သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးႏွံမႈ ကမ႓ာ႔ေမွ်ာ္မွန္းခ်က္ အာဖရိက မျပည္႔မီႏိုင္


FILE PHOTO: Matshidiso Moeti, WHO Regional Director for Africa, attends a briefing at the United Nations in Geneva, Switzerland, May 23, 2018.

{{Zawgyi/Unicode}}

အာဖရိကတိုက္ႏိုင္ငံေတြအတြင္း လာမယ့္စက္တင္ဘာလကုန္မွာ ကိုဗစ္ 19 ေရာဂါကို ခုခံႏိုင္စြမ္းနည္းသူေတြရဲ႕ ၁၀ ရာႏႈန္းကို ကာကြယ္ေဆးအၿပီးထိုးဖို႔ ရည္မွန္းထားေပမယ့္လည္း ျပည့္မွီႏိုင္မွာမဟုတ္ဘူးလို႔ WHO ကမ႓ာ့က်မ္းမာေရးအဖဲြ႕ႀကီးက အစီရင္ခံထုတ္ျပန္ထားပါတယ္။ ဒီအေၾကာင္းအရာနဲ႕ပတ္သက္ၿပီး ဗြီအိုေအသတင္းေထာက္ လီဆာ ရွလိန္း က ဂ်နီဗာကေနသတင္းေပးပို႔ထားတာကို ကိုေဇာ္မိုးေက်ာ္--ကတင္ျပေပးပါမယ္

အခုလို အာဖရိကမွာ ကာကြယ္ေဆးထိုးဖို သတ္မွတ္ထားတဲ့ ကမ႓ာလုံးဆိုင္ရာရည္မွန္းအခ်က္အတိုင္း ျဖစ္ေျမာက္ေအာင္မေဆာင္ရြက္ ႏိုင္ငံရတဲ့အဓိက ျပႆနာကေတာ့ ခ်မ္းသာတဲ့ႏိုင္ငံႀကီးေတြက ကာကြယ္ေဆးေတြကို ၀ယ္ယူစုေဆာင္းထားတဲ့အတြက္ျဖစ္တယ္လို႔ WHO ရဲ႕ ေဒသဆိုင္ရာအႀကီးအကဲ မရွီဒစ္ဆို မိုတီက Matshidiso Moeti ေျပာဆိုလိုက္ပါတယ္။

အာဖရိက ႏိုင္ငံေတြအေနနဲ႕ ကာကြယ္ေဆး ၁၄၃ သန္းရရွိခဲ့ၿပီး လူသန္းေပါင္း ၃၉ သန္းကို ကာကြယ္ေဆးထိုးေပးႏိုင္ခဲ့ပါတယ္၊ ဒီအေရအတြက္ဟာ အာဖရိကတိုက္လူဦးေရရဲ႕ ၃ ရာႏႈန္းထက္ေလ်ာ့နည္းေၾကာင္း။ ၅၀ ရာႏႈန္းထိုးထားၿပီးျဖစ္တဲ့ ဥေရာပတိုက္တို႔ အေမရိကန္တို႔နဲ႕စာလိုက္ရင္ အလြန္နည္းတယ္လို႔ သူမက ေျပာဆိုပါတယ္။

"က်မတို႔အားလုံး စိတ္ပူတာကေတာ့ ကာကြယ္ေဆး ျဖန္႕ျဖဴးတဲ့ေနရာမွာ မမွ်မတဆက္ျဖစ္ေနတဲ့ကိစၥပါ၊ တကမ႓ာလုံးျဖန္႕ေ၀တဲ့ ကာကြယ္ေဆးအေရအတြက္ သန္း ၅ ေထာင္မွာအာဖရိကအေနနဲ႕ ၂ ရာခိုင္ဘဲရပါတယ္။ ဒီ ရာႏႈန္းအတိုင္း အေျပာင္းအလဲမရွိဘဲ လက္ရွိအတိုင္းဆက္သြားမယ္ဆိုရင္ေတာ့ အာဖရိကတိုက္က ႏိုင္ငံ ၅၄ ႏိုင္ငံထဲက ၄၂ ႏွစ္ႏိုင္ငံကို ဒီစက္တင္ဘာလကုန္ အၿပီး ကာကြယ္ေဆးထိုးေပးဖို႔ သတ္မွတ္ခ်က္ကို ျပည့္မွီႏိုင္မွာမဟုတ္ပါဘူး"

အာဖရိကမွာ ကိုဗစ္တတိယလႈိင္းျဖစ္ပြားခဲ့ၿပီး၊ ၿပီးခဲ့တဲ့ ဇူလိုင္လ က အဆိုးဆုံးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အာဖရိကႏိုင္ငံေပါင္း ၅၄ ႏိုင္ငံထဲက ၂၄ ႏိုင္ငံမွာ ကိုဗစ္ျဖစ္ပြားမႈျမင့္တက္ေနၿပီး ကူးဆက္ႏႈန္းလည္း ျမန္ဆန္ေနတယ္လို႔ WHO ကမ႓ာ့က်မ္းမာေရးအဖဲြ႕ႀကီးက အစီရင္ခံေဖၚျပထားပါတယ္။

WHO ကမ႓ာ့က်မ္းေရးအဖဲြ႕ႀကီးရဲ႕ ထုတ္ျပန္ခ်က္ေတြအရ အာဖရိကတိုက္မွာ ဗိုင္းရပ္စ္ပိုးကူးဆက္ခံရသူေပါင္း ၈ သန္းေလာက္ရွိၿပီး၊ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာတင္ ကူးဆက္သူ ၂ သိန္း ၁ ေသာင္း ေက်ာ္ထပ္မံကူးဆက္ခံရပါတယ္။ အခုလိုကူးဆက္မႈေတြေၾကာင့္ ေသဆုံးသူ ၁ သိန္း ၉ ေသာင္းေက်ာ္ရွိတဲ့အထဲက ၿပီးခဲ့တဲ့အပတ္ထဲမွာတင္ ေသဆုံးသူ ၅၅၀၀ ေက်ာ္ရွိပါတယ္။

အာဖရိကတိုက္မွာ ကိုဗစ္ေရာဂါအေျခအေနဟာ ဆက္လက္ဆိုးရြားေနၿပီး၊ နာရီတိုင္းမွာ လူ ၂၆ ဦးေဆသုံးေနတယ္လို႔ မိုတီ ကေျပာဆိုပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးတဲ့ႏႈန္းေႏွးေကြးေနရင္ ကိုဗစ္ေၾကာင့္အျပင္းအထန္ဖ်ားနာမႈ ေသဆုံးမႈေတြဆက္လက္ရွိေနဦးမွာျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႕ ကာကြယ္မႈေတြကို မ႐ုတ္သိမ္းဘဲဆက္လက္ထားၾကဖို႔ကိုလည္းသူကတိုက္တြန္းပါတယ္။

ကိုဗစ္ဗိုင္းရပ္ မ်ိဳးကဲြမ်ားသစ္ေတြထပ္ေတြ႕ရတာနဲ၊ ႏိုင္ငံေရးဖိအားေတြနဲ႕အတူ၊ ကာကြယ္ေဆးထိုးၿပီးမႈႏႈန္းျမင့္တဲ့ႏိုင္ငံေတြအေနနဲ႕ ေနာက္ထပ္ကာကြယ္ေဆးထပ္ထိုးၿပီး ကိုဗစ္အႏၲရယ္ေလ်ာ့က်လာေအာင္က်ိဳးပမ္းမႈ စတဲ့အေျခအေနေတြေၾကာင့္ က်မတို႔ရဲ႕ တကမ႓ာလုံးကာကြယ္ေဆး သာတူညီမွ် ျဖန္႕ေ၀သုံးစဲြႏိုင္ေရးဆိုတဲ့ ေမွ်ာ္မွန္းခ်က္ကေတာ့ စိန္ေခၚမႈေတြနဲ႕ ရင္ဆိုင္ေနရာဦးမွာပါ။

အာဖရိကကို ကာကြယ္ေဆး တင္ပို႔ေရာက္ရွိႏႈန္းျမန္ဆန္လာတဲ့အတြက္ေတာ့ သူ႔အေနနဲ႕အားတက္မိေၾကာင္း မိုတီက ေျပာဆိုပါတယ္။ ဒါေပမယ့္ ကာကြယ္ေဆးေတြ ေ၀ငွေပးတာနဲ႕ပတ္သက္လို႔ေတာ့ စီမံခန္႕ခဲြမႈေတြ တိုးတက္ေကာင္းမြန္လာဖို႔ လိုေသးတယ္လို႔ ဆိုပါတယ္။ အခုလို ကိုဗစ္ကပ္ဆိုးႀကီးကေန လြတ္ေျမာက္ၿပီး ကမ႓ာႀကီးျပန္လည္ေကာင္းမြန္လာဖို႔ အေရးမွာ ကမ႓ာ့ႏိုင္ငံအားလုံးရဲ႕စည္းလုံးညီၫြတ္မႈဟာ အဓိကက်တဲ့ေနရာမွာဆက္လက္ရွိေနေသးပါေၾကာင္း အာဖရိကဆိုင္ရာ WHO အႀကီးအကဲ မိုတီက ေျပာဆိုခဲ့ပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖရိကတိုက်နိုင်ငံတွေအတွင်း လာမယ့်စက်တင်ဘာလကုန်မှာ ကိုဗစ် 19 ရောဂါကို ခုခံနိုင်စွမ်းနည်းသူတွေရဲ့ ၁၀ ရာနှုန်းကို ကာကွယ်ဆေးအပြီးထိုးဖို့ ရည်မှန်းထားပေမယ့်လည်း ပြည့်မှီနိုင်မှာမဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက အစီရင်ခံထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် လီဆာ ရှလိန်း က ဂျနီဗာကနေသတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်--ကတင်ပြပေးပါမယ်

အခုလို အာဖရိကမှာ ကာကွယ်ဆေးထိုးဖို သတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာရည်မှန်းအချက်အတိုင်း ဖြစ်မြောက်အောင်မဆောင်ရွက် နိုင်ငံရတဲ့အဓိက ပြဿနာကတော့ ချမ်းသာတဲ့နိုင်ငံကြီးတွေက ကာကွယ်ဆေးတွေကို ဝယ်ယူစုဆောင်းထားတဲ့အတွက်ဖြစ်တယ်လို့ WHO ရဲ့ ဒေသဆိုင်ရာအကြီးအကဲ မရှီဒစ်ဆို မိုတီက Matshidiso Moeti ပြောဆိုလိုက်ပါတယ်။

အာဖရိက နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေး ၁၄၃ သန်းရရှိခဲ့ပြီး လူသန်းပေါင်း ၃၉ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်၊ ဒီအရေအတွက်ဟာ အာဖရိကတိုက်လူဦးရေရဲ့ ၃ ရာနှုန်းထက်လျော့နည်းကြောင်း။ ၅၀ ရာနှုန်းထိုးထားပြီးဖြစ်တဲ့ ဥရောပတိုက်တို့ အမေရိကန်တို့နဲ့စာလိုက်ရင် အလွန်နည်းတယ်လို့ သူမက ပြောဆိုပါတယ်။

"ကျမတို့အားလုံး စိတ်ပူတာကတော့ ကာကွယ်ဆေး ဖြန့်ဖြူးတဲ့နေရာမှာ မမျှမတဆက်ဖြစ်နေတဲ့ကိစ္စပါ၊ တကမ္ဘာလုံးဖြန့်ဝေတဲ့ ကာကွယ်ဆေးအရေအတွက် သန်း ၅ ထောင်မှာ အာဖရိကအနေနဲ့ ၂ ရာခိုင်ဘဲရပါတယ်။ ဒီ ရာနှုန်းအတိုင်း အပြောင်းအလဲမရှိဘဲ လက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်တော့ အာဖရိကတိုက်က နိုင်ငံ ၅၄ နိုင်ငံထဲက ၄၂ နှစ်နိုင်ငံကို ဒီစက်တင်ဘာလကုန် အပြီး ကာကွယ်ဆေးထိုးပေးဖို့ သတ်မှတ်ချက်ကို ပြည့်မှီနိုင်မှာမဟုတ်ပါဘူး"

အာဖရိကမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လ က အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံထဲက ၂၄ နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေပြီး ကူးဆက်နှုန်းလည်း မြန်ဆန်နေတယ်လို့ WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက အစီရင်ခံဖေါ်ပြထားပါတယ်။

WHO ကမ္ဘာ့ကျမ်းရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေအရ အာဖရိကတိုက်မှာ ဗိုင်းရပ်စ်ပိုးကူးဆက်ခံရသူပေါင်း ၈ သန်းလောက်ရှိပြီး၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင် ကူးဆက်သူ ၂ သိန်း ၁ သောင်း ကျော်ထပ်မံကူးဆက်ခံရပါတယ်။ အခုလိုကူးဆက်မှုတွေကြောင့် သေဆုံးသူ ၁ သိန်း ၉ သောင်းကျော်ရှိတဲ့အထဲက ပြီးခဲ့တဲ့အပတ်ထဲမှာတင် သေဆုံးသူ ၅၅၀၀ ကျော်ရှိပါတယ်။

အာဖရိကတိုက်မှာ ကိုဗစ်ရောဂါအခြေအနေဟာ ဆက်လက်ဆိုးရွားနေပြီး၊ နာရီတိုင်းမှာ လူ ၂၆ ဦးဆေသုံးနေတယ်လို့ မိုတီ ကပြောဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နှုန်းနှေးကွေးနေရင် ကိုဗစ်ကြောင့်အပြင်းအထန်ဖျားနာမှု သေဆုံးမှုတွေဆက်လက်ရှိနေဦးမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကာကွယ်မှုတွေကို မရုတ်သိမ်းဘဲဆက်လက်ထားကြဖို့ကိုလည်းသူကတိုက်တွန်းပါတယ်။

ကိုဗစ်ဗိုင်းရပ် မျိုးကွဲများသစ်တွေထပ်တွေ့ရတာနဲ၊ နိုင်ငံရေးဖိအားတွေနဲ့အတူ၊ ကာကွယ်ဆေးထိုးပြီးမှုနှုန်းမြင့်တဲ့နိုင်ငံတွေအနေနဲ့ နောက်ထပ်ကာကွယ်ဆေးထပ်ထိုးပြီး ကိုဗစ်အန္တရယ်လျော့ကျလာအောင်ကျိုးပမ်းမှု စတဲ့အခြေအနေတွေကြောင့် ကျမတို့ရဲ့ တကမ္ဘာလုံးကာကွယ်ဆေး သာတူညီမျှ ဖြန့်ဝေသုံးစွဲနိုင်ရေးဆိုတဲ့ မျှော်မှန်းချက်ကတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရာဦးမှာပါ။

အာဖရိကကို ကာကွယ်ဆေး တင်ပို့ရောက်ရှိနှုန်းမြန်ဆန်လာတဲ့အတွက်တော့ သူ့အနေနဲ့အားတက်မိကြောင်း မိုတီက ပြောဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေ ဝေငှပေးတာနဲ့ပတ်သက်လို့တော့ စီမံခန့်ခွဲမှုတွေ တိုးတက်ကောင်းမွန်လာဖို့ လိုသေးတယ်လို့ ဆိုပါတယ်။ အခုလို ကိုဗစ်ကပ်ဆိုးကြီးကနေ လွတ်မြောက်ပြီး ကမ္ဘာကြီးပြန်လည်ကောင်းမွန်လာဖို့ အရေးမှာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့စည်းလုံးညီညွတ်မှုဟာ အဓိကကျတဲ့နေရာမှာဆက်လက်ရှိနေသေးပါကြောင်း အာဖရိကဆိုင်ရာ WHO အကြီးအကဲ မိုတီက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG