သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကမာၻလုံး ကိုဗစ္ကူးစက္မႈ ၂၂၄.၃ သန္းရွိၿပီ


ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

တကမာၻလံုးမွာ ကိုဗစ္ကပ္ေရာဂါပိုး ကူးစက္ခံရသူ စုစုေပါင္း ၂၂၄.၃ သန္းရွိၿပီး ေရာဂါပိုးေၾကာင့္ ေသဆံုးသူဟာ ၄.၆ သန္း ရွိသြားၿပီလို႔ John Hopkins ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးဆိုင္ရာဌာနက အခု တနဂၤေႏြေန႔ မနက္အေစာပိုင္းမွာ ထုတ္ျပန္ပါတယ္။ ဒါ့အျပင္ တကမာၻလံုးမွာ ကိုဗစ္ေရာဂါပိုး ကာကြယ္ေဆး ၅.၇ သန္း ထိုးႏွံေပးခဲ့ၿပီလို႔လည္း ေဖာ္ျပပါတယ္။

အသက္ ၁၂ ႏွစ္ကေန ၁၅ ႏွစ္အရြယ္အထိ ကေလးငယ္ေတြကို ကာကြယ္ေဆး ထိုးႏွံေပးဖို႔ အစီအစဥ္ကို ၿဗိတိန္ႏိုင္ငံအေနနဲ႔ အခု သီတင္းပတ္အတြင္း ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဂ်ပန္ႏိုင္ငံမွာေတာ့ လူဦးေရရဲ႕ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ကာကြယ္ေဆး ထိုးေပးခဲ့ၿပီလို႔ ဂ်ပန္အစိုးရက ေၾကညာပါတယ္။ အခု စက္တင္ဘာ အကုန္က်ရင္ေတာ့ ကာကြယ္ေဆးထိုးၿပီးတဲ့ ပမာဏ ၆၀ ရာခိုင္ႏႈန္း ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ဂ်ပန္စီးပြားေရးဝန္ႀကီး Yasutoshi Nishimura က ႐ုပ္သံ အင္တာဗ်ဴးတခုမွာ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံေရး တင္းမာမႈေတြ ၾကားကပဲ COVID-19 တတိယလိႈင္းကို ရင္ဆိုင္တိုက္ေနၾကရပါတယ္။ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔ရဲ႕ စာရင္းအရဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ ၄ သိန္းေက်ာ္ရွိၿပီး ေသဆံုးသူ ၁၆,၀၀၀ ေက်ာ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း ဒီအေရအတြက္ထက္ ပုိမ်ားႏိုင္တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ခန္႔မွန္းၾကပါတယ္။

ျမန္မာ့အိမ္နီးခ်င္း အိႏၵိယႏိုင္ငံက မီဇိုရမ္ျပည္နယ္မွာေတာ့ အခု တနဂၤေႏြ တရက္တည္းမွာ ကိုဗစ္ကူးစက္ခံရသူ ၁,၀၈၉ ဦး ရွိတာမို႔ စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၇၀,၀၀၀ ေက်ာ္သြားၿပီလို႔ The Times of India က ေရးပါတယ္။

John Hopkins ေဆးတကၠသိုလ္ရဲ႕ ကိန္းဂဏန္းအရဆိုရင္ အိႏၵိယတႏိုင္ငံလံုးမွာ ကိုဗစ္ကူးစက္သူ ၃၃.၂ သန္းရွိၿပီး ေသဆံုးသူကေတာ့ ၄၄၀,၀၀၀ ေက်ာ္ရွိပါတယ္။

တကမာၻလုံး ကိုဗစ္ကူးစက္မႈ ၂၂၄.၃ သန္းရွိၿပီ
please wait

No media source currently available

0:00 0:01:26 0:00
တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

တကမ္ဘာလုံး ကိုဗစ်ကူးစက်မှု ၂၂၄.၃ သန်းရှိပြီ

တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၂၄.၃ သန်းရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူဟာ ၄.၆ သန်း ရှိသွားပြီလို့ John Hopkins ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဆိုင်ရာဌာနက အခု တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါပိုး ကာကွယ်ဆေး ၅.၇ သန်း ထိုးနှံပေးခဲ့ပြီလို့လည်း ဖော်ပြပါတယ်။

အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ အစီအစဉ်ကို ဗြိတိန်နိုင်ငံအနေနဲ့ အခု သီတင်းပတ်အတွင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်နိုင်ငံမှာတော့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီလို့ ဂျပန်အစိုးရက ကြေညာပါတယ်။ အခု စက်တင်ဘာ အကုန်ကျရင်တော့ ကာကွယ်ဆေးထိုးပြီးတဲ့ ပမာဏ ၆၀ ရာခိုင်နှုန်း ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ဂျပန်စီးပွားရေးဝန်ကြီး Yasutoshi Nishimura က ရုပ်သံ အင်တာဗျူးတခုမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး တင်းမာမှုတွေ ကြားကပဲ COVID-19 တတိယလှိုင်းကို ရင်ဆိုင်တိုက်နေကြရပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းအရဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၄ သိန်းကျော်ရှိပြီး သေဆုံးသူ ၁၆,၀၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ခန့်မှန်းကြပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်မှာတော့ အခု တနင်္ဂနွေ တရက်တည်းမှာ ကိုဗစ်ကူးစက်ခံရသူ ၁,၀၈၉ ဦး ရှိတာမို့ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇၀,၀၀၀ ကျော်သွားပြီလို့ The Times of India က ရေးပါတယ်။

John Hopkins ဆေးတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအရဆိုရင် အိန္ဒိယတနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်သူ ၃၃.၂ သန်းရှိပြီး သေဆုံးသူကတော့ ၄၄၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG