သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်ဘက်ဝန်ထမ်းအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမည်


အမေရိကန်စစ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး ပြင်ဆင်နေကြစဉ်။ (မီယာမီ ဖလော်ရီဒါ -၂၀၂၁ခုနှစ်)။
အမေရိကန်စစ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး ပြင်ဆင်နေကြစဉ်။ (မီယာမီ ဖလော်ရီဒါ -၂၀၂၁ခုနှစ်)။

ZAWGYI/UNICODE အမေရိကန် စစ်ဘက်ဝန်ထမ်းတွေအားလုံး လာမယ့်လကစပြီး COVID-19 ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးကြရတော့မှာဖြစ်ပါတယ်။ ပန်တဂွန်စစ်ဌာနချုပ်က ချမှတ်ပြင်ဆင်ပြီး သမ္မတ Joe Biden က သဘောတူ ထောက်ခံထားတဲ့ ဒီအစီအစဉ်ကို မနေ့ တနင်္လာနေ့က ကြေညာခဲ့တာပါ။

စစ်ဘက် အဆင်သင့်ရှိမှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ကာကွယ်ဆေးထိုးတာဟာ လိုအပ်တဲ့အဆင့်တခုဖြစ်တယ်လို့ ပန်တဂွန်စစ်ဌာနချုပ် ထိပ်တန်းခေါင်းဆောင်တွေက ပြောပါတယ်။ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (FDA) ကနေ ကာကွယ်ဆေးကို နောက်ဆုံးအတည်ပြုချက်ရမယ် ဒါမှမဟုတ် ကူးစက်နှုန်းက ဆက်ပြီးတက်နေမယ်ဆိုရင် မူလသတ်မှတ်ထားတဲ့ စက်တင်ဘာလလည်မှာ စပြီးထိုးဖို့ဆိုတဲ့ သတ်မှတ်ချိန်က ရှေ့တိုးလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဈေးဝယ်ဖို့၊ အားလပ်ရက်အပန်းဖြေဖို့ ဒါမှမဟုတ် အလည်အပတ်အနေနဲ့ အမေရိကန်နိုင်ငံသားတွေ နယ်စပ်ဖြတ်ပြီး ကနေဒါနိုင်ငံထဲဝင်တာကို ပိတ်ပင်ထားတာ ကနေဒါအစိုးရက ပြန်ရုပ်လိုက်ပါပြီ။ ဒါပေမယ့်လည်း အမေရိကန်ဘက်ကတော့ ကနေဒါနိုင်ငံသားတွေကို ကန့်သတ်ထားဆဲပါပဲ။

၂၀၂၀ ပြည့်နှစ် မတ်လကတည်းကစလို့ မသွားမဖြစ်ခရီးစဉ်မဟုတ်ရင် နှစ်ဘက်အဝင်အထွက် ပိတ်ထားခဲ့တာကို ကနေဒါဘက် မနေ့ တနင်္လာနေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ သြစတြေးလျနိုင်ငံက လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ New South Wales ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တရက်အတွင်း အများဆုံးအဖြစ် ဒီကနေ့မှာ ၃၅၆ ယောက်ထိရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီက နောက်ထပ်သေဆုံးသူ လေးဦးရှိတယ်လို့လည်း New South Wales ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ ဒီပြည်နယ်က ဆစ်ဒနီဒေသအပါအဝင် လူဦးရေ ၈.၂ သန်းထဲမှာ ၈၀% ကျော်ဟာ အသွားအလာ အဝင်အထွက် ပိတ်ဆို့ ကန့်သတ်ခံထားရပါတယ်။ ဇွန်လ ၂၆ ရက်နေ့က ချမှတ်ထားတဲ့ Sydney ဒေသ ကန့်သတ်ချက်တတွေကို သြဂုတ်လ ၂၈ ရက်နေ့မှာ လျှော့ပေါ့ပေးနိုင်တော့မလားဆိုတဲ့ မျှော်လင့်ချက် ဖြစ်လာဖို့ကလည်း အလှမ်းဝေးလာနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

UNICODE







XS
SM
MD
LG