ကိုဗစ္-19 နဲ႔ ျပန္နာလန္ထလာခ်ိန္မွာ၊ ႏုံးခ်ည့္တာ ဆုံးျဖတ္ရခက္တာအျပင္၊ ေနာက္ထပ္ သတိျပဳစရာေတြ ရွိေသးတယ္လို႔၊ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။
ေနာက္ထပ္ အဓိက သတိျပဳစရာ ႏွစ္ခုကေတာ့ ႐ုတ္တရက္မူးမိုက္တာနဲ႔ အဆုပ္ထိခိုက္ႏိုင္တာပါ။ ႐ုတ္တရက္ ကိုယ္ခႏၶာပုံစံကို ေျပာင္းလိုက္ခ်ိန္ (အထူးသျဖင့္ အိပ္ေနရာက ဆတ္ကနဲ ထရပ္လိုက္ခ်ိန္မ်ိဳး) မွာ မူးမိုက္သြားၿပီး လဲက်တဲ့အထိပါ ျဖစ္ႏိုင္တာပါ။ အေၾကာင္းက ကိုယ္ခႏၶာအေနအထား ျဗဳန္းကနဲ ေျပာင္းလိုက္ခ်ိန္မွာ၊ ေသြးေပါင္ခ်ိန္ ႐ုတ္တရက္ထိုးက်သြားၿပီး ႏွလုံးခုန္ႏႈန္း ျမန္လာတာေၾကာင့္ပါ။ ႏွလုံးနဲ႔ေသြးလမ္းေၾကာင္း (Cardiovascular) မွာ၊ ေသြးပမာဏနည္းသြားတာနဲ႔ဆိုင္ကာ၊ အထူးသျဖင့္ ကိုဗစ္ျဖစ္အၿပီး လူႀကီးေတြမွာ ပိုျဖစ္တတ္ပါတယ္။ အခုလို မူးလာတာေၾကာင့္ အာ႐ုံစိုက္ရလည္း ခက္လာတတ္ပါတယ္။ ႏိုင္ငံႀကီးေတြက ေဆး႐ုံႀကီးေတြမွာ စဖြင့္လာတဲ့ ကိုဗစ္နလန္ထေဆးခန္းေတြ (Post-COVID Clinics) မွာ၊ အခုလို လူနာေတြကို ေတြ႔လာရတာပါ။ POTS လို႔ အတိုေခါက္ေခၚတဲ့ ဒီျပႆနာ (Postural Orthostatic Tachycardia Syndrome) အတြက္၊ ျဗဳန္းကနဲမလူပ္ရွားမိေစဘဲ (အထူးသျဖင့္ လဲေလ်ာင္းေနရာကေန ခ်က္ခ်င္း ထရပ္လိုက္တာ မလုပ္ဘဲ၊ ျဖည္းျဖည္းခ်င္း အရင္ထိုင္ယူၿပီးမွ၊ ေနာက္တဆင့္ အသာအယာ မတ္တတ္ရပ္ယူတာမ်ိဳး) လုပ္ေပးၿပီး၊ ေရမ်ားမ်ားေသာက္ကာ၊ တခါတရံမွာ ဆားဓာတ္ပါ ျဖည့္ေပးဖို႔လိုပါတယ္။ ေသြးေပါင္ခ်ိန္က်ေနတာကို တတ္ႏိုင္သေလာက္ ျပန္တက္လာေစဖို႔ပါ။
ဒါ့အျပင္ အသစ္ဖြင့္လာတဲ့ အခု ကိုဗစ္နလန္ထေဆးခန္းေတြမွာ၊ ေအာက္ဆီဂ်င္ ဆက္လိုေနေသးတဲ့ အဆုပ္ထိလူနာေတြကိုလည္း အဓိက ေစာင့္ေရွာက္ေပးပါတယ္။ အဓိကကေတာ့ ေအာက္ဆီဂ်င္ေပးတာ ရပ္ႏိုင္ဖို႔၊ ေစာင့္ၾကည့္ကုသေပးၾကတာပါ။ ဒီေနရာမွာ အရင္ထဲက အဆုပ္ေရာဂါ ရိွထားသူေတြ (ေဆးလိပ္အလြန္အကြၽံ ေသာက္ခဲ့တာေၾကာင့္နဲ႔ တီဘီေၾကာင့္ အဆုပ္ပ်က္စီးထားသူေတြ) ကလြဲၿပီး၊ အမ်ားစုက သိပ္မၾကာဘဲ ျပန္ေကာင္းသြားတာ ေတြ႔ရပါတယ္။ ဒီအတြက္၊ အေရာင္က်ေဆး (Steroid အမ်ိဳးအစားျဖစ္တဲ့ Dexamethasone အစား ေပ်ာ့တဲ့ေဆး) ေတြကို လိုတိုးပိုေလ်ာ့ထိန္းေပးၿပီး၊ ေအာက္ဆီဂ်င္ကို အခ်ိန္ယူကာ တျဖည္းျဖည္းျဖဳတ္ယူတာကို၊ ကြၽမ္းက်င္သူ ဆရာဝန္ေတြအကူအညီနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ အခုလိုေစာင့္ေရွာက္ရာမွာ၊ အမ်ားစု တျဖည္းျဖည္း ျပန္ေကာင္းလာတာေတြ႕ရၿပီး၊ အထူးၾကပ္မတ္ေဆာင္မွာ အသက္႐ွဳစက္ (Ventilator) နဲ႔ လေတြနဲ႔ခ်ီေနရတဲ့အထိ အဆုပ္ထိခိုက္ခဲ့သူေတြေတာင္၊ ပုံမွန္ျပန္ျဖစ္လာတာကို ေတြ႔ထားပါတယ္။
ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က နယူးေယာက္ၿမိဳ ႔မွာ ကိုဗစ္လူနာေတြ ကုသေပးေနၿပီး၊ ျမန္မာျပည္က လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ Wyckoff Heights ေဆးရံုမွ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။
==Unicode ===
ကိုဗစ်-19 နဲ့ ပြန်နာလန်ထလာချိန်မှာ၊ နုံးချည့်တာ ဆုံးဖြတ်ရခက်တာအပြင်၊ နောက်ထပ် သတိပြုစရာတွေ ရှိသေးတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
နောက်ထပ် အဓိက သတိပြုစရာ နှစ်ခုကတော့ ရုတ်တရက်မူးမိုက်တာနဲ့ အဆုပ်ထိခိုက်နိုင်တာပါ။ ရုတ်တရက် ကိုယ်ခန္ဓာပုံစံကို ပြောင်းလိုက်ချိန် (အထူးသဖြင့် အိပ်နေရာက ဆတ်ကနဲ ထရပ်လိုက်ချိန်မျိုး) မှာ မူးမိုက်သွားပြီး လဲကျတဲ့အထိပါ ဖြစ်နိုင်တာပါ။ အကြောင်းက ကိုယ်ခန္ဓာအနေအထား ဗြုန်းကနဲ ပြောင်းလိုက်ချိန်မှာ၊ သွေးပေါင်ချိန် ရုတ်တရက်ထိုးကျသွားပြီး နှလုံးခုန်နှုန်း မြန်လာတာကြောင့်ပါ။ နှလုံးနဲ့သွေးလမ်းကြောင်း (Cardiovascular) မှာ၊ သွေးပမာဏနည်းသွားတာနဲ့ဆိုင်ကာ၊ အထူးသဖြင့် ကိုဗစ်ဖြစ်အပြီး လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အခုလို မူးလာတာကြောင့် အာရုံစိုက်ရလည်း ခက်လာတတ်ပါတယ်။ နိုင်ငံကြီးတွေက ဆေးရုံကြီးတွေမှာ စဖွင့်လာတဲ့ ကိုဗစ်နလန်ထဆေးခန်းတွေ (Post-COVID Clinics) မှာ၊ အခုလို လူနာတွေကို တွေ့လာရတာပါ။ POTS လို့ အတိုခေါက်ခေါ်တဲ့ ဒီပြဿနာ (Postural Orthostatic Tachycardia Syndrome) အတွက်၊ ဗြုန်းကနဲမလူပ်ရှားမိစေဘဲ (အထူးသဖြင့် လဲလျောင်းနေရာကနေ ချက်ချင်း ထရပ်လိုက်တာ မလုပ်ဘဲ၊ ဖြည်းဖြည်းချင်း အရင်ထိုင်ယူပြီးမှ၊ နောက်တဆင့် အသာအယာ မတ်တတ်ရပ်ယူတာမျိုး) လုပ်ပေးပြီး၊ ရေများများသောက်ကာ၊ တခါတရံမှာ ဆားဓာတ်ပါ ဖြည့်ပေးဖို့လိုပါတယ်။ သွေးပေါင်ချိန်ကျနေတာကို တတ်နိုင်သလောက် ပြန်တက်လာစေဖို့ပါ။
ဒါ့အပြင် အသစ်ဖွင့်လာတဲ့ အခု ကိုဗစ်နလန်ထဆေးခန်းတွေမှာ၊ အောက်ဆီဂျင် ဆက်လိုနေသေးတဲ့ အဆုပ်ထိလူနာတွေကိုလည်း အဓိက စောင့်ရှောက်ပေးပါတယ်။ အဓိကကတော့ အောက်ဆီဂျင်ပေးတာ ရပ်နိုင်ဖို့၊ စောင့်ကြည့်ကုသပေးကြတာပါ။ ဒီနေရာမှာ အရင်ထဲက အဆုပ်ရောဂါ ရှိထားသူတွေ (ဆေးလိပ်အလွန်အကျွံသောက်ခဲ့တာကြောင့်နဲ့ တီဘီကြောင့် အဆုပ်ပျက်စီးထားသူတွေ) ကလွဲပြီး၊ အများစုက သိပ်မကြာဘဲ ပြန်ကောင်းသွားတာ တွေ့ရပါတယ်။ ဒီအတွက်၊ အရောင်ကျဆေး (Steroid အမျိုးအစားဖြစ်တဲ့ Dexamethasone အစား ပျော့တဲ့ဆေး) တွေကို လိုတိုးပိုလျော့ထိန်းပေးပြီး၊ အောက်ဆီဂျင်ကို အချိန်ယူကာ တဖြည်းဖြည်းဖြုတ်ယူတာကို၊ ကျွမ်းကျင်သူ ဆရာဝန်တွေအကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အခုလိုစောင့်ရှောက်ရာမှာ၊ အများစု တဖြည်းဖြည်း ပြန်ကောင်းလာတာတွေ့ရပြီး၊ အထူးကြပ်မတ်ဆောင်မှာ အသက်ရှုစက် (Ventilator) နဲ့ လတွေနဲ့ချီနေရတဲ့အထိ အဆုပ်ထိခိုက်ခဲ့သူတွေတောင်၊ ပုံမှန်ပြန်ဖြစ်လာတာကို တွေ့ထားပါတယ်။
ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေ ကုသပေးနေပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ Wyckoff Heights ဆေးရုံမှ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။