သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ေသဆုံးမူျမင့္တက္လာတာ ကာကြယ္ေရး


တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အခု ကိုဗစ္-19 လႈိင္းေၾကာင့္ ကူးစက္ႏႈန္းေတြ ေန႔စဥ္ ေထာင္ဂဏန္းေတြခ်ီ စံခ်ိန္တင္ၿပီး၊ ေသဆုံးမူပါ ရာဂဏန္းကို ႐ုတ္တရက္ ခုန္တက္လာခ်ိန္မွာ၊ ပိုမိုေသဆုံးႏိုင္မူကေန ကာကြယ္ဖို႔ အလြန႔္အလြန္ အေရးႀကီးေနပါၿပီ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ျဖစ္ႏႈန္းက မ်ားလြန္းလာၿပီး၊ ေဆး႐ုံေတြ လက္ခံႏိုင္စြမ္းေက်ာ္သြားကာ၊ အိမ္ေတြမွာ ကိုယ့္ဟာကိုယ္ ေဆးစစ္ (သို႔မဟုတ္) ေရာဂါလကၡဏာၾကည့္ ဆုံးျဖတ္ (သို႔မဟုတ္) ဘာမွန္းမသိပဲ၊ ကုေနရသူေတြ ႐ုတ္တရက္ မ်ားလြန္းလာေနပါတယ္။ ဒီအထဲ အသက္အ႐ြက္ႀကီးရင့္သူေတြနဲ႔ ေရာဂါအခံရွိသူေတြ ေစာေစာကုသမူမရ ပိုဆိုးကာ၊ ေအာက္ဆီဂ်င္အခ်ိန္မီမရတာေၾကာင့္၊ မလိုအပ္ပဲ ေသဆုံးမူေတြ မ်ားလာေနရပါၿပီ။ ဒါေတြကိုေလ်ာ့ခ်ႏိုင္ဖို႔ ျပည္သူေတြ အတတ္ႏိုင္ဆုံး အိမ္အျပင္မထြက္ပဲ အားလုံးရဲ႕အသက္ကို ဝိုင္းကယ္ေပးဖို႔နဲ႔၊ ဝန္ပိလာေနတဲ့ ေဆး႐ုံနဲ႔က်န္းမာေရးစနစ္ မၿပိဳလဲေအာင္ တတတ္တအား ဝိုင္းကူ ေစာင့္ေရွာင့္ေပးဖို႔ အထူးအေရးႀကီးေနပါၿပီ။

အခုလို အိမ္မွာေနရခ်ိန္မွာလည္း ျပည္သူေတြ ဝိုင္းလုပ္ေပးႏိုင္တာေတြ ရွိပါတယ္။ ၿပီးခဲ့တဲ့ (၁၄) ရက္အတြင္း ေရာဂါရွိသူနဲ႔ ထိေတြ႔ခဲ့သူ (သို႔) ထိေတြ႔ခဲ့သူမွာ ေရာဂါျဖစ္လာခဲ့ရင္ (သို႔) မိမိကိုယ္တိုင္မွာ ကိုဗစ္လကၡဏာေတြ (အနံ႔ေပ်ာက္တာ၊ ဖ်ားတာ၊ အသက္႐ူခက္တာေတြ) ျပလာလွ်င္ေတာ့၊ ကိုယ့္ဟာကိုယ္ စတင္ကာကြယ္ၿပီး ကိုယ့္ဟာကိုယ္ သီးသန႔္ခြဲ ေနထိုင္စားေသာက္သင့္ပါတယ္။ အထူးသျဖင့္ အသက္ႀကီးသူေတြနဲ႔ ေရာဂါအခံရွိသူေတြကို မကူးေအာင္၊ လုံးဝခြဲေနဖို႔ပါ။ ဒါ့အျပင္ ေဆး႐ုံေဆးခန္းသြား ေဆးစစ္ဖို႔အတြက္၊ ကာကြယ္ေဆးထိုးထားသူ၊ ျဖစ္ႏိုင္လွ်င္ ငယ္႐ြယ္သူ၊ ေရာဂါအခံမရွိသူကို အကူအညီေတာင္းသင့္ပါတယ္။

ေဆးစစ္ဖို႔ကို အနီးဆုံး ေဆး႐ုံေဆးခန္း၊ ေဆးစစ္ဌာန (Test Center) နဲ႔ ေဒသႏၲရ က်န္းမာေရးဌာန၊ ၿမိဳ.နယ္က်န္းမာေရး႐ုံးဦးစီးဌာနေတြကို ဆက္သြယ္အေၾကာင္းၾကား၊ Appointment (ေတြ႕ရမယ့္အခ်ိန္) ေတာင္းယူ၊ သြားျပႏိုင္ပါတယ္။ မိမိမိသားစုနဲ႔ အနားမွာ ကာကြယ္ေဆးထိုးထားသူ မရွိပါကလဲ၊ ငယ္႐ြယ္သူနဲ႔ ေရာဂါအခံမရွိသူေတြကိုပဲ၊ အကူအညီေတာင္း သြားျပ၊ ေဆးစစ္သင့္ပါတယ္။

အကယ္၍ ေဆးမစစ္ႏိုင္ပဲ ေရာဂါလကၡဏာေပၚ ၾကည့္ဆုံးျဖတ္တာပဲျဖစ္ျဖစ္၊ ေဆးစစ္ၿပီး ပိုးရွိတာ သိသိခ်င္းပဲျဖစ္ျဖစ္၊ ေဆး႐ုံမသြားႏိုင္ေသးဘဲ၊ အိမ္မွာ ကိုယ့္ဟာကိုယ္ ကုေနရပါကလဲ၊ ပိုအထူးသတိထား ေစာင့္ၾကည့္စရာေတြ ရွိလာပါတယ္။ ျပင္းထန္ႏိုင္တဲ့ အေနအထားကို ႀကိဳမွန္းရခက္ေပမယ့္၊ ေရာဂါအခံရွိသူနဲ႔ သက္ႀကီး၊ ကိုယ္ခံအားနည္းသူေတြမွာ ပိုျပင္းထန္လာႏိုင္တာကို ႀကိဳသတိျပဳသင့္ပါတယ္။ အဓိက လုပ္ႏိုင္တာကေတာ့ ေအာက္ဆီဂ်င္နဲ႔ အပူခ်ိန္ (အဖ်ား) ပုံမွန္တိုင္းဖို႔ပါ။ Pulse ေအာက္ဆီမီတာ (လက္ဖ်ားမွာညွပ္ၿပီး ေအာက္ဆီဂ်င္တိုင္းတဲ့ကရိယာ) ဝယ္ကာ၊ တစ္ေန႔ (၃) ႀကိမ္တိုင္းသင့္ပါတယ္။ ကိုယ္အပူခ်ိန္ကိုလည္း တစ္ေန႔ (၂) ႀကိမ္တိုင္းသင့္ပါတယ္။ ေအာက္ဆီဂ်င္ (၉၂) ေအာက္ (သို႔) ၉၀ ေအာက္ေရာက္လွ်င္ေတာ့၊ ေအာက္ဆီဂ်င္ စနစ္တက်႐ွဳႏိုင္တဲ့ေနရာ ေရာက္ဖို႔လိုပါတယ္။ အိမ္မွာ ေအာက္ဆီဂ်င္႐ွဳတာက နားလည္သူ၊ ကြၽမ္းက်င္တဲ့ Special Nurse ေတြကူညီမူမရွိပဲ လုပ္ရတာ ခက္ႏိုင္ပါတယ္။

ျဖစ္ႏိုင္လွ်င္ ေဆး႐ုံအျမန္သြားတာ (သို) ေအာက္ဆီဂ်င္ မက်ခင္ကတည္းက၊ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ႀကိဳအခ်ိန္းအခ်က္ယူၿပီး (အထက္ပါ က်န္းမာေရးဌာနေတြအျပင္၊ Call Center ေတြမွာလည္း - ၀၆၇ ၃၄၁၁ ၅၀၈၊ ၀၆၇ ၃၄၁၁ ၅၀၉၊ ၀၆၇ ၃၄၁၁ ၁၄၄ နဲ႔ ၀၉ ၈၈၂၅၅ ၇၉၉၁၊ ၀၉ ၈၈၂၅၅ ၇၉၉၂၊ ၀၉ ၈၈၂၅၅ ၇၉၉၃ - ေမးျမန္းခ်ိတ္ဆက္ကာ) အခုလို အိမ္မွာ ေစာင့္ၾကည့္ကုသေနေၾကာင္းနဲ႔၊ ေအာက္ဆီဂ်င္က်လာလွ်င္၊ ေအာက္ဆီဂ်င္ အသင့္ရွိတဲ့ ေဆး႐ုံအျမန္သြားႏိုင္ဖို႔ ခ်ိတ္ဆက္ထားသင့္ပါတယ္။ အေရးေပၚလူနာေတြကို ျပန္မလႊတ္ဘဲ ကုသေပးဖို႔ေတာ့၊ ေဆး႐ုံေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။

တကယ္ေတာ့၊ ၿဗိတိန္ႏိုင္ငံမွာ ကိုဗစ္ဒုတိယလႈိင္း ျပင္းျပင္းထန္ထန္ျဖစ္ခဲ့ခ်ိန္ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ထြက္ေျပာခဲ့သလို၊ အိမ္မွာေနၿပီး လူ႔အသက္ကယ္ကာ က်န္းမာေရးစနစ္ကို ဝိုင္းကူေစာင့္ေရွာက္ေပးဖို႔၊ ျမန္မာႏိုင္ငံမွာ ဒီေန႔ အေရးေပၚလိုအပ္ေနပါၿပီ။ အခု ကိုဗစ္လူနာေတြ မ်ားလြန္းလာခ်ိန္မွာ၊ အရင္ရွိခဲ့တဲ့ ေဆးဝန္ထမ္းတစ္ဝက္တစ္ပ်က္ မႏိုင္မနင္းနဲ႔၊ ေဆး႐ုံကုတင္ေတြရွိလွ်က္ လူနာေတြကိုျပန္လႊတ္ရ၊ ေအာက္ဆီဂ်င္ျပတ္တဲ့အထိ ျဖစ္လာရခ်ိန္မွာ၊ က်န္တဲ့က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူေတြပါ၊ တတ္ႏိုင္တဲ့ဘက္က ဝိုင္းကူေပးႏိုင္ဖို႔ ေသေရးရွင္ေရး လိုအပ္ေနပါၿပီ။ ဒါမွသာ လူနာေတြေဆး႐ုံအေရာက္ ေနာက္မက်၊ ေစာေစာကုသေပးႏိုင္ကာ ပိုမဆိုးလာေတာ့ဘဲ၊ ေအာက္ဆီဂ်င္ မေလာက္မငွျဖစ္၊ အသက္ဆုံးရႈံးေနရတာေတြကိုပါ အျမန္ကာကြယ္ေပးႏိုင္မွာပါ။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုးကို ဆက္သြယ္ေမးထားပါတယ္။

@ https://www.facebook.com/than.n.oo.9/posts/10219290501150057

==Unicode==

မြန်မာနိုင်ငံမှာ အခု ကိုဗစ်-19 လှိုင်းကြောင့် ကူးစက်နှုန်းတွေ နေ့စဉ် ထောင်ဂဏန်းတွေချီ စံချိန်တင်ပြီး၊ သေဆုံးမူပါ ရာဂဏန်းကို ရုတ်တရက် ခုန်တက်လာချိန်မှာ၊ ပိုမိုသေဆုံးနိုင်မူကနေ ကာကွယ်ဖို့ အလွန့်အလွန် အရေးကြီးနေပါပြီ။

မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်နှုန်းက များလွန်းလာပြီး၊ ဆေးရုံတွေ လက်ခံနိုင်စွမ်းကျော်သွားကာ၊ အိမ်တွေမှာ ကိုယ့်ဟာကိုယ် ဆေးစစ် (သို့မဟုတ်) ရောဂါလက္ခဏာကြည့် ဆုံးဖြတ် (သို့မဟုတ်) ဘာမှန်းမသိပဲ၊ ကုနေရသူတွေ ရုတ်တရက် များလွန်းလာနေပါတယ်။ ဒီအထဲ အသက်အရွက်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေ စောစောကုသမူမရ ပိုဆိုးကာ၊ အောက်ဆီဂျင်အချိန်မီမရတာကြောင့်၊ မလိုအပ်ပဲ သေဆုံးမူတွေ များလာနေရပါပြီ။ ဒါတွေကိုလျော့ချနိုင်ဖို့ ပြည်သူတွေ အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ပဲ အားလုံးရဲ့အသက်ကို ဝိုင်းကယ်ပေးဖို့နဲ့၊ ဝန်ပိလာနေတဲ့ ဆေးရုံနဲ့ကျန်းမာရေးစနစ် မပြိုလဲအောင် တတတ်တအား ဝိုင်းကူ စောင့်ရှောင့်ပေးဖို့ အထူးအရေးကြီးနေပါပြီ။

အခုလို အိမ်မှာနေရချိန်မှာလည်း ပြည်သူတွေ ဝိုင်းလုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၄) ရက်အတွင်း ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူ (သို့) ထိတွေ့ခဲ့သူမှာ ရောဂါဖြစ်လာခဲ့ရင် (သို့) မိမိကိုယ်တိုင်မှာ ကိုဗစ်လက္ခဏာတွေ (အနံ့ပျောက်တာ၊ ဖျားတာ၊ အသက်ရူခက်တာတွေ) ပြလာလျှင်တော့၊ ကိုယ့်ဟာကိုယ် စတင်ကာကွယ်ပြီး ကိုယ့်ဟာကိုယ် သီးသန့်ခွဲ နေထိုင်စားသောက်သင့်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေကို မကူးအောင်၊ လုံးဝခွဲနေဖို့ပါ။ ဒါ့အပြင် ဆေးရုံဆေးခန်းသွား ဆေးစစ်ဖို့အတွက်၊ ကာကွယ်ဆေးထိုးထားသူ၊ ဖြစ်နိုင်လျှင် ငယ်ရွယ်သူ၊ ရောဂါအခံမရှိသူကို အကူအညီတောင်းသင့်ပါတယ်။

ဆေးစစ်ဖို့ကို အနီးဆုံး ဆေးရုံဆေးခန်း၊ ဆေးစစ်ဌာန (Test Center) နဲ့ ဒေသန္တရ ကျန်းမာရေးဌာန၊ မြို.နယ်ကျန်းမာရေးရုံးဦးစီးဌာနတွေကို ဆက်သွယ်အကြောင်းကြား၊ Appointment (တွေ့ရမယ့်အချိန်) တောင်းယူ၊ သွားပြနိုင်ပါတယ်။ မိမိမိသားစုနဲ့ အနားမှာ ကာကွယ်ဆေးထိုးထားသူ မရှိပါကလဲ၊ ငယ်ရွယ်သူနဲ့ ရောဂါအခံမရှိသူတွေကိုပဲ၊ အကူအညီတောင်း သွားပြ၊ ဆေးစစ်သင့်ပါတယ်။

အကယ်၍ ဆေးမစစ်နိုင်ပဲ ရောဂါလက္ခဏာပေါ် ကြည့်ဆုံးဖြတ်တာပဲဖြစ်ဖြစ်၊ ဆေးစစ်ပြီး ပိုးရှိတာ သိသိချင်းပဲဖြစ်ဖြစ်၊ ဆေးရုံမသွားနိုင်သေးဘဲ၊ အိမ်မှာ ကိုယ့်ဟာကိုယ် ကုနေရပါကလဲ၊ ပိုအထူးသတိထား စောင့်ကြည့်စရာတွေ ရှိလာပါတယ်။ ပြင်းထန်နိုင်တဲ့ အနေအထားကို ကြိုမှန်းရခက်ပေမယ့်၊ ရောဂါအခံရှိသူနဲ့ သက်ကြီး၊ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြင်းထန်လာနိုင်တာကို ကြိုသတိပြုသင့်ပါတယ်။ အဓိက လုပ်နိုင်တာကတော့ အောက်ဆီဂျင်နဲ့ အပူချိန် (အဖျား) ပုံမှန်တိုင်းဖို့ပါ။ Pulse အောက်ဆီမီတာ (လက်ဖျားမှာညှပ်ပြီး အောက်ဆီဂျင်တိုင်းတဲ့ကရိယာ) ဝယ်ကာ၊ တစ်နေ့ (၃) ကြိမ်တိုင်းသင့်ပါတယ်။ ကိုယ်အပူချိန်ကိုလည်း တစ်နေ့ (၂) ကြိမ်တိုင်းသင့်ပါတယ်။ အောက်ဆီဂျင် (၉၂) အောက် (သို့) ၉၀ အောက်ရောက်လျှင်တော့၊ အောက်ဆီဂျင် စနစ်တကျရှုနိုင်တဲ့နေရာ ရောက်ဖို့လိုပါတယ်။ အိမ်မှာ အောက်ဆီဂျင်ရှုတာက နားလည်သူ၊ ကျွမ်းကျင်တဲ့ Special Nurse တွေကူညီမူမရှိပဲ လုပ်ရတာ ခက်နိုင်ပါတယ်။

ဖြစ်နိုင်လျှင် ဆေးရုံအမြန်သွားတာ (သို) အောက်ဆီဂျင် မကျခင်ကတည်းက၊ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကြိုအချိန်းအချက်ယူပြီး (အထက်ပါ ကျန်းမာရေးဌာနတွေအပြင်၊ Call Center တွေမှာလည်း - ၀၆၇ ၃၄၁၁ ၅၀၈၊ ၀၆၇ ၃၄၁၁ ၅၀၉၊ ၀၆၇ ၃၄၁၁ ၁၄၄ နဲ့ ၀၉ ၈၈၂၅၅ ၇၉၉၁၊ ၀၉ ၈၈၂၅၅ ၇၉၉၂၊ ၀၉ ၈၈၂၅၅ ၇၉၉၃ - မေးမြန်းချိတ်ဆက်ကာ) အခုလို အိမ်မှာ စောင့်ကြည့်ကုသနေကြောင်းနဲ့၊ အောက်ဆီဂျင်ကျလာလျှင်၊ အောက်ဆီဂျင် အသင့်ရှိတဲ့ ဆေးရုံအမြန်သွားနိုင်ဖို့ ချိတ်ဆက်ထားသင့်ပါတယ်။ အရေးပေါ်လူနာတွေကို ပြန်မလွှတ်ဘဲ ကုသပေးဖို့တော့၊ ဆေးရုံတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

တကယ်တော့၊ ဗြိတိန်နိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ချိန် ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်ပြောခဲ့သလို၊ အိမ်မှာနေပြီး လူ့အသက်ကယ်ကာ ကျန်းမာရေးစနစ်ကို ဝိုင်းကူစောင့်ရှောက်ပေးဖို့၊ မြန်မာနိုင်ငံမှာ ဒီနေ့ အရေးပေါ်လိုအပ်နေပါပြီ။ အခု ကိုဗစ်လူနာတွေ များလွန်းလာချိန်မှာ၊ အရင်ရှိခဲ့တဲ့ ဆေးဝန်ထမ်းတစ်ဝက်တစ်ပျက် မနိုင်မနင်းနဲ့၊ ဆေးရုံကုတင်တွေရှိလျှက် လူနာတွေကိုပြန်လွှတ်ရ၊ အောက်ဆီဂျင်ပြတ်တဲ့အထိ ဖြစ်လာရချိန်မှာ၊ ကျန်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေပါ၊ တတ်နိုင်တဲ့ဘက်က ဝိုင်းကူပေးနိုင်ဖို့ သေရေးရှင်ရေး လိုအပ်နေပါပြီ။ ဒါမှသာ လူနာတွေဆေးရုံအရောက် နောက်မကျ၊ စောစောကုသပေးနိုင်ကာ ပိုမဆိုးလာတော့ဘဲ၊ အောက်ဆီဂျင် မလောက်မငှဖြစ်၊ အသက်ဆုံးရှုံးနေရတာတွေကိုပါ အမြန်ကာကွယ်ပေးနိုင်မှာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ဆက်သွယ်မေးထားပါတယ်။

@ https://www.facebook.com/than.n.oo.9/posts/10219290501150057

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG