သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ် တရုတ်က မြန်မာကိုလှူ


ကလေးမြို့က ကိုဗစ်လူနာတဦးကို အောက်ဆီဂျင်ပိုက် တပ်ဆင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦး။ (ဇူလိုင် ၅၊ ၂၀၂၁)
ကလေးမြို့က ကိုဗစ်လူနာတဦးကို အောက်ဆီဂျင်ပိုက် တပ်ဆင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦး။ (ဇူလိုင် ၅၊ ၂၀၂၁)

(Zawgyi / Unicode)

တရုတ်-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အရ တရုတ်အစိုးရက ဒုတိယအကြိမ်အဖြစ် ဆေးပစ္စည်းတွေကို တနင်္ဂနွေနေ့မှာ ရှမ်းပြည်နယ် ကိုဗစ်တိုက်ဖျက်ရေးအတွက် ပေးလှူခဲ့ပါတယ်။

ယူနန်ပြည်နယ် အနောက်တောင်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ မြို့တော်ဝန် Shang Labian နဲ့ ဒေသအရာရှိတွေက ယွမ်ငွေ ၃ သန်းနီးပါးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ဖိုးရှိတဲ့ ဆေးပစ္စည်းကိရိယာ ၁၆ မျိုးကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ ခွဲစိတ်ခန်းသုံး လက်အိတ်တွေ၊ PPE ဝတ်စုံတွေ၊ ကိုဗစ်ပိုးရှိမရှိ စမ်းသပ်တဲ့ ကိရိယာတွေ၊ အောက်ဆီဂျင်ထုတ်စက်တွေ၊ အဖျားတိုင်းကိရိယာတွေနဲ့ ဆေးတွေပါဝင်ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ကလည်း ယွမ်ငွေ ၁ သန်းခွဲကျော်တန် ဆေးပစ္စည်းတွေကို ယူနန်ပြည်နယ် ထိန်ချုံးကနေ ကချင်ပြည်နယ်အတွက် ပေးလှူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းဒဏ်ကို ခံနေရတာဖြစ်ပြီး ၃ လအတွင်းမှာပဲ နောက်ထပ် ကူးစက်ခံရသူ ၃ သိန်းကျော်ရှိခဲ့တာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စက်တင်ဘာလ ၅ ရက်နေ့အထိဆို ဒီရောဂါ အကူးစက်ခံရသူ ၄ သိန်းကျော်နဲ့ သေဆုံးရသူက ၁၅,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂ နိုင်ငံ နယ်စပ်ဒေသမှာ ကိုဗစ်ရောဂါ နယ်မြေကျော်ဖြတ် ပျံ့နှံ့မှုမရှိစေဖို့ နှစ်ဖက် ပူးတွဲပြီး ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတွေ လုပ်ဆောင်နေတာပါ။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







XS
SM
MD
LG