သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နာလန္ထခ်ိန္ ေနာက္ဆက္တြဲ သတိျပဳစရာ


Healthcare workers pose for a picture at the Ayawaddy coronavirus disease (COVID-19) treatment center in Mandalay, Myanmar February 3, 2021. Prof Cho Mar Lwin/Handout via REUTERS ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALE
ကိုဗစ္နာလန္ထခ်ိန္ ေနာက္ဆက္တြဲ သတိျပဳစရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 ေရာဂါျဖစ္ၿပီး နာလန္ထလာခ်ိန္မွာ၊ ႏုံးခ်ည့္၊ ဆုံးျဖတ္ရခက္၊ ႐ုတ္တရက္မူးေဝ၊ အဆုပ္ထိခိုက္တာအျပင္၊ ေနာက္ဆက္တြဲ သတိျပဳစရာေတြလည္း ရွိေနေသးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

အခုလို ေနာက္ဆက္တြဲ သတိျပဳစရာေတြကေတာ့၊ စိတ္ပိုင္းဆိုင္ရာ (Psychiatric) ျပႆနာ (၂) ခု၊ ေခ်ာင္းဆိုးတာနဲ႔ ဝမ္းေလွ်ာ ဝမ္းခ်ဳပ္တာေတြပါ။ စိတ္ပိုင္းဆိုင္ရာ အဓိက ျပႆနာတစ္ခုကေတာ့ PTSD (Post-Traumatic Stress Disorder) ေခၚ ျပင္းထန္တဲ့ စိတ္ဒဏ္ရာႀကီးျဖစ္ၿပီး၊ ေနာက္တစ္ခုကေတာ့ Survival Guilt ေခၚ မေသဘဲက်န္ခဲ့သူရဲ႕ စိတ္ထဲမွာ ခံစားရတဲ့အျပစ္ဒဏ္ပါ။ PTSD စိတ္ဒဏ္ရာႀကီးကေတာ့ စစ္ပြဲေတြနဲ႔ သဘာဝေဘးဒဏ္ေတြလို ေသေရးရွင္ေရးႀကဳံခဲ့ရသူေတြမွာ ျဖစ္ခဲ့တာေတြကို၊ ထပ္ျပန္တလဲလဲ ျပန္ျမင္ေယာင္တဲ့ (Flesh back) စိတ္ဖိစီးမူဒဏ္ အႀကီးအက်ယ္ခံစားရတာပါ။ Survival Guilt ကေတာ့ မိသားစုဝင္ေတြ ကိုယ့္မ်က္ေစ့ေရွ ႔မွာ ေသဆုံးခဲ့ရၿပီး၊ မေသဘဲ က်န္ရစ္ခဲ့သူက သူတုိ႔မကယ္ႏိုင္ခဲ့တဲ့အေပၚ စိတ္ထိခိုက္ၿပီိး ကိုယ့္ကိုယ္ကို အၿမဲ ျပန္ၿပီးအျပစ္တင္ေနမိတဲ့ စိတ္ဖိစီးမူႀကီးပါ။ တခ်ိဳ႔ေတြမွာ အိပ္မရေအာင္ထိ အဲဒါေတြကို ျပန္ျမင္ေယာင္ကာ ဒုကၡေရာက္ၾကရပါတယ္။

စိတ္ဒဏ္ရာေတြကို စိတ္ပိုင္းဆိုင္ရာ ကုသမူခံယူဖို႔လည္း အားနည္းေလ့ရွိတဲ့ ျမန္မာအပါအဝင္ အေရွ ႔ေတာင္အာရွမွာ ဒီေရာဂါေဝဒနာကို ပိုခံစားရေလ့ရွိပါတယ္။ အေနာက္ႏိုင္ငံေတြအပါအဝင္ တျခားမွာေတာ့ ဒီအတြက္ လနဲ႔ခ်ီ စိတ္ပိုင္းဆိုင္ရာ တိုင္ပင္ကုသမူခံယူၾကေလ့ ရွိပါတယ္။ ျမန္မာနဲ႔ အေရွ ႔ေတာင္အာရွႏိုင္ငံအမ်ားစုမွာ၊ အခုလို စိတ္ပိုင္းဆိုင္ရာျပႆနာေတြ ျဖစ္လာတာကို စိတ္ေရာဂါကြၽမ္းက်င္သူေတြနဲ႔ ျပေလ့မရွိဘဲ၊ အေျခအေနဆိုး စိတ္ေရာဂါျဖစ္မွသာ ျပရတာလို႔ မွားယြင္း ယူဆၾကေလ့ရွိပါတယ္။ တကယ္က အခုလို စိတ္ပိုင္းဆိုင္ရာ ခံစားမူလကၡဏာေတြ ျပလာခ်ိန္မွာ၊ နီးစပ္ရာ ကြၽမ္းက်င္သူေတြနဲ႔ ျပသၿပီး တိုင္ပင္ကုသမူ ခံယူဖို႔ အေရးႀကီးပါတယ္။ သို႔မဟုတ္ပါက အသက္အႏၲရာယ္ေတြ ေပးလာတဲ့အထိ၊ ျပင္းထန္တဲ့ ဆိုးက်ိဳးေတြနဲ႔ ႀကဳံလာႏိုင္လို႔ပါ။ တကယ္ေတာ့၊ အီတလီႏိုင္ငံမွာလည္း ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနသလို၊ ကိုဗစ္ေၾကာင့္ အသက္အ႐ြယ္ႀကီးရင့္သူေတြ အမ်ားႀကီးဆုံးရွံဳးခဲ့ကာ အလားတူ စိတ္ပိုင္းဆိုင္ရာေတြ ႀကဳံခဲ့ရတာကို ေတြ႔ခဲ့ရပါတယ္။

ေနာက္ထပ္ ေနာက္ဆက္တြဲတစ္ခုျဖစ္တဲ့ ေခ်ာင္းဆိုးတာကေတာ့ အျဖစ္နည္းပါတယ္။ အဲဒီလို ျဖစ္လာခဲ့လွ်င္လဲ ဆရာဝန္ျပကာ ေခ်ာင္းဆိုးသက္သာေစတဲ့ ေဆးေတြနဲ႔ ျပန္ေကာင္းသြားေလ့ရွိပါတယ္။ ေနာက္တစ္ပိုင္းျဖစ္တဲ့ ဝမ္းေလွ်ာ၊ ဝမ္းပိတ္တာကလည္း အလားတူအျဖစ္နည္းၿပီး၊ ျဖစ္လာလွ်င္လည္း ဝမ္းေလွ်ာသူေတြအတြက္ ဝမ္းပိတ္ေဆးနဲ႔ Probiotic (ဝမ္းေလ်ာရာမွာပါသြားတဲ့ အူထဲက ေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြ ျပန္ျဖည့္ေဆး) ေတြနဲ႔ သက္သာသြားေလ့ ရွိပါတယ္။ ဝမ္းပိတ္တာကေတာ့ တခ်ိဳ ႔သတင္းအခ်ဳိ ႔အရ ေတြ႔ထားရေပမယ့္ လက္ေတြ႕မွာ မျဖစ္သေလာက္ ရွားလြန္းပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္း က နယူးေယာက္ၿမိဳ.မွာ ကိုဗစ္လူနာေတြကို ကိုင္တြယ္ကုသေနရၿပီး၊ ျမန္မာႏိုင္ငံက ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့ Wyckoff Heights ေဆးရံုက၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

== Unicode ==

ကိုဗစ်-19 ရောဂါဖြစ်ပြီး နာလန်ထလာချိန်မှာ၊ နုံးချည့်၊ ဆုံးဖြတ်ရခက်၊ ရုတ်တရက်မူးဝေ၊ အဆုပ်ထိခိုက်တာအပြင်၊ နောက်ဆက်တွဲ သတိပြုစရာတွေလည်း ရှိနေသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အခုလို နောက်ဆက်တွဲ သတိပြုစရာတွေကတော့၊ စိတ်ပိုင်းဆိုင်ရာ (Psychiatric) ပြဿနာ (၂) ခု၊ ချောင်းဆိုးတာနဲ့ ဝမ်းလျှော ဝမ်းချုပ်တာတွေပါ။ စိတ်ပိုင်းဆိုင်ရာ အဓိက ပြဿနာတစ်ခုကတော့ PTSD (Post-Traumatic Stress Disorder) ခေါ် ပြင်းထန်တဲ့ စိတ်ဒဏ်ရာကြီးဖြစ်ပြီး၊ နောက်တစ်ခုကတော့ Survival Guilt ခေါ် မသေဘဲကျန်ခဲ့သူရဲ့ စိတ်ထဲမှာ ခံစားရတဲ့အပြစ်ဒဏ်ပါ။ PTSD စိတ်ဒဏ်ရာကြီးကတော့ စစ်ပွဲတွေနဲ့ သဘာဝဘေးဒဏ်တွေလို သေရေးရှင်ရေးကြုံခဲ့ရသူတွေမှာ ဖြစ်ခဲ့တာတွေကို၊ ထပ်ပြန်တလဲလဲ ပြန်မြင်ယောင်တဲ့ (Flesh back) စိတ်ဖိစီးမူဒဏ် အကြီးအကျယ်ခံစားရတာပါ။ Survival Guilt ကတော့ မိသားစုဝင်တွေ ကိုယ့်မျက်စေ့ရှေ့မှာ သေဆုံးခဲ့ရပြီး၊ မသေဘဲ ကျန်ရစ်ခဲ့သူက သူတို့မကယ်နိုင်ခဲ့တဲ့အပေါ် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကို အမြဲ ပြန်ပြီးအပြစ်တင်နေမိတဲ့ စိတ်ဖိစီးမူကြီးပါ။ တချို့တွေမှာ အိပ်မရအောင်ထိ အဲဒါတွေကို ပြန်မြင်ယောင်ကာ ဒုက္ခရောက်ကြရပါတယ်။

စိတ်ဒဏ်ရာတွေကို စိတ်ပိုင်းဆိုင်ရာ ကုသမူခံယူဖို့လည်း အားနည်းလေ့ရှိတဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ဒီရောဂါဝေဒနာကို ပိုခံစားရလေ့ရှိပါတယ်။ အနောက်နိုင်ငံတွေအပါအဝင် တခြားမှာတော့ ဒီအတွက် လနဲ့ချီ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ကုသမူခံယူကြလေ့ ရှိပါတယ်။ မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံအများစုမှာ၊ အခုလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်လာတာကို စိတ်ရောဂါကျွမ်းကျင်သူတွေနဲ့ ပြလေ့မရှိဘဲ၊ အခြေအနေဆိုး စိတ်ရောဂါဖြစ်မှသာ ပြရတာလို့ မှားယွင်း ယူဆကြလေ့ရှိပါတယ်။ တကယ်က အခုလို စိတ်ပိုင်းဆိုင်ရာ ခံစားမူလက္ခဏာတွေ ပြလာချိန်မှာ၊ နီးစပ်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသပြီး တိုင်ပင်ကုသမူ ခံယူဖို့ အရေးကြီးပါတယ်။ သို့မဟုတ်ပါက အသက်အန္တရာယ်တွေ ပေးလာတဲ့အထိ၊ ပြင်းထန်တဲ့ ဆိုးကျိုးတွေနဲ့ ကြုံလာနိုင်လို့ပါ။ တကယ်တော့၊ အီတလီနိုင်ငံမှာလည်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေသလို၊ ကိုဗစ်ကြောင့် အသက်အရွယ်ကြီးရင့်သူတွေ အများကြီးဆုံးရှုံးခဲ့ကာ အလားတူ စိတ်ပိုင်းဆိုင်ရာတွေ ကြုံခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

နောက်ထပ် နောက်ဆက်တွဲတစ်ခုဖြစ်တဲ့ ချောင်းဆိုးတာကတော့ အဖြစ်နည်းပါတယ်။ အဲဒီလို ဖြစ်လာခဲ့လျှင်လဲ ဆရာဝန်ပြကာ ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေနဲ့ ပြန်ကောင်းသွားလေ့ရှိပါတယ်။ နောက်တစ်ပိုင်းဖြစ်တဲ့ ဝမ်းလျှော၊ ဝမ်းပိတ်တာကလည်း အလားတူအဖြစ်နည်းပြီး၊ ဖြစ်လာလျှင်လည်း ဝမ်းလျှောသူတွေအတွက် ဝမ်းပိတ်ဆေးနဲ့ Probiotic (ဝမ်းလျောရာမှာပါသွားတဲ့ အူထဲက ကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပြန်ဖြည့်ဆေး) တွေနဲ့ သက်သာသွားလေ့ ရှိပါတယ်။ ဝမ်းပိတ်တာကတော့ တချို့သတင်းအချို့အရ တွေ့ထားရပေမယ့် လက်တွေ့မှာ မဖြစ်သလောက် ရှားလွန်းပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို.မှာ ကိုဗစ်လူနာတွေကို ကိုင်တွယ်ကုသနေရပြီး၊ မြန်မာနိုင်ငံက ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့ Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG