေတဲ့ ကိုဗစ်လူနာတွေရဲ့ အောက်ဆီဂျင် ပြန်တက်လာတာကို လက်တွေ့တွေ့ထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် လူနာအခန်းကိုလည်း လေဝင်လေထွက် (Ventilation) ကောင်းအောင်၊ လိုအပ်လျှင် ပြတင်းပေါက်တွေအကုန်ဖွင့်ကာ စီမံထားခြင်းဖြင့်၊ အသက်ရူမွန်းကြပ်တာကို သက်သာစေနိုင်ပါတယ်။ လေစိမ်းတိုက်မှာ စိုးရိမ်ပြီး အားလုံးပိတ်ထားတဲ့ နည်းလမ်းမှားမျိုး မလုပ်သင့်တော့ပါဘူး။

တခါတရံမှာ ကိုဗစ်ကြောင့် ချောင်းဆက်တိုက်ဆိုးကာ ရင်ဘတ်အောင့်ပြီး အသက်ရူရခက်သလိုမျိုးလည်း အောက်ဆီဂျင် တကယ်မကျဘဲ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ လူနာတွေအနေနဲ့ အောက်ဆီဂျင် ကျတာကြောင့်လို့ မှားယွင်းယူဆမိနိုင်ပါတယ်။ အခုလို ရင်ဘတ်အောင့် ကျောအောင့် ဖြစ်လာတာအတွက်၊ ပါရာစီတမော မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ ဖြစ်နိုင်လျှင်တော့ အောက်ဆီဂျင်တိုင်း ကရိယာလေး ဆောင်ထားပြီးလည်း တိုင်းနေသင့်ပါတယ်။ အကယ်၍ မသက်သာဘဲ အသက်ရူကြပ်တာပိုဆိုးလာပါက၊ အောက်ဆီဂျင်တိုင်းကြည့်သင့်ပါတယ်။

အောက်ဆီဂျင်ကျလာလျှင်တော့၊ အောက်ဆီဂျင်တိုင်းထားတဲ့ ပမာဏအဆင့်အလိုက်၊ အောက်ဆီဂျင် အနည်းနဲ့အများ ပေးဖို့လိုပါတယ်။ အောက်ဆီဂျင် အဆင့် (SPO2 Level) ၉၅ အောက်ကျလာပါက၊ စသတိထားပြီး၊ ဥပမာ ၉၂ (သို့မဟုတ်) ၉၀ အောက်ရောက်သွားလျှင်၊ အောက်ဆီဂျင် တစ်လီတာ စပေးနိုင်ပါတယ်။ အကယ်၍ အောက်ဆီဂျင် ၈၂ လောက်အထိ ကျသွားပါက၊ (၃) လီတာခန့်ပေးနိုင်ပါတယ်။

ဒါ့အပြင် ကိုဗစ်ဖြစ်လာတဲ့ လက္ခဏာအဆင့်တွေအလိုက်လည်း သောက်သင့်တဲ့ဆေးတွေရှိပါတယ်။ ကိုဗစ်ကြောင့် ဖျားတာ ကိုယ်လက်ကိုက်တာဖြစ်လာလျှင် ပါရာစီတမော မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်သင့်ပါတယ်။ ချောင်းဆိုးလာလျှင် ချောင်းဆိုးပျောက် ဆေးရည် (သို့မဟုတ်) ဆေးလုံး (Cough Tablet) မနက်၊ နေ့၊ ည ၃ ကြိမ်သောက်နိုင်ပါတယ်။ လည်ချောင်းနာပါဆက်ဖြစ်လာလျှင် ဘက်တီးရီးယားပိုးကိုသံသယရှိလာပါက၊ ပဋိဇီဝဆေး (ပိုးသတ်ဆေး) Azithromycin (၅၀၀) မီလီဂရမ်ကို၊ တစ်နေ့ တစ်လုံးနဲ့ (၅) ရက်သောက်နိုင်ပါတယ်။ ဒီနေရာမှာ အားဆေး ဗီတာမင် စီ တစ်နေ့ (၅၀၀) မီလီဂရမ်လည်း သောက်နိုင်ပါတယ်။ အောက်ဆီဂျင်ကျလာချိန်မှာ တွဲပေးနိုင်တဲ့ Prednisolone ကတော့၊ ရောဂါအခံရှိမရှိ ဖုန်းနဲ့ပြောရတာမှာ မသေချာတာမို့၊ နောက်ဆက်တွဲ ဆိုးကျိုးဒဏ် (Complication) စိုးရိမ်ရချိန်မှာ၊ အလွယ်ပေးလိုက်ဖို့ ခက်ခဲနေပါသေးတယ်။ တစ်ခုသတိပြုရမှာကတော့၊ ကျွမ်းကျင်သူတွေနဲ့ မတိုင်ပင်ပဲ၊ မြန်မာဆေး၊ အင်္ဂလိပ်ဆေးတွေကို သူများပြောတိုင်း အယုံလွယ်ပြီး စမ်းမသောက်သင့်ပါဘူး။

အခုလို ကိုဗစ်လူနာများလာတာအတွက်၊ ဆေးရုံကုတင်တွေနဲ့ အောက်ဆီဂျင်တွေ တိုးချဲ့ဖို့ လိုလာနေတာအပြင်၊ ကာကွယ်ဆေးကိုလည်း အတတ်နိုင်ဆုံး ထိုးသင့်ပါတယ်။ ဒါပေမဲ့ လက်ရှိက ကာကွယ်ဆေး လူ တစ်သန်းကျော်သာ ထိုးရသေးပြီး၊ ကျန်းမာရေးဝန်ထမ်းတချို့ကိုယ်တိုင် တကြိမ်သာထိုးရသေးတာမို့၊ နောက်ထပ် သန်းတွေနဲ့ချီ ထပ်ထိုးပေးနိုင်ရေး စောင့်ဆိုင်းနေရချိန်မှာ၊ လက်ရှိဖြစ်နှုန်းများနေတာကို လိုက်မမီနိုင်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဓိက ကာကွယ်ခြင်းကတော့ အကောင်းဆုံးဖြစ်နေပါသေးတယ်။

ဒီနေရာမှာ လူစုလူဝေးဖြစ်နေသေးတာတွေ (ဥပမာ ဘဏ်မှာတန်းစီတာ၊ အောက်ဆီဂျင် မလုံလောက်လို့ တန်းစီတာ၊ သုဿန်တွေမှာ တန်းစီနေရတာ) တွေကို ရှေ့မှာမဖြစ်နိုင်အောင် အတတ်နိုင်ဆုံး စီမံဖြေရှင်းသင့်ပါတယ်။ တကယ်တော့ အခုလို လူစုလူဝေးတွေကို လူပြန်ချဲပစ်နိုင်ပြီး၊ အဓိက အိမ်မှာပဲ အများစု ကာလတစ်ခုနေပေးကာ၊ မဖြစ်မနေထွက်ရလျှင်လည်း Mask ပါးစပ်နဲ့နှာခေါင်စည်းတပ်၊ ဘာကိုင်မိကိုင်မိလက်ပြန်ဆေး၊ ခပ်ခွာခွာနေပေးကြလျှင်တော့၊ သိပ်မကြာဘဲ ကူးစက်မူနှုန်း အတော်ပြန်ကျသွားနိုင်ပါတယ်။ လတ်တလောအဖြစ်များနေတာကို ရင်ဆိုင်ရာမှာလည်း၊ စိတ်ရင်းစေတနာအမှန်နဲ့ ဝိုင်းကူပေးကာ၊ အရူံးမပေးဘဲ စိတ်ဓာတ်ခိုင်မာစွာ၊ ရရာနည်းလမ်းနဲ့ ကြိုးပမ်းသွားလျှင် ဒီကိုဗစ်ကို ကျော်လွှားသွားနိုင်မှာပါ။

ကိုဗစ်လူနာတွေ ဆေးရုံတက်နိုင်ရေး စီမံပေးနေရင်း၊ အိမ်မှာဆက်စောင့် ကုသနေရတဲ့ လူနာတွေကိုလည်း ဖုန်းနဲ့အတတ်နိုင်ဆုံး ဖြေကြားပေးနေကာ၊ အမည်ရင်းမဖော်လိုတဲ့၊ ကျန်းမာရေးတာဝန်ရှိသူ ဒေါက်တာရွှေဘကို၊ ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

XS
SM
MD
LG