သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကာကြယ္ေဆး အျပည့္ထိုးၿပီးသူ ၂ သန္းေက်ာ္ၿပီလို႔ စစ္ေကာင္စီေၾကညာ


Sinopharm ကိုဗစ္ကာကြယ္ေဆးမ်ား (ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး အျပည့္အဝထိုးၿပီးသြားသူ ၂၁ သိန္းေက်ာ္႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ကာကြယ္ေဆးထိုးကာကြယ္တာ အေရးႀကီးတယ္လို႔ က်န္းမာေရးဌာနတာဝန္႐ွိသူေတြကေျပာၿပီး ကာကြယ္ေဆးထိုးၾကဖုိ႔လည္း တိုက္တြန္းေနပါတယ္။ ျမန္မာႏိုင္ငံက ကိုဗစ္ကာကြယ္ေဆးထိုးေပးေနတဲ့အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုးၿပီးသူ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ စုစုေပါင္း ၄၇ သိန္း ၆ ေသာင္းေက်ာ္႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ အျပည့္အဝ ကာကြယ္ေဆးထုိးၿပီးသူက ၂၁ သိန္းေက်ာ္႐ွိၿပီး ကာကြယ္ေဆး တႀကိမ္ထိုးထားၿပီးသူက ၂၆ သိန္း ၆ ေသာင္းေက်ာ္႐ွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင္ ေသဆံုးမႈကို ေလ ွ်ာ့ခ်ႏိုင္ဖုိ႔ ကာကြယ္ေဆးထုိးၾကဖုိ႔လည္း တာဝန္႐ွိသူေတြက က်ယ္က်ယ္ျပန္႔ျပန္႔ တိုက္တြန္းေနပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးတဲ့အတြက္ ကိုဗစ္ပိုးကူးစက္ရင္ေတာင္ ေရာဂါအျပင္းအထန္မျဖစ္ေအာင္ ကာကြယ္ႏုိင္တယ္လို႔ က်န္းမာေရးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက MRTV နဲ႔ အင္တာဗ်ဴးမွာ ခုလုိ႐ွင္းျပခဲ့ပါတယ္။

"သဘာဝအတိုင္းရတဲ့ ကိုယ္ခံအားဟာဆိုရင္ လူတေယာက္နဲ႔တေယာက္ မတူပါဘူး။ အသက္အ႐ြယ္ေပၚ မူတည္ၿပီးေတာ့လည္း ကြဲပါတယ္။ သူ႔ရဲ႕ ေနာက္ခံေရာဂါရွိတဲ့ေပၚ မူတည္ၿပီးေတာ့လည္း ကြဲပါတယ္။ ဘယ္ေလာက္ထိ သူ႔မွာကိုယ္ခံအားရွိသလဲ ခန႔္မွန္းလို႔မလြယ္ပါဘူး။ ဒါေၾကာင့္မို႔ ကာကြယ္ေဆးေတြဆိုရင္ေတာ့ တိတိက်က်ထိုးရင္ ဘယ္လိုကာကြယ္ႏိုင္သလဲ ဆိုတာကို သုေတသနအဆင့္ဆင့္ လုပ္ထားၿပီးသားျဖစ္တဲ့ အတြက္ေၾကာင့္မို႔ ဒါကေတာ့ထိုးလိုက္ရင္ ကိုယ္ခံအားဘယ္ေလာက္ရွိသလဲဆိုတာ သိရပါတယ္။ Clinical Trial လို႔ေခၚတဲ့ စမ္းသပ္မႈေတြလည္း အမ်ိဳးစုံ က်မတို႔ေဆာင္႐ြက္ထားၿပီး ျဖစ္ပါတယ္။ တကယ္လို႔ တေယာက္ေယာက္က ကာကြယ္ေဆးထိုးလိုက္ၿပီဆိုရင္ ေသခ်ာတာကေတာ့ သူဟာေရာဂါျပင္းထန္စြာ ခံစားရမႈေတြ၊ ေသဆုံးမႈေတြကေနၿပီးေတာ့ ကာကြယ္တာေတာ့ အေသအခ်ာျဖစ္ပါတယ္။"

အာဏာမသိမ္းခင္ ၿပီးခဲ့တဲ့အစိုးရလက္ထက္တုန္းက မွာယူထားတဲ့ အိႏၵိယႏိုင္ငံထုတ္ Covishield ကိုဗစ္ကာကြယ္ေဆး သန္း ၃၀ ထဲက ေရာက္ရွိထားၿပီျဖစ္တဲ့ ၃.၅ သန္းကို ထိုးႏွံေပးခဲ့ၿပီး အခုအာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီလက္ထက္မွာ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကိုဗစ္ကာကြယ္ေဆးကို တိုင္းေဒသအလိုက္ ဦးစားေပးအုပ္စု ၁၂ စုခြဲၿပီး ထိုးႏွံေပးေနတာပါ။

စစ္ေကာင္စီအေနနဲ႔ ဩဂုတ္လပိုင္းထဲမွာ တ႐ုတ္ႏိုင္ငံကေန Sinopharm ကာကြယ္ေဆး ၄ သန္းဝယ္ယူခဲ့ၿပီးေတာ့ ေနာက္ထပ္ ကာကြယ္ေဆး ၂၄ သန္း ထပ္မံဝယ္ယူဖို႔ကိုလည္း ေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မၾကာခင္ကလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

"ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ျပည္သူလူထုအတြက္ ကိုဗစ္ေရာဂါအကာအကြယ္ အျမန္ဆုံးရရွိႏိုင္တဲ့အေရး ႀကိဳးစားၿပီးေဆာင္႐ြက္ေပးေနပါတယ္။ ဒီလိုေဆာင္႐ြက္ရာမွာ ျပည္တြင္းမွာပဲ ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ဖို႔အတြက္ မိတ္ေဆြႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း အသိေပးလိုပါတယ္။ ဒါ့အျပင္ ႐ုရွားႏိုင္ငံက ကာကြယ္ေဆး ၂ သန္းဟာလည္း ဒီလထဲမွာပဲ အသုတ္လိုက္ခြဲၿပီး ေရာက္ရွိလာႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆးရရွိဖို႔ ျပည္သူလူထုကို ကိုဗစ္ေရာဂါကူးစက္ျဖစ္ပြားမႈ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အတိုင္းအတာတခုအထိ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။"

အခုလက္႐ွိ က်န္းမာေရးဌာနအစီအစဥ္နဲ႔ ေဆးထိုးေပးေနတာမွာ ရန္ကုန္ၿမိဳ႕ တခ်ဳိ႕ ၿမိဳ႕နယ္ေတြမွာ အဆင္ေျပေျပ လြယ္လြယ္ကူကူ ထိုးႏိုင္ၾကသလို တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာေတာ့ ေဆးထိုးဖို႔ စာရင္းေပးထားေပမဲ့ ခုခ်ိန္ထိ ေဆးထိုးဖုိ႔ ေစာင့္ေနၾကသူေတြလည္း ႐ွိပါတယ္။
ျမန္မာႏိုင္ငံ ကိုဗစ္တတိယလႈိင္းမွာ ေသဆံုးသူ အမ်ားအျပား႐ွိခဲ့ၿပီးတဲ့ေနာက္ ကိုဗစ္ေဆးထိုးဖို႔ စိတ္ဝင္စားသူေတြ ပိုမ်ားလာတာေတြ႔ရပါတယ္။ တခ်ဳိ႕ကလည္း ေဆးအာနိသင္နဲ႔ ေဘးထြက္ဆိုးက်ဳိးေတြ ျဖစ္လာမွာ စိုးရိမ္ၿပီး ကာကြယ္ေဆးထုိးဖုိ႔ စိုးရိမ္ေနၾကပါတယ္။ ျမန္မာႏိုင္ငံက ကိုဗစ္ကူးစက္သူေတြထဲမွာ ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုး Delta မ်ိဳးစိတ္ ကူးစက္သူေတြကုိ စစ္ေဆးေတြ႔႐ွိတယ္လို႔ က်န္းမာေရးဌာနက ထပ္ၿပီးသတင္းထုတ္ျပန္ထားပါတယ္။

ဗီဇေျပာင္းပိုးေတြ႕ထားတဲ့ ေဒသေတြထဲက ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာေတာ့ အသက္ ၄၅ ႏွစ္အထက္ အရြယ္အားလုံးကို ကာကြယ္ေဆးထိုးႏွံေပးေနပါတယ္။
ဒါ့အျပင္ က်န္းမာေရးဝန္ထမ္း၊ ပရဟိတေဆာင္႐ြက္ေပးေနသူေတြနဲ႔ အစိုးရဝန္ထမ္းေတြအပါအဝင္ ဘဏ္နဲ႔ဟိုတယ္လုပ္ငန္း၊ အုပ္စုလိုက္ရွိတဲ့ အက်ဥ္းက်ခံထားရသူေတြကိုလည္း ထိုးေပးေနတယ္လို႔ ျပည္နယ္ကုသေရး ဦးစီးဌာနမႉး ေဒါက္တာၾကည္လြင္က VOA ကိုေျပာပါတယ္။

"အခု Delta လည္း ေတြ႕တယ္ဆိုေတာ့ က်ေနာ္တို႔စစ္ေတြရဲ႕ ထူးျခားခ်က္ကေတာ့ နယ္စပ္နဲ႔ကုန္သြယ္ေရးေတြ၊ အသြားအလာေတြရွိပါတယ္။ ရွိေတာ့ က်ေနာ္တို႔ ဒီဟာေတြကို ထိန္းခ်ဳပ္ရတာရွိတယ္။ ေနာက္တခုက လူေတြရဲ႕အသိပညာရရွိဖို႔ ဒါမ်ိဳးေတြလုပ္တာေတြရွိပါတယ္။ က်ေနာ္တို႔မွာ အထူးအုပ္စုေတြဆိုတာ ဒီမွာက တျခားဟာေတြလည္းရွိတယ္။ က်ေနာ္တို႔မွာ Camp ေတြရွိတယ္ဗ်။ Camp ကေတာ့ ႏွစ္မ်ိဳးရွိတာေပါ့ေနာ္။ အရင္တုန္းက မူဆလင္ Camp ေတြရွိတယ္။ ေနာက္တခုကက်ေတာ့ တိုင္းရင္းသားတိုက္ပြဲေရွာင္စခန္းေတြ ရွိတယ္။ မ်ားေသာအားျဖင့္ေတာ့ အဲမွာက ဘုန္းႀကီးေက်ာင္းေတြမ်ားပါတယ္။ ကာကြယ္ေဆးထိုးတာမွာ သူတို႔ေတြကိုလည္းပဲ က်ေနာ္တို႔က အားလုံးထိုးေပးပါတယ္။ အထူးအုပ္စုထဲမွာလည္း သူတို႔ပါတာေပါ့ေနာ္။"

ရခိုင္ျပည္နယ္မွာ ေရာဂါကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးေတြကို တၿပိဳင္နက္တည္း လုပ္ေနရၿပီး အခုခ်ိန္မွာ ေရာဂါပိုးကူးစက္ခံရသူ ေလ်ာ့က်လာၿပီလို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အစီအစဥ္နဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးသူေတြ႐ွိသလို၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အခေၾကးေငြေပးၿပီး ကာကြယ္ေဆးထိုးၾကသူေတြလည္း ရွိပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူ ၄၇ သိန္းေက်ာ္မွာ ကိုယ့္စရိတ္နဲ႔ကိုယ္ ထိုးသူေတြ ပါ မပါဆိုတာ ခြဲျခားေျပာမထားပါဘူး။ ျမန္မာႏိုင္ငံမွာ က်န္းမာေရးဌာနရဲ႕ စာရင္းအရ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၄၀၂,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၁၅,၄၀၀ ေက်ာ္ ရွိပါတယ္။ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေျခခံပညာသင္ေက်ာင္းေတြကိုေတာ့ စက္တင္ဘာလ ၁၀ ရက္ေန႔အထိ ထပ္တိုးပိတ္ထားလိုက္ပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၂ သန်းကျော်ပြီလို့ စစ်ကောင်စီကြေညာ

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသွားသူ ၂၁ သိန်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးကာကွယ်တာ အရေးကြီးတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေကပြောပြီး ကာကွယ်ဆေးထိုးကြဖို့လည်း တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးပြီးသူ သြဂုတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း ၄၇ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသူက ၂၁ သိန်းကျော်ရှိပြီး ကာကွယ်ဆေး တကြိမ်ထိုးထားပြီးသူက ၂၆ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင် သေဆုံးမှုကို လေ ျှာ့ချနိုင်ဖို့ ကာကွယ်ဆေးထိုးကြဖို့လည်း တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အတွက် ကိုဗစ်ပိုးကူးစက်ရင်တောင် ရောဂါအပြင်းအထန်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက MRTV နဲ့ အင်တာဗျူးမှာ ခုလိုရှင်းပြခဲ့ပါတယ်။

"သဘာဝအတိုင်းရတဲ့ ကိုယ်ခံအားဟာဆိုရင် လူတယောက်နဲ့တယောက် မတူပါဘူး။ အသက်အရွယ်ပေါ် မူတည်ပြီးတော့လည်း ကွဲပါတယ်။ သူ့ရဲ့ နောက်ခံရောဂါရှိတဲ့ပေါ် မူတည်ပြီးတော့လည်း ကွဲပါတယ်။ ဘယ်လောက်ထိ သူ့မှာကိုယ်ခံအားရှိသလဲ ခန့်မှန်းလို့မလွယ်ပါဘူး။ ဒါကြောင့်မို့ ကာကွယ်ဆေးတွေဆိုရင်တော့ တိတိကျကျထိုးရင် ဘယ်လိုကာကွယ်နိုင်သလဲ ဆိုတာကို သုတေသနအဆင့်ဆင့် လုပ်ထားပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါကတော့ထိုးလိုက်ရင် ကိုယ်ခံအားဘယ်လောက်ရှိသလဲဆိုတာ သိရပါတယ်။ Clinical Trial လို့ခေါ်တဲ့ စမ်းသပ်မှုတွေလည်း အမျိုးစုံ ကျမတို့ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ တကယ်လို့ တယောက်ယောက်က ကာကွယ်ဆေးထိုးလိုက်ပြီဆိုရင် သေချာတာကတော့ သူဟာရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ သေဆုံးမှုတွေကနေပြီးတော့ ကာကွယ်တာတော့ အသေအချာဖြစ်ပါတယ်။"

အာဏာမသိမ်းခင် ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက မှာယူထားတဲ့ အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ထဲက ရောက်ရှိထားပြီဖြစ်တဲ့ ၃.၅ သန်းကို ထိုးနှံပေးခဲ့ပြီး အခုအာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီလက်ထက်မှာ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို တိုင်းဒေသအလိုက် ဦးစားပေးအုပ်စု ၁၂ စုခွဲပြီး ထိုးနှံပေးနေတာပါ။

စစ်ကောင်စီအနေနဲ့ ဩဂုတ်လပိုင်းထဲမှာ တရုတ်နိုင်ငံကနေ Sinopharm ကာကွယ်ဆေး ၄ သန်းဝယ်ယူခဲ့ပြီးတော့ နောက်ထပ် ကာကွယ်ဆေး ၂၄ သန်း ထပ်မံဝယ်ယူဖို့ကိုလည်း ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မကြာခင်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုအတွက် ကိုဗစ်ရောဂါအကာအကွယ် အမြန်ဆုံးရရှိနိုင်တဲ့အရေး ကြိုးစားပြီးဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်တွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးလိုပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ကာကွယ်ဆေး ၂ သန်းဟာလည်း ဒီလထဲမှာပဲ အသုတ်လိုက်ခွဲပြီး ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးရရှိဖို့ ပြည်သူလူထုကို ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု လျှော့ချနိုင်ဖို့အတွက် အတိုင်းအတာတခုအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။"

အခုလက်ရှိ ကျန်းမာရေးဌာနအစီအစဉ်နဲ့ ဆေးထိုးပေးနေတာမှာ ရန်ကုန်မြို့ တချို့ မြို့နယ်တွေမှာ အဆင်ပြေပြေ လွယ်လွယ်ကူကူ ထိုးနိုင်ကြသလို တချို့မြို့နယ်တွေမှာတော့ ဆေးထိုးဖို့ စာရင်းပေးထားပေမဲ့ ခုချိန်ထိ ဆေးထိုးဖို့ စောင့်နေကြသူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူ အများအပြားရှိခဲ့ပြီးတဲ့နောက် ကိုဗစ်ဆေးထိုးဖို့ စိတ်ဝင်စားသူတွေ ပိုများလာတာတွေ့ရပါတယ်။ တချို့ကလည်း ဆေးအာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာ စိုးရိမ်ပြီး ကာကွယ်ဆေးထိုးဖို့ စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံက ကိုဗစ်ကူးစက်သူတွေထဲမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုး Delta မျိုးစိတ် ကူးစက်သူတွေကို စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးဌာနက ထပ်ပြီးသတင်းထုတ်ပြန်ထားပါတယ်။

ဗီဇပြောင်းပိုးတွေ့ထားတဲ့ ဒေသတွေထဲက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာတော့ အသက် ၄၅ နှစ်အထက် အရွယ်အားလုံးကို ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း၊ ပရဟိတဆောင်ရွက်ပေးနေသူတွေနဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် ဘဏ်နဲ့ဟိုတယ်လုပ်ငန်း၊ အုပ်စုလိုက်ရှိတဲ့ အကျဉ်းကျခံထားရသူတွေကိုလည်း ထိုးပေးနေတယ်လို့ ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က VOA ကိုပြောပါတယ်။

"အခု Delta လည်း တွေ့တယ်ဆိုတော့ ကျနော်တို့စစ်တွေရဲ့ ထူးခြားချက်ကတော့ နယ်စပ်နဲ့ကုန်သွယ်ရေးတွေ၊ အသွားအလာတွေရှိပါတယ်။ ရှိတော့ ကျနော်တို့ ဒီဟာတွေကို ထိန်းချုပ်ရတာရှိတယ်။ နောက်တခုက လူတွေရဲ့အသိပညာရရှိဖို့ ဒါမျိုးတွေလုပ်တာတွေရှိပါတယ်။ ကျနော်တို့မှာ အထူးအုပ်စုတွေဆိုတာ ဒီမှာက တခြားဟာတွေလည်းရှိတယ်။ ကျနော်တို့မှာ Camp တွေရှိတယ်ဗျ။ Camp ကတော့ နှစ်မျိုးရှိတာပေါ့နော်။ အရင်တုန်းက မူဆလင် Camp တွေရှိတယ်။ နောက်တခုကကျတော့ တိုင်းရင်းသားတိုက်ပွဲရှောင်စခန်းတွေ ရှိတယ်။ များသောအားဖြင့်တော့ အဲမှာက ဘုန်းကြီးကျောင်းတွေများပါတယ်။ ကာကွယ်ဆေးထိုးတာမှာ သူတို့တွေကိုလည်းပဲ ကျနော်တို့က အားလုံးထိုးပေးပါတယ်။ အထူးအုပ်စုထဲမှာလည်း သူတို့ပါတာပေါ့နော်။"

ရခိုင်ပြည်နယ်မှာ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးတွေကို တပြိုင်နက်တည်း လုပ်နေရပြီး အခုချိန်မှာ ရောဂါပိုးကူးစက်ခံရသူ လျော့ကျလာပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးသူတွေရှိသလို၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် အခကြေးငွေပေးပြီး ကာကွယ်ဆေးထိုးကြသူတွေလည်း ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄၇ သိန်းကျော်မှာ ကိုယ့်စရိတ်နဲ့ကိုယ် ထိုးသူတွေ ပါ မပါဆိုတာ ခွဲခြားပြောမထားပါဘူး။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနရဲ့ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၀၂,၀၀၀ ကျော်နဲ့ သေဆုံးသူက ၁၅,၄၀၀ ကျော် ရှိပါတယ်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အခြေခံပညာသင်ကျောင်းတွေကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ထပ်တိုးပိတ်ထားလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG