{{Zawgyi/Unicode}}
ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ကို ေနာက္တႀကိမ္ စြမ္းအားျမွင့္ ထိုးေပးဖို႔အတြက္ ခ်က္ခ်င္းမလိုအပ္ေသးဘူးလို႔ လက္ရွိအေျခအေနေတြသုံးသပ္ၿပီး ဥေရာပ ေရာဂါကာကြယ္ေရး နဲ႔ ထိန္းခ်ဳပ္ေရးစင္တာ ECDPC က မေန႔ ၾကာသပေတးေန႔ က ထုတ္ျပန္လုိက္ပါတယ္။
အဲဒီအစား ဥေရာပက လူအားလုံးကို ပထမဦးဆုံး ကာကြယ္ေဆးထုိးေပးဖို႔ကိုသာ လူထုက်န္းမာေရးဌာနေတြအေနနဲ႔ အာရုံျပဳလုပ္ေဆာင္သင့္တယ္လို႔လည္း တုိက္တြန္းထားပါတယ္။
ဒါေပမယ့္လည္း ပထမဆုံး ကာကြယ္ေဆးထုိးထားၿပီးသူေတြအေနနဲ႔ ကိုယ္ခံအားေတြ လုံေလာက္ေအာင္မရရွိသူေတြအတြက္ကိုေတာ့ ထပ္ေဆာင္းေဆးထိုးေပးဖို႔ စဥ္းစားသင့္တယ္လို႔လည္း အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လူဦးေရအားလုံး ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ပထမဆုံးအႀကိမ္ထိုးဖို႔ေတာင္မွ လုံလုံေလာက္ေလာက္မရွိေသးတဲ့ ဥေရာပ သမဂၢEU အျပင္ဖက္က နိုင္ငံေတြရဲ႕ လိုအပ္ခ်က္ေတြကိုလည္း ဥေရာပႏိုင္ငံေတြအေနနဲ႔ ထဲ့တြက္ခ်က္ၿပီး ကာကြယ္ေဆး ေနာက္တႀကိမ္းထုိးမဲ့အစီအစဥ္ကို စဥ္းစားသင့္တယ္လို႔လည္း ေရးသားထားပါတယ္။
ဥေရာပသမဂၢ EU ႏိုင္ငံေတြထဲမွာ ျပင္သစ္ႏိုင္ငံကေတာ့ ဗုဒ္ဓဟူးေန႔က အသက္ ၆၅ နွစ္အထက္ရွိသူေတြကို ေနာက္တႀကိမ္ စြမ္းအားျမွင့္ ကာကြယ္ေဆးထိုးတာစတင္ခဲ့ပါတယ္။ စပိန္အစိုးရကလည္း အဲဒီလို စြမ္းအားျမွင့္ ကာကြယ္ေဆးထို႔ဖို႔ စဥ္းစားသုံးသပ္ေနပါတယ္။ ...........................................
{{Unicode}}
ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ကို နောက်တကြိမ် စွမ်းအားမြှင့် ထိုးပေးဖို့အတွက် ချက်ချင်းမလိုအပ်သေးဘူးလို့ လက်ရှိအခြေအနေတွေသုံးသပ်ပြီး ဥရောပ ရောဂါကာကွယ်ရေး နဲ့ ထိန်းချုပ်ရေးစင်တာ ECDPC က မနေ့ ကြာသပတေးနေ့ က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအစား ဥရောပက လူအားလုံးကို ပထမဦးဆုံး ကာကွယ်ဆေးထိုးပေးဖို့ကိုသာ လူထုကျန်းမာရေးဌာနတွေအနေနဲ့ အာရုံပြုလုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒါပေမယ့်လည်း ပထမဆုံး ကာကွယ်ဆေးထိုးထားပြီးသူတွေအနေနဲ့ ကိုယ်ခံအားတွေ လုံလောက်အောင်မရရှိသူတွေအတွက်ကိုတော့ ထပ်ဆောင်းဆေးထိုးပေးဖို့ စဉ်းစားသင့်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေအားလုံး ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ပထမဆုံးအကြိမ်ထိုးဖို့တောင်မှ လုံလုံလောက်လောက်မရှိသေးတဲ့ ဥရောပ သမဂ္ဂEU အပြင်ဖက်က နိုင်ငံတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဥရောပနိုင်ငံတွေအနေနဲ့ ထဲ့တွက်ချက်ပြီး ကာကွယ်ဆေး နောက်တကြိမ်းထိုးမဲ့အစီအစဉ်ကို စဉ်းစားသင့်တယ်လို့လည်း ရေးသားထားပါတယ်။
ဥရောပသမဂ္ဂ EU နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံကတော့ ဗုဒ်ဓဟူးနေ့က အသက် ၆၅ နှစ်အထက်ရှိသူတွေကို နောက်တကြိမ် စွမ်းအားမြှင့် ကာကွယ်ဆေးထိုးတာစတင်ခဲ့ပါတယ်။ စပိန်အစိုးရကလည်း အဲဒီလို စွမ်းအားမြှင့် ကာကွယ်ဆေးထို့ဖို့ စဉ်းစားသုံးသပ်နေပါတယ်။