သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ထိေရာက္မႈ CDC ေလ့လာခ်က္သစ္ ထြက္လာ


နယူးေယာက္ၿမိဳ႕မွာ အမ်ဳိးသားတဦးကို ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ကူးစက္ျမန္ ျပင္းထန္တဲ့ Delta မ်ိဳးကြဲသစ္ အပါအဝင္ ကိုဗစ္ကူးစက္မႈ၊ ေသဆံုးမႈေတြအေပၚ ကာကြယ္ေဆး အစြမ္းအလြန္ထက္တာကို အေမရိကန္ CDC က ေတြ႔ရွိလိုက္ပါတယ္။

အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနရဲ႕ မေန႔က ထုတ္ျပန္ခ်က္အရ ကာကြယ္ေဆး မထိုးထားသူေတြမွာ ၅ ဆနီးပါး ပိုကူးစက္ခံရႏုိင္ၿပီး ၁၀ ဆ ပိုေဆး႐ုံတက္ရကာ ၁၁ ဆအထိကို ေသဆံုးမႈ ပိုမ်ားႏိုင္တယ္လို႔ ဆိုပါတယ္။

လူေပါင္း ၆ သိန္းကို ဧၿပီကေန ဇူလိုင္လလယ္အထိ သုေတသန လုပ္ခဲ့ရာမွာ ကာကြယ္ေဆး မထိုးထားသူေတြမွာ ကာကြယ္ေဆး အျပည့္ထိုးထားသူေတြနဲ႔ ယွဥ္လိုက္ရင္ ၅ ဆနီးပါး ပိုကူးစက္ခံရတာအျပင္ ေသဆံုးမႈလည္း ပိုမ်ားႏိုင္တာ CDC က ေတြ႔ရွိခဲ့တာပါ။

ဒါေပမယ့္ CDC ရဲ႕ ေနာက္ေလ့လာခ်က္ ၂ ခုအရ အသက္ႀကီးသူေတြ ေဆး႐ုံေရာက္မႈနဲ႔ ေသဆံုးရမႈ အတြက္မွာေတာ့ ကာကြယ္ႏိုင္စြမ္းက လူငယ္ေတြနဲ႔ယွဥ္ရင္ နည္းသြားတာကို ေတြ႔ရွိခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္နဲ႔ ၆၄ အၾကား အရြယ္ေတြမွာ ၉၅ ရာခုိင္ႏႈန္း ေဆး႐ုံမတက္ရေအာင္ ကာကြယ္ႏုိင္ခဲ့ေပမယ့္ အသက္ ၆၅ ႏွစ္အထက္ေတြမွာေတာ့ ၈၀ ရာခုိင္ႏႈန္းပဲ ကာကြယ္ႏိုင္တာ ေတြ႔ခဲ့ပါတယ္။ အသက္ ၇၅ ႏွစ္နဲ႔အထက္ေတြအတြက္ဆိုရင္ ကာကြယ္ႏိုင္စြမ္း ၇၆ ရာခုိင္ႏႈန္းကို က်သြားပါတယ္။

တခ်ိန္တည္းမွာ ကာကြယ္ေဆး အျပည့္ထိုးထားသူ အရြယ္အားလံုးအတြက္လည္း ကူးစက္ခံရၿပီး မျပင္းထန္တဲ့ လကၡဏာျပသူေတြ တိုးလာတာကို ဆက္ေတြ႔ရွိခဲ့ပါတယ္။

ဒါ့အျပင္ ကူးစက္ျမန္ဗီဇေျပာင္း Delta မ်ိဳးကဲြ ေပၚလာခ်ိန္မွာ Moderna ကာကြယ္ေဆးက ၉၅ ရာခုိင္ႏႈန္းအထိ ပိုကာကြယ္ႏိုင္တာ ေတြ႔ရၿပီး Pfizer က 80 ရာခုိင္ႏႈန္းနဲ႔ Johnson & Johnson ကေတာ့ 60 ရာခုိင္ႏႈန္းပဲ ရွိပါတယ္။

CDC ကူးစက္ေရာဂါ ကာကြယ္ေရးဌာနရဲ႕ ဒီ ေၾကညာခ်က္ဟာ သမၼတ Joe Biden ရဲ႕ ကာကြယ္ေဆး မထိုးမေနရ အစီအစဥ္ ေၾကညာၿပီးေနာက္ ထြက္ေပၚလာခဲ့တာပါ။

CDC က်န္းမာေရးဌာနနဲ႔ ေဆးဝါးနဲ႔ စားေသာက္ကုန္ဌာနေတြက ေနာက္ထပ္တႀကိမ္ ကာကြယ္ေဆးထိုးဖို႔ကို ေလ့လာမႈေတြ ျပဳလုပ္ေနၿပီး အသက္ႀကီးပိုင္းေတြကို စတင္ထိုးေပးမယ့္သေဘာ ရွိေနပါတယ္။ ဒီလကုန္ပိုင္းေလာက္မွာ စတင္ႏိုင္ဖို႔ ရွိပါတယ္။

------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ထိရောက်မှု CDC လေ့လာချက်သစ် ထွက်လာ

ကူးစက်မြန် ပြင်းထန်တဲ့ Delta မျိုးကွဲသစ် အပါအဝင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေအပေါ် ကာကွယ်ဆေး အစွမ်းအလွန်ထက်တာကို အမေရိကန် CDC က တွေ့ရှိလိုက်ပါတယ်။

အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ ကာကွယ်ဆေး မထိုးထားသူတွေမှာ ၅ ဆနီးပါး ပိုကူးစက်ခံရနိုင်ပြီး ၁၀ ဆ ပိုဆေးရုံတက်ရကာ ၁၁ ဆအထိကို သေဆုံးမှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။

လူပေါင်း ၆ သိန်းကို ဧပြီကနေ ဇူလိုင်လလယ်အထိ သုတေသန လုပ်ခဲ့ရာမှာ ကာကွယ်ဆေး မထိုးထားသူတွေမှာ ကာကွယ်ဆေး အပြည့်ထိုးထားသူတွေနဲ့ ယှဉ်လိုက်ရင် ၅ ဆနီးပါး ပိုကူးစက်ခံရတာအပြင် သေဆုံးမှုလည်း ပိုများနိုင်တာ CDC က တွေ့ရှိခဲ့တာပါ။

ဒါပေမယ့် CDC ရဲ့ နောက်လေ့လာချက် ၂ ခုအရ အသက်ကြီးသူတွေ ဆေးရုံရောက်မှုနဲ့ သေဆုံးရမှု အတွက်မှာတော့ ကာကွယ်နိုင်စွမ်းက လူငယ်တွေနဲ့ယှဉ်ရင် နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။

အသက် ၁၈ နှစ်နဲ့ ၆၄ အကြား အရွယ်တွေမှာ ၉၅ ရာခိုင်နှုန်း ဆေးရုံမတက်ရအောင် ကာကွယ်နိုင်ခဲ့ပေမယ့် အသက် ၆၅ နှစ်အထက်တွေမှာတော့ ၈၀ ရာခိုင်နှုန်းပဲ ကာကွယ်နိုင်တာ တွေ့ခဲ့ပါတယ်။ အသက် ၇၅ နှစ်နဲ့အထက်တွေအတွက်ဆိုရင် ကာကွယ်နိုင်စွမ်း ၇၆ ရာခိုင်နှုန်းကို ကျသွားပါတယ်။

တချိန်တည်းမှာ ကာကွယ်ဆေး အပြည့်ထိုးထားသူ အရွယ်အားလုံးအတွက်လည်း ကူးစက်ခံရပြီး မပြင်းထန်တဲ့ လက္ခဏာပြသူတွေ တိုးလာတာကို ဆက်တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ကူးစက်မြန်ဗီဇပြောင်း Delta မျိုးကွဲ ပေါ်လာချိန်မှာ Moderna ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ ပိုကာကွယ်နိုင်တာ တွေ့ရပြီး Pfizer က 80 ရာခိုင်နှုန်းနဲ့ Johnson & Johnson ကတော့ 60 ရာခိုင်နှုန်းပဲ ရှိပါတယ်။

CDC ကူးစက်ရောဂါ ကာကွယ်ရေးဌာနရဲ့ ဒီ ကြေညာချက်ဟာ သမ္မတ Joe Biden ရဲ့ ကာကွယ်ဆေး မထိုးမနေရ အစီအစဉ် ကြေညာပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။

CDC ကျန်းမာရေးဌာနနဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ဌာနတွေက နောက်ထပ်တကြိမ် ကာကွယ်ဆေးထိုးဖို့ကို လေ့လာမှုတွေ ပြုလုပ်နေပြီး အသက်ကြီးပိုင်းတွေကို စတင်ထိုးပေးမယ့်သဘော ရှိနေပါတယ်။ ဒီလကုန်ပိုင်းလောက်မှာ စတင်နိုင်ဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG