သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ ကိုဗစ္ကန္႔႔သတ္ခ်က္ လကုန္ထိသက္တမ္းတိုး


တိုက်ိဳ ျမိဳ့ျပအုပ္ခ်ဳပ္ ေရးအဖြဲ ့၀င္တဦးအား ကိုဗစ္ကာကြယ္ေဆးထိုးေပးစဥ္ ( ဓာတ္ပံု - AP)

(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံမွာ COVID-19 ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔နဲ႔ ေဆးရံုေတြမွာ ကိုဗစ္လူနာေတြ မႏိုင္မနင္း မျဖစ္ရေလေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကိုဗစ္ အေရးေပၚ စည္းကမ္းကန္႔သတ္ခ်က္ေတြကို ဒီလကုန္အထိ သက္တမ္းတိုးလိုက္ပါတယ္။

ကာကြယ္ေဆးထိုးႏႈန္း တက္လာၿပီး ကူးစက္မႈေတြ ေလ်ာ့က်လာေနတယ္ဆိုေပမဲ့ အေရးေပၚလူနာေတြနဲ႔ က်န္းမာေရးစနစ္ မႏိုင္မနင္းျဖစ္တဲ့အေျခအေန မဆိုက္ရေအာင္ ႀကိဳတင္ကာကြယ္ဖို႔ လိုအပ္တယ္၊ ဒါေၾကာင့္ ခုလို ကန္႔သတ္ခ်က္ေတြကို သက္တမ္းတိုးတာျဖစ္တယ္လို႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ Yoshihide Suga က ဒီကေန႔ ေျပာပါတယ္။

ကာကြယ္ေဆး ထိုးလိုသူေတြ ေအာက္တိုဘာ ဒါမွမဟုတ္ ႏို၀င္ဘာေလာက္မွာ အၿပီး ထိုးၿပီးမွာျဖစ္ၿပီး အဲ့ဒီေနာက္ပိုင္းက်ရင္ေတာ့ ကန္႔သတ္ခ်က္ ျပန္ေျဖေလွ်ာ့ႏိုင္မွာ ျဖစ္တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။
စင္ကာပူႏိုင္ငံမွာေတာ့ COVID-19 ေရာဂါ ရွာေဖြ စမ္းသပ္မႈေတြ အရွိန္ႁမွင့္လုပ္ေဆာင္ေနပါတယ္။ ကူးစက္မႈေတြ တိုးလာေနတာနဲ႔အမွ် ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြ ပိုမို တင္းက်ပ္ ခ်မွတ္တာေတြ လုပ္ေကာင္းလုပ္မယ္လို႔လည္း အစိုးရက သတိေပးပါတယ္။

ကၽြမ္းက်င္ပညာရွင္တခ်ိဳ႕ကေတာ့ စင္ကာပူမွာ ကာကြယ္ေဆးထိုးၿပီးသူက အမ်ားစုျဖစ္ေနၿပီမို႔ ခုလို ကန္႔သတ္ခ်က္ေတြ ပိုတင္းက်ပ္မယ္ဆိုရင္ ဒါက မလိုအပ္ဘဲ သတိႀကီးႀကီးထားလြန္းရာ ေရာက္ေနတယ္လို႔ ရႈျမင္ေျပာဆိုၾကပါတယ္။
စင္ကာပူ လူဦးေရ ၅.၇ သန္းမွာ ၈၁% က ကာကြယ္ေဆး အျပည့္ထိုးၿပီးပါၿပီ။ ဒါေပမဲ့ အစိုးရကေတာ့ ႏိုင္ငံတြင္း ေရာဂါကူးစက္မႈႏႈန္း သိသိသာသာ တိုးလာေနတဲ့အတြက္ ကန္႔သတ္ခ်က္ေတြ ျပန္လည္ ေျဖေလွ်ာ့ေပးမယ့္အစီအစဥ္ ေနာက္ဆုတ္ေကာင္း ဆုတ္မယ္လို႔ ေျပာဆိုေနတာပါ။

မေန႔က တေန႔တည္း ကူးစက္သူ ၃၄၇ ေယာက္ ရွိခဲ့ၿပီး အရင္သီတင္းႏွစ္ပတ္နဲ႔ယွဥ္ရင္ တေန႔တည္းကူးစက္မႈ ၃ ဆ နီးပါး တိုးလာတာျဖစ္ပါတယ္။ ကူးစက္ေနသူ အမ်ားအျပားက ေရာဂါ လကၡဏာမျပဘဲ ကူးေနတာျဖစ္ပါတယ္။

...............................................................................

ဂျပန် ကိုဗစ်ကန့့်သတ်ချက် လကုန်ထိသက်တမ်းတိုး

(Unicode)

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ဖို့နဲ့ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ မနိုင်မနင်း မဖြစ်ရလေအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုဗစ် အရေးပေါ် စည်းကမ်းကန့်သတ်ချက်တွေကို ဒီလကုန်အထိ သက်တမ်းတိုးလိုက်ပါတယ်။

ကာကွယ်ဆေးထိုးနှုန်း တက်လာပြီး ကူးစက်မှုတွေ လျော့ကျလာနေတယ်ဆိုပေမဲ့ အရေးပေါ်လူနာတွေနဲ့ ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်တဲ့အခြေအနေ မဆိုက်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်တယ်၊ ဒါကြောင့် ခုလို ကန့်သတ်ချက်တွေကို သက်တမ်းတိုးတာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ဒီကနေ့ ပြောပါတယ်။

ကာကွယ်ဆေး ထိုးလိုသူတွေ အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလောက်မှာ အပြီး ထိုးပြီးမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကျရင်တော့ ကန့်သတ်ချက် ပြန်ဖြေလျှော့နိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
စင်ကာပူနိုင်ငံမှာတော့ COVID-19 ရောဂါ ရှာဖွေ စမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ ပိုမို တင်းကျပ် ချမှတ်တာတွေ လုပ်ကောင်းလုပ်မယ်လို့လည်း အစိုးရက သတိပေးပါတယ်။

ကျွမ်းကျင်ပညာရှင်တချို့ကတော့ စင်ကာပူမှာ ကာကွယ်ဆေးထိုးပြီးသူက အများစုဖြစ်နေပြီမို့ ခုလို ကန့်သတ်ချက်တွေ ပိုတင်းကျပ်မယ်ဆိုရင် ဒါက မလိုအပ်ဘဲ သတိကြီးကြီးထားလွန်းရာ ရောက်နေတယ်လို့ ရှုမြင်ပြောဆိုကြပါတယ်။
စင်ကာပူ လူဦးရေ ၅.၇ သန်းမှာ ၈၁% က ကာကွယ်ဆေး အပြည့်ထိုးပြီးပါပြီ။ ဒါပေမဲ့ အစိုးရကတော့ နိုင်ငံတွင်း ရောဂါကူးစက်မှုနှုန်း သိသိသာသာ တိုးလာနေတဲ့အတွက် ကန့်သတ်ချက်တွေ ပြန်လည် ဖြေလျှော့ပေးမယ့်အစီအစဉ် နောက်ဆုတ်ကောင်း ဆုတ်မယ်လို့ ပြောဆိုနေတာပါ။

မနေ့က တနေ့တည်း ကူးစက်သူ ၃၄၇ ယောက် ရှိခဲ့ပြီး အရင်သီတင်းနှစ်ပတ်နဲ့ယှဉ်ရင် တနေ့တည်းကူးစက်မှု ၃ ဆ နီးပါး တိုးလာတာဖြစ်ပါတယ်။ ကူးစက်နေသူ အများအပြားက ရောဂါ လက္ခဏာမပြဘဲ ကူးနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG