သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းနဲ့ အစိုးရလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အားလုံး ကိုဗစ်ကာကွယ်ဆေးထိုးဖို့ သမ္မတ Biden အမိန့်ထုတ်


US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)
US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)

{{Zawgyi/Unicode}}

အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ်ကြိုးစားမှုတရပ် အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ကန်ထရိုက်လုပ်နေသူ ၂ သန်းခွဲအတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ အမိန့်ချမှတ်လိုက် ပါတယ်။

ကာကွယ်ဆေး ထိုးမထားသူတွေ အနေနဲ့ ကိုဗစ်ပိုးရှိမရှိ စမ်းသပ်မှု ပုံမှန်လုပ်ဖို့ အရင်ကပေးထားတဲ့ ရွေးချယ်စရာ လမ်းကြောင်းကို အခု ထုတ်ပြန်တဲ့ အမိန့်က ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ခုသီတင်းပတ်တွေ အတွင်း ဗီဇပြောင်း ကူးစက်မြန် Delta ပိုးသစ် ကူးစက်မှုနဲ့ သေဆုံးမှု တိုးလာတာကို ထိန်းချုပ်တိုက်ဖျက်နိုင်ဖို့ ချမှတ်လိုက်တဲ့ အချက် ၆ ချက်ပါ သမ္မတရဲ့ အစီစဉ်က အစိတ်ပိုင်း တခု ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးသူတွေ ဆေးထိုးဖို့၊ ဆေးထိုးထားသူတွေအတွက် လာမယ့် သီတင်းပတ်တွေအတွင်း အားဖြည့်ကာကွယ်ဆေးထိုးပေးဖို့၊ ကျောင်းတွေ ပြန်ဖွင့်ဖို့၊ ကိုဗစ်ပိုးရှိမရှိ စမ်းသပ်မှုတွေ တိုးလုပ်ဖို့၊ အခြေနေအလိုက် နှာခေါင်းစည်း မတပ်မနေရ တပ်ဆင်ဖို့၊ စီးပွါးရေး ပြန်ကောင်းလာစေဖို့နဲ့ ကိုဗစ်အကူးစက်ခံရသူတွေကို သေသေချာချာ ကူသပေးဖို့ တွေလို - ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် နောက်ထပ်ကြိုးစားမှာတွေကို သမ္မတဘိုင်ဒန်က ချပြခဲ့တယ်လို့ သူ့လက်ထောက်တွေက ပြောပါတယ်။

အခုလို အစိုးရဝန်ထမ်းတွေ ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်လိုက်တာနဲ့အတူ အမေရိကန်နိုင်ငံတလွှား စီးပွါးရေး ပြန်ကောင်းလာဖို့ လည်း သမ္မတအိမ်ဖြူက မျှော်လင့်ထားတာပါ။ တချို့ လုပ်ငန်းရှင်ကြီးတွေကလည်း သူတို့ကုမ္ပဏီဝန်ထမ်းတွေအတွက် လိုအပ်ချက်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးဖို့သတ်မှတ်နေကြပြီး ဆေးမထိုးချင်သူတွေကို အလုပ်ဖြုတ်ပစ်မှာ ဖြစ်ကြောင်းပြောနေတာပါ။

အခု သမ္မတဘိုင်ဒန်ရဲ့ သတ်မှတ်ပြဌာန်းချက်ထဲမှာ ဘာသာရေး ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ခွင့်ပြုချက် ရထားသူတွေပါမပါတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပြီးသူက အခုအချိန်အထိဆို လူဦးရေရဲ့ ၆၂ % ရှိနေပါတယ်။

....................................................


{{Unicode}}






XS
SM
MD
LG