သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ ကိုဗစ္နဲ႔ေသဆံုးသူေတြထဲ ျမန္မာႏုိင္ငံသား ၉ ဦးပါဝင္


ဘန္ေကာက္ျမိဳ့က လူငယ္စင္တာတခုတြင္ ကိုဗစ္စစ္ေဆးေပးနေစဥ္ (ဓာတ္ပံု - Lillian SUWANRUMPHA / AFP)

(Zawgyi/Unicode)

ျမန္မာ့အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာ ဒီကေန႔ တေန႔တည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၅,၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၂၆၀ ေက်ာ္ရွိတဲ့အေၾကာင္း ထိုင္းက်န္းမာေရးဌာနက ဒီကေန႔ ထုတ္ျပန္ပါတယ္။ ဒီကေန႔ ေသဆံုးသူ ၂၆၂ ေယာက္ထဲမွာ ျမန္မာႏိုင္ငံသား ၉ ဦး ပါ၀င္ၿပီး အေမရိကန္ ႏွစ္ဦးနဲ႔ ေနာ္ေ၀ႏိုင္ငံသားတဦး ပါ၀င္တဲ့အေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ကူးစက္ခံရသူေတြထဲမွာလည္း ႏွစ္ဦးက ဖူးခက္အပန္းေျဖကၽြန္းကို ခရီးသြားအစီအစဥ္နဲ႔ ေရာက္လာတဲ့ ႏိုင္ငံျခားသားႏွစ္ဦး ပါ၀င္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့ဲတဲ့ ဧၿပီလကစလို႔ ကိုဗစ္တတိယလိႈင္းဒဏ္ အလူးအလဲခံေနရတဲ့ ထိုင္းႏိုင္ငံမွာ အခုဆိုရင္ ကူးစက္သူေပါင္း ၁,၂၁၀,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆံုးသူေပါင္းက ၁၂,၁၀၃ ေယာက္ ရွိပါတယ္။ ဒီေသဆံုးသူေတြထဲမွာ ၁၂,၀၀၉ ေယာက္က အခုေနာက္ဆံုး တတိယလိႈင္းကူးစက္မႈကာလအတြင္း ေသဆံုးခဲ့ၾကတာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ စတင္ ေတြ႕ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ေန႔စဥ္ကူးစက္မႈ သိသိသာသာ က်ဆင္းသြားၿပီမို႔ ဒီႏွစ္စာသင္ႏွစ္အစ ႏိုင္ငံတ၀န္း စာသင္ေက်ာင္းေတြမွာ ေက်ာင္းသူေက်ာင္းသားေတြ ားလံုး ေက်ာင္းျပန္တက္ေနၾကပါၿပီ။

မေန႔က ဗုဒၶဟူးေန႔က တ႐ုတ္ျပည္မႀကီးမွာ ကူးစက္သူ ၂၇ ေယာက္ရွိၿပီး ဂြမ္ေဒါင္းျပည္နယ္မွာ ၉ ဦး၊ ယူနန္မွာ ၈ ဦး၊ ရွန္ဟိုင္းမွာ ၆ ဦးနဲ႔ ေနာက္ထပ္ ျပည္နယ္ ၄ ခုမွာ တဦးစီ ကူးစက္ခံရတာျဖစ္တဲ့အေၾကာင္း တ႐ုတ္ အမ်ိဳးသားက်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ ဒီကေန႔ ကိုဗစ္နဲ႔ ေသဆံုးသူေတာ့ တဦးမွမရွိဘူးလို႔ က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ အေမရိကန္ ေဆးကုမၸဏီ Moderna က ထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆးေတြထဲမွာ သံမဏိစေလးေတြ ပါေနတယ္ဆိုတာ ေတြ႕ရွိခဲ့တဲ့အတြက္ ကာကြယ္ေဆးအလုံးေရ တသန္းေက်ာ္ကို အသုံးမျပဳဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံက Takeda ေဆးကုမၸဏီဟာ Moderna ကိုဗစ္ကာကြယ္ေဆးကို ဂ်ပန္ႏိုင္ငံမွာ တာ၀န္ယူ ျဖန္႔ခ်ိေပးေနတာ ျဖစ္ပါတယ္။ Moderna ကိုဗစ္ ကာကြယ္ေဆးေတြမွာ မသန္႔ရွင္းမႈေတြ ရွိခဲ့တယ္ဆိုတာကိုေတာ့ စပိန္ႏိုင္ငံက ေဆးထုတ္လုပ္တဲ့ ကုမၸဏီတခုက ကနဦး စတင္ေတြ႕ရွိခဲ့တာပါ။

COVID-19 ေရာဂါ စတင္ေတြ႕ရွိတဲ့ တ႐ုတ္ႏိုင္ငံမွာ ဒီကေန႔အထိ ေရာဂါကူးစက္သူ ၉၄,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၄,၆၀၀ ေက်ာ္ရွိပါတယ္။ ကမ႓ာတ၀န္းမွာေတာ့ COVID-19 ကူးစက္သူ ၂၁၈ သန္းေက်ာ္နဲ႔ ေသဆံုးသူ ၄ သန္းခြဲေက်ာ္ရွိၿပီး အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္မႈအမ်ားဆံုးျဖစ္ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းမှာ ကိုဗစ်နဲ့သေဆုံးသူတွေထဲ မြန်မာနိုင်ငံသား ၉ ဦးပါဝင်

(Unicode)

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီကနေ့ တနေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၅,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၆၀ ကျော်ရှိတဲ့အကြောင်း ထိုင်းကျန်းမာရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီကနေ့ သေဆုံးသူ ၂၆၂ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၉ ဦး ပါဝင်ပြီး အမေရိကန် နှစ်ဦးနဲ့ နော်ဝေနိုင်ငံသားတဦး ပါဝင်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ကူးစက်ခံရသူတွေထဲမှာလည်း နှစ်ဦးက ဖူးခက်အပန်းဖြေကျွန်းကို ခရီးသွားအစီအစဉ်နဲ့ ရောက်လာတဲ့ နိုင်ငံခြားသားနှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့ဲတဲ့ ဧပြီလကစလို့ ကိုဗစ်တတိယလှိုင်းဒဏ် အလူးအလဲခံနေရတဲ့ ထိုင်းနိုင်ငံမှာ အခုဆိုရင် ကူးစက်သူပေါင်း ၁,၂၁၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူပေါင်းက ၁၂,၁၀၃ ယောက် ရှိပါတယ်။ ဒီသေဆုံးသူတွေထဲမှာ ၁၂,၀၀၉ ယောက်က အခုနောက်ဆုံး တတိယလှိုင်းကူးစက်မှုကာလအတွင်း သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ စတင် တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှု သိသိသာသာ ကျဆင်းသွားပြီမို့ ဒီနှစ်စာသင်နှစ်အစ နိုင်ငံတဝန်း စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ ားလုံး ကျောင်းပြန်တက်နေကြပါပြီ။

မနေ့က ဗုဒ္ဓဟူးနေ့က တရုတ်ပြည်မကြီးမှာ ကူးစက်သူ ၂၇ ယောက်ရှိပြီး ဂွမ်ဒေါင်းပြည်နယ်မှာ ၉ ဦး၊ ယူနန်မှာ ၈ ဦး၊ ရှန်ဟိုင်းမှာ ၆ ဦးနဲ့ နောက်ထပ် ပြည်နယ် ၄ ခုမှာ တဦးစီ ကူးစက်ခံရတာဖြစ်တဲ့အကြောင်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ကိုဗစ်နဲ့ သေဆုံးသူတော့ တဦးမှမရှိဘူးလို့ ကျန်းမာရေးကော်မရှင်က ပြောပါတယ်။

ဂျပန်နိုင်ငံမှာတော့ အမေရိကန် ဆေးကုမ္ပဏီ Moderna က ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ သံမဏိစလေးတွေ ပါနေတယ်ဆိုတာ တွေ့ရှိခဲ့တဲ့အတွက် ကာကွယ်ဆေးအလုံးရေ တသန်းကျော်ကို အသုံးမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျပန်နိုင်ငံက Takeda ဆေးကုမ္ပဏီဟာ Moderna ကိုဗစ်ကာကွယ်ဆေးကို ဂျပန်နိုင်ငံမှာ တာဝန်ယူ ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။ Moderna ကိုဗစ် ကာကွယ်ဆေးတွေမှာ မသန့်ရှင်းမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ စပိန်နိုင်ငံက ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတခုက ကနဦး စတင်တွေ့ရှိခဲ့တာပါ။

COVID-19 ရောဂါ စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာ ဒီကနေ့အထိ ရောဂါကူးစက်သူ ၉၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၆၀၀ ကျော်ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ COVID-19 ကူးစက်သူ ၂၁၈ သန်းကျော်နဲ့ သေဆုံးသူ ၄ သန်းခွဲကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG