သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ တားမြစ်စည်းမျဉ်း ချိုးဖောက်သူ ဗိုင်းရပ်ပိုးပျံ့ပါွးစေမှုနဲ့ ထောင်ဒဏ် ၅ နှစ်


A vehicle transports soldiers amid the coronavirus disease (COVID-19) outbreak in Ho Chi Minh city, Vietnam August 20, 2021. REUTERS/Stringer NO RESALES NO ARCHIVES
A vehicle transports soldiers amid the coronavirus disease (COVID-19) outbreak in Ho Chi Minh city, Vietnam August 20, 2021. REUTERS/Stringer NO RESALES NO ARCHIVES

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ် ၁၉ အတွက် တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖေါက်မှုနဲ့ ဗိုင်းရပ်စ်ပိုး ပြန့်ပွါးအောင်လုပ်ဆောင်မှုတွေအတွက် အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးကို တနင်္လာနေ့က ထောင်ဒဏ်ပစ်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။
Le Van Tri ကို နိုင်ငံ့တောင်ပိုင်း Ca Mau ပြည်နယ်တရားရုံးက တရက်အတွင်း ကြားနာမှုတွေ လုပ်ပြီး အန္တရာယ်ကြီးတဲ့ ကူးစက်ရောဂါ ပြန့်နှံ့အောင် လုပ်ဆောင်မှုနဲ့ အပြစ်ဒဏ်ချလိုက်တာ ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ သတင်း VNA မှာ ဖေါ်ပြထားပါတယ်။ သူဟာ ၂၁ ရက်ကြာ quarantine လုပ်သီးခြားခွဲနေရမယ်ဆိုတဲ့ စည်းကမ်းကို ချိုးဖေါက်ပြီး ဟိုချီမင်းမြို့ကနေ Ca Mau ကို ပြန်သွားခဲ့သလို လူ ၈ ဦးကို ကိုဗစ်ကူးစက်စေခဲ့ကြောင်းနဲ့ အဲဒီထဲက တဦးဟာ တလကြာကုသမှုပေးခဲ့ပေမယ့် သေဆုံးသွားခဲ့ရတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗီယက်နမ်ဟာ ကိုဗစ်ပိုးရှိမရှိ စမ်းသပ်မှုကျယ်ကျယ်ပြန့်ပြန့်လုပ်တာ၊ ကူးစက်သူကို ခြေရာခံလိုက်တာ၊ တင်းကြပ်တဲ့ နယ်စပ်အသွားအလာ ကန့်သတ်မှုတွေ တင်းကြပ်တဲ့ quarantine လုပ်တာတွေနဲ့ ကိုဗစ်ကပ်ရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ဟိုချီမင်းမြို့ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွါးသူ အများဆုံးဖြစ်ပြီး ကူးစက်သူ ၂၆၀ ၀၀၀ နီးပါး နဲ့ သေဆုံးသူ ၁၀ ၆၈၅ ရှိခဲ့ပေမယ့် Ca Mau ပြည်နယ်မှာတော့ ကိုဗစ်ဖြစ်ပွါးသူ ၁၉၁ ဦးသာ ရှိခဲ့ပြီး သေဆုံးသူက ၂ ဦး ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ကူးစက်သူ ၅ သိန်းကျော်နဲ့ သေဆုံးသူ ၁ သောင်းကျော်ရှိခဲ့တာပါ။ ကိုဗစ်စည်းကမ်းချိုးဖေါက်မှုနဲ့ တရားစွဲခံရသူ နောက် ၂ ဦးရှိခဲ့ပြီး သူတို့ကတော့ ဆိုင်းငံ့ထောင်ဒဏ် ၁၈ လနဲ့ ၂ နှစ် ကျခံခဲ့ရပါတယ်။

XS
SM
MD
LG