သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ မူဆလင္ဒုကၡသည္စခန္း ကိုဗစ္ကာကြယ္ေဆးသတင္းယူခြင့္ ကန္႔သတ္ခံရ


ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ေက်ာက္တလံုးဒုကၡသည္စခန္း ျမင္ကြင္းတခု။ (၃ ေအာက္တိုဘာ၊ ၂၀၁၉) (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာရွိတဲ့ ရခိုင္နဲ႔ မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ ျပည္နယ္ေကာင္စီက ကိုဗစ္ ကာကြယ္ေဆးေတြ ထိုးေပးေနၿပီး မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ ကိုဗစ္ကာကြယ္ ေဆး ထိုးေပးေနတာနဲ႔ ပတ္သတ္ၿပီး သတင္းယူခြင့္ကန္႔သတ္ထားတယ္လို႔ ရခိုင္အေျခစိုက္ သတင္းေထာက္ေတြက ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္ဒုကၡသည္စခန္းေတြရွိတဲ့ အသက္ ၄၅ႏွစ္အထက္ မြတ္ဆလင္ေတြကို ၿပီးခဲ့ႀသဂုတ္လ ၂၈ရက္ေန႔က စတင္ၿပီး ကိုဗက္ကာကြယ္ေဆးေတြ ထိုးေနေပမယ့္ သတင္းယူခြင့္ေတြကန္႔ခံထားရတယ္လို႔ ရခိုင္သတင္းေထာက္ ေတြကေျပာ ပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးတဲ့ ေနရာမွာ လံုၿခံဳေရးယူထားတဲ့ ရဲနဲ႔ တပ္မေတာ္သားေတြကို ကိုဗက္ကာကြယ္ေဆးထိုးတဲ့ေနရာကို ဝင္ခြင့္မေပးဘူးလို႔ ရခိုင္အေျခစိုက္ Western News သတင္းဌာနာက လက္ေထာက္အယ္ဒီတာ ကိုထြန္းသာေျပာပါတယ္။

“ ဒုကၡသည္ေတြကို ကိုဗစ္ကာကြယ္ေဆးထိုးမယ္ဆိုျပီးေတာ့ က်ေနာ္တို႔က သတင္းယူဖို႔ ေရာက္သြားၾကာတာ။ အဲဒီကို ေရာက္ေတာ့ ကာကြယ္ေဆးထိုးမယ့္ေနရာမွာ အေစာင့္ ေတြရွိတယ္။ စစ္သားေတြ ရဲသားေတြရွိတယ္။ အဲဒီမွာ ရဲေတြက သတင္းယူခြင့္မရွိဘူး သတင္းယူမယ္ဆိုရင္ သတင္းယူမယ္ဆိုရင္ သက္ဆိုင္ရာခြင့္ျပဳခ်က္ပါမွ ရမယ္ဆိုၿပီး က်ေနာ္တို႔ကို ေျပာပါတယ္။”

မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ သတင္းယူဖို႔အတြက္ ျပည္နယ္ေကာင္စီ ရဲ႕ ခြင့္ျပဳခ်က္ ပါရမယ္ဆိုၿပီး အာဏာပိုင္ေတြဖက္ ေျပာဆိုထားတာေၾကာင့္ ရခိုင္အေျခစိုက္ သတင္း ေထာက္ေတြအေနနဲ႔ ျပည္နယ္အစိုးရဆီမွာ ခြင့္ျပဳခ်က္ ေတာင္းခဲ့ေပမယ့္လည္း ခြင့္ျပုခ်က္ မရခဲ့ဘူးလို႔ DMGသတင္းဌာနနဲ႔ အႀကီးတန္းသတင္းေထာက္ မခင္သရဖီဦးကေျပာပါတယ္။

“ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကေပါ့ေနာ္ သက္ကယ္ျပင္ဒုကၡသည္စခန္းကို ကိုဗစ္ကာကြယ္ ေဆးထိုးတာနဲ႔ ပတ္သတ္ၿပီး သတင္းသြားယူတာရွိတယ္။အဲဒီမွာသူတို႔က ခြင့္ျပဳခ်က္ပါမွ ယူရမယ္ဆိုၿပီး ေျပာတာရွိတယ္။ ခြင့္ျပဳခ်င္မရွိရင္ ရိုက္ခြင့္မရွိဘူးေပါ့ အဲလိုမ်ိဳး ေအာ္ေငွာက္ၿပီး ေတာ့ ေျပာတာရွိတယ္။ သူတို႔က ခြင့္ျပဳခ်က္ယူရမယ္လို႔ ေျပာလို႔ က်မတို႔ကလည္း ျပည္နယ္ေကာင္စီဖက္ကို ဖုန္းဆက္ၿပီးေတာ့ အေၾကာင္းၾကားဖို႔လုပ္တယ္။ ဒါေပမယ့္ ဖုန္းကလည္း ဆက္လို႔မရဘူး စက္ပိတ္ထားတယ္။ တစ္ျခားသတင္းဌာနက လူေတြ ဆက္ၿပီးေတာ့ ေမးေတာ့ သူကဘယ္လိုေျပာမလည္းေပါ့ ဒါနဲ႔ ပတ္သတ္ၿပီး သူတို႔ေျပာလို႔မရဘူးေပါ့။ ရိုက္ခြင့္ရွိတယ္ မရွိဘူးဆိုတာ သူတို႔ေျပာလို႔မရဘူးေပါ့။ ဘာမွမဆိုင္ဘူး အဲလိုမ်ိဳးတုန္႔ျပန္တဲ့အခါက်ေတာ့ အခက္အခဲႀကံဳရတာေပါ့။ ဆိုေတာ့ ဘယ္က ခြင့္ျပဳခ်က္နဲ႔ ဘယ္လိုမ်ိဳးလုပ္ရမလဲ အဲလိုျဖစ္တာ ရွိတယ္။”

ရခိုင္ဒုကၡသည္စခန္းေတြမွာ ကိုဗစ္ကာကြယ္ေဆးထိုးတာကို သတင္းယူခြင့္ရသလို မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ ကိုဗစ္ေဆးထိုးတာနဲ႔ ပတ္သတ္ၿပီး သတင္းယူခြင့္ေပးသင့္တယ္လို႔ မခင္သရဖီဦးကဆက္ေျပာပါတယ္။

“ ရခိုင္က IDPကန္႔အခ်င္းခ်င္းမွာေတာင္ ရခိုင္စစ္ေဘးေရွာင္ကန္႔ေတြကို သတင္းသြား ယူတာနဲ႔ ပတ္သတ္ၿပီး အဲလိုမ်ိဳးကန္႔သတ္တာေတြ ခ်ုပ္ျခယ္တာမ်ိဳးမရွိ ဘူးေပါ့ေနာ္။ ခြင့္မျပဳ တာလည္းမရွိဘူး။ ဒါက မြတ္ဆလင္ေတြကို ကိုဗစ္နဲ႔ ပတ္သတ္ၿပီး ပထမဆံုး ကာကြယ္ ေဆးထိုးတာလည္းျဖစ္တယ္။ သူတို႔ပထဆံုး ထိုးတဲ့ ဟာကို သတုို႔အေနနဲ႔ ခြင့္ျပဳသင့္တယ္လို႔ ျမင္တယ္။ ဒါေပမယ့္ သူတို႔ ဘာေၾကာင့္ ဆိုၿပီး အေၾကာင္းျပခ်က္ရယ္ရယ္ရာရာမရွိပဲနဲ႔ သတင္းယူခြင့္မရွိဘူးလို႔ ပထမဆံုးကန္႔သတ္လိုက္တာ ျဖစ္တယ္လုိ႔ထင္တယ္။”

အခုလို ရခိုင္စစ္ေဘးေရွာင္ဒုကၡသည္စခန္းေတြမွာ လြတ္လြတ္လပ္လပ္သတင္းယူုခြင့္ရေပမယ့္ မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ သတင္းယူခြင့္မရတာဟာ ျပည္နယ္ ေကာင္စီအေနနဲ႔ ရခိုင္နဲ႔ မြတ္ဆလင္ေတြၾကား ခြဲျခားထားတာျဖစ္တယ္လို႔လည္း Western News သတင္းဌာနာက လက္ေထာက္အယ္ဒီတာ ကိုထြန္းသာေျပာပါတယ္။

“ ရခိုင္မွာ ရခိုင္ရွိတယ္။ေနာက္ၿပီးေတာ့ မြတ္ ဆလင္အသိုင္းအဝိုင္းရွိတယ္။ ဒုကၡသည္စ ခန္းေတြမွာ ေနၾကတဲ့ မြတ္ဆလင္ေတြရွိတယ္။ ရခိုင္အသိုင္းအဝိုင္းကိုက်ေတာ့ လြတ္လြတ္ လပ္လပ္သတင္းယူခြင့္ရၿပီးေတာ့ ဒုကၡသည္စခန္းေတြမွာ ရွိတဲ့ မြတ္ဆလင္ ေတြကိုက်ေတာ့ အစိုးရခြင့္ျပဳခ်က္နဲ႔ပဲ သတင္းယူခြင့္ရမယ္ဆိုေတာ့ လူမႉအသိုင္းအဝိုင္းၾကားမွာ သီျခား အစိုးရကေနလုပ္ထားတယ္လို႔ပဲ က်ေနာ္တို႔က ျမင္တယ္ေလ။ ေနာက္ၿပီးေတာ့ သတင္း ေထာက္ေတြကို သတင္းယူခြင့္မေပးတာကလည္း သတင္း စီးဆင္းမွုေတြကို ေနွာင့္ေႏွးေအာင္ လုပ္တာလို႔ က်ေနာ္တို႔ အေနနဲ႔ သံုးသပ္ပါတယ္။”

ရခိုင္ျပည္နယ္က မြတ္ဆလင္ဒုကၡသည္စခန္းေတမွာ ကိုဗစ္ကာကြယ္ေဆးထိုးေပးေနတဲ့အေပၚ သတင္းယူခြင့္ကန္႔သတ္ထားတဲ့အေပၚ ေမးျမန္းဖို႔ ျပည္နယ္ေကာင္စီ ေျပာခြင့္ရ ဦးလွသိန္းကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ဒါအျပင့္ ရခိုင္အေျခစိုက္ သတင္းသမားေတြအေနနဲ႔ ျပည္နယ္ေကာင္စီရဲ႕ အတည္ျပဳခ်က္ေတြ ရယူရမယ့္ သတင္းေတြမွာ အတည္ျပဳခ်က္ေတြ အခ်က္အလတ္ေတြရယူဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔လည္း ရခိုင္အေျခစိုက္ သတင္းေထာက္ေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ မြတ္ဆလင္ဒုကၡသည္ နွစ္သိန္းေက်ာ္နဲ႔ ရခိုင္စစ္ေဘး ဒုကၡသည္ တစ္သိန္းေက်ာ္အထိရွိပါတယ္။ အဲဒီထဲက ကိုဗစ္ကာကြယ္ေဆးထုိးဖုိ႔ သတ္မွတ္ထားတဲ့ အသက္ျပည့္သူေတြကို ကာကြယ္ေဆးထိုးေပးေနတာပါ။

ဒီႀသဂုတ္လအတြင္းမွာပဲ ရခိုင္စစ္ေဘးေရွာင္ သံုးေသာင္းနဲ႔ မြတ္ဆလင္ဒုကၡသည္ နွစ္ေသာင္းတကို ကိုဗစ္-၁၉ ကာ ကြယ္ေဆးေတြ ထိုးေပးမယ္လို႔ ျပည္နယ္ ေကာင္စီက ေျပာၾကားထားပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်ပြည်နယ် မူဆလင်ဒုက္ခသည်စခန်း ကိုဗစ်ကာကွယ်ဆေးသတင်းယူခွင့် ကန့်သတ်ခံရ

(Unicode)

ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်နဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ပြည်နယ်ကောင်စီက ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနေပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ် ဆေး ထိုးပေးနေတာနဲ့ ပတ်သတ်ပြီး သတင်းယူခွင့်ကန့်သတ်ထားတယ်လို့ ရခိုင်အခြေစိုက် သတင်းထောက်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်ဒုက္ခသည်စခန်းတွေရှိတဲ့ အသက် ၄၅နှစ်အထက် မွတ်ဆလင်တွေကို ပြီးခဲ့သြဂုတ်လ ၂၈ရက်နေ့က စတင်ပြီး ကိုဗက်ကာကွယ်ဆေးတွေ ထိုးနေပေမယ့် သတင်းယူခွင့်တွေကန့်ခံထားရတယ်လို့ ရခိုင်သတင်းထောက် တွေကပြော ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ နေရာမှာ လုံခြုံရေးယူထားတဲ့ ရဲနဲ့ တပ်မတော်သားတွေကို ကိုဗက်ကာကွယ်ဆေးထိုးတဲ့နေရာကို ဝင်ခွင့်မပေးဘူးလို့ ရခိုင်အခြေစိုက် Western News သတင်းဌာနာက လက်ထောက်အယ်ဒီတာ ကိုထွန်းသာပြောပါတယ်။

“ ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုပြီးတော့ ကျနော်တို့က သတင်းယူဖို့ ရောက်သွားကြာတာ။ အဲဒီကို ရောက်တော့ ကာကွယ်ဆေးထိုးမယ့်နေရာမှာ အစောင့် တွေရှိတယ်။ စစ်သားတွေ ရဲသားတွေရှိတယ်။ အဲဒီမှာ ရဲတွေက သတင်းယူခွင့်မရှိဘူး သတင်းယူမယ်ဆိုရင် သတင်းယူမယ်ဆိုရင် သက်ဆိုင်ရာခွင့်ပြုချက်ပါမှ ရမယ်ဆိုပြီး ကျနော်တို့ကို ပြောပါတယ်။”

မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ သတင်းယူဖို့အတွက် ပြည်နယ်ကောင်စီ ရဲ့ ခွင့်ပြုချက် ပါရမယ်ဆိုပြီး အာဏာပိုင်တွေဖက် ပြောဆိုထားတာကြောင့် ရခိုင်အခြေစိုက် သတင်း ထောက်တွေအနေနဲ့ ပြည်နယ်အစိုးရဆီမှာ ခွင့်ပြုချက် တောင်းခဲ့ပေမယ့်လည်း ခွင့်ပြုချက် မရခဲ့ဘူးလို့ DMGသတင်းဌာနနဲ့ အကြီးတန်းသတင်းထောက် မခင်သရဖီဦးကပြောပါတယ်။

“ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပေါ့နော် သက်ကယ်ပြင်ဒုက္ခသည်စခန်းကို ကိုဗစ်ကာကွယ် ဆေးထိုးတာနဲ့ ပတ်သတ်ပြီး သတင်းသွားယူတာရှိတယ်။အဲဒီမှာသူတို့က ခွင့်ပြုချက်ပါမှ ယူရမယ်ဆိုပြီး ပြောတာရှိတယ်။ ခွင့်ပြုချင်မရှိရင် ရိုက်ခွင့်မရှိဘူးပေါ့ အဲလိုမျိုး အော်ငှောက်ပြီး တော့ ပြောတာရှိတယ်။ သူတို့က ခွင့်ပြုချက်ယူရမယ်လို့ ပြောလို့ ကျမတို့ကလည်း ပြည်နယ်ကောင်စီဖက်ကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားဖို့လုပ်တယ်။ ဒါပေမယ့် ဖုန်းကလည်း ဆက်လို့မရဘူး စက်ပိတ်ထားတယ်။ တစ်ခြားသတင်းဌာနက လူတွေ ဆက်ပြီးတော့ မေးတော့ သူကဘယ်လိုပြောမလည်းပေါ့ ဒါနဲ့ ပတ်သတ်ပြီး သူတို့ပြောလို့မရဘူးပေါ့။ ရိုက်ခွင့်ရှိတယ် မရှိဘူးဆိုတာ သူတို့ပြောလို့မရဘူးပေါ့။ ဘာမှမဆိုင်ဘူး အဲလိုမျိုးတုန့်ပြန်တဲ့အခါကျတော့ အခက်အခဲကြုံရတာပေါ့။ ဆိုတော့ ဘယ်က ခွင့်ပြုချက်နဲ့ ဘယ်လိုမျိုးလုပ်ရမလဲ အဲလိုဖြစ်တာ ရှိတယ်။”

ရခိုင်ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးတာကို သတင်းယူခွင့်ရသလို မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ဆေးထိုးတာနဲ့ ပတ်သတ်ပြီး သတင်းယူခွင့်ပေးသင့်တယ်လို့ မခင်သရဖီဦးကဆက်ပြောပါတယ်။

“ ရခိုင်က IDPကန့်အချင်းချင်းမှာတောင် ရခိုင်စစ်ဘေးရှောင်ကန့်တွေကို သတင်းသွား ယူတာနဲ့ ပတ်သတ်ပြီး အဲလိုမျိုးကန့်သတ်တာတွေ ချုပ်ခြယ်တာမျိုးမရှိ ဘူးပေါ့နော်။ ခွင့်မပြု တာလည်းမရှိဘူး။ ဒါက မွတ်ဆလင်တွေကို ကိုဗစ်နဲ့ ပတ်သတ်ပြီး ပထမဆုံး ကာကွယ် ဆေးထိုးတာလည်းဖြစ်တယ်။ သူတို့ပထဆုံး ထိုးတဲ့ ဟာကို သတို့အနေနဲ့ ခွင့်ပြုသင့်တယ်လို့ မြင်တယ်။ ဒါပေမယ့် သူတို့ ဘာကြောင့် ဆိုပြီး အကြောင်းပြချက်ရယ်ရယ်ရာရာမရှိပဲနဲ့ သတင်းယူခွင့်မရှိဘူးလို့ ပထမဆုံးကန့်သတ်လိုက်တာ ဖြစ်တယ်လို့ထင်တယ်။”

အခုလို ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ လွတ်လွတ်လပ်လပ်သတင်းယူုခွင့်ရပေမယ့် မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ သတင်းယူခွင့်မရတာဟာ ကောင်စီအနေနဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေကြား ခွဲခြားထားတာဖြစ်တယ်လို့လည်း Western News သတင်းဌာနာက လက်ထောက်အယ်ဒီတာ ကိုထွန်းသာပြောပါတယ်။

“ ရခိုင်မှာ ရခိုင္ရှိတယ်။နောက်ပြီးတော့ မွတ် ဆလင်အသိုင်းအဝိုင်းရှိတယ်။ ဒုက္ခသည်စ ခန်းတွေမှာ နေကြတဲ့ မွတ်ဆလင်တွေရှိတယ်။ ရခိုင်အသိုင်းအဝိုင်းကိုကျတော့ လွတ်လွတ် လပ်လပ်သတင်းယူခွင့်ရပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ မွတ်ဆလင် တွေကိုကျတော့ အစိုးရခွင့်ပြုချက်နဲ့ပဲ သတင်းယူခွင့်ရမယ်ဆိုတော့ လူမှူအသိုင်းအဝိုင်းကြားမှာ သီခြား အစိုးရကနေလုပ်ထားတယ်လို့ပဲ ကျနော်တို့က မြင်တယ်လေ။ နောက်ပြီးတော့ သတင်း ထောက်တွေကို သတင်းယူခွင့်မပေးတာကလည်း သတင်း စီးဆင်းမှုတွေကို နှောင့်နှေးအောင် လုပ်တာလို့ ကျနော်တို့ အနေနဲ့ သုံးသပ်ပါတယ်။”

ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့အပေါ် သတင်းယူခွင့်ကန့်သတ်ထားတဲ့အပေါ် မေးမြန်းဖို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ဒါအပြင့် ရခိုင်အခြေစိုက် သတင်းသမားတွေအနေနဲ့ ပြည်နယ်ကောင်စီရဲ့ အတည်ပြုချက်တွေ ရယူရမယ့် သတင်းတွေမှာ အတည်ပြုချက်တွေ အချက်အလတ်တွေရယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ရခိုင်အခြေစိုက် သတင်းထောက်တွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ မွတ်ဆလင်ဒုက္ခသည် နှစ်သိန်းကျော်နဲ့ ရခိုင်စစ်ဘေး ဒုက္ခသည် တစ်သိန်းကျော်အထိရှိပါတယ်။ အဲဒီထဲက ကိုဗစ်ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ထားတဲ့ အသက်ပြည့်သူတွေကို ကာကွယ်ဆေးထိုးပေးနေတာပါ။

ဒီသြဂုတ်လအတွင်းမှာပဲ ရခိုင်စစ်ဘေးရှောင် သုံးသောင်းနဲ့ မွတ်ဆလင်ဒုက္ခသည် နှစ်သောင်းတကို ကိုဗစ်-၁၉ ကာ ကွယ်ဆေးတွေ ထိုးပေးမယ်လို့ ပြည်နယ် ကောင်စီက ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG