သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာပိုးရှိသူနဲ့ ထိတွေ့မိတဲ့ မလေးဝန်ကြီးချုပ် အစိုးရအဖွဲ့ကျမ်းကျိန်ပွဲ မတက်ဖြစ်


မလေးရှားဝန်ကြီးချုပ်အသစ် Ismail Sabri Yaakob
မလေးရှားဝန်ကြီးချုပ်အသစ် Ismail Sabri Yaakob

မလေးရှားဝန်ကြီးချုပ်အသစ် Ismail Sabri Yaakob ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အတွက် သီးခြားခွဲနေရတာကြောင့် သူ့ရဲ့ကက်ဘိနက်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ဘူးလို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

အရင်အစိုးရနှုတ်ထွက်ခဲ့တဲ့နောက် သီတင်း ၂ ပတ်အကြာမှာ အစိုးရသစ်အဖွဲ့က နန်းတော်မှာ ဘုရင့်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ ကြတာပါ။ ဒီလဆန်းမှာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ Ismail Sabri ကတော့ ဒီအခန်းအနားကို မတက်ရောက်နိုင်ခဲ့ဘူးလို့ ဝန်ကြီးချုပ်ရုံးက ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ဝန်ကြီးချုပ် Ismail Sabri ဟာ အင်္ဂါနေ့ ကျင်းပမယ့် မလေးရှားအမျိုးသားနေ့ အခန်းအနားကိုလည်း အွန်လိုင်းကပဲ တက်ရောက်ဖို့ ရှိပါတယ်။

အရင်အစိုးရအဖွဲ့ဝန်ကြီးအများစုပါဝင်တဲ့ အစိုးရသစ်အဖွဲ့ကတော့ ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတဲ့ အရင်ကအစိုးရထက် ပိုကောင်းအောင် မလုပ်နိုင်မှာကို စိုးရိမ်လာကြတာပါ။ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အစိုးရရဲ့ ကိုင်တွယ်ပုံကို လူထုက မကျေနပ်မှုတွေ တိုးလာနေချိန်မှာပဲ အရင်ဝန်ကြီးချုပ် Muhyiddin Yassin အတွက် လွှတ်တော်မှာ အမတ်အများစု နေရာ ဆုံးခဲ့ရပြီး သူ့နှုတ်ထွက်သွားချိန်မှာ ဘုရင်က Ismail Sabri ကို အသစ်ခန့်အပ်လိုက်တာ ဖြစ်ပတယ်။

မလေးရှားနိုင်ငံမှာ ကူးစက်မြန် ဒယ်လ်တာမျိုးကွဲ ကိုဗစ်ကပ်ရောဂါ ပိုးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး မကြာခင်သီတင်းပတ်တွေ အတွင်းမှာ တရက်ကို လူပေါင်း ၂၀ ၀၀၀ လောက် အကူးစက်ခံရပြီး ရာနဲ့ချီ သေဆုံးနေတာ ဖြစ်ပါတယ်။

-----------------------------------------







XS
SM
MD
LG