ကိုဗစ္ ၁၉ ကပ္ေရာဂါေက်ာ္လႊားႏိုင္ဖို႔ အခ်ိန္က အေဝးႀကီးလိုေသးတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔မွာ သတိေပးလိုက္ပါတယ္။
ဒီကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ေတြ႕ၾကံဳရင္ဆိုင္ေနရတဲ့ အေျခေနကိုၾကည့္ရင္ ႏိုင္ငံတိုင္းက သူ႔ကိုမျပတ္ေစာင့္ၾကည့္ဖို႔ လိုအပ္ေနတာ ေတြ႕ရေၾကာင္းနဲ႔ ကိုယ့္လုပ္ေဆာင္မႈ အတိုင္းတာကေလးနဲ႔ ကိုယ္ေၾကနပ္ေနတာမ်ိဳး ကလည္း ဗိုင္းရပ္စ္ပိုး တမ်ိဳးလို အႏၲရာယ္ႀကီးတဲ့အတြက္ ဆက္ၿပီး ႏိုးႏိုးၾကားၾကားရွိၾကဖို႔ နိေပါမွာ ျပဳလုပ္တဲ့ WHO ရဲ႕အေရွ႕ေတာင္အာရွ ေဒသတြင္းအစည္းေဝးကို ေရာမၿမိဳ႕ကေန တက္ေရာက္ခ်ိန္မွာ ေျပာၾကားခဲ့တာပါ။
ဒီကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ပိုမိုေကာင္းမြန္တဲ့ တုန္႔ျပန္မႈ ဘယ္လိုလုပ္သင့္တယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး အၾကံျပဳခ်က္အမ်ားအျပား ရရွိထားေပမယ့္ အထိေရာက္ဆံုးနဲ႔ အနာဂတ္မွာ အေျပာင္းအလဲ ႀကီးႀကီးမားမား ျဖစ္လာေစႏိုင္တာက ႏိုင္ငံအားလံုး တန္းတူညီမွ်ရွိေအာင္ လုပ္ေပးဖို႔ျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။ ဒီလိုလုပ္ႏိုင္ဖို႔ ေနာင္ၾကံဳေတြ႕ရမယ့္ ကပ္ေရာဂါေတြအတြက္ ျပင္ဆင္မႈနဲ႔ တုန္႔ျပန္မႈဆိုင္ရာ ညီညီၫြတ္ၫြတ္ လက္တြဲေဆာင္ရြက္ႏိုင္မယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ခ်ထားတဲ့ ႏိုင္ငံတကာသေဘာတူညီခ်က္ရဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။ လက္ရွိမွာ ကာကြယ္ေဆး ျဖန္႔ျဖဴးမႈနဲ႔ ပတ္သက္ၿပီး အေတာ့္ကို မညီမမွ် ျဖစ္ေနတာေတြ႕ရေၾကာင္းနဲ႔ ဒီလို မမွ်တမႈအတြက္ အားလံုးက စိတ္ပ်က္ရေၾကာင္းလည္း ေျပာပါတယ္။
ကမာၻေပၚမွာ လူဦးေရ ၁ % ဒါမွမဟုတ္ ၂ % ေလာက္သာ ကာကြယ္ေဆးထိုးထား ႏိုင္တဲ့ ႏိုင္ငံေတြကို ဦးစားေပးၿပီး ကာကြယ္ေဆးျဖန္႔ျဖဴး ေပးဖို႔ Tedros က မၾကာေသးခင္ကပဲ ကမာၻ႔ႏိုင္ငံေတြကို ပန္ၾကားခဲ့တာ ျဖစ္ပါတယ္။
-------------------------------------------------------------------------------------
ကိုဗစ်ကပ်ရောဂါ ကျော်လွှားရေး အလှမ်းဝေးသေး (WHO အကြီးအကဲ)
ကိုဗစ် ၁၉ ကပ်ရောဂါကျော်လွှားနိုင်ဖို့ အချိန်က အဝေးကြီးလိုသေးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေနေကိုကြည့်ရင် နိုင်ငံတိုင်းက သူ့ကိုမပြတ်စောင့်ကြည့်ဖို့ လိုအပ်နေတာ တွေ့ရကြောင်းနဲ့ ကိုယ့်လုပ်ဆောင်မှု အတိုင်းတာကလေးနဲ့ ကိုယ်ကြေနပ်နေတာမျိုး ကလည်း ဗိုင်းရပ်စ်ပိုး တမျိုးလို အန္တရာယ်ကြီးတဲ့အတွက် ဆက်ပြီး နိုးနိုးကြားကြားရှိကြဖို့ နိပေါမှာ ပြုလုပ်တဲ့ WHO ရဲ့အရှေ့တောင်အာရှ ဒေသတွင်းအစည်းဝေးကို ရောမမြို့ကနေ တက်ရောက်ချိန်မှာ ပြောကြားခဲ့တာပါ။
ဒီကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ တုန့်ပြန်မှု ဘယ်လိုလုပ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချက်အများအပြား ရရှိထားပေမယ့် အထိရောက်ဆုံးနဲ့ အနာဂတ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာစေနိုင်တာက နိုင်ငံအားလုံး တန်းတူညီမျှရှိအောင် လုပ်ပေးဖို့ဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ဒီလိုလုပ်နိုင်ဖို့ နောင်ကြုံတွေ့ရမယ့် ကပ်ရောဂါတွေအတွက် ပြင်ဆင်မှုနဲ့ တုန့်ပြန်မှုဆိုင်ရာ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်နိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ ချထားတဲ့ နိုင်ငံတကာသဘောတူညီချက်ရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး ဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး အတော့်ကို မညီမမျှ ဖြစ်နေတာတွေ့ရကြောင်းနဲ့ ဒီလို မမျှတမှုအတွက် အားလုံးက စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေ ၁ % ဒါမှမဟုတ် ၂ % လောက်သာ ကာကွယ်ဆေးထိုးထား နိုင်တဲ့ နိုင်ငံတွေကို ဦးစားပေးပြီး ကာကွယ်ဆေးဖြန့်ဖြူး ပေးဖို့ Tedros က မကြာသေးခင်ကပဲ ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။