သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ တရက်အတွင်း ကိုဗစ် စံချိန်တင်ကူးစက်


FILE PHOTO: Commuters wearing face masks arrive at Shinagawa Station at the start of the working day amid the coronavirus disease (COVID-19) outbreak, in Tokyo, Japan, August 2, 2021 .REUTERS/Kevin Coombs/File Photo
FILE PHOTO: Commuters wearing face masks arrive at Shinagawa Station at the start of the working day amid the coronavirus disease (COVID-19) outbreak, in Tokyo, Japan, August 2, 2021 .REUTERS/Kevin Coombs/File Photo

Zawgyi/Unicode

အရှေ့တောင်အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးနေတဲ့ တချိန်တည်းမှာပဲ အိုလံပစ်အားကစားပွဲ ကျင်းပနေတဲ့ ဂျပန်နိုင်ငံမှာ ဒီကနေ့ COVID 19 ကူးစက်သူ ၁၅,၀၀၀ ကျော်ရှိပါတယ်။ ဒါဟာ ဂျပန်မှာ အိုလံပစ် အားကစားပွဲတွေ စပြီး ကျင်းပကတည်းက တနေ့တာ ကူးစက်မှု အများဆုံးဖြစ်သလို အရင်ထက် ကူးစက် မှုတွေ ပိုတိုးလာတာကြောင့် ဒီအားကစားပွဲတွေကျင်းပတဲ့အပေါ် ကျန်းမာရေးပညာရှင်တွေကလည်း ဝေဖန်ပြစ်တင်နေကြတာပါ။

ကူးစက်မှုအတော်များများက ပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ အားကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ တခြားဧည့်သည်တွေကို နေရာချထားပေးတဲ့ တိုကျိုမြို့နဲ့ အနီးတဝိုက်မှာ ဖြစ်နေတာဖြစ်ပါတယ်။

အခုလို ကူးစက်မှုတွေတိုးလာတာဟာ အားကစားပွဲတွေ အဓိက ကျင်းပနေတဲ့ တိုကျိုမြို့ တမြို့တည်း ပြဿနာမဟုတ်ဘဲ တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။အခုထိ အိုလံပစ် အားကစားပွဲတွေနဲ့ ဆက်စပ်ပြီး ကိုဗစ်ကူးစက်သူ ၃၅၃ ယောက်ရှိပါတယ်။

တရုတ်နိုင်ငံမှာတော့အခု ကိုဗစ်မျိုးကွဲ Delta မျိုးစိတ်ထပ်ပြီး ပျံ့ပွါးနေတာကြောင့် မြို့တွေကို အသွားအလာ အဝင်အထွက် ပိတ်ပင်ကန့်သတ်ရေး စိန်ခေါ်မှုတွေရှိနေပါတယ်။ မြို့တွေကို လုံးဝ အသွားအလာ ပိတ်ပင်တာဟာ စီးပွားရေး အရ ထိခိုက်နစ်နာမှု ကြီးမားတာကြောင့် တရုတ် ခေါင်းဆောင်တွေအနေနဲ့ နေ့စဉ် ဘဝကို ထိခိုက်မှုနည်းပါးတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်လာနေတာပါ။

ကူးစက်မှု မြန်ဆန်လွန်းတဲ့ ဒီ ဗိုင်းရပ်စ်ကြောင့် အမေရိကန်၊ ဩစတြေးလျနဲ့ တခြားနိုင်ငံတွေမှာ ကန့်သတ်မှု အသစ်တွေ ပြန်လည် ချမှတ်လာချိန်မှာ တရုတ်နိုင်ငံမှာလည်း တစ်နှစ်အတွင်း ဗိုင်းရပ်စ် ကူးစက်မှု အစိုးရိမ်ရဆုံး အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အကုန်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး စပြီး ပျံ့ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ မှာလည်း အခု တကျော့ပြန်ကူးစက်မှုတွေ တွေ့လာရတာကြောင့် မြို့ခံ ၁.၅ သန်းကို အသွားအလာ ပိတ်ပင်ထားပြီး လေယာဉ် ခရီးစဉ်တွေကို ပယ်ဖျက်ပစ်ခဲ့သလို တချို့နေရာတွေမှာ အစုလိုက်အပြုံလိုက် ရောဂါ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဖို့ အမိန့်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Unicode








XS
SM
MD
LG